WIN Family Premium Pet Food and Supplies

WIN Family Premium Pet Food and Supplies Available Pet Supplies,Food & Accessories (Retail & Wholesale)
Contact - 09786306050 , 09 786003070 , 09 964099856

𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 ဆိုတာနဲ့ အချစ်တော် တိလေးတွေအတွက် 𝐏𝐞𝐭 𝐅𝐨𝐨𝐝 ရောင်းတဲ့နေရာဆိုပြီး ပြေးမြင်တတ်ကြပါတယ် 🐶😻ဒါပေမယ့် 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 မှာ 𝐏...
01/09/2025

𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 ဆိုတာနဲ့ အချစ်တော် တိလေးတွေအတွက် 𝐏𝐞𝐭 𝐅𝐨𝐨𝐝 ရောင်းတဲ့နေရာဆိုပြီး ပြေးမြင်တတ်ကြပါတယ် 🐶😻

ဒါပေမယ့် 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 မှာ 𝐏𝐞𝐭 𝐅𝐨𝐨𝐝 ပဲ ရောင်းတာ မဟုတ်ပါဘူးနော်…
အချစ်တော်တိလေးတွေအတွက်
🦮 သန့်ရှင်းရေးပစ္စည်း
🐈 𝐏𝐞𝐭 𝐅𝐨𝐨𝐝
🐕 အသုံးအဆောင်ပစ္စည်း စုံစုံလင်လင်ကို တစ်နေရာတည်းမှာ ရရှိနိုင်ပါတယ်။

ဈေးတန်ပြီး အရေအတွက် (၄) ခု၊ (၅) ခု ဝယ်ယူတာနဲ့ လက္ကားဈေးနဲ့ပါရရှိနိုင်တာဖြစ်လို့ တိလေးတွေအတွက် ဘာပဲလိုလို 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 ကိုသာ သတိရလိုက်ပါနော်…

𝐀𝐝𝐝𝐫𝐞𝐬𝐬 🏠
𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐍𝐨.𝟕, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐀𝐮𝐧𝐠 𝐓𝐚𝐲𝐳𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐲𝐢𝐧𝐞𝐤𝐰𝐞𝐭𝐭𝐡𝐢𝐭 𝐐𝐮𝐚𝐫𝐭𝐞𝐫, 𝐊𝐲𝐚𝐮𝐤 𝐌𝐲𝐚𝐮𝐧𝐠, 𝐓𝐚𝐦𝐰𝐞, 𝐘𝐚𝐧𝐠𝐨𝐧.

☎ ဖုန်းနံပါတ် 𝟎𝟗 - 𝟕𝟖𝟔 𝟑𝟎𝟔𝟎𝟓𝟎

❝ စိတ်ကြိုက်ရွေးဝယ် 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 မှာ အစုံရှိတယ် ❞




အာဝုလေးတွေဆိုတာ သခင်ကို အရမ်းချစ်ပြီး အရမ်းသစ္စာရှိတဲ့ တိလေးတွေပါ…. 🦮စကားမပြောတတ်ပေမယ့် ဟူးမန်းတွေအပေါ်ထားတဲ့ အာဝုလေးတွေ...
27/08/2025

အာဝုလေးတွေဆိုတာ သခင်ကို အရမ်းချစ်ပြီး အရမ်းသစ္စာရှိတဲ့ တိလေးတွေပါ…. 🦮

စကားမပြောတတ်ပေမယ့် ဟူးမန်းတွေအပေါ်ထားတဲ့ အာဝုလေးတွေရဲ့ အချစ်က ပေါ့သေးသေးတော့ မဟုတ်ပါဘူးနော်…

အာဝုလေးတွေဆီကနေတောင် ချစ်ခြင်းမေတ္တာကို ပုံစံ အမျိုးမျိုးနဲ့ ပြန်လည်သင်ယူရဦးမှာပါရှင်…

🐾 ခွှင့်လွတ်ပေးနိုင်တဲ့ အချစ်
အာဝုလေးတွေက ဟူးမန်းတွေ အလုပ်ရှုပ်ပြီး သူ့ကို အစာကျွေးဖို့မေ့တာ၊ ဂရုစိုက်ဖို့ မေ့တာ၊ အတူတူအချိန်မပေးတာတွေကိုတောင် ခွှင့်လွှတ်ပေးနိုင်ပါတယ်။
တစ်နေ့လုံး သူတို့ကို အဖက်မလုပ်ဘဲနေတာတောင်မှ ကိုယ်တစ်ချက်လေးကြည့်လိုက်တာနဲ့ ကိုယ့်ဆီအပြေးလာမယ့် ကလေးတွေပါ…
နေ့စဉ်နေ့တိုင်း ခွှင့်လွှတ်မှုနဲ့ ချစ်ပေးနိုင်တဲ့ အာဝုလေးတွေပါပဲနော်…

🐾 ရိုးရှင်းဖြူစင်တဲ့ အချစ်
အာဝုလေးတွေအတွက်က သူတို့သခင်အပေါ် အသက်ပေးချစ်တာ သဘာဝပါပဲ…
သူတို့နဲ့အတူ ကစားပေးတာ၊ ဂရုစိုက်ပေးတာလောက်လေးနဲ့တင် သူတို့အသက်ကို ကိုယ့်အတွက် အသေခံနိုင်တဲ့အထိ ချစ်တတ်ကြပါတယ်။
လူတွေအတွက်တော့ ဒါလေး လုပ်ပေးရုံလောက်နဲ့ အသက်ပါပေးနိုင်တယ်ဆိုတာက ဟာသတစ်ခုလိုဖြစ်နေပါလိမ့်မယ်။
ဒါပေမယ့် အာဝုလေးတွေအတွက်ကတော့ အချစ်ဆိုတာ အဲ့လောက်ထိကို ရိုးရှင်းပါတယ်။

