Shwe TaGu ယိုးဒယား အုန်းချိုမွှေးဖြန့်ဖြူးရေး

  • Home
  • Myanmar
  • Yangon
  • Shwe TaGu ယိုးဒယား အုန်းချိုမွှေးဖြန့်ဖြူးရေး

Shwe TaGu ယိုးဒယား အုန်းချိုမွှေးဖြန့်ဖြူးရေး Coconut Farm

ရွှေတန်ခူး ပန်းတနော်အုန်းခြံ 😎🥥🌴🌴🌴
11/11/2024

ရွှေတန်ခူး ပန်းတနော်အုန်းခြံ
😎🥥🌴🌴🌴

အုန်းသီးလေးတွေ ဘယ်နှရက်ခံလဲ စိတ်ဝင်စားသူ သောက်သုံး ရောင်းချင်သူများအတွက် Chiller ရေခဲသေတ္တာထဲ 4C-6C မှာထည့်ထားရင် ၂ ပတ်ဝ...
02/11/2024

အုန်းသီးလေးတွေ ဘယ်နှရက်ခံလဲ စိတ်ဝင်စားသူ သောက်သုံး ရောင်းချင်သူများအတွက်
Chiller ရေခဲသေတ္တာထဲ 4C-6C မှာထည့်ထားရင် ၂ ပတ်ဝန်းကျင်ထိ ခံအောင်သိပ်ဆည်းထားလို့ရပါတယ်
😍သောက်သုံးတဲ့အခါလည်း ချိုမွှေးအေးမြတဲ့ အရသာကို ခံစားရစေမှာပါ ခင်ဗျာ 😋😋😋
အုန်းချိုမွှေးဝယ်ယူလိုပါက
- 09250000170
-09777791873 တို့ကို ဖုန်းနဲ့လည်းကောင်း viber messenger မှလည်း ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ခင်ဗျာ 🥥🥥

ပန်းတနော် ရွှေတန်ခူးအုန်းခြံမှ ယိုးဒယားအုန်းချိုမွှေးအသီးများ ခူးယူပြီးနောက် ရန်ကုန် လှိုင်သာယာ သိုလှောင်ရုံသို့ ရောက်ရှ...
27/10/2024

ပန်းတနော် ရွှေတန်ခူးအုန်းခြံမှ ယိုးဒယားအုန်းချိုမွှေးအသီးများ ခူးယူပြီးနောက် ရန်ကုန် လှိုင်သာယာ သိုလှောင်ရုံသို့ ရောက်ရှိလာပုံ 😍🌴🌴🥥🥥

21/10/2024

အုန်းစိမ်းရည်က အရသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့ သဘာဝ အချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာ အုန်းသီးခြောက်အရည်ထက် အာဟာရဓါတ်ပိုမိုပါဝင်ပါတယ်။ အုန်းစိမ်းရည်မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းတွေ၊ ဗီတာမင် ဘီဓါတ်တွေ၊ ဗီတာမင် စီ၊ သံဓါတ်၊ ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနီ နဲ့ ဇင့် ဓါတ်တွေလိုမျိုး သတ္တုဓါတ်တွေပါဝင်နေပါတယ်။
အုန်းစိမ်းရည်မှာပါတဲ့ အာဟာရဓါတ်တွေက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့cytokinin လို့ခေါ်တဲ့ အပင်ဟော်မုန်းတစ်မျိုးကလည်း အရွယ်တင်နုပျိုစေသလို ဘက်တီးရီးယားတွေနဲ့ကင်ဆာရောဂါတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းလည်းရှိပါ တယ်။ အုန်းစိမ်းရည်က ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပေးနိုင်သလဲဆိုတဲ့အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

