Pet Coach

Pet Coach Manufacturing pet food according to AAFCO

😻ကိုယ့်ရဲ့ အချစ်တော် ကြောင်လေးတွေ ဗိုက်ပြည့်ပြီး စိတ်ချမ်းသာဖို့ဆိုတာ အရည်အသွေးကောင်းတဲ့ ကြောင်စာနဲ့ သန့်ရှင်းတဲ့ ကြောင်...
29/05/2026

😻ကိုယ့်ရဲ့ အချစ်တော် ကြောင်လေးတွေ ဗိုက်ပြည့်ပြီး စိတ်ချမ်းသာဖို့ဆိုတာ အရည်အသွေးကောင်းတဲ့ ကြောင်စာနဲ့ သန့်ရှင်းတဲ့ ကြောင်သဲ ရှိဖို့က အဓိကပဲ မဟုတ်လား❓

ကြောင်လေးတွေရဲ့ စိတ်ကျေနပ်မှုကို အပြည့်အဝ တာဝန်ယူပေးနိုင်ဖို့ Pet Coach က အရည်အသွေးအကောင်းဆုံးနဲ့ စျေးနှုန်းအသင့်အတင့်ရှိတဲ့ ကြောင်စာနဲ့ ကြောင်သဲတွေကို ရွေးချယ်တင်သွင်းပေးထားပါတယ်။ ✨

Pet Coach မှာ ဘာတွေ ရရှိနိုင်မလဲ?

🐈ကြောင်လေးတွေ ကျန်းမာသန်စွမ်းပြီး အမွှေးအမျှင်လှပစေဖို့ အာဟာရပြည့်ဝတဲ့ ကြောင်စာ အမျိုးမျိုး။

🐈အနံ့အသက်ကို ကောင်းကောင်းထိန်းချုပ်ပေးပြီး သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးမယ့် ကြောင်သဲများရနိုင်တာမို့

ကြောင်လေးတွေ စိတ်တိုင်းကျစေမယ့် ကြောင်စာနဲ့ ကြောင်သဲတွေကို အခုပဲ Pet Coach မှာ မှာယူလိုက်ရအောင်။

ကိုယ့်ရဲ့ အချစ်တော်လေးတွေ ပျော်ရွှင်နေဖို့ Pet Coach က အမြဲရှိနေမှာပါ🐾

အသေးစိတ်သိရှိလိုပါက Messenger ကနေ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ 📩

📞 Phone- 09-775149731, 09-895084722

ကမ္ဘာ့အလုပ်သမားနေ့ ⭐မေလ (၁) ရက်နေ့မှာကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ကို 𝐏𝐞𝐭 𝐂𝐨𝐚𝐜𝐡 မှဂုဏ်ပြုကြိုဆိုရင်း ကမ္ဘာတစ်ဝှမ်းမှ ကာယ...
01/05/2026

ကမ္ဘာ့အလုပ်သမားနေ့ ⭐

မေလ (၁) ရက်နေ့မှာကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ကို 𝐏𝐞𝐭 𝐂𝐨𝐚𝐜𝐡 မှဂုဏ်ပြုကြိုဆိုရင်း ကမ္ဘာတစ်ဝှမ်းမှ ကာယ၊ဉာဏအလုပ်သမားများအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး အလုပ်အကိုင်များ အဆင်ပြေချောမွေ့ကြပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်။

#အလုပ်သမားနေ့

🌕 ဒီနေ့လို နေ့ထူးနေ့မြတ်မှာ ချစ်ခင်ရသူတွေနဲ့အတူ ကုသိုလ်ယူရင်း အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ကြပါစေ...နွေအပူကို မေတ္တာဓာတ...
30/04/2026

🌕 ဒီနေ့လို နေ့ထူးနေ့မြတ်မှာ ချစ်ခင်ရသူတွေနဲ့အတူ ကုသိုလ်ယူရင်း အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ကြပါစေ...

နွေအပူကို မေတ္တာဓာတ်နဲ့ အနိုင်ယူပြီး အေးမြတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ 𝐏𝐞𝐭 𝐂𝐨𝐚𝐜𝐡 မှ ဆုတောင်းမေတ္တာ ပို့သပါတယ်။ 🙏



#ကဆုန်လပြည့်နေ့

နှစ်ဟောင်းက ပင်ပန်းနွမ်းနယ်မှုတွေကို အတာရေနဲ့ ဆေးကြောပစ်လိုက်ပါ…💦နှစ်သစ်မှာ စိတ်ကူးသစ်၊ အားအင်သစ်တွေနဲ့အတူ မိမိတို့ရဲ့ ရ...
17/04/2026

နှစ်ဟောင်းက ပင်ပန်းနွမ်းနယ်မှုတွေကို အတာရေနဲ့ ဆေးကြောပစ်လိုက်ပါ…💦

နှစ်သစ်မှာ စိတ်ကူးသစ်၊ အားအင်သစ်တွေနဲ့အတူ မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အရောက်လှမ်းနိုင်ကြပါစေကြောင်း 𝐏𝐞𝐭 𝐂𝐨𝐚𝐜𝐡 မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။🍃


