Richer Lands -Organic Farm Products

Richer Lands -Organic Farm Products ** Delicious and Nutrition for your healthy life **

'' ဘိုကာရှီ မြေသြဇာ နှင့် ငါး အမိုင်နိုအက်ဆစ်ပြုလုပ်ခြင်း''@@@@@@@@@@@@@@@@@@@@@@@@@ #ခြံထဲက ကြွေကျတဲ့အရွက်တွေ မီးရှို့မ...
22/09/2024

'' ဘိုကာရှီ မြေသြဇာ နှင့် ငါး အမိုင်နိုအက်ဆစ်ပြုလုပ်ခြင်း''
@@@@@@@@@@@@@@@@@@@@@@@@@
#ခြံထဲက ကြွေကျတဲ့အရွက်တွေ မီးရှို့မဲ့အစား ဘိုကာရှီလုပ်သုံးရင် နွားချေးဝယ်သုံးရတာထက် စရိတ်ကုန်ကျမှုသက်သာစေပြီး နွားချေးထက် ပိုမိုသောအစွမ်းကို ခံစားရမှာပါ။
#မိရိုးဖလာနည်းအတိုင်း အပင်ရင်းနေမွန်းတည့်ချိန် အရိပ်ကျသော နေရာကို မြေတူးပြီးအပင်ပါတ်လည် အဝိုင်းပုံသဏ္ဍာန်အတွင်း နွားချေးများထည့် မြေပြန်ဖုံး ရေလောင်းစသည့် စနစ်ဟောင်းသည် နွားချေးကို စနစ်တကျထိန်းသိမ်းခြင်းမလုပ်ထားလျှင် တန်ဖိုးကျဆင်းနေသော နွားချေးစွမ်းအားကိုသာ ရရှိမည်ဖြစ်ပြီး အပင်ရင်း နွားချေးပုံသောအချိန်တွင်သာ ရေလောင်းပြီး ပြစ်ထားပါက အပင်မှအနည်းငယ်သာ စုပ်ယူစားသုံးနိုင်ပြီး နွားချေးများခြောက်သွေ့ ပျက်စီးသွားပါမည်။ မိမိစိုက်ခင်းထဲသို့ နွားချေး လှည်းတစ်စီးချမည်ဆိုပါက ပေးလိုက်ရသောတန်ဖိုးမှာ လှည်းတစ်စီးစာ ရရှိသောစွမ်းအားမှာ တစ်ဝက်တောင်မှ မသေချာပါ။
#လူအင်အားအနည်းငယ် စိုက်ထုတ်ပြီး ခြံတွင်းမှအမှိုက်များ (ဆွေးမြေ့ခက်သော ပစ္စည်းများမပါ) တစ်နေ့နည်းနည်းစုပုံ ထားသည်ဖြစ်စေ။ တစ်ခါတည်းစုပုံထားသည်ဖြစ်စေ အီးအမ် / ငါးအမိုင်နိုအက်စစ် / ပုလဲဓာတ်မြေသြဇာတို့ဖြင့် အချိုးကျစုပုံပြီး ဘိုကာရှီ ဖောက်သုံးစွဲပါက နှစ်ရှည်ပင်ခြံများအတွက် အကျိုးပိုမိုရှိစေမည် ဖြစ်ပါသည်။
#ကျွန်တော်ဆောင်ရွက်သောနည်းမှာ -
(1) မြက်ခြောက်နှင့်အမှိုက်များကို အမြင့် (2)ပေလောက် ရောက်သည့်အထိပုံပြီး ငါးအမိုင်နိုလီတာဝက် ရေဖျော်ဖြန်းပါသည်။
(2) ရေရွှဲအောင်လောင်းပြီး လူဖြင့်တက်နင်းသိပ်ပါသည်။
(3) အမှိုက်များအား (2)ပေတစ်ထပ်စီဖြင့် (3)ထပ် ပြုလုပ်ပါသည်။
(4) အထပ်တိုင်းတွင် ငါးအမိုင်နို လီတာဝက်သုံးပြီး ရေရွှဲအောင်လောင်း လူမှတက်နင်းစေပါသည်။
(5) ပလပ်စတစ်စ / တာပေါ်လင်မိုးကာစ အဆင်ပြေရာအုပ်ထားပြီး ၄င်းအစမလန်စေရန် ဝါး/သစ်များဖြင့်ဖိနှိပ်ထားပါသည်။
(6) ၄င်းအပုံအား (10)ရက်တစ်ကြိမ် အထက်အောက်လှန်ပြီး ရေအနည်းငယ်ဖြန်းပေးခြင်း ၄င်းရေဖြန်းချိန်တွင် ငါးအမိုင်နိုအက်စစ် ထည့်သွင်းဖြန်းပေးခြင်း ပြုလုပ်ပါသည်။ တစ်လကြာလျှင် စသုံးလို့ရပါပြီ။
(7) ပုလဲဓာတ်မြေသြဇာ သုံးမည်ဆိုပါက အမှိုက်သစ်ရွက်အလေးချိန်၏ (5%) ထည့်သွင်းအသုံးပြုနိုင်ပါသည်။
************
#ငါးအမိုင်နိုအက်ဆစ်ပြုလုပ်ခြင်း (Fish Amino Acid - FAA)
#ငါးအရိုးနှင့် ခေါင်း၊ စနို၊ ၀မ်းတွင်းသား၊ အရိအချွဲများကို စဉ်းနီးတုံးတွင် နုပ်နုပ်စင်း၍ စဉ့်အိုးထဲထည့်ပါ။ ထို့နောက် ထည့်ထားသော ပမာဏ၏ တစ်၀က်ခန့် သကြားညို (ထန်းလျက်၊ ကြံသကာ၊ သကာရည် အဆင်ပြေရာသုံးနိုင်ပါတယ်။) ထည့်၍ ဇွန်းဖြင့် သမအောင်မွှေပေးပါ။ မြန်မြန်အချဉ်ဖောက်ချင်လျှင် သကြား သို့မဟုတ် ထန်းလျက် ပိုထည့်ရမည်။
#ထို့နောက် အိုးထိပ်၀ကို ပလက်စတစ်အိတ်မဲဖြင့် အုပ်၍ အရိပ်ရသော အေးသောနေရာအောက်တွင် (2-3ပတ်)ခန့်ထားပါ။ (3-4)ရက် ကြာလျှင် အပုပ်နံ့ထွက် လာနိုင်၍ လူသူမနီးသောနေရာတွင် ထားပါ။ (၂) ပတ်ကျော်လျှင် အချဉ်ဖောက်နံ့ကောင်းစွာထွက်ပါက အဆင်သင့်ဖြစ်ပြီ။
#သတိပြုရမည့်အချက်မှာ စဉ့်အိုးအတွင်း ထည့်လျှင် စဉ့်အိုး၏ သုံးပုံတစ်ပုံ (သို့မဟုတ်) တ၀က် လေဟာနယ်ဖြစ်နေပါစေ။ သို့မဟုတ်ပါက လျှံကျတတ်တယ်။ အိုးကို (2-3ရက်)တစ်ခါ ဖွင့်၍ တုတ်သန့်သန့်ဖြင့် မွှေးပေးပါက အချဉ်ဖောက်ခြင်းကို ပို၍ကောင်းစေတယ်။ လျှံကျခြင်းမှလဲ ကာကွယ်တယ်။
#ထားနိုင်လျှင် (၄ပတ်မှ ၆ပတ်)အထိ ထားပါက ပိုမိုကောင်းမွန်သော ရလဒ်ရရှိမည်။ ပိတ်စပါးဖြင့် စစ်ယူပြီး ဆေးရည်ကို အိုးအသန့် သို့မဟုတ် ဖန်ပုလင်းဖြင့် ထည့်ကာ သိမ်းထားနိုင်သည်။ ဖန်ပုလင်းထဲထည့်ရာတွင် အပြည့်မထည့်ဘဲ အပေါ်ပိုင်း ၅ပုံ၁ပုံ သို့မဟုတ် ၄ပုံ၁ပုံခန့် လေဟာနယ် အလွတ်ထားပါ။
#နွေရာသီ ပူပြင်းချိန်များတွင် မြန်မြန် အချဉ်ဖောက်လွယ်ပြီး လျှံကျတတ်တယ်။ အဲ့ဒီအခါကျ စဉ့်အိုးရဲ့ တ၀က်သာသာ ပဲထည့်သင့်တယ်။ လျှံကျတတ်ပါတယ်။ ဆောင်းတွင်းအေးတဲ့အချိန်များမှာတော့ အချဉ်ဖောက်နှုန်းက ပုံမှန်ထက်ကြာလို့ ရက်ကြာကြာ ထားသင့်တယ်။
#အပင်များဆေးဖြန်းသည့်အခါ ၎င်းသက်သက်ဖြန်းလျှင် ရေအဆ (၃၀၀မှ ၅၀၀)ရောဖြန်းနိုင်ပါတယ်။ ရေ (၄) ဂါလံပုံးတွင် (၄၀ စီစီမှ ၆၀ စီစီ) အထိ ရောစပ်ဖြန်းနိုင်သည်။ အပင်ငယ် ပျိုးပင်များကို (၃၀ စီစီ) ခန့်သာ ရောစပ်ပါ။ အပင်ကြီးများကို အရွက်ရော အပင်ခြေတဝိုက် မြေများကိုပါ ဖြန်းနိုင်ပါတယ်။
#မြေဆွေး ပြုလုပ်ရာတွင်လည်း တင်း ၂၀ မှ ၃၀ မြေဆွေးပုံတွင် ငါးအမိုင်နို ၁လီတာမှ ၁ဂါလံအထိ အဆင်ပြေသလို ရောစပ်နိုင်ပါတယ်။
**********

