Royal Canin Myanmar

Royal Canin Myanmar https://www.mars.com/legal& https://www.mars.com/privacy
Fortune Ltd,the official importer of Myanmar

သင်ချစ်ရတဲ့အာဝုလေးတွေ အသက်ကြီးလာတဲ့အထိ ကျန်းမာ၀ဖြိုး အလှတိုးပြီး Glow နေဖို့ MAXI ADULT 🐕‍🦺အာဝုလေးတွေကို  အရွယ်ရောက်ပြီး...
10/06/2025

သင်ချစ်ရတဲ့အာဝုလေးတွေ အသက်ကြီးလာတဲ့အထိ
ကျန်းမာ၀ဖြိုး အလှတိုးပြီး Glow နေဖို့ MAXI ADULT 🐕‍🦺

အာဝုလေးတွေကို အရွယ်ရောက်ပြီးချိန်အထိ ရောဂါကင်းပြီး ခွန်အားပြည့်ဖြိုး အလှတိုးစေချင်ပါသလား ဖေဖေ မေမေတို့ရေ...။

ဒါဆိုရင်တော့ Royal Canin ရဲ့ အရည်သွေးမြင့် နည်းပညာများနဲ့ ထုတ်လုပ်ရောင်းချတဲ့ MAXI ADULT လေး
နဲ့မိတ်ဆက်ပေးပါရစေနော်🥰

ကိုယ်အလေးချိန် 26kg - 44kg အတွင်းရှိ အရွယ်အစားကြီးမားတဲ့ အမျိုးအစားများ - ဥပမာ ( German Shepherd , Rottweiler , Golden Retriever , Alaskan , Doberman , Pitbill , Dogo ) စတဲ့ breed များအတွက် အရွယ်ရောက်ချိန် အသက် (၁၅)လမှ စပြီး အသက်ရွယ်ကြီးမြင့်သည့်အထိ ကျွေးဖို့ သင့်တော်ပါတယ်ရှင့်။

သူရဲ့ ထူးခြားတဲ့ အာနိသင်တွေကတော့

💯 အရွယ်ရောက်ပြီးချိန်တွင် ရှိသင့်သော အကောင်းဆုံးကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ်တည်ဆောက်မှုကို ဖြစ်ပေါ်စေတယ်။

💯 အစာကြေလွယ်ပြီး ဝမ်းကိုက်တာတွေသက်သာစေပါတယ်။ အချိန်မတိုင်မီ အိုမင်းရင့်ရော်မှုကိုတားဆီးပြီး သက်တမ်းစေ့ နေနိုင်စေပါတယ်။

💯 အသက်ကြီးလာခြင်းနဲ့ ကိုယ်အလေးချိန်ကြောင့် ဖြစ်တတ်တဲ့ ခြေဆစ်နာခြင်း၊ ရောင်းရမ်းခြင်းတို့နဲ့ ကျောက်ကပ်ရောဂါတွေကို ကာကွယ်ပေးပါတယ်။

💯 Omega 3 & 6 , Fatty Acid မြင့်မားစွာပါဝင်တဲ့အတွက် အမွေးအရောင်တောက်ပြောင်စိုပြေစေပြီး အရေပြားကို အားဖြည့်ပေးတဲ့အတွက် အရေပြားပြဿနာများမဖြစ်စေရန် အထောက်ကူပြုပါတယ်။

အရည်အသွေးမြင့် အသားဓာတ်၊ အဆီဓာတ် ၊ အမျှင်ဓာတ် စတဲ့အာဟာရဓာတ်‌တွေ အပြည့် အ၀ပါ၀င်ပြီး သဘာ၀ ကုန်ကြမ်းတွေကနေထုတ်လုပ်ထားလို့ ယုံကြည်စိတ်ချစွာကျွေးမွေးလိုက်ပါတော့နော်🥳