#နှစ်သစ်ဆုတောင်း

💦နှစ်သစ်သင်္ကြန်မှာ အေးမြတဲ့ အတာရေနဲ့အတူ စိတ်နှလုံးကြည်လင်အေးချမ်းပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုအချိန်လေးတွေကို ပို...
13/04/2026

💦နှစ်သစ်သင်္ကြန်မှာ အေးမြတဲ့ အတာရေနဲ့အတူ စိတ်နှလုံးကြည်လင်အေးချမ်းပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုအချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း 𝐏𝐞𝐭 𝐂𝐨𝐚𝐜𝐡 မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။🙏


🐾 အချစ်တော်လေးတွေအတွက် အရသာသစ်တွေ ရပြီနော်…အိမ်က အစားရွေးတဲ့ အချစ်တော်လေးတွေအတွက် အမြဲတမ်း တစ်မျိုးတည်းကျွေးရမှာ စိတ်ပူန...
24/03/2026

🐾 အချစ်တော်လေးတွေအတွက် အရသာသစ်တွေ ရပြီနော်…

အိမ်က အစားရွေးတဲ့ အချစ်တော်လေးတွေအတွက် အမြဲတမ်း တစ်မျိုးတည်းကျွေးရမှာ စိတ်ပူနေလား❓

အခုဆိုရင်တော့ Pet Coach ကနေ ပိုမိုစုံလင်ပြီး အာဟာရပြည့်ဝတဲ့ အရသာအသစ်တွေကို ထပ်မံဖြည့်ဆည်းပေးလိုက်ပါပြီ။ ✨

🐈 အရင်က ငါးအရသာ တစ်မျိုးတည်းနဲ့တင် အကြိုက်တွေ့ခဲ့ကြတဲ့ မြောင်လေးတွေအတွက် အခုဆိုရင်...ကြက်သားအရသာကိုပါ အသစ်ရရှိနိုင်ပါပြီ။
ပိုမိုနူးညံ့ပြီး အသားဓာတ်အပြည့်အဝပါဝင်လို့ ကြောင်လေးတွေ အကြိုက်တွေ့စေမှာ အသေအချာပါပဲနော်…

🐕ဝုလေးတွေအတွက်လည်း...
အားအင်ပြည့်ဝစေမယ့် ကြက်သားအရသာကို အသစ်ထပ်မံရရှိနိုင်ပါပြီ။ အမောခံနိုင်ပြီး အမွေးအမျှင်သန်စွမ်းစေတဲ့ အာဟာရဓာတ်တွေ စုံစုံလင်လင် ပါဝင်ပါတယ်ရှင်။

Pet Coach အစာတွေဟာ အနံ့အရသာတင် ကောင်းမွန်တာမဟုတ်ဘဲ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို စနစ်တကျ ပေါင်းစပ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အချစ်တော်လေးတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုကျန်းမာလန်းဆန်းနေစေဖို့ အရသာသစ်တွေကို အခုပဲ မြည်းစမ်းကြည့်ဖို့ လက်တို့လိုက်ပါရစေနော်။🧡

📞 Phone / 09-775149731, 09-895084722

#ကြောင်စာ #ခွေးစာ

အပူရှိန်ပြင်းထန်တဲ့ နွေရာသီမှာ Pet လေးတွေဟာ လူတွေထက် ပိုပြီး အပူဒဏ်ကို ခံစားရတတ်ပါတယ်။ 🐾နွေပူပူမှာ ချွေးမထွက်နိုင်တဲ့ အသ...
04/03/2026

အပူရှိန်ပြင်းထန်တဲ့ နွေရာသီမှာ Pet လေးတွေဟာ လူတွေထက် ပိုပြီး အပူဒဏ်ကို ခံစားရတတ်ပါတယ်။ 🐾

နွေပူပူမှာ ချွေးမထွက်နိုင်တဲ့ အသည်းကျော် Pet လေးတွေအတွက် Pet Coach ကနေ အထူးအကြံပြုချက်လေးတွေ ယူဆောင်လာပါပြီ။ ☀️🐶🐱

သူတို့လေးတွေ ကျန်းမာလန်းဆန်းနေစေဖို့ အောက်ပါအချက်လေးတွေကို အတူတူလိုက်နာကြရအောင်နော်...