Lu Gyan Gyi
#ဘိုကာရှီ မြေသြဇာ နှင့် ငါး အမိုင်နိုအက်ဆစ်ပြုလုပ်ခြင်း

အပင်တွေကို တိုက်ရိုက် ကြက်ဥခွံ ၊ဟင်းအချိုမှုန့် ၊ငါးပိတွေ ကျွေးတာထက်ပိုထိရောက်သောနည်း ရလဒ်ကောင်းအော်ဂဲနစ် ဆေးရည် အလွယ်တ ...
16/04/2024

အပင်တွေကို တိုက်ရိုက် ကြက်ဥခွံ ၊ဟင်းအချိုမှုန့် ၊ငါးပိတွေ ကျွေးတာထက်ပိုထိရောက်သောနည်း ရလဒ်ကောင်း
အော်ဂဲနစ် ဆေးရည် အလွယ်တ ကူ ပြုလုပ်အသုံးပြုနည်း။
အပင်အတွက် အမြစ်ကိုလည်း သန်မာစေပါတယ်
အရွက် အပွင့် အသီးတို့အတွက် အရွက်သန် အပွင့်အား ကောင်း အရသာရှိသော အသီးကို ဖြစ်စေပါတယ်။
ကုန်ကြမ်းများ
--------
☑ကြက်ဥ ၁ လုံး
☑ကြက်ဥအခွံ ၂ လုံး
☑ဟင်းအချို မှုန့် ၁ ဇွန်း
☑ငါးပိစိမ်း အရည် ၁ ဇွန်း
(မျှင်ငပိ /ငပိထောင်း ထောင်းတဲ့ ငပိစိမ်း ၁ ဇွန်း လည်း သုံးလို့ရ)
ပြုလုပ်နည်း
--------
ကြက်ဥ ၁ လုံးခေါက်ပါ ဟင်းအချိုမှုန့် ၁ ဇွန်း ထည့်ပါ
ငါးပိရည် ၁ ဇွန်းထည့်ပါ
အသီးဖျော်စက်ထဲထည့်ပြီး ကြက်ဥအခွံ ၂ လုံး သမ အောင် ရောကြိတ်ပါ ဖျော်စက် မရှိသူများ ကြက်ဥအခွံကိုငရုပ်ဆုံ ကိုသန့်စင်အောင်ဆေးပြီး ကြက်ဥအခွံ ကို ထောင်းနိုင်ပါတယ်။
ရေ ၁ လီတာစီ ရေဘူးထဲ အဆင်သင့် ထည့်ထားပါ
အသင့်ကြိတ် ဖျော်ထားသော ကြက်ဥ အရည်ကို
၁ ဇွန်းဆီ ထည့်ပါ သမအောင် လုပ်ခါပါ
၅-၆ ပုလင်းခန့်ရပါလိမ့်မည်။
အဖုံး လုံအောင်ပိတ်ပါ နေပူတွင် ဆေးထည့်ထားသော ရေဘူး ၇ ရက်ထားပါ။တစ်နေ့ ၁ ကြိမ် လုပ်ခါပေးရပါမည်။
၂၁-ရက်အတွင်းမှာတော့ အနုဇီဝပိုးများပေါက်ပွားပြီး အနီရောင် ရှိသော ဂျူလင်စီ
စံခေါစင်ကိုရရှိပါပြီ။
ဆေးအောင်မြင်ပြီး ဆေးရည် ဖြစ်လာပြီဆိုပါက
ပြန်လည် ပွားယူရတာပိုပြီး လျင်မြန်ပါတယ်
ပွားနည်း
-----
ကြက်ဥ ၁ လုံး
ဟင်းချို မှုန့် ၁ ဇွန်း
ငါးပိရည် ၁ ဇွန်း
ဆေးဦးရည် ၂ ဇွန်း သမအောင်
မှပေါ ။
၁ လီတာရှိသော ရေအသင့်ပုလင်းထဲ ၁ ဇွန်းစီထည့်ပါ ၅/၆ ပုလင်း လီတာခန့်ရပါမည်။
သမရောစပ်ထားသော အရည် ထည့်ပြီး သား ထဲ နောက်ထပ် ဆေး ဦးရည် ၃ ဇွန်း ထပ်ထည့်ပြီး လှုပ်ခါပါ
ပုလင်းကို လဲရက်အဖုံးပိတ် နေ ပူထဲ ၇ ရက် ထားပါ အရင် ပထမ ဆေး လို ၂၁ ရက်စောင့်စရာ မလိုတော့ပါ။
၇ ရက် ပြည့်ရင် အသုံးပြုလို့ရပါပြီဗျာ။
အသုံးပြုနည်း
--------
ဆေးဖျန်းပုံး ၂၀ လီတာ ၁ ပုံးကို ဆေးရည် ၂ဝ ဇွန်း
၇ ရက် ၁ကြိမ်ဖျန်းပေးပါ ။
ကျစ်နေသော မြေအတွက် မြေကြီးထဲထည့်ပါ ဆေးရည် ၂၀ ဇွန်း ရေ ၂၀လီတာရော
မြေကြီးထဲထည့်ဖျန်း အပင်အတွက် အမြစ်ကိုလည်း သန်မာစေတယ် အစာချက်အား ပိုမို ကောင်းမွန်စေပါတယ်။