အုန်းစိမ်းရည်က နေရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
ခန္ဓါကိုယ်ကိုရေဓါတ်ဖြည့်ပေးခြင်း
အုန်စိမ်းရည်က အပူဒဏ်ကြောင့်ဖြစ်တဲ့ရေငတ်တာကိုပြေစေနိုင်တဲ့ သဘာဝအချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာပါတဲ့electrolyte compositionတွေကြောင့် ဝမ်းလျှောတာ၊အော့အန်တာနဲ့အလွန်အမင်း ချွေးထွက်တာတွေကြောင့်ခန္ဓါကိုယ်ကဆုံးရှုံးသွားတဲ့ရေဓါတ်ကိုပြန်လည်ဖြည့်တင်းပေးပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်တာကြောင့် ခန္ဓါကိုယ်ကို အားပြည့်စေပါတယ်။

သွေးတိုးကျစေခြင်း
အုန်းစိမ်းရည်မှာ ဗီတာမင် စီ၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ပါဝင်နေတာကြောင့်သွေးတိုးရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ ပိုတက်ဆီယမ်က ကိုယ်တွင်းကအကျိုးမပြုတဲ့ ဆိုဒီယမ်ပမာဏကိုထိန်းညှိပေးခြင်းဖြင့်သွေးတိုးကျအောင်အထောက်အကူပြုပါတယ်။

နှလုံးကျန်းမာစေခြင်း
ကိုလက်စထရော နဲ့ အဆီပါဝင်မှုနည်းတဲ့ အုန်းစိမ်းရည်က နှလုံးကိုကျန်းမာစေပါတယ်။ ခန္ဓါကိုယ်အတွက်အကျိုးမပြုတဲ့ ကိုလက်စထရော (LDL) ကိုလျော့ကျစေပြီး အကျိုးပြုကိုလက်စထရော (HDL) ကိုတိုးစေနိုင်တာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေကိုလျှော့ချပေးပါတယ်။
အုန်းစိမ်းရည်မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ရောင်ရမ်းမှုကိုလျော့ပါးစေတဲ့ အစွမ်းသတ္တိ နဲ့antiplatelet propertiesတွေပါဝင်နေပြီးသွေးလည်ပတ်စီးဆင်းမှုကို တိုးတက်ကောင်းမွန်စေပါတယ်။သွေးကြောတွေထဲမျာ အနယ်အနှစ်စုပုံတာမျိုးတွေကိုလျှော့ချပေးနိုင်ပြီး ရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာမျိုးတွေကိုလည်းလျှော့ချပေးပါတယ်။
အရက်နာကျတာကို သက်သာစေခြင်း
အုန်းရည်က အရက်နာကျတာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။ အရက်က ခန္ဓါကိုယ်ရဲ့ရေဓါတ်ကိုကုန်ဆုံးစေပြီးရေဓါတ်ကုန်ဆုံးမှုကနောက်တစ်နေ့မနက်မှာ အရက်နာကျတာကိုဖြစ်စေပါတယ်။ အုန်းရည်က ခန္ဓါကိုယ်ရဲ့electrolyte ကိုပြန်လည်ဖြည့်တင်းပေးပြီးရေဓါတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့် အရက်နာကျတာကိုသက်သာစေပါတယ်။