ဒီနေ့မှာတော့ Royal Canin သုံးစွဲသူတို့အတွက် အရွယ် မရောက်သေးတဲ့ အသက်တစ်နှစ်အောက် အာ၀ုအမျိုးအစား အားလုံးအတွက် ဘယ်လိုအစာတွေ...
27/05/2025

ဒီနေ့မှာတော့ Royal Canin သုံးစွဲသူတို့အတွက် အရွယ် မရောက်သေးတဲ့ အသက်တစ်နှစ်အောက် အာ၀ုအမျိုးအစား အားလုံးအတွက် ဘယ်လိုအစာတွေကို ကျွေးရမလည်းဆိုတာကို Sharing လုပ်ပေးချင်ပါတယ်ခင်ဗျာ ...

✅ Mini Puppy-ကိုယ်အလေးချိန် (1 -10) Kg အတွင်းရှိသော အသက်(၂) လ မှ (၁၀) လသားအထိ အရွယ် အစား သေးငယ်သော အာ၀ုငယ်လေးများအတွက် …

- အာ၀ုလေးတွေအတွက် လျင်မြန်စွာကြီးထွားလာနိုင်ဖို့လိုအပ်တဲ့အာဟာရဓာတ်တွေ အပြည့်အဝပါဝင်ပါတယ်။
- အစာကြေလွယ်ပြီး အာဟာရဖြစ်တဲ့အပြင် ရောဂါတွေကို ကာကွယ်နိုင်စွမ်းလည်း တိုးမြှင့်စေတာကြောင့် ရောဂါကင်းစင်ပြီး ကျန်မာစေတာ အသေအချာပါ။
- အသက်(၂)လသား နဲ့ (၁၀)လသား အာ၀ုလေးတွေရဲ့ မေးရိုး၊ သွားတွေနဲ့ ကိုက်ညီစေမယ့် အစာပုံသဏ္ဏာန်၊ အရွယ်အစားနဲ့ ဖွဲ့စည်းထားလို့ခွေးငယ်လေးတွေအနေနဲ့ အလွယ်တကူစားသောက်နိုင်ပါတယ်။

✅ Medium Puppy - ကိုယ်အလေးချိန် 11-25 Kg အတွင်းရှိသော အသက် 2 လမှ 12 လအတွင်း အလတ် စား အာ၀ုငယ်လေးများ အတွက်အစာ ...

-အာဟာရဓါတ်များ မြင့်မားစွာပါ၀င်သဖြင့် ကြီးထွားစဥ်ကာလအတွင်းလိုအပ်ချက်များကို အပြည့်အ၀ပေးသည်
- ၀ါးရလွယ်ပြီး အစာ​ချေချက်မှု အားကောင်းသဖြင့် လို အပ်သော အာဟာရဓါတ်များ အပြညိ့အ၀ရရှိနိုင်သည် ။
- သဘာ၀ခုခံကာကွယ်နိုင်စွမ်းကိုတိုးမြှင့်ပေးပြီး ရောဂါကင်းစင် ကျန်းမာစေသည် ။
- ကယ်စီယံနှင့် ဖေါ့စ်ဖရပ်တို့ မျှတစွာပေါင်းစပ်ထား
သဖြင့်အရိုးများကို ကောင်းမွန်စွာဖြင့် သန်မာ ကြီးထွားစေသည်။
- ခြေထောက်ပျော့ခြင်း၊ ခြေဆစ်နာခြင်း ၊ ရောင် ခြင်းတို့ကို မဖြစ်ပေါ်စေရန် ကာကွယ်ပေးသည်။

✅ Maxi Puppy - ကိုယ်အလေးချိန် 26 - 44 Kg အတွင်းရှိသော အသက် ၂ လ မှ ၁၅ လထိ ဆိုဒ်အကြီးအမျိုးအစား အာ၀ုလေးများ အတွက် အစာ ...