17/12/2023

🥑 Avocado farm business 🥑
၀င်ငွေတိုးပွား ထောပါတ်စီးပွား.... 😊

ပြုခဲ့ဖူးသော ကုသိုလ်အစုစုတို့ကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့ အန္တရာယ်ကင်းဘေးရှင်း ကပ်ကြီးသုံးပါးကျော်လွှား...
27/11/2023

ပြုခဲ့ဖူးသော ကုသိုလ်အစုစုတို့ကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့ အန္တရာယ်ကင်းဘေးရှင်း ကပ်ကြီးသုံးပါးကျော်လွှားနိုင်ကြပါစေ.........

မသိသူကျော်သွား သိသူသုပ်စား 😁မယ်ဇလီဖူးသုပ်ရဲ့ကောင်းကျိုးများမြန်မာ့ရိုးရာ ဓလေ့အစဉ်အလာအရ မဲဇလီဖူးသုပ်ကို ဆေးဖက်ဝင်တဲ့ အစာအ...
26/11/2023

မသိသူကျော်သွား သိသူသုပ်စား 😁

မယ်ဇလီဖူးသုပ်ရဲ့ကောင်းကျိုးများ

မြန်မာ့ရိုးရာ ဓလေ့အစဉ်အလာအရ မဲဇလီဖူးသုပ်ကို ဆေးဖက်ဝင်တဲ့ အစာအဖြစ် ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်နေ့ ( သာမညဖလအခါတော်နေ့ )မှာ စားလေ့ရှိကြပါတယ်။ မဲဇလီဖူးမှာ ရေဓာတ်၊ ဂလူကိုဆိုက်၊ ကတ်သတစ်အက်စစ်၊ အန်သရိုကွီနုန်း၊ ကမ်ဖီရောစတဲ့ ပစ္စည်းတွေပါဝင်တာကြောင့် ဆေးဖက်ဝင်တဲ့အပင်ထွက်ပစ္စည်းအနေနဲ့ စားသုံးကြတာဖြစ်ပါတယ်။ ဒီနေ့ဟာလည်း တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်တာကြောင့် အိမ်တိုင်းအိမ်တိုင်း မယ်ဇလီဖူးသုပ်စားဖို့ ပြင်ဆင်နေကြမယ်လို့ ထင်ပါတယ်။ တစ်ဇွန်းပြီး တစ်ဇွန်း လက်ကမချချင်လောက်အောင် အရသာရှိပြီး ရေနွေးကြမ်းပူပူလေးနဲ့ဆို ငယ်ငယ်က မိသားစုနဲ့အတူ လကြည့်ရင်း ဝိုင်းဖွဲ့စားသောက်ခဲ့ကြတဲ့ ပျော်စရာကောင်းတဲ့ အတိတ်ကအချိန်တွေကိုပါ ပြန်လည်ခံစားသတိရသွားအောင် ပြုလုပ်ပေးနိုင်တဲ့ မယ်ဇလီဖူးက ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း အင်မတန် ဆေးဖက်ဝင်ပါသေးတယ်။

၁ ) မယ်ဇလီဖူးသုပ်က အစာအိမ် အူလမ်းကြောင်းကို ကျန်းမာစေပါတယ်

မယ်ဇလီဟာ FDA ကအသိအမှတ်ပြုထားတဲ့ဆေးညွှန်းမလိုတဲ့ ဝမ်းနုတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် နဲ့ စအိုကနေပိုက်ထည့်ပြီးမှန်ပြောင်းဖြင့်ကြည့်နည်း (colonoscopy) မလုပ်ဆောင်ခင်အူမကြီးအတွင်းသန့်ရှင်းစေဖို့အတွက်အသုံးပြုပါတယ်။မယ်ဇလီကို နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု ၊ လိပ်ခေါင်းရောဂါနဲ့ ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက်လည်း အသုံးပြုပါတယ်။

၂ ) ဝမ်းမှန်မှန်သွားစေပါတယ်

မဲဇလီဖူးဟာ အူတွေကို သန့်စင်စေပြီး အူမကြီးရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေတာကြောင့် ဝမ်းပျော့ပျော့သွားစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းရှိ တုတ်ကောင်တွေကို ဖယ် ရှားပေးတဲ့ အစွမ်းလည်း ရှိပါတယ်။

