မြရောင်မြေ - Emerald Land

မြရောင်မြေ - Emerald Land သစ်ရိပ်ဝါးရိပ် ကောင်းတဲ့ အပင်မျိုးစုံ ရှိသော ဥယျာဉ်ခြံ

အသီး တွေ ကကောင်း အလုံးလဲ ကြီးသလို အများကြီးလဲ သီး ခူးထားရတာကတော့ မြင်တဲ့ အတိုင်းပါပဲ။ ဝယ်ချင်ရင် ဆက်သွယ်နိုင်ပါတယ်။ အမြန...
31/10/2021

အသီး တွေ ကကောင်း အလုံးလဲ ကြီးသလို အများကြီးလဲ သီး

ခူးထားရတာကတော့ မြင်တဲ့ အတိုင်းပါပဲ။

ဝယ်ချင်ရင် ဆက်သွယ်နိုင်ပါတယ်။

အမြန်လမ်း ၃၂ မိုင် လှော်ကား ကျေးရွာ

၀၉ ၇၉၃၁၃၃၃၀၁

မိုးတွင်း ရောက်တော့ တတောလုံး စိမ်းစို။
21/06/2021

မိုးတွင်း ရောက်တော့ တတောလုံး စိမ်းစို။

အစေ့မဲ့ အခွံပါး သံပုရာသီး အလုံး ၈၀၀၀ - ၁၀၀၀၀ ရောင်းရန်ရှိပါသည်။တတင်းခွဲ တအိတ် -၃၅၀၀၀ ကျပ်တလုံး -၂၀ ကျပ် ဆက်သွယ်ရန် -၀၉ ၇...
06/06/2021

အစေ့မဲ့ အခွံပါး သံပုရာသီး အလုံး ၈၀၀၀ - ၁၀၀၀၀ ရောင်းရန်ရှိပါသည်။

တတင်းခွဲ တအိတ် -၃၅၀၀၀ ကျပ်

တလုံး -၂၀ ကျပ်

ဆက်သွယ်ရန် -၀၉ ၇၉၃၁၃၃၃၀၁ ၊ ၀၉ ၉၄၀၃၈၂၆၉၉၆

အမြန်လမ်း ၃၂ မိုင်

အသီးကောင်းလေးတွေ ရနေပါပြီ..
06/06/2021

အသီးကောင်းလေးတွေ ရနေပါပြီ..

ခြံလေး တခြံ ဖြစ်လာဖို့ ရင်းနှီးရတာ မလွယ်ပါဘူး။ ငွေကြေး ရင်းနှီး မှု က အဓိက ဆိုပေမယ့် ငွေ တခုတည်းနဲ့လဲ ဖြစ်တာ မဟုတ် ပါဘူး...
13/01/2021

ခြံလေး တခြံ ဖြစ်လာဖို့ ရင်းနှီးရတာ မလွယ်ပါဘူး။ ငွေကြေး ရင်းနှီး မှု က အဓိက ဆိုပေမယ့် ငွေ တခုတည်းနဲ့လဲ ဖြစ်တာ မဟုတ် ပါဘူး။
အချိန် ၊ လူအင်အား ၊ စိတ်အင်အား အများကြီးရင်းနှီးရပါတယ်။

စျေးရောင်းစျေးဝယ် လုပ်သလို ရင်းနှီးထားသမျှ ငွေပေါ်လေး မြန်မြန်ပြန်မြင်ရတာမျိုးလဲ မဟုတ်ပါဘူး။
နှစ်ရှည် ရင်းနှီးစောင့်စားပြီးမှ အကျိုးအမြတ် အသီးအပွင့် ခံစားရတာပါ။ ဝါသနာ အရင်းခံ ပြီး စိမ်းစိမ်းလန်းလန်း အပင်တွေ မြင်တွေ့ရတာ ကိုပဲ အရသာရှိလို့ ခြံ စိုက် အပင်စိုက် လုပ်ဖြစ်ခဲ့ရတာပါ။ နောက်တချက် က သဘာဝ အတိုင်း ရှင်သန်တဲ့ အပင်တွေ က သီးပွင့်တဲ့ အသီးအနှံတွေ ကို စားသုံးသူ လက်ထဲ ရောက်စေချင်လို့ပါ။

