Pudding's Home

Pudding's Home .

Good Booy လေးကြည့်ပြီးကြပြီလား မျက်လုံးလေးရော အသံလေးရော လန့်တဲ့အခန်းလေးတွေရော တော်တော်ပီပြင်တာဒီအခန်းလေးကြည့်ပြီး ဝမ်းနည...
11/10/2025

Good Booy လေးကြည့်ပြီးကြပြီလား မျက်လုံးလေးရော အသံလေးရော လန့်တဲ့အခန်းလေးတွေရော တော်တော်ပီပြင်တာ
ဒီအခန်းလေးကြည့်ပြီး ဝမ်းနည်းသွားရသေးတယ်
ကြည့်ချင်ရင် Link လေး Comment မှာ တင်ပေးထားတယ်နော်

24/09/2025

မရဘူး ရတာ မဲ ရမှာပဲ 😁

22/09/2025

🥲 အားကျ အာဝုပဲဖြစ်ချင်

02/09/2025

မေမေရေ ရသလောက်ထည့် သားလဲအဝတွယ်ခဲ့မယ် 😂

🐕‍🦺 အစားအစာက တန်ဖိုးကြီးမဟုတ်ပေမယ့်… သတိထားပေးတဲ့ မေတ္တာက သူတို့ဘဝတစ်ခုလုံးအတွက် တန်ဖိုးအကြီးဆုံးပါ 🐾🐕‍🦺 ကျွန်မတို့လည်း ...
21/08/2025

🐕‍🦺 အစားအစာက တန်ဖိုးကြီးမဟုတ်ပေမယ့်… သတိထားပေးတဲ့ မေတ္တာက သူတို့ဘဝတစ်ခုလုံးအတွက် တန်ဖိုးအကြီးဆုံးပါ 🐾

🐕‍🦺 ကျွန်မတို့လည်း အနည်းငယ်ပဲ ပေးနိုင်ပေမယ့် သူတို့အတွက်တော့ ကြီးမားတဲ့ ဆာလောင်မှုဒဏ်ကို ငြိမ်းအေးစေပါတယ် 🐾

🐕‍🦺 သူတို့အတွက် တစ်နပ်စာလောက်ကျွေးတာ ကျွန်မတို့အတွက် သေးငယ်ပေမယ့် သူတို့ဆီက ပြန်လာစေမယ့် အလွန်ကြီးမားတဲ့အရာက မေတ္တာတရားပါ 🐾

ဒီနိုင်ငံမှာတော့ အပြည့်အ၀ မကာကွယ်နိုင်သေးပေမယ့် ကိုယ်တတ်နိုင်သလောက် ကြိုးစားပီး ကာကွယ်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင...
17/08/2025

ဒီနိုင်ငံမှာတော့ အပြည့်အ၀ မကာကွယ်နိုင်သေးပေမယ့် ကိုယ်တတ်နိုင်သလောက် ကြိုးစားပီး ကာကွယ်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင့် 🙏🙏🙏

15/08/2025

📣ကျွန်တော်တို့ Metta Mon Veterinary Clinic - မေတ္တာမွန် တိရစ္ဆာန်ဆေးကုခန်း အနေဖြင့် ခွေးရူးပြန်ကာကွယ်ဆေး (Anti-rabies Vaccine USA) ကို အလုံး (၁၀၀) တိတိ အခမဲ့ထိုးနှံမယ့် အစီအစဉ်လေး ရှိပါတယ် ။

‌🤍ရည်ရွယ်ချက်
ခွေးရူးပြန်ရောဂါသည် ကုသဆေး မရှိပါ။
ခွေး၊ကြောင်လေးများကို ခွေးရူးပြန်ကာကွယ်ဆေး ထိုးခြင်းဖြင့် လူနှင့် ခွေးကြောင်တို့တွင် ခွေးရူးပြန်ရောဂါ မဖြစ်ပွားစေရန်။
စနစ်တကျကာကွယ်ဆေးထိုးနှံခြင်းသည် ခွေးရူးပြန်ရောဂါကို ကာကွယ်ဖို့ ကုန်ကျစရိတ်သက်သာတဲ့ ရေရှည်ဆောင်ရွက်နိုင်သော နည်းလမ်းဖြစ်သည်ကို တိချစ်သူများကြား အသိပညာ ပြန့်ပွားစေရန်။

📆 ကာကွယ်ဆေးထိုးနှံပေးမည့်ရက် - (15.8.2025) မှ (21.8.2025)အထိ ။

🕘 နေ့စဉ်ပုံမှန် ဆေးခန်းဖွင့်ချိန်
မနက်(၈:၀၀)နာရီ မှ နေ့လည် (၁၂:၀၀)နာရီ
ညနေ(၄:၀၀)နာရီမှ ည (၇:၀၀)နာရီ အတွင်း။

🏥 ကာကွယ်ဆေး လာရောက်ထိုးနှံရမည့် လိပ်စာ - မေတ္တာမွန်တိရစ္ဆာန်ဆေးကုခန်း
အမှတ် (၁၂၉)၊ စည်တော်မင်္ဂလာပေါက်၊ ပေါက်ကြီးရေခဲမုန့်နှင့်မျက်နှာချင်းဆိုင်၊ ဗိုလ်ချုပ်လမ်း၊ရွာဘဲရပ်၊ပြည်မြို့။