၃ ) ကိုယ်အလေးချိန်ကျစေတဲ့ မယ်ဇလီရွက်ရေနွေးကြမ်း

မယ်ဇလီရွက်ရဲ့ ဝမ်းပျော့ပျော့သွားစေနိုင်တဲ့အစွမ်းက ကိုယအလေးချိန်လျော့ကျအောင်လည်း အထောက်အပံ့ဖြစ်စေပါတယ်။ မယ်ဇလီရွက်က ဝမ်းမချုပ်အောင်ကာကွယ်ပေးနိုင်တာကြောင့် အမျှင်ဓါတ်ပါဝင်မှုနည်းတဲ့ ကိုယ်အလေးချိန်လျော့ကျစေတဲ့ အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ကယ်လိုရီပါဝင်မှုနည်းတဲ့ အရသာပြည့်စုံတဲ့သောက်စရာတစ်ခုဖြစ်တာကြောင့် ခန္ဓါကိုယ်ကို အရည်ဓါတ်ပိုရစေမှာဖြစ်ပါတယ်။ အရည်များများသောက်တာက အစားနည်းနည်းပဲစားဖြစ်စေပါတယ်။ မယ်ဇလီက အူမကြီးထဲက အဆိပ်အတောက်တွေ နဲ့ မကျေညက်တဲ့ အစာကို ဖယ်ရှားပေးပါတယ်။အစာအိမ် အူလမ်းကြောင်းကိုရှင်းလင်းပြီး အဆိပ်အတောက်ဖယ်ရှားတဲ့နည်းလမ်းက လိုအပ်သင့်တော်တဲ့ အာဟာရဓါတ်တွေကို စုပ်ယူနိုင်အောင် အထောက်အပံ့ပေးပါတယ်။ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုကို တိုးတက်ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကိုကျဆင်းစေပါတယ်။

၄ ) ပျို့ချင် အန်ချင်တာကို သက်သာစေပါတယ်

မဲဇလီဖူးကို အနည်းငယ်စားပေးရင် ပျို့ချင်အန်ချင်ဖြစ်တာကို သက်သာစေပါတယ်။ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ မဲဇလီဖူးကို စားတာကြောင့် သရက်ရွက်ထဲမှာ ဆဲလ်အသစ်များများဖြစ်အောင် လှုံ့ဆော်ပေးနိုင်တဲ့အတွက် ဆေးဖက်ဝင်အစွမ်း ရှိတာပါ။ ရောဂါကို တွန်းလှန်နိုင်တဲ့ အစွမ်းရှိတာကို အသေးစိတ် လေ့လာမှုတွေဆက်လက်ပြုလုပ်နေကြ ပြီး ကာကွယ်ဆေးအဖြစ် တွဲဖက်သုံးဖို့ဖြစ်နိုင်ခြေ ရှိ၊ မရှိ စဉ်းစားနေကြပါတယ်။ ဓာတ်တိုး ဆန့်ကျင်နိုင်တဲ့ အင်တီအောက် ဆီးဒင့် ဂုဏ်သတ္တိ ရှိပါတယ်မဲဇလီဖူးမှာ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပါဝင်ပါတယ်။ ပိုလီဖီနော ဓာတ်ပါဝင်မှုများပါတယ်။ ဒါကြောင့် ဖရီး ရယ်ဒီကယ်ကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင် သလို အသည်း မှာ ထိခိုက်မှု မဖြစ်အောင်လည်း ကာ ကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လူတွေ မှာ ဘယ်လောက်အထိ အသုံးဝင် ထိရောက် မှု ရှိသလဲဆိုတာကို နောက်ထပ် လေ့လာ မှုတွေ ထပ်လုပ်ဖို့ လိုအပ်နေပါသေးတယ်။

၅ ) ဆံပင်တွေကို သန်စွမ်းစေတယ်

ဆံပင်တွေကိုချောမွေ့တောက်ပြောင်သန်စွမ်းစေဖို့အတွက် မယ်ဇလီရွက်ကို အသုံးပြုနိုင်ပါတယ်။ မယ်ဇလီအရွက်ခြောက်မှုန့်ကိုရေ၊ဒိန်ချဉ်တို့နဲ့ ဆတူရောစပ်ပြီး ဆံပင်ပေါင်းတင်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ သံပုရာရည်၊လက်ဖက်ဆီနဲ့အခြားဆေးဖက်ဝင်ပစ္စည်းတွေနဲ့လည်းရောစပ်အသုံးပြုနိုင်ပါတယ်။ရောစပ်ထားတဲ့အနှစ်ကို ဆံပင်ပေါ်မှာလိမ်းပြီး ပလပ်စတစ်ခေါင်းစွပ်နဲ့ ခဏစွပ်ထားပြီးခြောက်သွေ့အောင်ထားပေးပါ။ နာရီအနည်းငယ်ကြာထားပြီးတဲ့နောက်ရေဆေးချလိုက်ပါ။

၆ )ပိုးမွှားတွေကို တွန်းလှန် ပေးပါတယ်

လေ့လာမှုတွေ အရ မဲဇလီဖူးမှာ ပိုးတွေကို တွန်းလှန်ပေးနိုင်တဲ့ အစွမ်း ရှိကြောင်း ဆိုပါတယ်။ ဒါပေမဲ့ ဖန်းဂပ်စ်မှိုတွေကိုတော့ တွန်းလှန်နိုင်တယ်လို့ မပြသထားပါဘူး။ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။ မဲဇလီဖူးဟာ ဖရီးရယ်ဒီကယ် တွေကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးတဲ့ဆေးဖက်ဝင် အပင်တစ် မျိုး ဖြစ်တဲ့အတွက် အူမကြီးကင်ဆာနဲ့ အစာဟောင်း အိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေနိုင်ပါတယ်။

မြန်မာ့ရိုးရာဆေးကျမ်းလာ အနာလည်းကင်း၊ ဆေးဖက်လည်းဝင်သည့် မယ်ဇလီဖူးသုပ်ကို ဆန်ရေစပါးအထွက်တိုးမည့် နိမိတ်ကိုဆောင်သည့် တန်ဆောင်မုန်းလပြည့်နေ့မှာ မြိန်ရေရှက်ရေ စားသုံးပေးခြင်းဖြင့် ရောဂါဘယများ ကင်းကွာပြီး ရန်သူမျိုးငါးပါးရန်မှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

Crd: Dr.mm

 #အသီးအပင်အတွက်မြေသြဇာအရည်ကိုယ်တိုင်ပြုလုပ်နည်း-------------------------------------------------------------လိုအပ်သောပစ္...
24/11/2023