🐾 အဆုံးထိ သစ္စာရှိတဲ့အချစ်
ကိုယ့်မှာ ရှိသမျှ ဆုံးရှုံးသွားချိန်၊ ပိုင်ဆိုင်တာ ဘာမှမရှိတော့ချိန်မှာ လူတွေက ထွက်သွားတတ်ကြပါတယ်။
ဒါပေမယ့် အာဝုလေးတွေအတွက်ကတော့ အဲ့လိုမဟုတ်ပါဘူး။
ကိုယ့်မှာ ကုန်းကောက်စရာ ဘာမှမရှိတော့တဲ့အချိန်မျိုး၊ အလုပ်ပင်ပန်းပြီး စိတ်ဓာတ်ကျတဲ့အချိန်မျိုးတွေမှာ ကိုယ့်ဘေးနားကနေ ဘယ်တော့မှ ထွက်မသွားဘဲ ရှိနေပေးမှာက အာဝုလေးတွေပါ။
ဒါကြောင့် လူအတော်များများက အလုပ်ပင်ပန်း၊ စိတ်ပင်ပန်းပြီး အိမ်ရောက်ပြီဆိုရင် အာဝုလေးတွေကို ဖက်ပြီး ခဏငြိမ်နေရင်းနဲ့ အလွယ်တကူ စိတ်သက်သာရာရသွားတတ်ကြပါတယ်။
သူတို့လေးတွေရဲ့ အချစ်က ရိုးရှင်းပြီး အရမ်းသစ္စာရှိလွန်းတယ်ဆိုတာ ငြင်းရက်စရာမရှိပါဘူးနော်…

🐾 အပြစ်မမြင်တဲ့ အချစ်
သူတို့အတူရှိရတာ ကြိုက်တဲ့လူ၊ သူတို့ကို ပျော်ရွှင်စေတဲ့လူဆိုရင် ဒီလူကိုတွေ့တိုင်း အာဝုလေးတွေက ပျော်နေတတ်ပါတယ်။
ကိုယ်လာမှာကို မျှော်နေတတ်ပြီး ကိုယ်ရောက်လာရင်လည်း အမြီးလေးတယမ်းယမ်းနဲ့ ကိုယ့်ကို ကြိုဆိုနေတဲ့ အာဝုလေးတွေကို မြင်ယောင်ကြည့်လိုက်ပါ။
အချစ်တွေအပြည့်နဲ့ နွေးထွေးတဲ့ အာဝုလေးတွေပါပဲ…

ဟူးမန်းတို့အတွက် အကောင်းဆုံးသော မိတ်ဆွေလေးတွေဖြစ်တဲ့ အာဝုလေးတွေအပေါ် ညှင်းပန်းနှိပ်စက်ခြင်းမပြုဘဲ ချစ်ခြင်းမေတ္တာများနဲ့ အတူတူ ဘဝကို ဖြတ်သန်းလိုက်ကြပါစို့နော်….

𝐀𝐝𝐝𝐫𝐞𝐬𝐬 🏠
𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐍𝐨.𝟕, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐀𝐮𝐧𝐠 𝐓𝐚𝐲𝐳𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐲𝐢𝐧𝐞𝐤𝐰𝐞𝐭𝐭𝐡𝐢𝐭 𝐐𝐮𝐚𝐫𝐭𝐞𝐫, 𝐊𝐲𝐚𝐮𝐤 𝐌𝐲𝐚𝐮𝐧𝐠, 𝐓𝐚𝐦𝐰𝐞, 𝐘𝐚𝐧𝐠𝐨𝐧.

☎ ဖုန်းနံပါတ် 𝟎𝟗 - 𝟕𝟖𝟔 𝟑𝟎𝟔𝟎𝟓𝟎

❝ စိတ်ကြိုက်ရွေးဝယ် 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 မှာ အစုံရှိတယ် ❞




အချစ်တော် တိလေးတွေအတွက် အရည်အသွေးမြင့် နိုင်ငံခြားဖြစ် 𝐒𝐧𝐚𝐜𝐤𝐬 ကောင်းကောင်းတစ်မျိုး ရှိတာာ သိထားပြီးပြီလား ❓ဟုတ်ပါတယ်… 𝐏𝐞...
18/08/2025

အချစ်တော် တိလေးတွေအတွက် အရည်အသွေးမြင့် နိုင်ငံခြားဖြစ် 𝐒𝐧𝐚𝐜𝐤𝐬 ကောင်းကောင်းတစ်မျိုး ရှိတာာ သိထားပြီးပြီလား ❓
ဟုတ်ပါတယ်… 𝐏𝐞𝐭 𝟖 ပါရှင်…

တိလေးတွေအတွက် 𝐏𝐞𝐭 𝟖 𝐒𝐧𝐚𝐜𝐤𝐬 လေးတွေဟာဆိုရင် အရည်အသွေးမြင့် ထုတ်လုပ်ထားပြီး ပါဝင်ပစ္စည်းအရည်အသွေးများဟာလည်း အထူးကောင်းမွန်တာမို့ ရာနှုန်းပြည့်စိတ်ချရပါတယ်ရှင်… 💯

