28/10/2025
တာ၀န်ယူမှုရှိတဲ့ ဝု owner တယောက် ဖြစ်ချင်တယ်ဆိုရင် ဖတ်ကြည့်ကြနော်။ 😁
#အိမ်မွေးခွေးကလေးတစ်ကောင်ရဲ့အခြေခံရပိုင်ခွင့်
သို့မဟုတ်
#ခွေးတစ်ကောင်မွေးတော့မယ်ဆိုပါလျှင်
ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ ခွေးကလေးတွေ မွေးမြူထားတာတွေ မြင်ဖူးကြပါလိမ့်မယ် ။ တစ်ချို့ ဖေဖေ မေမေ တွေက ရင်ဝယ်သားကဲ့သို့ စောက်ရှောက်ပေးတာတွေ့ရပြီး၊ တစ်ချို့ ဖေဖေ မေမေ တွေက အချိန်မအားတာ အလုပ်မအားတာနဲ့ ခွေးကလေးတွေ ကို ကျွေးနိုင်ရင်ပြီးရော ဖြစ်သလိုမွေးမြူတာတွေလဲရှိတတ်ကြပါတယ်။
ဒီလို ဖြစ်သလိုမွေးမြူခြင်းအားဖြင့် ခွေးကလေးတွေမှာ စိတ်ဓာတ်ကျခြင်း၊ အားငယ်ခြင်း၊ ဗီဇပြောင်းသွားခြင်း၊ အမိန့်မနာခံတတ်ခြင်း၊ ထိုမှတစ်ဆင့် ဆိုးသွမ်းခြင်း ၊ ကိာက်ခြင်း စတာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။
တစ်ချို့ခွေးမျိုးစိတ်တွေက ဗီဇအရ ဆိုးသွမ်းတတ်ကြပေမယ့်၊ တစ်ချို့ခွေးမျိုးစိတ်တွေက ပိုင်ရှင်ရဲ့ အလိုလိုက်လွန်မှု သို့မဟုတ် ပိုင်ရှင်ရဲ့ ဂရိုစိုက်မှုကိုရလိုတာတွေကြောင့် ဆိုးသွမ်းသွားတာ ကိုင်မရတော့တာ သခင်ကိုပြန်လည်ရန်ရှာလာတာတွေထိ ဖြစ်တတ်ပါတယ်။
ဒီတော့အိမ်မွေး ခွေးလေးတစ်ကောင်မွေးတော့မယ်ဆိုရင်တိပိုင်ရှင်တစ်ဦးအနေနဲ့ လိုက်နာမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) တိရစ္ဆာန်ဆေးဘက်ဆိုင်ရာထောက်ပံမှု
ခွေးတစ်ကောင်မွေးတော့မယ်ဆိုရင် မဖြစ်မနေက တော့ ကာကွယ်ဆေးထိုးနှံခြင်း၊ သန်းလှေးမွှား ထိန်းချုပ်ခြင်း၊ သန်ချခြင်း၊ ပုံမှန်ဆေးစစ်ခြင်း စတာတွေကို မဖြစ်မနေလုပ်ပေးရပါမယ်။ ခွေးကလေးတစ်ကောင်မွေးတယ် ကာကွယ်ဆေးတော့ မထိုးပေးနိုင်ဘူး ၊ သန်ချဆေးမတိုက်ကျွေးဘူး ဒါမျိုးတွေ မလုပ်ပေးနိုင်ရင်ခွေး မမွေးသင့်ပါဘူး။ ဒါက တကယ့်ကိုလိုအပ်တဲ့ အရာတွေပါ။
နိုင်ငံတကာမှာတော့ အိမ်မွေးခွေးတွေအတွက် ကာကွယ်ဆေးထိုး၊ သန်ချတာ၊ သန်းလှေးမွှား ထိန်းချုပ်ရေးတွေအတွက် လုပ်ဆောင်တာ၊ ပုံမှန်ကျန်းမာရေးစစ်ဆေးပေးတာမျိုးတွေ မလုပ်ဆောင်နိုင်ရင် ဉပဒေအရ အပြစ်ပေးအရေးယူတာမျိုးတွေထိခံစားရမှာပါ။
