25/10/2025
ကြောင်လေးတွေကို ဘယ်လိုပွေ့ချီရမလဲ⁉️🐱
ကြောင်လေးတွေဆိုတာ နူးညံ့သိမ်မွေ့တဲ့ ချစ်စရာလေးကလေးတွေပါ။ သူတို့ကိုပွေ့ချီပေးတာဟာလဲ သက်တမ်းရှည်အောင် သံယောဇဥ်တစ်ခုပြုလုပ်ပေးတာပါပဲ။ တကယ်ချစ်ရင်ပုံထဲလိုပွေ့ချီတာမျိုး ပြုလုပ်ပေးရပါမယ်နော်။ ⭕️⭕️
အထူးသဖြင့်ကြောင်ပေါက်လေးတွေမှာဆိုရင် နုနယ်တဲ့အရိုးလေးတွေ ကြီးထွားဖွံ့ဖြိုးကာစအချိန်ဖြစ်လို့ ပိုသတိထားရပါမယ်။ တစ်ချို့အရိုးလေးတွေဆိုရင် ကောင်းစွာမဆက်သေးပါဘူး။ မိမိအိမ်မှာ ကလေးငယ်တွေရှိရင် ပိုမိုသတိထားပေးစေလိုပါတယ်။ တခါတရံ အချစ်လွန်တဲ့အခါမျိုးမှာ ပွေ့ချီပုံချီနည်းမှာတာတွေက သူတို့အတွက် နာကျင်ကိုက်ခဲပြီး ကျန်းမာရေးပြဿနာတွေ ပေါ်ပေါက်လာစေနိုင်ပါတယ်။ အစာမစားနိုင်တာမျိုး Stress ရပြီးမှိုင်နေတာမျိုးတွေက ကြီးထွားဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အာ့လိုမျိုးဖြစ်ပီဆိုရင်တော့ နီးစပ်ရာ တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ကုသသင့်ပါတယ်ရှင်။
မြမေတ္တာတိရစ္ဆာန်ဆေးကုခန်း
🏥အမှတ် (463), လယ်ယာရွှေမြေလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
📞09-885566440, 📞09-954326440