ဒီလိုမျိုး အရည်အသွေးမြင့် 𝐏𝐞𝐭 𝟖 𝐒𝐧𝐚𝐜𝐤𝐬 များကို 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 ကနေ မြန်မာတစ်နိုင်ငံလုံး တရားဝင် တစ်ဦးတည်းကိုယ်စားလှယ် 𝐒𝐨𝐥𝐞 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐨𝐫 အဖြစ် ဖြန့်ချိရောင်းချပေးနေပါတယ်။

ကိုယ့်အိမ်က အချစ်တော် မြောင်နဲ့ အာဝုလေးတွေအတွက်ပဲ ဝယ်မလား ❓
လက္ကားဈေးနဲ့ဝယ်ယူပြီး လက်လီပြန်လည်ရောင်းချရင်း တစ်နိုင်တစ်ပိုင်စီးပွားရေးလေးပဲ လုပ်မလား ❓

ရာနှုန်းပြည့်စိတ်ချရတဲ့ 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐏𝐞𝐭 𝐅𝐨𝐨𝐝 & 𝐀𝐜𝐜𝐞𝐬𝐬𝐨𝐫𝐢𝐞𝐬 မှာ စိတ်တိုင်းကျဝယ်ယူဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်…

𝐀𝐝𝐝𝐫𝐞𝐬𝐬 🏠
𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐍𝐨.𝟕, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐀𝐮𝐧𝐠 𝐓𝐚𝐲𝐳𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐲𝐢𝐧𝐞𝐤𝐰𝐞𝐭𝐭𝐡𝐢𝐭 𝐐𝐮𝐚𝐫𝐭𝐞𝐫, 𝐊𝐲𝐚𝐮𝐤 𝐌𝐲𝐚𝐮𝐧𝐠, 𝐓𝐚𝐦𝐰𝐞, 𝐘𝐚𝐧𝐠𝐨𝐧.

☎ ဖုန်းနံပါတ် 𝟎𝟗 - 𝟕𝟖𝟔 𝟑𝟎𝟔 𝟎𝟓𝟎

❝ စိတ်ကြိုက်ရွေးဝယ် 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 မှာ အစုံရှိတယ် ❞




❝ သင့်အနေနဲ့ သိထားသင့်တဲ့ ခွေးရူးပြန်ရောဂါအကြောင်း ❗ ❞အခုနောက်ပိုင်းမှာ မကြာခဏ အဖြစ်များ/ အတွေ့များလာတဲ့ ခွေးရူးပြန်ရောဂ...
14/08/2025

❝ သင့်အနေနဲ့ သိထားသင့်တဲ့ ခွေးရူးပြန်ရောဂါအကြောင်း ❗ ❞

အခုနောက်ပိုင်းမှာ မကြာခဏ အဖြစ်များ/ အတွေ့များလာတဲ့ ခွေးရူးပြန်ရောဂါဆိုတာ အသက်သေဆုံးသည်အထိ အန္တရာယ်များတဲ့ ရောဂါတစ်မျိုးပါ။
ဒီနေ့မှာတော့ ခွေးရူးပြန်ရောဂါနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေကို မျှဝေပေးပါရစေရှင်…

🔴 ခွေးရူးပြန်ရောဂါကို ဘာတွေက ဖြစ်စေနိုင်သလဲ ❓
ခွေးရူးပြန်တယ်ဆိုတာ 𝐑𝐡𝐢𝐧𝐨𝐯𝐢𝐫𝐮𝐬 ဆိုတဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ရောဂါပိုးကိုတော့ 𝐑𝐡𝐢𝐧𝐨𝐯𝐢𝐫𝐮𝐬 ရှိတဲ့ တိရစ္ဆာန်ရဲ့ သွားရည်မှာ တွေ့မြင်နိုင်ပါတယ်။
ဒီလိုမျိုး ရောဂါပိိုးရှိတဲ့ တိရစ္ဆာန်က လူ၊ ဒါမှမဟုတ် တခြားတိရစ္ဆာန်ကို ကိုက်တဲ့အခါမှာ ခွေးရူးပြန်ရောဂါဖြစ်ပွားစေပါတယ်။
ရောဂါပိုးရှိပြီးသားတိရစ္ဆာန်က သင့်အနာကို လာလျက်မယ်ဆိုရင်လည်း ခွေးရူးပြန်ရောဂါ ဖြစ်ပွားစေမှာပါ။

❗ ခွေးရူးပြန်ရောဂါလက္ခဏာတွေကရော ဘာတွေလဲ ❓
ဗိုင်းရပ်စ် စဝင်ပြီး ပထမဆုံးခွေးရူးပြန်လက္ခဏာပြဖို့အတွက် ပျမ်းမျှ (၃၅) ရက်မှ (၆၅) ရက်အထိ ကြာမြင့်နိုင်ပါတယ်။

အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့
• ဖျားတာ
• ခေါင်းကိုက်တာ
• ပျို့အန်တာ
• အစားအသောက်ပျက်တာတွေပဲ ဖြစ်ပါတယ်။

တခြားရောဂါလက္ခဏာတွေအနေနဲ့
• ကိုက်ခံရတဲ့နေရာ နာတာ/ ထုံတာ
• ကဏာမငြိမ်ဖြစ်တာ
• ထင်ယောင်ထင်မှားဖြစ်တာ
• ရေကြောက်တာတွေ ဖြစ်နိုင်ပါတယ်။

ခွေးရူးပြန်ရောဂါကိုတော့ ရောဂါပိုးကူးစက်ခံထားရတဲ့ ရှဉ့်၊ လင်းနို့၊ မြေခွေးနဲ့ လေလွင့်ခွေးလေးတွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်နော်…