- အသက်ငယ်စဉ်မှစပြီးလိုအပ်သော စွမ်းအင်ပမာဏကိုမျှတစွာပါ၀င်ပေါင်းစပ်ထားသည်။
- အရိုး နှင့်အဆစ်များမြဲမြံစေရန်အဓိကလို အပ်သော Calcium နှင့် Phosphorus တို့ ပါ၀င်ပါသည်။
- ခန္တာကိုယ် ကြီးထွားမှုကို ဖြစ်ပေါ်စေသည် ။
- ၀မ်းဗိုက်ကိုဥပါဒ်လုံး၀မပေးပါ။
- အရိုးအဆစ်ကိုပုံမှန်ကြီးထွားစေသည်။
- သဘာ၀ခုခံကာကွယ်နိုင်စွမ်းကိုတည်ဆောက်မြှင်တင်ပေးပြီးရောဂါကင်းစင်စေပါသည် ။

ကဲ ဒါဆိုရင် ဘယ်လို အာ၀ုအမျိုးအစားမျိုးကို Royal Canin ရဲ့ ဘယ်အစာကျွေးရမလည်းဆိုတာ သိရပြီဆိုတော့ အသက်တစ်နှစ်အထက် အရွယ်ရောက်ပြီး အာ၀ုလေးတွေကို ဘာကျွေးရမလည်းဆိုတာ ဆက်လက်ဖေါ်ပြပေးသွားပါမယ် ခင်ဗျ ။


ခန္တာကိုယ်စတင်ဖွံဖြိုးကာ အရွယ်ရောက်စပြုလာတဲ့ Puppy လေးတွေကို အရိုးအဆစ်များ ကြံ့ခိုင်သန်မာစေတဲ့ Royal Canin ရဲ့ MAXI PUPP...
21/05/2025

ခန္တာကိုယ်စတင်ဖွံဖြိုးကာ အရွယ်ရောက်စပြုလာတဲ့ Puppy လေးတွေကို အရိုးအဆစ်များ ကြံ့ခိုင်သန်မာစေတဲ့ Royal Canin ရဲ့ MAXI PUPPY 🦴

လသားအာဝုလေးတွေ အရိုးအဆစ်ကြံ့ခိုင်သန်စွမ်းဖို့ ဘာကြောင့်လိုအပ်တယ်လို့ ထင်ပါသလဲ🤔

အရိုးအဆစ်အားနည်းတဲ့ အရွယ်ရောက်စခွေးလေးတွေဟာ ကြွက်သားနဲ့အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်းတွေကို ဖြစ်ပေါ်စေပြီး လှုပ်ရှားမှုကိုလည်း နှေးကွေးစေပါတယ်။ ဒါအပြင် ကျန်းမာစွာ ဖွံ့ဖြိုးကြီးထွားမှုကိုလည်း အနှောက်အယှက်ဖြစ်စေပါတယ် ။

ဒါကြောင့် ခွေးလေးတွေကို အရိုးအဆစ်သန်မာစေပြီး ကျန်းမာစွာနဲ့ ကြီးထွားမှုနှုန်းမြန်စေတဲ့ Royal Canin ရဲ့ MAXI PUPPY အစာထုတ်ဟာ

✅ အသက်ငယ်စဥ်တည်းက လိုအပ်တဲ့ စွမ်းအင်ပမာဏ လုံလောက်မျှတစွာပါဝင်ခြင်း

✅ အရိုးအဆစ်များကြံ့ခိုင်စေတဲ့ Calcium နဲ့ Phosphorus ဓာတ်များပါဝင်ခြင်း

✅ အရိုးအဆစ်နဲ့ ခန္ဓာကိုယ်ပုံမှန်ကြီးထွားခြင်း

✅ ဝမ်းဗိုက်ဥပါဒ် (လုံးဝ) မဖြစ်စေခြင်းစတဲ့ အကျိုးအာနိသင်တွေရှိပါတယ်။

✅ Omega 3 Fatty Acid တို့ကြွယ်၀စွာ ပါ၀င်တာဖြစ်လို့ အရေပြားကျန်းမာရေးကို အထောက်ကူဖြစ်စေပြီး အမွေးအရောင် စိုပြေလှပစေပါတယ် ။

