18/01/2024
🥜Lickable Pawnut Butter လေးရောင်းပေးပါတော့ဆိုလ်ို့… ရောင်းပါပြီရှင်။ 🥜
🥜ဒီ product လေးက အာဝုလေးတွေအတွက် The Nut Butter x Bark Appétit ရဲ့ collaboration product လေးပဲ ဖြစ်ပါတယ်။
🐶ခွေးလေးတွေကို စနစ်တကျ အစာကျွေးကြတဲ့ BARF ( Biologically Appropriate Raw Food) model အရဆိုရင် seeds and nuts က ခွေးလေးတွေရဲ့ တစ်နေ့တာ အစာရဲ့ (၂)% ပါဝင်စေသင့်တယ် ဆိုပါတယ်။
🧠ဒါ့အပြင် အစေ့အဆန်စားသုံးခြင်းအားဖြင့် အာဝုလေးတွေရဲ့ Brainwave ကို ပိုမို အားကောင်းစေတဲ့အတွက် သူတို့တွေရဲ့ မှတ်ဥာဏ်စွမ်းရည်၊ အာရုံကြောစနစ်နဲ့ brain health ကို အားကောင်းစေတဲ့လို့ သုတေသနတွေက ဆိုပါတယ်။
🥜” အာဝုနဲ့ မြေပဲ နဲ့ တည့်လို့လား” လို့ မေးလာခဲ့ရင်တော့ အာဝုနဲ့ မြေပဲစစ်စစ်တည့်ပါတယ်။ သို့သော် ကလေး တစ်ကောင် နဲ့ တစ်ကောင် မတူကြတာမို့ မကြိုက်တဲ့ ကလေးတော့ရှိနိုင်ပါတယ်။
👉 10% Treat Rule
သတိထားပေးရမှာ တစ်ခုကတော့ peanut butter ဆို ကြိုက်တယ်ဆိုပြီး အများကြီးကို တထိုင်ထဲ ကျွေးတာမျိုးတော့ အားမပေးပါဘူး။ 10% treat rule လေးကို သတိရပေးပါ။ Bark Appétit က ထုတ်တဲ့မုန့်မှမဟုတ်ပဲ ဘယ်မုန့်မဆို ကလေးတစ်ကောင်ရဲ့ တနေ့တာ စားရမယ့် အစာပမာဏရဲ့ ၁၀% အထိသာ ကျွေးသင့်ပါတယ်။ ( ဥပမာ တစ်နေ့ကို ၂၀၀ gram အစားအစာ လိုအပ်တဲ့ ကလေးက စားရမယ့် မုန့် ၂၀ gram အထိသာ ကျွေးသင့်ပါတယ်။)
⛔️ Peanut butter သည် fatty acids ပါဝင်တဲ့အတွက်ကြောင့် Pancreatitis ကဲ့သို့သော အဆီများစွာမစားသင့်သည့် ရောဂါရှင် ကလေးများအတွက် မသင့်တော်ပါ။
⛔️တစ်ခု သတိထားရမှာက အာဝုလေးတွေက စျေးကွက်ထဲမှာ human consumption အတွက် ထုတ်လုပ်ထားတဲ့ Xylitol ပါဝင်တဲ့ peanut butter တွေကို ❌လုံးဝ ❌စားသုံးလို့ မရပါဘူးနော်။ Macadamia မက္ကဒေးမီးယားစေ့မှာလည်း high fat content ပါဝင်တဲ့ အတွက် အာဝုလေးတွေကို GI upset ဖြစ်စေပြီး ကျွေးဖို့ရန် မသင့်တော်တဲ့ အမျိုးအစား တစ်ခု ဖြစ်ပါတယ်။
🥜ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ single ingredient , 100% peanut butter စစ်စစ်ကို ကျွေးချင်တယ်ဆိုရင်တော့ Lickable Pawnut butter လေးကို ဆောင်ထားဖို့ မမေ့ပါနဲ့နော်။ Pawnut Butter လေးက အာဝုလေးတွေ လျက်လို့လွယ်ပြီး သယ်ယူရလွယ်ကူတဲ့ packaging နဲ့ ထုတ်ပိုးထားတာဖြစ်ပြီး Xylitol, ဆား၊ သကြား၊ အရောင်၊ တာရှည်ခံဆေးဝါးနဲ့ အခြားပြည့်ဝဆီ ဘာတစ်ခုမှ ရောနှောထားခြင်း (လုံးဝ) လုံးဝ မရှိတဲ့ အတွက် စိတ်ချစွာနဲ့ ကျွေးနိုင်ပါတယ်။
🥜ဒါ့ကြောင့် Snack အနေနဲ့သော်လည်းကောင်း၊ meal topper အနေနဲ့သော်လည်းကောင်း ကျွေးသင့်တဲ့ lickable pawnut butter rich and creamy blend လေးကို အခုပဲ မှာယူလိုက်ပါတော့။
🥜Pawnut butter (150 g) - 5,000 MMK