ဒါကြောင့် တိရစ္ဆာန်တစ်ကောင်ကောင်ဆီက အကိုက်ခံရပြီဆိုရင် ဆရာဝန်ဆီအမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

အကိုက်ခံရတဲ့နေရာကို ဆပ်ပြာ၊ ရေနဲ့ 𝐏𝐨𝐯𝐢𝐝𝐨𝐧𝐞-𝐢𝐨𝐝𝐢𝐧𝐞 အသုံးပြုပြီး သေချာဆေးကြောရပါမယ်။ ပြီးရင်တော့ ခွေးရူးပြန်ခြင်းကနေ ကာကွယ်နိုင်ဖို့တဲ့ ဆေးအဆင့်ဆင့် ဆရာဝန်က ထိုးပေးမှာပဲဖြစ်ပါတယ်။

ကဲ… ဒါဆိုရင်တော့ အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ်များတဲ့ ခွေးရူးပြန်ရောဂါအကြောင်းကို သိရှိသွားမယ်လို့ မျှော်လင့်ပါတယ်ရှင်…

နောက်ပိုစ့်တွေမှာ ထပ်တွေ့ကြမယ်နော်… ဟူးမန်းတို့ရေ… 🐶😻

𝐀𝐝𝐝𝐫𝐞𝐬𝐬 🏠
𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐍𝐨.𝟕, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐀𝐮𝐧𝐠 𝐓𝐚𝐲𝐳𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐲𝐢𝐧𝐞𝐤𝐰𝐞𝐭𝐭𝐡𝐢𝐭 𝐐𝐮𝐚𝐫𝐭𝐞𝐫, 𝐊𝐲𝐚𝐮𝐤 𝐌𝐲𝐚𝐮𝐧𝐠, 𝐓𝐚𝐦𝐰𝐞, 𝐘𝐚𝐧𝐠𝐨𝐧.

☎ ဖုန်းနံပါတ် 𝟎𝟗 - 𝟕𝟖𝟔 𝟑𝟎𝟔 𝟎𝟓𝟎

❝ စိတ်ကြိုက်ရွေးဝယ် 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 မှာ အစုံရှိတယ် ❞

#ခွေးရူးပြန်ခြင်း


❝ လက်လီ လက္ကား အတန်ဆုံး ဝယ်ယူလိုက်ပါ 💯 ❞အိမ်က အချစ်တော်တိလေးတွေအတွက်ပဲ ဝယ်ဝယ် 😻တစ်နိုင်တစ်ပိုင် စီးပွားရေးတစ်ခုအနေနဲ့ လက...
12/08/2025

❝ လက်လီ လက္ကား အတန်ဆုံး ဝယ်ယူလိုက်ပါ 💯 ❞

အိမ်က အချစ်တော်တိလေးတွေအတွက်ပဲ ဝယ်ဝယ် 😻
တစ်နိုင်တစ်ပိုင် စီးပွားရေးတစ်ခုအနေနဲ့ လက်လီပြန်လည်ရောင်းချဖို့ပဲဝယ်ဝယ် 😻
𝐏𝐞𝐭 𝐅𝐨𝐨𝐝 & 𝐀𝐜𝐜𝐞𝐬𝐬𝐨𝐫𝐢𝐞𝐬 ဆိုရင် အတန်တကာ့ အတန်ဆုံး 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 ရှိပါတယ်။

𝐐𝐮𝐚𝐥𝐢𝐭𝐲 အကောင်းစား 𝐅𝐨𝐨𝐝 & 𝐀𝐜𝐜𝐞𝐬𝐬𝐨𝐫𝐢𝐞𝐬 များကို (၆) ထုပ်၊ ဒါမှမဟုတ် (၆) ခုဝယ်ရုံနဲ့ လက္ကားဈေးနဲ့ ရရှိမှာဖြစ်လို့ ဒီ့ထက်တန်တာ မရှိတော့ဘူးရှင်…

တွက်ခြေကိုက်ပြီး ဈေးမှန်ဒါကိုမှ ရွေးချယ်ချင်သူတိုင်းအတွက် 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 က နွေးထွေးစွာ စောင့်ကြိုနေပါတယ်နော်…

𝐀𝐝𝐝𝐫𝐞𝐬𝐬 🏠
𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐍𝐨.𝟕, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐀𝐮𝐧𝐠 𝐓𝐚𝐲𝐳𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐲𝐢𝐧𝐞𝐤𝐰𝐞𝐭𝐭𝐡𝐢𝐭 𝐐𝐮𝐚𝐫𝐭𝐞𝐫, 𝐊𝐲𝐚𝐮𝐤 𝐌𝐲𝐚𝐮𝐧𝐠, 𝐓𝐚𝐦𝐰𝐞, 𝐘𝐚𝐧𝐠𝐨𝐧.