✅ ကလေးတွေရဲ့ကိုယ်ခံအားကိုလည်းမြှင့်တင်ပေးနိုင်လို့ရောဂါကင်းစင်စေပါတယ်။ ဒါကြောင့် ဟူးမန်းတို့ရဲ့သားသားမီးမီးလေးတွေ ငယ်စဥ်ကတည်းက အနာရောဂါ ကင်းကင်းနဲ့ ကျန်းမာဖွံ့ဖြိုးရအောင် MAXI PUPPY အစာထုတ်လေးကို အခုပဲ၀ယ်ကျွေးလိုက်ကြရအောင်နော် . စျေးတွေလည်း ကျသွားပြီဆိုတော့ ၀ုတို့အတွက် လုံး၀ သင့်လျော်တဲ့ ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ် 💁🏻‍♀️


ကိုယ်၀န်ဆောင်ခွေးမလေးတွေနဲ့ ကလေးတွေအတွက်အစာထုတ်ရွေးချယ်မှု မှန်ကန်ရဲ့လား❓ခွေးမိခင်တွေ ကလေးမွေးရလွယ်ကူစေပြီး မိခင်ရော မွေ...
20/05/2025

ကိုယ်၀န်ဆောင်ခွေးမလေးတွေနဲ့ ကလေးတွေအတွက်
အစာထုတ်ရွေးချယ်မှု မှန်ကန်ရဲ့လား❓

ခွေးမိခင်တွေ ကလေးမွေးရလွယ်ကူစေပြီး မိခင်ရော မွေးလာတဲ့ကလေးလေးတွေပါ ကျန်းမာနေဖို့ဆိုရင် သာမန်အစာထုတ်မျိုးကို ရွေးချယ်လို့မရပါဘူး။

ကိုယ်၀န်ဆောင်ခွေးမိခင်ရော ကလေးအတွက်ပါ အစာတစ်ထုတ်တည်းကျွေးနိုင်တဲ့ Royal Canin ရဲ့ Maxi Starter Mother and Baby မှာ အကောင်းစား ပရိုတင်းဓာတ်၊ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဗီတာမင် သတ္တုဓာတ်တွေ ပြည့်၀စွာပါ၀င်ပါတယ်။

သိပ္ပံနည်းကျစမ်းသပ်ပြီး အဆင့်မြင့် သဘာ၀ကုန်ကြမ်းများက‌နေ ထုတ်လုပ်ထားတဲ့ MAXI STARTER အစာထုတ်ကိုကိုယ်အလေးချိန် 26 kg-44kg ကြားအကောင် ကြီးအမျိုးအစားအားလုံးအတွက် ကိုယ်ဝန်ဆောင်ချိန်၊ ကလေးနို့တိုက်ချိန်နဲ့ သား ပေါက်လေးတွေကိုတော့ (၂) လသားအရွယ်အထိကျွေးမွေးဖို့ သင့်တော်ပါတယ်။ ဒါ့အပြင်

🥇မိခင်ခွေးမကြီးအတွက် ကိုယ်၀န်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်များမှာ မရှိမဖြစ်လိုအပ်တဲ့အာဟာရစွမ်းအင်ကို တိုးမြှင့်ပေးခြင်း၊

🥇ကလေးတွေ နို့သောက်သုံးမှုမှ အစာစားသုံးမှုအဆင့်ကိုအလွယ်တကူရောက်ရှိစေခြင်း

🥇ညဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အပံဖြစ်စေပြီး သဘာ၀ အတိုင်း လျှင်မြန်စွာကြီးထွားမှုကိုဖြစ်စေပါတယ်

🥇မိခင်နို့မှ အစာကူးပြောင်းစဥ် ဖြစ်လေ့ဖြစ်ထရှိသော ဝမ်းရောဂါတွေကို ကာကွယ်ပေးပြီး သဘာဝခုခံနိုင်စွမ်းအားကိုတိုးမြှင့်ပေးပြီး ကျန်းမာသန်စွမ်းစေပါတယ်