ဒီခြံလေး တည်ထားတာလဲ ရွာနဲ့ အနည်းငယ်ဝေးတဲ့ နေရာပါ နွေရာသီဆို လမ်းက သာသာယာယာ ပေမယ့် မိုးတွင်းဘက် တော့ ဗွက်ထတာမျိုးပေါ့။ ခြံထဲနေပေးတဲ့ သူနဲ့ ကူညီစောင့်ရှောက်ပေးတဲ့ သူတွေကြောင့် ခုဆို ခြံ က တော်တော် ရုပ်ထွက်လာပြီ။

စိုက်ပျိုးမြေ ဧက ၅.၄ မှာ အဓိက စိုက်ပျိူးတာ သံပုရာပင်ပါ။ အပင် တထောင်ကျော်ရှိပါတယ်။ မာလကာပင်၊ မော်လမြိုင်ကျွဲကော၊ ကင်ပွန်းချဉ်၊ပိန္နဲ ၊သင်္ဘော စတဲ့ အပင်တွေလဲ စနစ်တကျနဲ့ စိုက်ပျိုးထားပါတယ်။
မန်ဂျပ်ရှား ၊ ကျွန်းစတဲ့ သစ်မာ အနည်းငယ်လဲ စိုက်ပျိုးထားပါတယ်။

မေလ ၂၀၁၈ ခုနှစ် က ဝယ်တဲ့ ခြံဆို တော့ ခုဆို ခြံလေးသက်တမ်း က သုံးနှစ် နီးပါး ရှိပါပြီ။ အပင်လေးတွေ သက်တမ်းကတော့ ၁ နှစ်ခွဲ နှစ်နှစ် နီပါး ရှိပါပြီ။ မီးမရတဲ့ နေရာမှာ ဓါတ်ဆီမော်တာ သုံးပြီး အပင်တွေ ရေဝဝ ပေးနိုင်အောင် သေချာ အားထုတ်ခဲ့ရပါတယ်။ အားဖြည့်ဖို့အတွက် ဆိုလဲ ရွာ ကအလွယ်တကူ ဝယ်နိုင်တဲ့ ကြက်ချေး၊နွားချေး မှအစ လိုအပ်တဲ့ ပြုစုမှုကို ကျကျနန လုပ်ထားပါတယ်။ စီးပွါးဖြစ်ရုံသက်သက် မဟုတ်ပဲ အပင်ကိုချစ်တဲ့ စိတ်နဲ့ ပြုစုထားတာပါ။

ခြံရှင်တာဝန်ကျေတော့ အပင်ကလဲ တာဝန်ကျေပါတယ် သံပုရာ အသီး လှလှလေးတွေ အများကြီး ကို အပင်ငယ်လေးနဲ့ သီးပေးတယ် ပထမဆုံး သီးတဲ့ အသီးက တနှစ်သား လောက်မှာပါ။ အပင်နာ မှာစိုးလို့ အသီးခြွေပလိုက်ပါတယ်။ ခု ဇန်နဝါရီမှာတော့ သီးတဲ့ အသီး တွေ ယူဖြစ်ပါတယ်။ ရောင်းတန်းဝင် သလို လှလဲလှလို့ပါ။

အပင်ချစ်တော့ အပင်ပဲ အားထားရင်းစျေးကွက်ကို သေချာ မလေ့လာခဲ့မိဘူး။ စျေးက မရဆို အလကားပေးလိုက်သလိုပါပဲ။ စိတ်မကောင်းတေ့ာဖြစ်မိပေမယ့် စားသုံးသူ လက်ထဲ ကိုယ့်အသီးလေးတွေ ရောက်ပြီး အန္တရာယ် ကင်းတဲ့ အစာ ဖြစ်မှာ ပါဆိုတဲ့ စိတ်နဲ့ ဖြေသိမ့်လိုက်ရတယ်။
ကိုယ့်မယ်ဒီလို လှတဲ့ခြံလေးထဲ က နေ့စဉ် ရွှေဥဥ ပေးမယ့် ငန်းကောင်လေးတွေ အများကြီး ကျန်နေသေးတာပဲ။ နောက်ပိုင်းစျေးကွက်ထဲ လှလှပပ ဝင့်ဝင့် ထည်ထည် ရောက်အောင် ထပ်ကြိုးစား ရမှာပေါ့။