#အသီးအပင်အတွက်မြေသြဇာအရည်ကိုယ်တိုင်ပြုလုပ်နည်း
-------------------------------------------------------------
လိုအပ်သောပစ္စည်းများ
--------------------------
နွားချေးခြောက် - ၁ ပိဿာ
ကြက်ချေးခြောက် - ၁ ပိဿာ
ပလပ်စတစ်စ (အပေါက်ပါ) (သို့)အဝတ်ပါးစ - ၁ခု
ရေ - ၈ဂါလံ
ပြုလုပ်နည်း
-------------
နွားချေးခြောက် (၁)ပိဿာ၊ကြက်ချေးခြောက်(၁)ပိဿာကို ပလပ်စတစ် (သို့)အဝတ်ပါးစနဲ့ထုပ်ပါ။အဲ့အထုပ်ကို ရေ (၈)ဂါလံမှာစိမ်ပါ။(၃)ရက်တိတိစိမ်ပြီး နွားချေးထုပ်ကို ဆယ်ယူပါ။အဲ့အထုပ်ကို သစ်ပင်ရင်းမှာဖြစ်ဖြစ်ချထားပါ။အထုပ်ထဲကနေ ထွက်ကျလာမယ့် အရည်တွေဟာ အပင်တွေအတွက် အစာအာဟာရဖြစ်စေပါတယ်။
အသုံးပြုနည်း
---------------
ကြက်ချေး၊နွားချေးစိမ်ထားတဲ့အရည်(၁)ဆကို ရေ(၂၀)ဆရောပြီး အပင်တွေကို လောင်းပေးနိုင်ပါတယ်။အရွက်ဖျန်းဖို့အတွက်ဆိုရင် ဟင်းခတ်ဇွန်း(၁၅)ဇွန်းနဲ့ရေ(၂၀)လီတာရောပြီး ပက်ဖျန်းနိုင်ပါတယ်။တကယ်လို့အသီး၊အပွင့်ပင်မဟုတ်ရင်တော့ နွားချေးတစ်မျိုးထဲနဲ့လုံလောက်ပါတယ်။

စိုက်ပျိုးဖြစ်ထွန်းလို့အောင်မြင်နိုင်ကြပါစေဗျာ။
Credit စိုက်ပျိုးရေးဗဟုသုတနည်းပညာ

ပျှော်ရွှင်သော ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယလေးဖြစ်ကြပါစေရှင်။ရှမ်းမြောက်မှာတော့ မီးရှုး မီးပန်းတွေ ပစ်လွတ်နေကြပါပြီ။ပြ...
29/10/2023

ပျှော်ရွှင်သော ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယလေးဖြစ်ကြပါစေရှင်။
ရှမ်းမြောက်မှာတော့ မီးရှုး မီးပန်းတွေ ပစ်လွတ်နေကြပါပြီ။
ပြည်သူများ အန္တရာယ်ကင်း ဘေးရှင်းကြပါစေရှင်။ 🙏🙏🙏

10/08/2023

စိုက်ခင်းမှသည် ထုတ်လုပ်မှုဆီသို့

09/08/2023

ပင်မှဲ့သီး ခေါ် Passion Fruit

 #သရက်သီးအနံ့အရသာနှင့် ပြည့်စုံသော သရက်သီးသည် အပူပိုင်းဒေသ၏ အမည်ကျော် အသီးတစ်မျိုး ဖြစ်သည်။ သရက်ပင်၏ မူရင်းပေါက်ရောက်ရာဒ...
19/06/2023

#သရက်သီး

အနံ့အရသာနှင့် ပြည့်စုံသော သရက်သီးသည် အပူပိုင်းဒေသ၏ အမည်ကျော် အသီးတစ်မျိုး ဖြစ်သည်။ သရက်ပင်၏ မူရင်းပေါက်ရောက်ရာဒေသသည် အိန္ဒိယနိုင်ငံအရှေ့ပိုင်း အာသံပြည်နယ်နှင့် မြန်မာနိုင်ငံတို့ဖြစ်သည်။

သရက်ပင်၏ ပုံပန်းသဏ္ဌာန်

သရက်ပင်သည် အမြင့်ပေ ၁၁၅ပေမှ ၁၃၁ ပေအထိ ရှိနိုင်သည်။ နှစ်ရှည်ပင်မျိုးဖြစ်ပြီး နှစ် ၃၀၀ ကျော်သည်အထိ အသီးသီးနေသော အပင်ရှိခဲ့ဖူးသည်။ သရက်ပင်၏အရွက်သည် နုစဉ်အခါ ပန်းနုရောင်သန်းသော လိမ္မော်ရောင်ရှိပြီး တဖြည်းဖြည်း အနီရောင် နောက်ပိုင်းတွင် အစိမ်းရင့်ရောင်သို့ ပြောင်းလဲသွားသည်။ အရွက်များသည် အမြဲစိမ်းလန်းနေသည်။ သရက်ပင်အမျိုးပေါင်း ၄၀၀ ကျော်ရှိပြီး အများစုမှာ နွေရာသီတွင် အသီးသီးကြ၍ တချို့မျိုးမှာ တစ်နှစ်လျှင် နှစ်ခါ အသီးသီးကြသည်။

သရက်ပင်မှ သရက်သီးများ ရင့်မှည့်ရန် ၃ လ မှ ၆ လ အထိ ကြာမြင့်တတ်သည်။ အဖူး အပွင့်တို့တွင် သင်းပျံ့ပျံ့ရနံ့ရှိသည်။ အချို့အပွင့်တို့တွင် ဝတ်ဆံအဖိုအမနှစ်မျိုး ပါ၍ အချို့အပွင့်တို့တွင် ဝတ်ဆံဖိုသာပါလေသည်။ သရက်အဖူး အပွင့်တို့ကိုမြန်မာနိုင်ငံတွင်တို့စရာအဖြစ် စားသုံးကြလေသည်။ မတ်လလောက်တွင် တို့စားနိုင်သော အရွယ်သရက်သီး အကင်းများရရှိသည်။ ဧပြီလကုန်မေလဆန်းမှစ၍သရက် သီးများမှည့်ဝင်းလာကြသည်။ သရက်သီးမှည့်များကို ဧပြီလမှဇွန်လတိုင်အောင်စားကြရသည်။

#သရက်သီးတို့သည်အမျိုးအစားလိုက်၍ အရွယ်အစား စားပုံသဏ္ဌာန်အမျိုးမျိုး ရှိကြလေသည်။ အငယ်ဆုံးအမျိုး အစားသည် ဆီးသီးခန့်မျှသာရှိ၍ အချို့အမျိုးအစားသည် တစ်လုံးလျှင်တစ်ပိဿာ ကျော်ခန့်ပင်အလေးချိန်စီးအောင်ကြီးမား သည်။ အချို့အသီးများသည် ဘဲဥပုံဖြစ်၍ အချို့သည်လုံးဝန်းသည်။ အချို့သည်အရင်းကား၍ အဖျားရှူးပြီးလျှင် အချို့တို့သည် ရှည်လျားလျားပုံသဏ္ဌာန် ဖြစ်ကြသည်။ များသောအားဖြင့် အသီး၏အဖျားပိုင်းသည် ငှက်နှုတ်သီးကဲ့သို့ ခပ်ကောက်ကောက်ရှိတတ်လေသည်။