🥇 ရေဓါတ်ပြည့်၀စွာပါ၀င်ပြီး ထူးခြားတဲ့ အစာလုံးပုံစံကြောင့် ၀ါးစားရလွယ်ကူစေပြီး သွားနှင့်ခံတွင်းကျန်းမာ ရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်

🐕 အနံ့အရသာကောင်းမွန်ပြီး မိခင်ရော ကလေးတွေအတွက်ပါ အထူးသင့်လျော်ပါတယ်။ ဒါကြောင့်ကိုယ်၀န်ဆောင်အာဝုရော ပါပီလေးတို့ပါ ကျန်းမာသန်စွမ်းဖို့ MAXI STARTER ကို ရွေးချယ်၀ယ်ယူပါစို့နော်🐶


28/04/2025

☀️ ရာသီဥတုကအရမ်းပူပြီး အပူရှိန်ပြင်းတာကြောင့်ချစ်ရတဲ့ တိလေးတွေမှာလည်း Heat Stroke ကဲ့သို့သော ပြဿနာတွေ ဖြစ်လာတတ်ပါတယ် ။

⛱️ ပူပြင်းတဲ့ရာသီမှာတိလေးတွေ အန္တရာယ်မဖြစ်အောင်ကာကွယ်ပေးနိုင်မယ့် နည်းလမ်းလေးတစ်ချို့ကိုဖေါ်ပြပေးလိုက်ပါတယ် ။

ROYAL CANIN is committed to responsible pet ownership.


✨ နှစ်သစ်ဆုတောင်း✨မြန်မာသက္ကရာဇ် ၁၃၈၇ ၊ ခရစ်နှစ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့ မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင်ကျရောက်သော မ...
17/04/2025

✨ နှစ်သစ်ဆုတောင်း✨

မြန်မာသက္ကရာဇ် ၁၃၈၇ ၊ ခရစ်နှစ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့ မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင်ကျရောက်သော မြန်မာနှစ်သစ်ကူးအချိန်အခါသမယမှာ မြန်မာပြည်သူပြည်သားများ အားလုံးကျက်သရေမင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံ၍ ကိုယ်၊ စိတ်၊ နှလုံး ကျန်းမာ၊ချမ်းသာ၊ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း Royal Canin Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏

ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာနှစ်သစ် ဖြစ်ပါစေ 🙏

#နှစ်သစ်ဆုတောင်း

🐾 Happy National Pet Day 🐾📸 Share a photo of your pets below !🐾 National Pet Day ဟာဆိုရင် အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ကျွ...
11/04/2025

🐾 Happy National Pet Day 🐾

📸 Share a photo of your pets below !

🐾 National Pet Day ဟာဆိုရင် အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ကျွန်ုပ်တို့ကြားက သံယောဇဥ် ချည်နှောင်မှု နှင့် သူတို့ရဲ့ သက်ရှည်ကျန်းမာရေးအတွက် ကျွန်ုပ်တို့၏ ကျွေးမွေးပြုစုစောက်ရှောက်မှု အရေးပါပုံကို ထင်ဟပ်စေတဲ့ အမှတ်တရ နေ့လေးတစ်ခုဖြစ်ပါတယ် ။

🐾 ROYAL CANIN® မှာဆိုရင် အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးလိုအပ်ချက်များနှင့်အညီ မရှိမဖြစ်လိုအပ်သော အာဟာရဓါတ်များ အချိုးကျ ပေါင်းစပ်ပါ၀င်ပြီး သိပ္ပံနည်းကျ ထုတ်လုပ်ထားတာဖြစ်လို့ သူတို့လေးတွေ အတွက် လုံး၀ကောင်းမွန်မှန်ကန်တဲ့ ရွေးချယ်
မှုတစ်ခုပဲ ဖြစ်ပါတယ် ။