မြရောင်လွှမ်းတဲ့မြေ ကိုပိုင်ထားတာပဲလေ.. အကျိုးဖြစ်ထွန်းရစေမှာပေါ့ 🥰🥰

13/01/2021

ကိုယ့်ရဲ့ ခြံလေးက ထွက်တဲ့ သံပုရာ တွေ ရောင်းမကုန်နိုင်ရင် တခြား နည်းလမ်း နဲ့ စျေးကွက်ထဲ ဖြန့် ဖို့ အခြေခံ နည်းလေး တွေ မှတ်သားထား ရတယ်

တချိန်က ဒီကျွန်းလေး က လူနေရပ်ကွက် တံငါလှေတွေ သစ်ပင်ပန်းမန် စိုက်ပျိုး သူတွေ နေတဲ့ အရပ်နိုင်ငံတိုးတက်ချမ်းသာ လာတော့ ကျွန်...
12/01/2021

တချိန်က ဒီကျွန်းလေး က လူနေရပ်ကွက် တံငါလှေတွေ သစ်ပင်ပန်းမန် စိုက်ပျိုး သူတွေ နေတဲ့ အရပ်

နိုင်ငံတိုးတက်ချမ်းသာ လာတော့ ကျွန်းမြေနေရာ တွေ ကို အစိုးရက ပြန်လည်ဝယ်ယူပြီး အပန်းဖြေလို့ ရအောင် စနစ်တကျ ပြန်လည် ပြင်ဆင်ပေးထား ခဲ့တယ်

ပင်လယ် ကမ်စပ်တလျှောက် လှပလွန်းတဲ့ တံတားရှည်တွေ တည်ဆောက်ပေးထားတယ်။

သစ်တောထဲ လဲ မျှော်စင်တွေ လျှောက်လမ်း လှလှတွေ တည်ဆောက်ပေးထားတယ်။

တခြား စိတ်ဝင်စားစရာ နေရာလေးတွေလဲ ရှိသေးတယ်

ကျွန်းက ကျယ်လို့ စက်ဘီးစီးရင်း လျှောက်လည်တာတောင် တနေကုန်လည်မှ သုံးပုံတပုံပဲလောက်ပဲ ရောက်ခဲ့ရတယ်
မပြောင်းရွှေ့ပဲနေထိုင်နေသေးတဲ့ လူနေ အိမ်တချို့ တော့ကျန်ပါရဲ့။
စွပ်ကျယ် ဘောင်းဘီတိုဝတ်ထားတဲ့ အန်ကယ်ကြီး ခြံထဲက ကုလားထိုင်ပေါ်ထိုင်ရင်း ဆောင်းဘောက်နဲ့ သီချင်းအကျယ်ကြီးဖွင့်နားထောင်နေတာတွေ့လို့ ပြုံးမိသေးတယ်။ ဒီနိုင်ငံ မှာ လူအားလုံးက နားကြပ်တပ်ပြီးသီချင်း နားထောင်၊ ဆိုင်ကန္နား တွေဆိုလဲ ဆိုင်ထဲ သာ ကြားရရုံ ဖွင့်ကြတာပဲ ကြုံရတော့ ဒီအန်ကယ် ကြီး ကြည့်ပြီး မြန်မာပြည်သတိရသွား တာ။ လူသိပ်မရှိတဲ့ ကျွန်း ပေါ်မို့ လွတ်လွတ်လပ်လပ် သီချင်းအကျယ်ကြီး နားထောင်တဲ့ သူ့ဘဝလဲ အားကျမိသား 🥰

စင်္ကာပူ နိုင်ငံ ပူလာအူဘင် (Pulau Ubin)

ရေမြေရာသီဥတု လှပတဲ့ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ရွာလေး ဂျပန် နိုင်ငံ ရှိရကာဝ အမှိုက်သရိုက် ကင်းလို့ စိမ်းလဲ့ ကြည်စင်နေတဲ...
12/01/2021

ရေမြေရာသီဥတု လှပတဲ့ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ရွာလေး

ဂျပန် နိုင်ငံ ရှိရကာဝ

အမှိုက်သရိုက် ကင်းလို့ စိမ်းလဲ့ ကြည်စင်နေတဲ့စမ်းချောင်း

နှစ်ပေါင်း များစွာကြာပေမယ့် မပျက်စီးအောင်ထိန်းသိမ်းထားတဲ့ ရွာလေး

အလည်သွားခဲ့သမျှနေရာတွေထဲမှာ သဘာဝ သီးနှံတွေ ချည်း ချက်ပြုတ်ကျွေးတာ အရသာ ရှိလွန်းလို့ ခုထိမမေ့နိုင်တဲ့နေရာ