☎ ဖုန်းနံပါတ် 𝟎𝟗 - 𝟕𝟖𝟔 𝟑𝟎𝟔 𝟎𝟓𝟎

❝ စိတ်ကြိုက်ရွေးဝယ် 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 မှာ အစုံရှိတယ် ❞




အဝလွန်ခြင်းဆိုတာ ဟူးမန်းတွေမှာတင်ဖြစ်တဲ့ ကျန်းမာရေးပြဿနာမဟုတ်ပါဘူး ❗ဝုနဲ့ မြောင်လေးတွေမှာလည်း အဝလွန်တဲ့ပြဿနာ ဖြစ်ပါတယ်နေ...
31/07/2025

အဝလွန်ခြင်းဆိုတာ ဟူးမန်းတွေမှာတင်ဖြစ်တဲ့ ကျန်းမာရေးပြဿနာမဟုတ်ပါဘူး ❗
ဝုနဲ့ မြောင်လေးတွေမှာလည်း အဝလွန်တဲ့ပြဿနာ ဖြစ်ပါတယ်နော်…

အိမ်မွေးတိရစ္ဆာန်အဝလွန်ခြင်းကာကွယ်ရေးအဖွဲ့မှ လေ့လာမှုများအရ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ၅၉% သော အာဝုနဲ့ မြောင်လေးတွေမှာ အဝလွန်ကြောင်းကို တွေ့ရှိရပါတယ်။

ဒီနေ့မှာတော့ အာဝုနဲ့မြောင်လေးတို့ အဝလွန်ခြင်းဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကို လေ့လာကြည့်လိုက်ရအောင်….

🐱🐶 အဝလွန်ရခြင်း ကြောင်းအရင်းများ
အာဝုနဲ့မြောင်လေးတွေ အဝလွန်တာက သူတို့လေးတွေ နေ့စဉ်စားနေတဲ့ ကယ်လိုရီပမာဏရယ်၊ ကိုယ်လက်လှုပ်ရှားမှုရယ်နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။

အစားအလွန်အကျွံစားပြီး ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ တိလေးတွေဟာ ပိုပြီး အဝလွန်တတ်ကြပါတယ်။
တခြားအကြောင်းအရင်းတွေကတော့ သူတို့ရဲ့ အသက်၊ မျိုးရိုးဗီဇ၊ နောက်ခံကျန်းမာရေးအခြေအနေတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။
သားအိမ်ထုတ်ထားတာ၊ ဒါမှမဟုတ် သင်းထားတာဆိုရင်လည်း 𝐌𝐞𝐭𝐚𝐛𝐨𝐥𝐢𝐬𝐦 ကို ပိုပြီးနှေးကွေးစေတဲ့အတွက် အဝလွန်ဖို့ လွယ်ကူစေပါတယ်ရှင်…

ဒါကြောင့် အာဝုနဲ့ မြောင်လေးတွေ အဝလွန်တာကို ကာကွယ်ဖို့
🐾 စားတဲ့ပမာဏကို ထိန်းချုပ်ပေးပါ
🐾 ချင့်ချိန်စွာ စားတတ်အောင် လေ့ကျင့်ပေးပါ
🐾 ကိုယ်လက်လှုပ်ရှားမှု အတူပြုလုပ်ပေးပါ

ဟူးမန်းတို့အနေနဲ့ ကိုယ့်ရဲ့အချစ်တော် အာဝုနဲ့မြောင်လေးတွေရဲ့ ကျန်းမာရေးကို တက်တက်ကြွကြွနဲ့ ဂရုစိုက်ပေးပြီး ကိုယ်နဲ့အတူတူ အသက်ရှည်ကျန်းမာစွာ အတူတူနေထိုင်သွားနိုင်ဖို့အတွက် အခုကတည်းက ကာကွယ်လိုက်ကြရအောင်နော်….

𝐀𝐝𝐝𝐫𝐞𝐬𝐬 🏠
𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐍𝐨.𝟕, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐀𝐮𝐧𝐠 𝐓𝐚𝐲𝐳𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐲𝐢𝐧𝐞𝐤𝐰𝐞𝐭𝐭𝐡𝐢𝐭 𝐐𝐮𝐚𝐫𝐭𝐞𝐫, 𝐊𝐲𝐚𝐮𝐤 𝐌𝐲𝐚𝐮𝐧𝐠, 𝐓𝐚𝐦𝐰𝐞, 𝐘𝐚𝐧𝐠𝐨𝐧.

☎ ဖုန်းနံပါတ် 𝟎𝟗 - 𝟕𝟖𝟔 𝟑𝟎𝟔 𝟎𝟓𝟎

❝ စိတ်ကြိုက်ရွေးဝယ် 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 မှာ အစုံရှိတယ် ❞

#အဝလွန်ခြင်း



29/07/2025
❝ ကိုယ့်အချစ်တော်လေးတွေအတွက် အကောင်းဆုံးတွေကိုသာ ပေးစွမ်းလိုက်ပါ 🐕🐈 ❞ဟူးမန်းတို့ရဲ့ အချစ်တော် သားသား၊ မီးမီး အာဝုနဲ့မြော...
28/07/2025

❝ ကိုယ့်အချစ်တော်လေးတွေအတွက် အကောင်းဆုံးတွေကိုသာ ပေးစွမ်းလိုက်ပါ 🐕🐈 ❞

ဟူးမန်းတို့ရဲ့ အချစ်တော် သားသား၊ မီးမီး အာဝုနဲ့မြောင်လေးတို့အတွက် 𝐅𝐨𝐨𝐝 & 𝐀𝐜𝐜𝐞𝐬𝐬𝐨𝐫𝐢𝐞𝐬 ဆိုရင် အကောင်းဆုံး 𝐐𝐮𝐚𝐥𝐢𝐭𝐲 ကိုသာ ပေးစွမ်းချင်သူများချည်းပါပဲနော်…

𝐏𝐞𝐭 𝐅𝐨𝐨𝐝 & 𝐀𝐜𝐜𝐞𝐬𝐬𝐨𝐫𝐢𝐞𝐬 ကို တစ်ဆင့်ပြန်လည်ရောင်းချလိုတဲ့ ကိုယ်စားလှယ် ဆိုင်ရှင်များအနေနဲ့လည်း အမြင့်စား 𝐐𝐮𝐚𝐥𝐢𝐭𝐲 မျိုးကိုသာ ရွေးချယ်ပြီး ရောင်းချချင်မယ်ဆိုတာ 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 က အတပ်သိတာပေါ့ရှင်…