ကိုယ်အလေးချိန်ကျစေနိုင်ခြင်း
ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအတွက် အုန်းစိမ်းရည်ကသောက်သုံးဖို့သင့်တော်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပြီး အစာအိမ်အတွက်လည်း အထောက်အပံ့ပြုပါတယ်။ အုန်းစိမ်းရည်မှာ အစာချေဖျက်မှုကို အထောက်အပံ့ပေးပြီး အဆီတွေချေဖျက်မှုကို တိုးမြှင့်ပေးနိုင်တဲ့bioactive အင်ဇိုင်းတွေအများအပြားပါဝင်ပါတယ်။
အုန်းစိမ်းရည်မှာပိုတက်ဆီဝမ်ကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ်တွင်းက မလိုအပ်တဲ့အရည်တွေနဲ့ အဆိပ်အတောက်တွေကို စွန့်ထုတ်အောင်အထောက်အပံ့ပေးပါတယ်။
ခေါင်းကိုက်တာကို သက်သာစေခြင်း
ခေါင်းကိုက်တာ၊ခေါင်းတစ်ခြမ်းကိုက်တာအများစုက ရေဓါတ်ဆုံးရှုံးတာကြောင့်ဖြဟ်တာဖြစ်ပါတယ်။ အုန်းစိမ်းရည်က ခန္ဓါကိုယ်အတွက် လိုအပ်တဲ့electrolytesတွေကိုထောက်ပံ့ပေးရာမှာ အထောက်အကူပြုသလို ခန္ဓါကိုယ်ရဲ့ရေဓါတ်ကိုမြှင့်တင်ပေးပါတယ်။
အုန်းစိမ်းရည်မှာ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့်ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားနေရသူတွေအနေနဲ့သောက်သုံးပေးသင့်ပါတယ်။ ကိုယ်တွင်းမှာ မဂ္ဂနီဆီယမ်ပမာဏလျော့နည်းလာတာကြောင့်ခေါင်းတစ်ခြမ်းကိုက်တာဖြစ်ပါတယ်။
လေပွတာကို သက်သာစေခြင်း
ဆိုဒီယမ် စားသုံးမှု များတာကြောင့်လေပွတာဖြစ်ပါတယ်။ အုန်းစိမ်းရည်က ခန္ဓါကိုယ်တွင်းက ဆိုဒီယမ်ပမာဏကိုလျှော့ချပေးပါတယ်။ အုန်းစိမ်းရည်မှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် ဆိုဒီယမ်ပမာဏကိုလျှော့ချရာမှာ အထောက်အကူပြုပေးပါတယ်။

အယ်လ်ဇိုင်းမား( Alzheimer)ရောဂါကို သက်သာစေနိုင်ခြင်း
အုန်းစိမ်းရည်ကအယ်လ်ဇိုင်းမားလိုမျိုး အာရုံကြောထိခိုက်ပျက်စီးတဲ့ရောဂါတွေကို ကုသရာမှာ အထောက်အကူပြုနိုင်တဲ့ အရာတစ်ခုဖြစ် လာနိုင်ဖွယ်ရှိပါတယ်။ အုန်းစိမ်းရည်ထဲမှာ အပင်ဟော်မုန်းတစ်မျိုးဖြစ်တဲ့cytokinin ပါဝင်တာကြောင့် ဦးနှောက်ဆဲလ်တွေ ပျက်စီမှုကို ကာကွယ်ပေးပါတယ်။ မှတ်ဉာဏ်တွေပြန်လည်ကောင်းမွန်လာအောင်လည်း အထောက်အကူပြုပါတယ်။
မျက်လုံးကျန်းမာစေခြင်း
အမြင်အာရုံကြည်လင်စေဖို့အတွက် အုန်းစိမ်းရည်သောက်ပေးနိုင်ပါတယ်။ ဦးနှောက်နဲ့ မျက်လုံးကျန်းမာသန်စွမ်းစေဖို့အတွက် ခန္ဓါကိုယ် က ဗီတာမင် B1ကိုလိုအပ်ပါတယ်။ ဗီတာမင် B1 က မျက်လုံးကြွက်သားတွေကို သန်စွမ်းစေပြီး ညဘက်မှာလည်း မျက်လုံးအမြင်အာရုံကိုကောင်းမွန်စေပါတယ်။