#သရက်သီးများမှည့်လာလျှင်အသီးခွံသည်လှပစွာဝါဝင်းလာသည်။ အနံ့လည်းမွှေးလာသည်။ အချို့အသီးမှည့်များသည်အနီတစ်ပိုင်းအဝါတစ်ပိုင်းဖြင့်တစ်မျိုးတစ်ဖုံလှပကြ ပေသည်။ အချို့သရက်မျိုးတို့ကားမှည့်နေသည်တိုင်အောင်အစိမ်းပုပ်ရောင်ပင်ရှိနေတတ်လေသည်။

#သရက်သီးကို အသီးများ၏ဘုရင်ဟုတင်စားခေါ်ဆိုကြသည်။ သရက်ကို မြန်မာတစ်နိုင်ငံလုံးရှိ အိမ်တိုင်းလိုလိုစိုက်ပျိုးကြသည်။ သရက်ပင်ဆိုသည်မှာ အလွန်အေးသောနေရာများ အထူးသဖြင့် ပေ၄၀၀၀ အထက်နေရာများတွင် မဖြစ်ထွန်းပါ။

#သရက်အမည်များ

ကမ္ဘာပေါ်တွင် သရက်သီးမျိုးစိတ်ပေါင်း ၄၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် အစိုက်အများဆုံးသရက်မျိုးများမှာ စိန်တလုံး၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ ရင်ကွဲ နှင့်မချစ်စုမျိုးတို့ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် သရက်မျိုးကောင်းများစွာရှိသည်။ အချို့သည် တစ်နိုင်ငံလုံး၌ ကျော်ကြားထင်ရှားသောအမျိုးအစားဖြစ်သော်လည်း အချို့မှာမူ ဆိုင်ရာနယ်ပယ်၌သာ ကျော်ကြားကြသည်။ တစ်ခါတစ်ရံ သရက်တစ်မျိုးတည်းပင် တစ်နယ်တွင်နာမည်တစ်မျိုးစီဖြင့် ကျော်ကြားနေသည်ကို တွေ့ကြရလေသည်။ တစ်နိုင်ငံလုံးတွင်သာမက အရှေ့အာရှတိုက်တွင်ပါ ကျော်ကြားသော မြန်မာသရက်မျိုးတို့မှာ မြန်မာနိုင်ငံ အထက်ပိုင်းမှ မန္တလေးနက်တဲ့ နှင့် အောက်မြန်မာနိုင်ငံ အောက်ပိုင်းမှ ဆံစုမေ့သရက် တို့ ဖြစ်ပေသည်။ မြန်မာနိုင်ငံအထက်ပိုင်းမှ နာမည်ကျော်အခြားသရက်များမှာ ရာဇမတ်၊ အောင်ဒင်နှင့် ပလူအိုက်တို့ ဖြစ်ကြသည်။ ဝါဆိုသရက်၊ ရွှေစာရံသရက်တို့ သည်လည်း သရက်မျိုးကောင်းများတွင် ပါဝင်သည်။ အောက်ပိုင်းတွင် ဆံစုမေ့အပြင်တလဖက်၊ ဥသျှစ်၊ မချစ်စု၊ ပန်းဆွဲတို့သည်လည်း နာမည်ကျော်ကြား သောသရက်မျိုး ကောင်းများဖြစ်ကြပေသည်။ စိုင်သရက်မျိုးကား အသီးနုစဉ်ကပင် အနံ့မွှေး၍တို့စားရာ၌ ကြွပ်သောကြောင့်အသီးစိမ်းကို ပို၍ နှစ်ခြိုက်ကြလေသည်။

အခြား မြန်မာသရက်မျိုးတို့မှာ ဂျပ်ပြား၊ ကောက်ချိတ်၊ ချမ်းသာအိုး၊ ငှက်ပြာ၊ စိမ်းစား၊ ဆင်ပေါင်၊ တလုပ်ထော်တမောက်၊ တောစာ၊ တောင်စွန်းရင်ကွဲ၊ ထိပ်နီ၊ ထိပ်ပေါက်၊ ထိပ်လုံး၊ မနော်နွယ်၊ ပါးနီ၊ ပျို့တငုံ ၊မင်းကြီး၊ မယ်တော်လက်သည်း၊ မရမ်းကြောင်၊ မိကျောင်းခေါင်း၊ မျောက်ခေါင်း၊ ရင်ကွဲ၊ ရေနံ၊ ရေဝင်၊ရွှေပေ၊ ရွှေလက်ရုံး၊ ရွှေလက်ဝါး၊ ရွှေလောက်စာ၊ ဝက်ခေါက်၊ သကြားဩဇာ၊ သရက်ညို၊ သရက်နီ၊ ငရက်ဖြူ၊ သလပ်ညို၊ သလပ်ဖြူ၊ ညိုကြီး၊ သုံးနှစ်၊ အစေ့စုတ်၊ အိုးတုတ်၊ သုံးလုံးတစ်တောင်၊ မြကျောက်၊ စသည်တို့ပင်တည်း။ အိန္ဒိယနိုင်ငံမှသရက်မျိုးတို့ကိုလည်း မျိုးယူစိုက်ပျိုးကြရာ ထိုသရက်မျိုးတို့ကို ဗင်္ဂလားဟုခေါ်ကြသည်။ ဗင်္ဂလား သရက်မျိုးပေါင်းလည်း အများအပြားရှိလေသည်။

#သရက်သီး၏အကျိုးကျေးဇူး

သရက်သီးသည် ချိုချဉ်အရသာရှိ၏။ ခံတွင်းမြိန်စေ၏။ သွေးသည်းချေကိုဖျက်စေတတ်၏။ လေသလိပ်ကိုနိုင်၏။ ကျင်ကြီးအစုကိုဖျက်၍ ဝမ်းကိုရွှင်စေတတ်၏။ ကိုလက်စရောဓာတ်ကို လျော့ချပေး၏၊ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်၏၊ အစာကြေစေ၏၊ ဦးနှောက်သွေးကြောပြတ်ခြင်းအတွက် ကောင်းမွန်စေသည်၊ မျက်လုံးအတွက် ဆေးတစ်မျိုးလည်းဖြစ်သည်။

Crd :

လက်ဖက်ခြောက် နှင့် ကျန်းမာရေး ၁. ရောင်ရမ်းမှုကိုဆန့်ကျင်နိုင်ခြင်းရောင်ရမ်းမှုကို ဆန့်ကျင်သော၊ ဗိုင်းရပ်စ်ပိုးနှင့် ဆန့်...
07/03/2023