Admin တို့ ရဲ့ Mandalay ရုံးခွဲမှာ တိလေးတွေ အတွက် အစာ ကူညီထောက်ပံ့ပေးနေတာ ဒီနေ့ ကုန်သွားပြီဖြစ်ပါတယ်။ Page မှာ အကူအညီ လာ...
10/04/2025

Admin တို့ ရဲ့ Mandalay ရုံးခွဲမှာ တိလေးတွေ အတွက် အစာ ကူညီထောက်ပံ့ပေးနေတာ ဒီနေ့ ကုန်သွားပြီဖြစ်ပါတယ်။ Page မှာ အကူအညီ လာရောက်တောင်းဆိုသူ အရမ်းများတာကြောင့် အတတ်နိုင်ဆုံးအဆင်ပြေအောင် စီစဥ်ထားခဲ့ပေမယ့်လိုအပ်ချက်များရှိပါက သည်းခံပေးဖို့ အနူးအညွတ် တောင်းပန်အပ်ပါတယ် ။ နယ်မြို့များမှ အကူအညီလိုတဲ့သူများဆီသို့ အမြန်ဆုံးပေးပို့နိုင်ဖို့ စီစဥ်ထားပေမယ့် ကားဂိတ်အခက်အ ခဲများကြောင့် အနည်း ငယ်နောက်ကျနိုင်ပါတယ်ခင်ဗျ ။

အားလုံးခက်ခဲပင်ပန်းနေကြတဲ့ အချိန် မှာ မိသားစုလိုပဲ ချစ်ရတဲ့ တိလေးတွေအတွက် တစ်စိတ်တစ်ဒေသ အစား အစာ အထောက်အပံ့ပေးနိုင်ခဲ့လို့ ၀မ်းသာပီတိဖြစ်ရပါတယ် ။

ငလျင်ဘေးကြောင့် ပျောက်ဆုံးနေကြတဲ့ တိလေးများလည်း အမြန်ဆုံးရှာတွေ့ဖို့နဲ့ ဒုက္ခရောက်နေတဲ့ တိလေးတွေကိုလည်း ကူညီစောင့်ရှောက်ပေးထားဖို့ မေတ္တာရပ်
ခံအပ်ပါတယ် 🙏

မြန်မာပြည်သူ၊ပြည်သားအားလုံး ဘေးအန္တရာယ်များမှ ကင်းဝေးကြဖို့ ဆန္ဒပြုလိုက်ပါတယ်။


လတ်တလော ဖြစ်ပေါ်နေတဲ့ သဘာ၀ ဘေးအန္တရာယ်ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုများခံစားကြုံတွေ့နေရသူများအားလုံးန...
31/03/2025

လတ်တလော ဖြစ်ပေါ်နေတဲ့ သဘာ၀ ဘေးအန္တရာယ်ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုများခံစားကြုံတွေ့နေရသူများအားလုံးနဲ့ ထပ်တူဝမ်းနည်းကြေ ကွဲရပါတယ် ။

ငလျင်ဘေးသင့် ဒေသများမှ ပြည်သူများ ၊ တိလေးများနှင့် ပရဟိတ ကယ်ဆယ်ရေးများ ၊ ကယ်ဆယ်ရေးတွေမှာ အားဖြည့်ကူညီပေးနေတဲ့ အာ၀ုလေးများလည်း ဘေး အန္တရာယ်ကင်းပြီး အမြန်ဆုံးပြန်လည်ထူထောင်နိုင်ဖို့ ဆု တောင်းမေတ္တာပို့ပါတယ် ။

Royal Canin Myanmar မှ ငလျင်ဘေးသင့် ဒေသများမှ အစားအစာ လိုအပ်ချက်ရှိတဲ့ တိလေးများအတွက် နိုင်သလောက် Royal Canin အစာများ ကူညီထောက်ပံ့ပေးသွားမှာဖြစ်လို့ တိလေးများအတွက်အစားအစာလိုအပ် ချက်ရှိပါက Page မှာလာရောက် ဆက်သွယ်နိုင်ပါတယ် ခင်ဗျ ။