💧 ရေအမြဲတမ်း လုံလောက်အောင် ထားပေးပါ
အပူဒဏ်ကြောင့် ရေဓာတ်မခမ်းခြောက်စေဖို့ သန့်ရှင်းလတ်ဆတ်တဲ့ သောက်ရေကို နေရာအနှံ့ အလွယ်တကူ သောက်နိုင်အောင် ပြင်ဆင်ထားပေးပါ။

🏠 အေးမြတဲ့နေရာမှာ ထားပေးပါ
နေရောင်တိုက်ရိုက်မကျတဲ့ နေရာ၊ လေဝင်လေထွက်ကောင်းပြီး အေးမြတဲ့ အခန်း (သို့မဟုတ်) အရိပ်ရတဲ့နေရာမှာ ထားရှိပေးဖို့ လိုအပ်ပါတယ်။

🏃‍♂️ အပြင်လှုပ်ရှားချိန် သတိထားပေးပါ
နေပူလွန်းတဲ့ နေ့လယ်ဘက်တွေမှာ အပြင်ခေါ်မသွားပါနဲ့။ လမ်းလျှောက်ထွက်မယ်ဆိုရင် အေးမြတဲ့ မနက်စောစော ဒါမှမဟုတ် ညနေစောင်းအချိန်ကိုပဲ ရွေးချယ်ပေးပါ။

🥣 နွေရာသီနဲ့ သင့်တော်တဲ့ အစားအသောက်တွေကို ကျွေးပါ
အစာကြေလွယ်ပြီး ရေဓာတ်ပါဝင်မှုရှိတဲ့ အစားအစာတွေကို ဂရုစိုက်ကျွေးမွေးပေးပါ။

⚠️ Heatstroke လက္ခဏာတွေကို အထူးသတိပြုပါ
အရမ်းအသက်ပြင်းပြင်းရှူတာ၊ သွားရည်တွေအလွန်အကျွံကျတာ၊ မလှုပ်ချင်မယိုင်ချင်ဖြစ်တာ စတဲ့ အပူလျှပ်တဲ့ လက္ခဏာတွေရှိလာရင် နီးစပ်ရာ ဆရာဝန်နဲ့ အမြန်ဆုံးပြသပေးပါ။

ချစ်စရာကောင်းတဲ့ Pet လေးတွေ ပျော်ရွှင်ကျန်းမာစွာနဲ့ ဒီနွေရာသီကို ဖြတ်သန်းနိုင်ဖို့ Pet Coach က အမြဲရှိနေပါတယ်။ 🩵

မတ်လ (၂) ရက်နေ့မှာ ကျရောက်သော တောင်သူလယ်သမားနေ့မှစလို့ တောင်သူဦးကြီးများအားလုံး မိုးလေဝသမှန်ကန်ပြီး သဘာဝဘေးအန္တရာယ်အပေါင...
02/03/2026

မတ်လ (၂) ရက်နေ့မှာ ကျရောက်သော တောင်သူလယ်သမားနေ့မှစလို့ တောင်သူဦးကြီးများအားလုံး မိုးလေဝသမှန်ကန်ပြီး သဘာဝဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ…

ပင်ပန်းရကျိုးနပ်စွာဖြင့် ရွှေဝါရောင်စပါးနှံများ ရိတ်သိမ်းဆွတ်ခူးနိုင်ကြပါစေကြောင်း 𝐏𝐞𝐭 𝐂𝐨𝐚𝐜𝐡 မှ လှိုက်လှဲစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်… 🧑‍🌾✨


#တောင်သူလယ်သမားနေ့

🧧 မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါ...
17/02/2026

🧧 မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေ…

နှစ်သစ်မှာ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်ပြီး ကိုယ်စိတ်နှစ်ဖြာ ကြည်လင်လန်းဆန်းစွာဖြင့် ပျော်ရွှင်စရာ နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေကြောင်း 𝐏𝐞𝐭 𝐂𝐨𝐚𝐜𝐡 မှ ဆုတောင်းပေးလိုက်ပါတယ်။ 🩵


#တရုတ်နှစ်သစ်ကူး

#တရုတ်နှစ်သစ်ကူးဆုတောင်း

🇲🇲 သွေးချင်းတို့ရဲ့ စည်းလုံးမှုဟာ ပြည်ထောင်စုရဲ့ ခိုင်မာတဲ့ အုတ်မြစ်ဖြစ်တဲ့အတွက် ပိုမိုလှပတဲ့ အနာဂတ်ဆီသို့ ညီညွတ်သောခြေလ...
12/02/2026

🇲🇲 သွေးချင်းတို့ရဲ့ စည်းလုံးမှုဟာ ပြည်ထောင်စုရဲ့ ခိုင်မာတဲ့ အုတ်မြစ်ဖြစ်တဲ့အတွက် ပိုမိုလှပတဲ့ အနာဂတ်ဆီသို့ ညီညွတ်သောခြေလှမ်းများဖြင့် အတူတူလှမ်းချီကြရင်း (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို 𝐏𝐞𝐭 𝐂𝐨𝐚𝐜𝐡 မှ လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။


#ပြည်ထောင်စုနေ့

Address

Kan Street
Yangon
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959775149731

Website

Alerts

Be the first to know and let us send you an email when Pet Coach posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category