(၂) သင့်တင့်မျှတသောအာဟာရထောက်ပံမှု
ခွေးလေးတစ်ကောင်မွေးမြူတော့မယ်ဆိုရင် လုံလောက်တဲ့ပမာဏနှင့် သင့်တင့်မျှတဲ့ အာဟာရထောက်ပံမှု အချိုးအစားကျနမှု ရှိရပါမယ်။ လူစားသလိုပဲ အိမ်မှာစားတဲ့ဟင်းတွေနဲ့ ဖြစ်သလို ကျွေးမွေးလို့မရပါဘူး ။ ဗမာဟင်း တွေမှာအဓိကပါတင်တဲ့ ကြက်သွန်ဖြူ /နီတွေဟာ သွေနီဉတွေကို ဖျက်ဆီးနိုင်တာမို့ ခွေးကလေးတွေ အတွက် အလွန်တရာမှ အန္တရယ်ကြီးမားလှပါတယ်။
နောက်ပြီး ကျန်းမာရေးနှင့်မညီပဲ အဝလွန်အောင် အလွန်အကျွံကျွေးမွေး တာမျိုးကိုလဲ ရှောင်ရှားပေးရမှာဖြစ်ပါတယ်။
(၃)ခွေးကလေးကိုအချိန်ပေးခြင်း နှင့် စိတ်ကျန်းမာရေးထောက်ပံမှု
ခွေးကလေးတစ်ကောင်ရဲ့ရပိုင်ခွင့် သို့မဟုတ်ပိုင်ရှင်ရဲ့တစ်ယောက်ရဲ့လိုက်နာရမယ့် အချက်တွေထဲမှာ ခွေးကလေးတစ်ကောင်ကို လုံလောက်တဲ့ အချိန်ပေးမှုနဲ့ စိတ်ကျန်းမာအောင်ထားတာတွေလဲ ပါဝင်ပါတယ်။
လုံလောက်တဲ့ အချိန်ပေးမှု ဆိုတဲ့အထဲမှာ ဥပမာအနေနဲ့ပြောရမယ်ဆို ခွေးလေးတွေနဲ့ တူတူလမ်းလျောက်ပေးတာမျိုး၊ အတူတူ ဆော့ကစားတာမျိုး စတာတွေပါဝင်ပါတယ်။
ခွေးလေးတစ်ကောင်မွေးပြီး ဖြစ်သလိုပစ်ထားမယ် သူ့ကိုအချိန်မပေးနိုင်ဘူး ဆိုရင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု တွေခံစာရလာမှာဖြစ်ပါတယ်။
(၄) စည်းကမ်းဆိုင်ရာလေ့ကျင့်မှုနှင့်ပေါင်းသင်းဆက်ဆံရေး
ခွေးလေးတစ်ကောင် မွေးမြူပြီဆိုလျှင် လုံလောက်တဲ့ စည်းကမ်းဆိုင်ရာလေ့ကျင့်မှုတွေ ရှိဖို့လဲ မဖြစ်မနေလိုအပ်ပါတယ်။
ခွေးကလေးကိုမွေးမြူပြီး အလိုပဲလိုက်နေမယ်ဆိုပြန်ရင်လည်း အလိုလိုက်ပြီးဆိုးသွမ်းလာတာမျိုးတွေရှိလာမှာပါ။ ကလေးတွေကိုစည်းကမ်းနဲ့ထိန်းသလိုမျိုးတွေဖြစ်ပါတယ်။ ဉပမာ - ဆီး၊ ဝမ်းနေရာတစ်ကျစွန့်တာကစလို့ လက်ပေး၊ ထိုင်၊ ထ၊ ဝပ်၊ လမ်းလျောက်၊ ရပ် စတာတွေပါဝင်ပါတယ်။
ခွေးကလေးတွေကို စည်းနဲ့ကမ်းနဲ့လေ့ကျင့်ထားပေးမှာသာလျှင် လူမှုပေါင်းသင်းဆက်ဆံရေ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
လေ့ကျင်သင်ကြားပေးမှု မလုပ်တဲ့အခါ အပြင်ထွက်ရကြောက်တာမျိုး၊ လူစိမ်းတွေကိုကြောက်တာမျိုး စတာတွေအပြင် မြင်သမျှကိုက်တာ ရန်ရှာတာတွေထိဖြစ်လာနိုင်ပါတယ်။