မြောင်လေးတွေ အမွှေးလုံး ဖြစ်တာကိုလျှော့ချပေးမဲ့ Hairball Care 🙀​မြောင်လေးတွေ သူ့ကိုယ်သူလျက်ပြီး Grooming လုပ်တတ်တာ သဘာ၀ပ...
28/03/2025

မြောင်လေးတွေ အမွှေးလုံး ဖြစ်တာကိုလျှော့ချပေးမဲ့ Hairball Care 🙀

​မြောင်လေးတွေ သူ့ကိုယ်သူလျက်ပြီး Grooming လုပ်တတ်တာ သဘာ၀ပါပဲ။ အဲ့လိုသန့်ရှင်းတဲ့အခါ အမွှေးတွေ ပါးစပ်ကနေတစ်ဆင့် ခန္ဓာကိုယ်ထဲ၀င်ပြီး အူလမ်းမှာပိတ်ဆို့နေတတ်ပါတယ်။

အမွှေးလုံးတွေဖြစ်လာတဲ့အခါမှာတော့ပြန်စုပြီးအန်ထွက် တတ်ပါတယ်။ ဒီပြဿနာဖြေရှင်းပေးဖို့ ၀မ်းမှန်စေပြီး အမွှေးလုံးတွေကို မစင်ကတစ်ဆင့် စွန့်ထုတ်ပေးနိုင်တဲ့ အဖြေတစ်ခုလာပါပြီ ။

ဒါကတော့အရွယ်ရောက်ပြီးမြောင်တွေမှာဖြစ်တဲ့ အမွှေး လုံးတွေကို အထူးလျော့နည်းစေတဲ့ Royal Canin ရဲ့ Hairball Care အစာထုတ်ဖြစ်ပါတယ်။

🐾 အမျှင်ဓာတ်ပါ၀င်လို့ ၀မ်းချုပ်နေတဲ့ မြောင်တွေအတွက် အဆင်ပြေစေတယ်။

🐾 အူလမ်းကြောင်း ကောင်းစေပြီး အမွှေးလုံး စုပြုံဖြစ်နေတာတွေကို လျှော့ချပေးတယ်။

🐾 သတ္တုဓာတ်တွေ ကြွယ်၀စွာ ပါ၀င်တဲ့အတွက် ဆီးလမ်းကြောင်း ကောင်းစေပါတယ်။

အစာစကျွေးပြီး(၂)ပတ်ကျော်တာနဲ့ အမွှေးလုံးဖြစ်နူန်းသိသိသာသာလျော့နည်းလာမှာဖြစ်လို့ အမွှေးအန်တဲ့မြောင်လေးတွေ၊ ၀မ်းမမှန်တဲ့မြောင်လေးတွေရှိရင် Hairball Care အစာထုတ်လေးကိုခုပဲ ပြေး၀ယ်ထားလိုက်နော်🛍️


✅ သင်းထားသော ကြောင်လေးများအတွက် အထူးကောင်းမွန်သင့်လျော်သောအစာ (Sterilised Cat)🐈 ဒီနေ့မှာတော့ Royal Canin မှသင်းထားသောကြေ...
24/03/2025

✅ သင်းထားသော ကြောင်လေးများအတွက် အထူးကောင်းမွန်သင့်လျော်သောအစာ (Sterilised Cat)

🐈 ဒီနေ့မှာတော့ Royal Canin မှသင်းထားသောကြောင် လေးများအတွက် ဖြန့်ဖြူးရောင်းချပေးနေသော အစာတစ်မျိုးဖြစ်တဲ့ Sterilised Cat အကြောင်း ပြောပြပေးမှာဖြစ်ပါတယ် ။

🐈 ဒီအစာလေးကတော့ သင်းထားသောကြောင်ကလေးများအတွက်အထူး သီးသန့်ထုတ်လုပ်ထားသော အစာဖြစ်ပါသည် ။