လက်ဖက်ခြောက် နှင့် ကျန်းမာရေး

၁. ရောင်ရမ်းမှုကိုဆန့်ကျင်နိုင်ခြင်း

ရောင်ရမ်းမှုကို ဆန့်ကျင်သော၊ ဗိုင်းရပ်စ်ပိုးနှင့် ဆန့်ကျင်ဘက်ဆိုင်ရာ ဂုဏ်သတ္တိများ ပါ၀င်သော လက်ဖက်ရည်ကိုသောက်ခြင်းကြောင့် ဖရီးရယ်ဒီကယ်များကို ချေဖျက်ပေးရုံသာမက ရောဂါများကို ခံနိုင်ရည်ရှိသော ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။

၂. စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ခြင်း

လက်ဖက်ရည်ပုံမှန်သောက်သုံးပေးခြင်းကြောင့် လက်ဖက်ရည်မှာပါတဲ့ L theanine က အာရုံစူးစိုက်နိုင်စေဖို့ ကူညီပေးပါတယ်။ စိတ်တိုခြင်း၊ ခေါင်းကိုက်ခြင်း၊ အာရုံကြောတင်းမာမှုနှင့် အိပ်မပျော်ခြင်းတို့ကိုလဲ သက်သာစေနိုင်ပြီး ရေတိုမှတ်ဉာဏ်ကို ယာယီတိုးစေနိုင်တယ်လို့ဆိုပါတယ်။

၃. ဆီးချိုရောဂါကို ထိန်းချုပ်ပေးနိုင်ခြင်း

လက်ဖက်ခြောက်တွင်ပါဝင်တဲ့ polyphenol မှရရှိသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ သွေးတွင်းသကြားဓာတ်နှင့် အင်ဆူလင်ပမာဏကို ထိန်းညှိပေးကာ ဆီးချိုဝေဒနာရှင်အတွက် အသက်အန္တရာယ်ဖြစ်စေနိုင်သည့် သွေးတွင်းသကြားဓာတ်များ ကျဆင်းခြင်းအန္တရာယ်ကို လျော့နည်းစေပြီး သွေးတွင်းဂလူးကို့စ်ကို ကျန်းမာသောအဆင့်သို့ လျှော့ချပေးနိုင်သော ဆေးတမျိုးလဲဖြစ်ပါတယ်။

၄. အဝလွန်ခြင်းကို တိုက်ဖျက်နိုင်ခြင်း

လက်ဖက်ခြောက်တွင် polyphenolic ဒြပ်ပေါင်းပါဝင်မှုသည် ကိုယ်အလေးချိန်လျှော့ချရန်အတွက် အဓိကအရင်းအမြစ်ဖြစ်ပြီး ၎င်းသည် ခန္ဓာကိုယ်အဆီ၏ ဇီဝ ဖြစ်ပျက်မှုကို ထိန်းချုပ်ပေးပြီး အချို့အင်ဇိုင်းများကို တက်ကြွစွာ လုပ်ဆောင်ပေးကာ အဝလွန်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။

၅. နှလုံးကျန်းမာစေနိုင်ခြင်း

လက်ဖက်ခြောက်မှာပါတဲ့ Quercetin ဟာ နှလုံးရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်တဲ့ အလွန်အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

၆. ကင်ဆာကို ကာကွယ်ပေးနိုင်ခြင်း

လက်ဖက်ခြောက်သည် သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်သောကြောင့် ကင်ဆာရောဂါကို တိုက်ဖျက်နိုင်သော ဂုဏ်သတ္တိများ အလွန်ကြွယ်ဝပါတယ်။ ဒါ့အပြင် polyphenolic ဒြပ်ပေါင်းဟာ ကင်ဆာဆဲလ်များ ကြီးထွားမှုကို ဆန့်ကျင်သည့် ဓာတုလက်နက်အဖြစ် လုပ်ဆောင်နိုင်တာကြောင့် လက်ဖက်ခြောက်ဟာ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချရာမှာ ကူညီပေးပြီး အထူးသဖြင့် သားအိမ်နဲ့ အရေပြားကင်ဆာကို တိုက်ဖျက်ရာမှာ အလွန်ထိရောက်ပါတယ်။

၇. အရေပြားရောဂါများကာကွယ်ပေးနိုင်ပြီး နုပျိုမှုကို ပေးစွမ်းနိုင်ခြင်း

အထူးသဖြင့် အောက်ဆီဂျင်နည်းသော လက်ဖက်ခြောက်အမျိုးအစားသည် အရေပြားရောဂါရှိသူများအတွက် ကောင်းကျိုးတစ်ခုဖြစ်ပါတယ်။ Anti-oxidants အချိုးကျပါဝင်နေတဲ့ လက်ဖက်ခြောက်ဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်တွေရဲ့ ဓာတ်တိုးမှုကို နှေးကွေးစေကာ ကျန်းမာတဲ့ အသားအရေကို ရရှိစေပါတယ်။ အိုမင်းရင့်ရော်ခြင်း ၊ အရေးအကြောင်းများ နှင့် အမည်းစက်များကို လျော့ပါးသက်သာစေရန်လည်း ကူညီပေးတယ်လို့ဆိုပါတယ်။

၈. အရိုး အဆစ်များအတွက် အထူးကောင်းမွန်ခြင်း

လက်ဖက်ခြောက်တွင် ကယ်လ်စီယမ်၊ မန်းဂနိစ်နှင့် ဖလိုရိုက် သတ္တုဓာတ်များ ပါဝင်မှု အလွန်မြင့်မားပြီး အားလုံးသည် အရိုးနှင့် သွားများကို သန်မာစေရန် တိုက်ရိုက်အချိုးကျပါတယ်။ ကယ်လ်စီယမ်သည် အရိုးဖွဲ့စည်းမှု၏ အဓိက အစိတ်အပိုင်းဖြစ်သောကြောင့် လက်ဖက်ရည်ဟာ အဆစ်နာခြင်း၊ အရိုးပွရောဂါနှင့် အဆစ်အမြစ်ရောင်ရမ်းခြင်းကဲ့သို့သော အဖြစ်များသော အရိုးပြဿနာများကို တိုက်ဖျက်ရာတွင် ကူညီပေးပါတယ်။