(၅) လုံလောက်တဲ့အမိုးအကာနေရာထိုင်ခင်းထောက်ပံပေးမှု
ခွေးကလေးတွေမွေးမြူပြီဆိုလျှင် လုံလောက်တဲ့ အမိုးအကာ အိပ့်ယာနေရာထိုင်ခင်းထောက်ပံပေးနိုင်ရပါမယ်။ တစ်ချို့ခွေးကလေးတွေမွေးပြီး ဖိနပ်ချွတ် မှာပဲ အိပ့်ခိုင်းတာမျိုးတွေ ၊ မြေကြီးနဲ့ခြံထဲမှာပဲ လွတ်ထားတာမျိုးတွေ မလုပ်ရပါဘူး ။
လုံလောက်တဲ့ အကာအကွယ်နဲ့ အထောက်အပံရပိုင်ခွင့်သင့်ခွေးလေးမှာရှိပါတယ်။
(၆) လုံလောက်တဲ့အကျယ်အဝန်း ထောက်ပံ ပေးနိုင်ရပါမယ်။
လုံလောက်တဲ့အကျယ်အဝန်းထောက်ပံပေးနိုင်မှုဆိုတာ ကတော့ မိမိခွေးလေးရဲ့ အရွယ်အစားပေါ်မူတည်ပြီး ဆော့စရာနေရာ၊ အိပ့်စရာ၊ စားစရာနေရာစသည်ဖြင့် ပံပိုးပေးနိုင်ရပါမယ်။
ဉပမာ - Rottweiler တို့ ၊ Germam Shepherd တို့လို Gard Dog တွေကို တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာပဲ ထားတာမျိုးတွေဆိုတာ မသင့်တော်ပါဘူး၊ Gard Dog ဖြစ်တဲ့အလျောက် လုံလောက်တဲ့ ခြံဝန်းနှင့် အကျယ်ပမာဏ ရှိရမှာဖြစ်ပါတယ်။
(၇) သန့်ရှင်းရေးသန့်ရပ်စွာနေထိုင်ခွင့်ထောက်ပံပေးနိုင်ရပါမယ်။
ခွေးကလေးတွေ မွေးထားရင်ရေချိုးပေးတာ၊ ဘီးဖီးေပးတာ ၊စအိုဂလင်း သန့်ရှင်းရေးလုပ်ပေးတာ၊ နားသန့်ရှင်းရေးလုပ်ပေးရတာ စသည်ဖြင့် တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလဲ ပုံမှန် အပတ်စဉ် ၊ လစဉ် ထောက်ပံပေးနိုင်ရပါမယ်။ ထို့အပြင် နေထိုင်ရာနေရာကိုလဲ အမြဲတစ်စေသန့်ရှင်းမှု ထောက်ပံပေးနိုင်ရပါမယ်။ ဒါမှ ခွေးကလေးတွေက ကျန်းမာသန်စွမ်း ပြီး ပျော်ရွှင်သောဘဝ ကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒီလိုအချက်အလက်တွေကို စဉ်းစားပြီးထောက်ပံပေးနိုင်မှ ခွေးကလေးတွေ မွေးစေချင်ပါတယ်။
မိမိမွေးမြူချင်တဲ့ ခွေးအမျိုးအစာနဲ့ကိုက်ညီမယ့် ထောက်ပံဖို့လိုအပ်တဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ တိရစ္ဆာန် ဆေးကု ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်နိုင်ပါတယ်ခင်ဗျာ။
Dr.Saw Zayar Naing
B.V.Sc(Yzn)