03/05/2026
Meet the farmer (English below)
မအိအိမာ ကတော့ မကွေးမြို့မှ regenerative farmer တစ်ဦးဖြစ်ပြီး မြေ ၈ ဧကပေါ်တွင် မြေပဲ၊ ပဲမျိုးစုံ (mung bean)၊ ပဲစင်းငုံ (pigeon pea) နှင့် နှမ်းတို့ကို အဓိက စိုက်ပျိုးလျက်ရှိပါတယ်။Healthy Soil Movement ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရတာ ကိုလည်း အလွန်နှစ်သက်သူဖြစ်ပြီး၊ အထူးသဖြင့် လစဉ်ပြုလုပ်တဲ့ ဆွေးနွေးပွဲများမှာလည်း ဒေသအသီးသီးရှိ တောင်သူများနှင့် ချိတ်ဆက်နိုင်ခြင်း၊ အသိပညာများ ဖလှယ်နိုင်ခြင်းတို့ကိုလည်း အလွန်တန်ဖိုးထားသူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် သူမကတော့ Roots Myanmar Grower Collective ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး၊ သူမရဲ့ မြေပဲနှင့် နှမ်းတို့ဖြင့် ပြုလုပ်ထားတဲ့ အရသာ ထုတ်ကုန်များကိုလည်း မြည်းစမ်းနိုင်ပါတယ်ရှင့်။
Ei Ei Mar is a regenerative farmer from Magway who grows peanuts, mung beans, pigeon pea, and sesame on 8 acres. She enjoys being part of the Healthy Soil Movement, especially the monthly discussions, where she connects with farmers from other regions and exchanges knowledge. She is also part of the grower collective, you can taste her peanuts and sesame in their delicious products.