pH ပမာဏကိုထိန်းညှိပေးခြင်း
အသင့်စားအလွယ်စား အစားအစာတွေလိုမျိုး အက်ဆစ်ဓါတ်ပါဝင်မှုများတဲ့အစားအသောက်တွေကို အများအပြားစားသုံးတာ၊ စိတ်ဖိစီးတာ နဲ့ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကြောင့် ခန္ဒါကိုယ်ရဲ့ pH ပမာဏက အက်ဆစ်ဖြစ်လောက်တဲ့အထိမြင့်တက်သွားတဲ့အခါ ခန္ဓါကိုယ်ရဲ့ စွမ်းအင်ကိုလျော့ကျစေပြီး ဗီတာမင် နဲ့ သတ္တုဓါတ်တွေစုပ်ယူနိုင်စွမ်းကိုလည်း ကျဆင်းစေပါတယ်။
pH ပမာဏမြင့်တက်သွားတဲ့အခါ အသည်းရဲ့ လုပ်ငန်းစဉ်တွေ ထိခိုက်တာ၊လေးဖက်နာ အဆစ်ရောင်ရောဂါ၊ အရိုးအဆစ်ရောင်ရမ်းနာ၊ဆီးချို (diabetes) ၊သွေးတိုး (hypertension) နဲ့ ကိုယ်ခံအားနည်းတဲ့ဝေဒနာတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ alkalineတွေက ကိုယ်တွင်းမှာ pH ပမာဏများတာကြောင့်ဖြစ်တတ်တဲ့ အစာအိမ်အချဉ်ပေါက်တာနဲ့ ရင်ပူတာတွေကို သက်သာစေသလို ကိုယ်တွင်း pH ပမာဏကိုလည်းထိန်းညှိပေးပါတယ်။
သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးခြင်း
အုန်းစိမ်းရည် ထဲမှာ အမိုင်နိုအက်ဆစ် နဲ့ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့အမျှင်ဓါတ်တွေပါဝင်တာကြောင့်သွေးတွင်းသကြားဓါတ်ကိုထိန်းညှိရာမှာအထောက်အကူပြုသလို ခန္ဓါကိုယ်ရဲ့ အင်ဆူလင်တုံ့ပြန်မှုကိုလည်း တိုးတက်စေပါတယ်။

ဆီးချိုသမားတွေသောက်သုံးဖို့သင့်တော်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီးသွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ်။
ဆီးရွှင်စေခြင်း
အုန်းစိမ်းရည်ကသဘာဝဆီးရွှင်ဆေးတစ်မျိုးပါ။ ဆီးပမာဏကိုတိုးစေပြီး ဆီးရွှင်စေပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (urinary tract infections) လိုမျိုးဝေဒနာတွေကိုလည်း ကာကွယ်ပေးပါတယ်။
ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်တွင်း ကအဆိပ်အတောက်တွေကိုဆီးအဖြစ်နဲ့စွန့်ထုတ်စေပြီးကျောက်ကပ်မှာကျောက်တည်တာတွေကိုလည်းကျေပျက်စေနိုင်ပါတယ်။
အုန်းရည်မှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဆီးအိမ်ကိုပိုးကူးစက်တာတွေကိုတိုက်ဖျက်ရာမှာလည်း အထောက်အပူပြုပေးပါတယ်။
အရွယ်တင်စေခြင်း
အုန်းစိမ်းရည်ထဲမှာ ဆဲလ်တွေနဲ့ တစ်ရှုးတွေကို အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ cytokinin တွေပါရှိပါတယ်။ နာတာရှည်ဝေဒနာတွေနဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ရောဂါတွေဖြစ်ပေါ်ခံစားရနိုင်ခြေကို လျော့ကျစေပါတယ်။
လတ်ဆတ်တဲ့ အုန်းစိမ်းရည်ကအရေပြားကို နူးညံ့ချောမွေ့စေအောင် အာဟာရဖြည့်ပေးသလိုရေဓါတ်လည်းပြည့်ဝအောင်လည်းလုပ်ဆောင်ပေးပါတယ်

crd to
https://hellosayarwon.com/healthy-eating/nutrition-facts/coconut-water-health-benefits/

🌕 သီတင်းကျွတ်ဆုတောင်း 🕯️🪔သီတင်းကျွတ် အချိန်အခါတွင် ချမ်းသာခြင်း သုခမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံလျက် ဘေးအန္တရာယ်ဟူသမျှ ကင...
16/10/2024