ဒါကြောင့် 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 မှာဆိုရင် ထိပ်တန်း 𝐐𝐮𝐚𝐥𝐢𝐭𝐲 ဆိုတဲ့ 𝐏𝐞𝐭 𝐅𝐨𝐨𝐝 & 𝐀𝐜𝐜𝐞𝐬𝐬𝐨𝐫𝐢𝐞𝐬 များကိုသာ ယုံကြည်စိတ်ချစွာနဲ့ လက်လီ၊ လက္ကား ရောင်းချပေးနေပါတယ်။

ကျွန်မတို့ 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 မှာဆိုရင် 𝐏𝐞𝐭 𝟖 𝐒𝐧𝐚𝐜𝐤𝐬 များကိုလည်း မြန်မာတစ်နိုင်ငံလုံးရဲ့ တစ်ဦးတည်း‌သော တရားဝင် 𝐒𝐨𝐥𝐞 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐨𝐫 အဖြစ် ဖြန့်ချိရောင်းချပေးနေပါတယ်ရှင်…

ဒါ့အပြင် အစားအသောက်၊ အသုံးအဆောင်တွေကို (၆) ခု (ဒါမှမဟုတ်) (၆) ထုပ်နဲ့အထက်ဝယ်ယူတိုင်း အတန်ဆုံးဈေးလက္ကားဈေးနဲ့ ရဦးမှာမို့ တန်ပြီးရင်းတန်ပြီပေါ့နော် 🐾

𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐏𝐞𝐭 𝐅𝐨𝐨𝐝 & 𝐀𝐜𝐜𝐞𝐬𝐬𝐨𝐫𝐢𝐞𝐬 များကို လက်လီ၊ လက္ကား ဝယ်ယူဖို့ ရယ်ဒီပဲဆိုရင်တော့ အခုမြန်မြန်လေးသာ 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 ကို အပြေးလာခဲ့လိုက်တော့ရှင် 😻

𝐀𝐝𝐝𝐫𝐞𝐬𝐬 🏠
𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐍𝐨.𝟕, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐀𝐮𝐧𝐠 𝐓𝐚𝐲𝐳𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐲𝐢𝐧𝐞𝐤𝐰𝐞𝐭𝐭𝐡𝐢𝐭 𝐐𝐮𝐚𝐫𝐭𝐞𝐫, 𝐊𝐲𝐚𝐮𝐤 𝐌𝐲𝐚𝐮𝐧𝐠, 𝐓𝐚𝐦𝐰𝐞, 𝐘𝐚𝐧𝐠𝐨𝐧.

☎ ဖုန်းနံပါတ် 𝟎𝟗 - 𝟕𝟖𝟔 𝟑𝟎𝟔 𝟎𝟓𝟎

❝ စိတ်ကြိုက်ရွေးဝယ် 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 မှာ အစုံရှိတယ် ❞




❝ အာဝုနဲ့ မြောင်လေးတွေလည်း ရာသီတုပ်ကွေးဖြစ်တတ်တယ်နော် 🐕🐈 ❞အခုလို မိုးရာသီဆိုရင် လူအတော်များများ နှာစေး၊ ချောင်းဆိုး၊ ဖျာ...
22/07/2025

❝ အာဝုနဲ့ မြောင်လေးတွေလည်း ရာသီတုပ်ကွေးဖြစ်တတ်တယ်နော် 🐕🐈 ❞

အခုလို မိုးရာသီဆိုရင် လူအတော်များများ နှာစေး၊ ချောင်းဆိုး၊ ဖျားနာ စတဲ့ လက္ခဏာတွေပြပြီး တုပ်ကွေးဖြစ်တတ်သလို အာဝုနဲ့ မြောင်လေးတွေလည်း ဒီလိုရာသီတုပ်ကွေးဖြစ်ပါတယ်နော်…

ဒါကြောင့် ဝုနဲ့ မြောင်လေးတွေ ရာသီတုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ၊ တုပ်ကွေးဖြစ်နေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ စတာတွေကို ဝေမျှပေးပါမယ်ရှင်…

🐾 ဝုနဲ့ မြောင်လေးတွေလည်း တုပ်ကွေးဖြစ်တယ်ဆိုပေမယ့် သူတို့လေးတွေမှာ ဖြစ်တဲ့တုပ်ကွေးနဲ့ လူတွေမှာဖြစ်တဲ့ တုပ်ကွေးက မတူပါဘူး။ အာဝုမှာဖြစ်တဲ့ တုပ်ကွေးနဲ့ မြောင်တို့မှာ ဖြစ်တဲ့ တုပ်ကွေးကလည်း ဗိုင်းရပ်စ်ချင်း မတူညီသလို လူတွေကိုလည်း အပြန်အလှန်ကူးစက်နိုင်ခြေ အရမ်းနည်းပါတယ်။

ဒါပေမယ့် တိလေးတွေ တုပ်ကွေးဖြစ်တာကို သခင်တွေ အသိနောက်ကျမယ်ဆိုရင်တော့ အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်နိုင်လို့ သတိထားဖို့ လိုအပ်ပါတယ်ရှင်…