လက်ဖက်ရည်သည် ကမ္ဘာတစ်ဝှမ်းတွင် ရှေးအကျဆုံးနှင့် အသုံးများဆုံး ဖျော်ရည်တမျိုးဖြစ်ပါတယ်။ 6000 B.C ကတည်းက ဒေသအသီးသီးက လက်ဖက်ရည်ကို ပြင်ဆင်ပြီး အသုံးပြုနေကြပါပြီ။ အဖျော်ယမကာအဖြစ် လက်ဖက်ခြောက်ကို အနက်ရောင်လက်ဖက်ရည်၊ နို့လက်ဖက်ရည်၊ သံပုရာလက်ဖက်ရည်နှင့် ရေခဲလက်ဖက်ရည် စသဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် ပြင်ဆင်သောက်သုံးကြတယ်လို့သိရပါတယ်။
လက်ဖက်ခြောက်အမျိုးအစားအချို့မှာပါဝင်တဲ့ ဆေးဘက်ဆိုင်ရာဂုဏ်သတ္တိများကိုအသုံးပြုပြီး အရေပြားရောဂါများကို ကုသရန်အတွက် လိမ်းဆေးအဖြစ် အသုံးပြုကြတယ်လို့ဖတ်ဖူးပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာတော့ လက်ဖက်အစိမ်းကို သုတ်စားခြင်းဖြင့် လည်းကောင်း ဆံသားလှပစေဖို့ အုန်းဆီနှင့်တွဲဖက်အသုံးပြုပြီး အခြောက်ခံထားသော လက်ဖက်ခြောက်ကိုတော့ ရေနွေးကြမ်းအဖြစ် သော်လည်းကောင်း အချိုခြောက် လက်ဖက်ရည်အဖြစ် အသုံးများကြပါတယ်။ အလွယ်ကူဆုံးနဲ့ ကျန်းမာရေးအတွက်အတွက် အထိရောက်ဆုံး အထောက်အကူအပေးနိုင်ဆုံးကတော့ ရေနွေးကြမ်း သောက်သုံးခြင်းပဲဖြစ်ပါတယ်။

လက်ဖက်၏မူလအစမှာ ကျယ်ကျယ်ပြန့်ပြန့် ရှုပ်ထွေးပြီး ကမ္ဘာတစ်ဝှမ်းတွင် ပျံ့နှံ့နေသော ငြင်းခုံဖွယ်ရာဖြစ်သည်။ သို့သော်လည်း Camellia sinensis သည် အရှေ့တောင် အာရှဒေသမှ ဇာတိဖြစ်ပြီး Hau Tuo ရေးသော ဆေးစာအရ Shangh မင်းဆက် လက်ထက်တွင် ဆေးဖက်ဝင်အချိုရည်အဖြစ် တရုတ်နိုင်ငံမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ ယခုအခါ ကမ္ဘာ၏ အစိတ်အပိုင်းအများစုသည် ပူပူနွေးနွေး လိုအပ်သောကြောင့် လက်ဖက်ခြောက်ကို စိုက်ပျိုးကြသည်။ စိုစွတ်သောရာသီဥတု။ သို့သော် မြေဆီလွှာကောင်းမွန်သော အက်ဆစ်ကောင်းသောမြေများတွင် မြင့်မားသောမြေများတွင် ပေါက်ရောက်နိုင်သည်။
မြန်မာနိုင်ငံအနေဖြင့် တောင်ပေါ်ဒေသများများ အစိုက်များကြပါတယ်။ အထူးသဖြင့် ရှမ်းပြည်ထွက် လက်ဖက်များက ကောင်းမွန်တယ်လို့နာမည်ကြီးကြပါတယ်။ လေ့လာမိသလောက်ထဲမှာမှတော့ စျေးအကြီးဆုံးနဲ့ အကောင်းဆုံးလက်ဖက်ခြောက်တွေကတော့ ကိုးကန့်ဒေသဖက်တွေကထွက်ရှိတဲ့ ကိုးကန့်လဖက်ခြောက်တွေဖြစ်ပါတယ်။


Ref : Google
#လက်ဖက်ခြောက်
#ကျန်းမာရေး


ဒီနေ့တော့ အာလူးထောင်းကြော်လေး လုပ်စားဖြစ်တယ်။မူလပထမက ကိုးကန့် အစားအစာလား ရှမ်းအစားအစာလားတော့ သေချာမသိပေမယ့် ကိုးကန့်ဆိုင...
24/11/2022

ဒီနေ့တော့ အာလူးထောင်းကြော်လေး လုပ်စားဖြစ်တယ်။
မူလပထမက ကိုးကန့် အစားအစာလား ရှမ်းအစားအစာလားတော့ သေချာမသိပေမယ့် ကိုးကန့်ဆိုင်တွေပဲရောက်ရောက်၊ မြောက်ပိုင်းက ရှမ်းဆိုင်တွေပဲရောက်ရောက် မပါမဖြစ် မှာစားဖြစ်တဲ့ အစားအသောက်လေးတခုပါ။
ချက်နည်းလေးကတော့ အရမ်းကိုမှပဲ လွယ်ကူပါတယ်နော်။
ကြက်သွန်ဖြူလေး ဆီသတ်ပြီးတဲ့နောက်မှာတော့ ပြုတ်ပြီး ထောင်းထားတဲ့ အာလူးနဲ့ မုန်ညှင်းစိမ်းချဉ်လေး ထည့်၊ အရာသာအတွက်ကတော့ ဆားတမျိုးတင်လုံလောက်ပါတယ်။ အချိုမှုန့်ကြိုက်သူတွေလဲထည့်လို့ရတယ်နော်။ မင်မင်ကတော့ အချိုမှုန့်မစားလို့ မထည့်ပါဘူး။
မုန်ညှင်းစိမ်းချဉ်ရဲ့ သူ့မှာပါလာတဲ့ အရည်လေးအနည်းငယ်လဲ ထည့်ဖို့မမေ့နဲ့ဦးနော်။
ဒါဆိုရင်တော့ အဟာရလဲဖြစ် အရသာလဲကောင်းတဲ့ အရံဟင်းလေးတခွက် ဘယ်လိုချက်ရမလဲဆိုတာ သိပြီထင်ပါတယ်နော်။

မုန်ညှင်းစိမ်းချဉ်ဆိုတာနဲ့ အလွယ်တကူ၀ယ်လို့လွယ်တဲ့ဆိုင်တိုင်းက စားကောင်းနေတာမျိုးတော့မဟုတ်ဘူးနော်။
ဒါပေမယ့် ကောင်းတာလေးတွေပဲ စားချင်တယ်ဆိုရင်တော့ မြောက်ပိုင်းလက်ရာအစစ်ဖြစ်တဲ့ မင်မင်တို့ဆီမှာဖို့မမေ့ပါနဲ့နော်။

#မုန်ညှင်းစိမ်းချဉ်


Address

Yangon

Telephone

+959428682773

Website

Alerts

Be the first to know and let us send you an email when Richer Lands -Organic Farm Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Richer Lands -Organic Farm Products:

Share

Category