🌕 သီတင်းကျွတ်ဆုတောင်း 🕯️🪔

သီတင်းကျွတ် အချိန်အခါတွင် ချမ်းသာခြင်း သုခမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံလျက် ဘေးအန္တရာယ်ဟူသမျှ ကင်းဝေး သက်ရှည်ကျန်းမာကြပါစေကြောင်း ရွှေတန်ခူး အုန်းခြံမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည် ။ 🙏🙏🙏🙏🙏

#သီတင်းကျွတ်ဆုတောင်း

မြန်မာပြည်အနှံဈေးကွက်ထဲသို့ အရသာ အရည်အသွေး အရွယ်အစား ပြည့်မှီစွာဖြင့် သောက်သုံးသူ စိတ်တိုင်းကျ နှစ်ခြိုက်ရန်အတွက် ရွှေတန...
14/10/2024

မြန်မာပြည်အနှံဈေးကွက်ထဲသို့ အရသာ အရည်အသွေး အရွယ်အစား ပြည့်မှီစွာဖြင့် သောက်သုံးသူ စိတ်တိုင်းကျ နှစ်ခြိုက်ရန်အတွက် ရွှေတန်ခူးအုန်းခြံမှ ကြိုးစားလျက်ရှိပါတယ်
ရွှေတန်ခူးအုန်းခြံမှ အုန်းပင်ငယ်အချို့ပုံလေးများကို ဝေမျှပေးချင်ပါတယ် 🌴🌴🌴
အုန်းခြံတည်နေရာ - ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်

ရွှေတန်ခူး အုန်းချိုမွှေးခြံသည် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်တွင် တည်ရှိပြီး ယခုအချိန်ထိ ယိုးဒယားအုန်းချိုမွှေးအပင်ပေါင...
13/10/2024

ရွှေတန်ခူး အုန်းချိုမွှေးခြံသည် ဧရာဝတီတိုင်း
ပန်းတနော်မြို့နယ်တွင် တည်ရှိပြီး ယခုအချိန်ထိ ယိုးဒယားအုန်းချိုမွှေးအပင်ပေါင်း ၄၅၀၀ ကျော်ခန့်စိုက်ပျိုးထားပြီး ၂၀၂၃ ခုနှစ်မှ စတင်၍ မြန်မာပြည် မြို့ကြီးများဖြစ်သော ရန်ကုန် မန်းလေး တောင်ကြီးတို့တွင် အရသာရှိချိုမွှေးသော ယိုးဒယားအုန်းချိုမွှေးများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ် ခင်ဗျာ 🌴🌴🌴🥥🥥🥥
ယိုးဒယား အုန်းချိုမွှေးများကို မှာယူလိုပါက ပေ့ Messenger မှလည်းကောင်း ဖုန်း 09-250000170
09-777791873 သို့ ဆက်သွယ်၍လည်းကောင်း Viber မှလည်းကောင်း မှာယူနိုင်ပါသည် ခင်ဗျာ 🥥

ယိုးဒယား အုန်းချိုမွှေးများမှာယူရရှိနိုင်ပါပြီ ခင်ဗျာဆက်သွယ်ရန်ဖုန်း - 09250000170 , 09777791873
12/10/2024

ယိုးဒယား အုန်းချိုမွှေးများမှာယူရရှိနိုင်ပါပြီ ခင်ဗျာ
ဆက်သွယ်ရန်ဖုန်း - 09250000170 , 09777791873

Address

(G-/3), Ta Pin Shwe Htee Tower, Corner Of Ka Naung MinThar Gyi Road (Ta Pin Shwe Htee Street)and Yangon-Pa Thein Highway Road , Hlaing Thar Yar Towns Ship, Yang On
Yangon
11401

Alerts

Be the first to know and let us send you an email when Shwe TaGu ယိုးဒယား အုန်းချိုမွှေးဖြန့်ဖြူးရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe TaGu ယိုးဒယား အုန်းချိုမွှေးဖြန့်ဖြူးရေး:

Share

Category