🐈 သင်းထားသောကြောင်များတွင် အဓိကဖြစ်ပွားတတ် သောအ၀လွန်ခြင်းကိုလည်းကာကွယ်တားဆီးပေးသည်။

🐈 အစာ၏ အသွင်သဏ္ဌန်နှင့် အရွယ်အစားကြောင့် ကြောင်များတွင် ဖြစ်ပွားလေ့ ရှိသော သွားကြွေခြင်း၊ သွားချေးတက်ခြင်းတို့ကို ကာကွယ်ပေးနိင် သည် ။

🐈 ပရိုတင်းဓာတ်မြင့်မားစွာ ပါ၀င်သောကြောင့် သာမန် အစာများထက် ကြွက်သားဖွံဖြိုးမှုကို အားပေးသည့်အပြင် အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသည် ။

🐈 အမွေးလုံးဖြစ်ပွားမှုကို သက်သာစေသည် ။

🐈 ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးပြီးသင်းထား သောကြောင်များအတွက် အထူးသင့်လျော်ပါသည်။

🐈 မြောင် အထီး / အမ အသုံးပြု နိုင်ပါသည် ။

ဘာလို့ Royal Canin အစာအစို ကျွေးသင့်တာလဲ ?🍲 အရသာအပြည့်အ၀ရှိခြင်းမွှေးရနံ့သင်းသင်းလေးနဲ့ အစိုဓာတ်အပြည့်ပါသောကြောင့် ပျော့...
22/03/2025

ဘာလို့ Royal Canin အစာအစို ကျွေးသင့်တာလဲ ?

🍲 အရသာအပြည့်အ၀ရှိခြင်း
မွှေးရနံ့သင်းသင်းလေးနဲ့ အစိုဓာတ်အပြည့်ပါသောကြောင့် ပျော့ပျော့အိအိနဲ့ မြောင်တို့အတွက် အာဟာရအပြည့်ပါ၀င်ပြီး တကယ့်အရသာရှိတဲ့ အစာအစိုဖြစ်ပါတယ်။

💧ရေဓာတ်
အစာအစိုကျွေးခြင်းဖြင့် ကြောင်လေးတွေရဲ့လိုအပ်တဲ့ ရေဓာတ်ကိုလည်း မြှင့်တင်ပေးရာရောက်ပါတယ်။

💪 ခန္ဓာကိုယ်အလေးအချိန်ထိန်းသိမ်းမှု
အစာအစိုထဲတွင်ပါ၀င်သောကယ်လိုရီမှာအစာအခြောက် တွင် ပါ၀င်သောကယ်လိုရီထက်နည်းပါးပါသည်။

🐈 အစာ​အစို သီးသန့်ကျွေးနိုင်သလို အစာခြောက်နှင့်ရောကျွေးခြင်းအားဖြင့် ကလေးတို့အတွက် ပိုမှိုကောင်း မွန်သော အာဟာရကိုရရှိစေပါတယ် ။

🐈 သာမန်အစာစိုများကဲ့သို့ ဗိုက်ပြည့်စေရုံမျှ မဟုတ်ပဲ မြောင်တို့ရဲ့ ကျမ်းမာရေးအတွက် အထောက်အကူဖြစ်စေသော အာဟာရဓါတ်များ အပြည့်အ၀ပါ၀င်သဖြင့် အနည်းငယ်ကျွေးရုံမျှဖြင့် လုံလောက်သော အာဟာရဓါတ်ကိုရရှိစေပါသည်။

🐈 Mother and Baby Cat, Kitten, Instinctive , Instinctive 7+, Hair and Skin နဲ့ Renal အစာအစိုထုတ်များကို ၀ယ်ယူရရှိနိုင်ပါတယ်။


Address

Building 12, MICT Park , Hlaing Campus, Hlaing Township
Yangon

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30

Telephone

+959263886996

Alerts

Be the first to know and let us send you an email when Royal Canin Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Canin Myanmar:

Share

Category