အခွင့်အရေးရရင် ထပ်သွားဖို့ ကြိုးစားပါဦးမယ်

ပထမဆုံး ခူး တဲ့ အသီးတွေ။ အပင်သက်က တနှစ် ခုနှစ်လ ဆိုတော့ အသီး ထွက်အား က စံမှီတဲ့ အဆင့်လို့ ပြောလို့ ရတဲ့ အနေအထားမှာပေါ့ အ...
12/01/2021

ပထမဆုံး ခူး တဲ့ အသီးတွေ။ အပင်သက်က တနှစ် ခုနှစ်လ ဆိုတော့ အသီး ထွက်အား က စံမှီတဲ့ အဆင့်လို့ ပြောလို့ ရတဲ့ အနေအထားမှာပေါ့

အလုံးတွေ လှပုံ ကလဲ အမြင်အတိုင်းပဲ။

လူမရှိတဲ့ တောစပ်နား မှာ ခက်ခက်ခဲခဲ ခြံလေးတည်ခဲ့ရတာ။ စံမှီတဲ့ အပင် အသီးဖြစ်လာတော့ ပျော်ပါပြီ။

စျေးကွက် ကောင်းပါစေ။

၁၂-၀၁-၂၀၂၁

12/01/2021
ကိုယ့် အခန်းထဲ က အလှပန်းပင် တအိုးတောင် ရှင်သန်ဖို့ အတော်ဂရုစိုက်ရတာ ခုလို ခြံကျယ် ထဲ အပင် ထောင်ချီ ကို စိမ်းစိမ်းလန်းလန်...
03/01/2021

ကိုယ့် အခန်းထဲ က အလှပန်းပင် တအိုးတောင် ရှင်သန်ဖို့ အတော်ဂရုစိုက်ရတာ

ခုလို ခြံကျယ် ထဲ အပင် ထောင်ချီ ကို စိမ်းစိမ်းလန်းလန်း ဖြစ်အောင် ပြုစုပေးတဲ့ သူ ကို ကျေးဇူး တင်ရပါတယ်။

အပင်တွေကိုချစ်တော့ ကိုယ်တိုင်မရောက်ပေမယ့် ပုံ လေးတွေ ကြည့်ပြီး ပီတိတွေ ဖြစ် ရတာနဲ့ ကျေနပ်နေတဲ့ ဘဝ 🥰🥰🥰

Covid -19 ကြောင့် လူတွေသာ အိမ်ထဲနေရင်း ၁နှစ် အသက်ကြီးတာ မသိသာ ပေမယ့် အပင်တွေကတော့ သိသာတယ်။ကုန်းပြောင်ပြောင်လေးက အပင် စိမ...
03/01/2021

Covid -19 ကြောင့် လူတွေသာ အိမ်ထဲနေရင်း ၁နှစ် အသက်ကြီးတာ မသိသာ ပေမယ့် အပင်တွေကတော့ သိသာတယ်။

ကုန်းပြောင်ပြောင်လေးက အပင် စိမ်းစိမ်းတွေ နဲ့ လှလာပြီ။

တနှစ်ခွဲသား သံပုရာပင်ကလဲ သီးတာ အားရစရာကြီး

ခရီးတွေ မသွား ရလို့ ခြံထဲမရောက်ပေမယ့် ကြည့်ရှုပေးတဲ့ သူတွေ ကောင်းတော့ သေတဲ့ အပင်နည်း တယ်။

သိပ်မကြာခင် တောအုပ်ငယ်လေး ဖြစ်တော့မယ့် ခြံလေး 😊

၁၀-၁၂ -၂၀၂၀ ခြံ သစ်လေး
15/12/2020

၁၀-၁၂ -၂၀၂၀ ခြံ သစ်လေး

08/10/2020

ခြံထဲ မှာ ဒါမျိူး လေးနဲ့ ဆို အဆင်ပြေနေမှာပဲ

Address

Bago
Yangon

Telephone

+959403826996

Website

Alerts

Be the first to know and let us send you an email when မြရောင်မြေ - Emerald Land posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မြရောင်မြေ - Emerald Land:

Share

Category