🐾 တုပ်ကွေးလက္ခဏာများ
• နုံးပြီး မလှုပ်ရှား/ မကစားဘဲ ခွေနေတာ
• အစားနည်းတာ/ အစာ လုံးဝမဝင်တာ
• ပုံမှန်ထက် ကိုယ်အပူချိန်ပိုများတာ
• အသက်ရှူထုတ်တဲ့လေက ပူပြီး နှာသီးဖျားလေး ခြောက်သွေ့နေတာ
• နှာချေ၊ ချောင်းဆိုးပြီး နှာရည်အကြည်တွေကျနေတာ
• အန်တာ (အဖြူရောင်အမြှုပ်၊ ဒါမှမဟုတ် အဝါရောင်အရည်တွေ အန်မယ်)
• မျက်လုံးမှာ မျက်ဝတ်များ ပိတ်နေတာ
စတဲ့ လက္ခဏာတွေထဲက တစ်ခုခုပြနေပြီဆိုရင်တော့ သင့်အချစ်တော် တိလေးမှာ တုပ်ကွေးဖြစ်နေပြီဆိုတာ သိနိုင်ပါတယ်။

ဒီလိုအချိန်မှာ မပေါ့ဆဘဲ ဆေးခန်းကို မြန်မြန်လေးသွားရပါမယ်။
ဆရာဝန်က လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပေးပြီး သင့်တော်တဲ့ ပိုးသတ်ဆေး ပေးပါလိမ့်မယ်ရှင်…

🐾 တိလေးတွေ တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ ❓
ဘယ်တော့မဆို ကာကွယ်ခြင်းက ကုသခြင်းထက် အဆပေါင်းများစွာ ပိုကောင်းပါတယ်။
ဒါကြောင့် တိလေးတွေ တုပ်ကွေးမဖြစ်စေဖို့
• လူထူထပ်တဲ့နေရာတွေကို ရှောင်တာ
• အပြင်ကပြန်လာတဲ့အခါ သခင်က လက်ဆေး၊ ဆေးကြောသန့်စင်ပြီးမှ တိလေးတွေကို ကိုင်တာ
• စိုစွတ်တဲ့ရာသီဥတုမှာ တိလေးတွေကို နွေးနွေးထွေးထွေးထားပေးတာ
• ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လေးဖြစ်အောင် အတူဆော့ကစားပြီး ဂရုစိုက်ပေးတာ
• တိလေးတွေအတွက် အစားအစာကို ဂရုတစိုက်ကျွေးမွေးတာ
• ကာကွယ်ဆေး ကြိုတင်ထိုးနှံထားပေးတာ
စတဲ့ အချက်လေးတွေနဲ့ ကာကွယ်ပေးလို့ရပါတယ်ရှင်…

အကယ်၍ တိလေးတွေ တုပ်ကွေးဖြစ်နေပြီဆိုရင်လည်း ဆေးခန်းသေချာပြပေးတာအပြင်
သခင်က အနီးကပ်စောင့်ရှောက်တာ၊ အားပေးတာ၊ နွေးထွေးပြီး သက်သောင့်သက်သာဖြစ်‌အောင် ထားတာ၊ အားမပြတ်အောင် ကြက်ပေါင်းရည်နဲ့ အရိုးပြုတ်ရည်လေးတွေ တိုက်ပေးတာတွေ လုပ်ပြီး သေချာဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်နော်…

ဒါဆိုရင်တော့ မိုးရာသီမှာ ဝုနဲ့မြောင်လေးတွေ တုပ်ကွေးဖြစ်တာနဲ့ ပတ်သက်ပြီး သေချာသိသွားမယ်လို့ မျှော်လင့်ပါတယ်။

နောက်ပိုစ့်တွေမှာ ထပ်တွေ့ကြမယ်နော် ဟူးမန်းတို့ရေ… 🐶🐱

𝐀𝐝𝐝𝐫𝐞𝐬𝐬 🏠
𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐍𝐨.𝟕, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐀𝐮𝐧𝐠 𝐓𝐚𝐲𝐳𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐲𝐢𝐧𝐞𝐤𝐰𝐞𝐭𝐭𝐡𝐢𝐭 𝐐𝐮𝐚𝐫𝐭𝐞𝐫, 𝐊𝐲𝐚𝐮𝐤 𝐌𝐲𝐚𝐮𝐧𝐠, 𝐓𝐚𝐦𝐰𝐞, 𝐘𝐚𝐧𝐠𝐨𝐧.

☎ ဖုန်းနံပါတ် 𝟎𝟗 - 𝟕𝟖𝟔 𝟑𝟎𝟔 𝟎𝟓𝟎

❝ စိတ်ကြိုက်ရွေးဝယ် 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 မှာ အစုံရှိတယ် ❞

#တုပ်ကွေး


❝ လက္ကားဈေးနဲ့ တန်တန်လေး ဝယ်မယ် 🐶😻 ❞တိလေးတွေရဲ့ နိဗ္ဗာန်ဘုံလို့ပြောရမယ့် ကျွန်မတို့ 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲  မှာဆိုရင် တိလေးတွေအတွက် ...
16/07/2025

❝ လက္ကားဈေးနဲ့ တန်တန်လေး ဝယ်မယ် 🐶😻 ❞

တိလေးတွေရဲ့ နိဗ္ဗာန်ဘုံလို့ပြောရမယ့် ကျွန်မတို့ 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 မှာဆိုရင် တိလေးတွေအတွက် အသုံးအဆောင်ပစ္စည်းအစုံအလင်နဲ့ 𝐒𝐧𝐚𝐜𝐤𝐬 အစုံ ရရှိတာ အားလုံးသိပြီးသားပါပဲနော်…

ဒါ့အပြင် မြန်မာတစ်နိုင်ငံလုံးရဲ့ တစ်ဦးတည်း‌သော တရားဝင် 𝐒𝐨𝐥𝐞 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐨𝐫 အဖြစ်နဲ့လည်း တိလေးတွေအကြိုက်ဖြစ်တဲ့ 𝐏𝐞𝐭 𝟖 𝐒𝐧𝐚𝐜𝐤𝐬 လေးတွေကို ဖြန့်ချိရောင်းချပေးနေပါတယ်။

ဒီလိုမျိုး အစားအသောက်၊ အသုံးအဆောင်တွေကို (၆) ခု (ဒါမှမဟုတ်) (၆) ထုပ်နဲ့အထက်ဝယ်ယူတိုင်း အတန်ဆုံးဈေးလက္ကားဈေးနဲ့ 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 က ရောင်းချပေးနေပြီဖြစ်တဲ့အကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်နော်… 😻

ဝုနဲ့မြောင်လေးတွေအတွက် တစ်ခါတည်းပဲ ကြိုဝယ်ထားမလား၊ ကိုယ်တိုင်ပဲ ပြန်လည်ပြီး လက်လီရောင်းချမလား အရည်အသွေးမြင့် 𝐏𝐞𝐭 𝐅𝐨𝐨𝐝 & 𝐀𝐜𝐜𝐞𝐬𝐬𝐨𝐫𝐢𝐞𝐬 များကို 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 မှာ အတန်တကာ့ အတန်ဆုံး ဝယ်ယူရရှိနိုင်ပါပြီရှင်… 📢

𝐀𝐝𝐝𝐫𝐞𝐬𝐬 🏠
𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐍𝐨.𝟕, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐀𝐮𝐧𝐠 𝐓𝐚𝐲𝐳𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐲𝐢𝐧𝐞𝐤𝐰𝐞𝐭𝐭𝐡𝐢𝐭 𝐐𝐮𝐚𝐫𝐭𝐞𝐫, 𝐊𝐲𝐚𝐮𝐤 𝐌𝐲𝐚𝐮𝐧𝐠, 𝐓𝐚𝐦𝐰𝐞, 𝐘𝐚𝐧𝐠𝐨𝐧.

☎ ဖုန်းနံပါတ် 𝟎𝟗 - 𝟕𝟖𝟔 𝟑𝟎𝟔 𝟎𝟓𝟎

❝ စိတ်ကြိုက်ရွေးဝယ် 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 မှာ အစုံရှိတယ် ❞




❝ ဝန်ထမ်းအသစ်များ ခေါ်နေပါပြီ…. 📢 ❞နွေးထွေးပြီး ပျော်ရွှင်စရာကောင်းတဲ့ ကျွန်မတို့ 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 မှာ အလုပ်လုပ်ကိုင်ဖို့အတွက်...
10/07/2025

❝ ဝန်ထမ်းအသစ်များ ခေါ်နေပါပြီ…. 📢 ❞

နွေးထွေးပြီး ပျော်ရွှင်စရာကောင်းတဲ့ ကျွန်မတို့ 𝐖𝐈𝐍 𝐅𝐚𝐦𝐢𝐥𝐲 မှာ အလုပ်လုပ်ကိုင်ဖို့အတွက် ဝန်ထမ်းအသစ်များ စတင်ခေါ်ယူနေပါပြီရှင်…

ရာထူးနဲ့ လိုအပ်ချက်များကို တစ်ပုံချင်းသေချာလေး ကြည့်ပေးပြီး လာရောက်လျှောက်ထားနိုင်ပါတယ်နော်…

မှတ်ချက်။ ။ 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 ချက်ချင်းရှိမည်ဖြစ်သောကြောင့် 𝐕𝐢𝐛𝐞𝐫 𝐏𝐡 𝐍𝐨 - 𝟎𝟗 𝟕𝟖𝟔 𝟑𝟎𝟔 𝟎𝟓𝟎 သို့ 𝐂𝐕 𝐅𝐨𝐫𝐦 များ အမြန်ဆုံး ပေးပို့လျှောက်ထားနိုင်ပါသည်။ အင်တာဗျူးအဆင်ပြေလျှင် ချက်ချင်းအလုပ်ခန့်မည်ဖြစ်သောကြောင့် ချက်ချင်း အလုပ်ဆင်းနိုင်သူဖြစ်ရပါမည်။

𝐀𝐝𝐝𝐫𝐞𝐬𝐬 🏠
𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐍𝐨.𝟕, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐀𝐮𝐧𝐠 𝐓𝐚𝐲𝐳𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐲𝐢𝐧𝐞𝐤𝐰𝐞𝐭𝐭𝐡𝐢𝐭 𝐐𝐮𝐚𝐫𝐭𝐞𝐫, 𝐊𝐲𝐚𝐮𝐤 𝐌𝐲𝐚𝐮𝐧𝐠, 𝐓𝐚𝐦𝐰𝐞, 𝐘𝐚𝐧𝐠𝐨𝐧.








Address

Building No.(7),Ground Floor,Aung Tayza Street,Byinekwetthit Quarter,KyaukMyaung,Tamwe
Yangon
11211

Opening Hours

Monday 08:00 - 16:30
Tuesday 08:00 - 16:30
Wednesday 08:00 - 16:30
Thursday 08:00 - 16:30
Friday 08:00 - 16:30
Saturday 08:00 - 16:30

Telephone

+959786306050

Website

Alerts

Be the first to know and let us send you an email when WIN Family Premium Pet Food and Supplies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to WIN Family Premium Pet Food and Supplies:

Share

Category