☎️အခမဲ့ထိုးပေးမယ့် ကာကွယ်ဆေး အရေတွက် အလုံး (100)ဆိုတဲ့ အကန့်အသတ်ရှိတာမို့ ကာကွယ်ဆေးရှိ/မရှိ ဆေးခန်းဖုန်းနံပါတ် 09 969 836 297 သို့ ကြိုတင်ဆက်သွယ်မေးမြန်းပြီး လာလို့လည်းရပါတယ်ဆိုတဲ့အကြောင်း လေးစားစွာဖြင့်အသိပေး အကြောင်းကြားအပ်ပါတယ်။

🙏ကျွန်တော်တို့ ဆေးခန်းကို ယုံကြည်အားကိုးမှုနဲ့ လာကြသူတွေ ၊ အားလုံးရဲ့အားပေးကူညီပံ့ပိုးပေးမှုတွေ နဲ့အတူ ယခုအစီစဉ်လေးဖြစ်မြောက်လာတဲ့အတွက် အထူးပင်အလေးအနက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေ ခင်ဗျာ...


#တိရစ္ဆာန်ဆေးကုခန်း

2019 တုန်းက လိုပါပဲ ခွေးတွေ thatt ဖို့ Media အားခွေးမကြိုက်သူ ခွေးမုန်းသူ တွေအားနဲ့ လှုံ့ဆော်ကြတာ ကိုယ်လဲ ဒါလေး ကို သမို...
15/08/2025

2019 တုန်းက လိုပါပဲ
ခွေးတွေ thatt ဖို့ Media အား

ခွေးမကြိုက်သူ ခွေးမုန်းသူ တွေအားနဲ့

လှုံ့ဆော်ကြတာ
ကိုယ်လဲ ဒါလေး ကို သမိုင်းစာအုပ်ထဲက ဓါတ်ပုံရိုက် ခဲ့တယ်

တိုက်ဆိုင်တယ် လို့ပဲ ယူဆ ပါဦး
ခွေးတွေကိုအသားကုန် နှိမ်နင်း ပြီးနောက်

တိုင်းပြည် လဲ ဘာဒဏ် ညာဒဏ်တွေနဲ့
တော်တော်လေး ကို ယိုယွင်း သွားခဲ့တယ်

အခုလဲ လူလူချင်းသာ
ဘက် မတူရင်အသားကုန်တွေမုန်း ကြ
တိုက်ခိုက်ကြနဲ့

ခွေးနဲ့ လူ သားတွေကျတော့
လူ မို့ လို့ လူဖက် ပဲ လိုက်ရမယ်တဲ့

တရားသဘော နဲ့ ကြည့်ရင်
ဗုဒ္ဓဘာသာ က လူသေ လူဖြစ်မှမဟုတ်တာ

သံသရာ မှာ ကိုယ်လဲ ဘယ်ဘဝရောက်မယ်မှန်း
ဘယ်သူမှ လဲ သိနိုင်တာလဲ မဟုတ်

ဒီနှစ်တွေအတော အတွင်း
လူလူချင်း ကူးစက် လို့ သေကြရတဲ့
ကို ဗစ် လို ရောဂါတွေ
စစ်ပွဲတွေကြောင့် သေကြရတဲ့ အရည်အတွက်တွေနဲ့
ယှဉ်ရင် Rabies ကြောင့်သေတဲ့ နှုန်းဟာ
အရမ်း ကိုနည်းပါတယ်

မျက်စိနဲ့ မြင်ရတဲ့ တစ်ခုတည်းသော
ငရဲ ဟာ တိရိစာ္ဆန် ဘုံ ဖြစ်တဲ့ အတွက်
သူတို့ ပေးဆပ်နေရတဲ့ ဝဋ်ကြွေးတွေ
ဒုက္ခဆင်းရဲ တွေဟာ
တော်တော်လေးကို များတယ်
မကြည့်ရက်တဲ့ သူ
စာနာတဲ့ သူတွေကတော့

ကျွေးစရာရှိ ဆက်ကျွေးနေမှာပဲ
That ချင်တဲ့ သူတွေ

မုန်းလှပါတယ်ဆို သူတွေ ကလဲ
သဘော မနော အတိုင်းပါပဲ

အစုလိုက် အပြုံ လိုက်
That ကြ
ဂေဟာ ဆိုတွေမှာလဲ
အစုံ လိုက် အပြုံလိုက်
တေ ကြရတဲ့
ကိုယ့်ရဲ့ မနော အကုသိုလ်
ဝဇီအကု သိူလ် တွေဟာလဲ

သူတို့တွေနှိမ်နင်းခံရရင်
ပြောတဲ့ သူ
လံှု့ဆော် တဲ့ သူတွေ လဲ အကုသိုလ် အကျိုးတရား
ဝေမျှယူ ရမယ်ဆိုတာ
အမှန်တရား

ကိုယ်တွေကတော့
တစ်ကောင်ကျန် ကျန် နှစ်ကောင်ကျန်ကျန်
ဆက်ကျွေးနေ ဦးမှာပဲ

Credit to Thrikay

15/08/2025

ရန်ကုန်မြို့မှာ စည်ပင်ဥပဒေမှာပါတဲ့အတိုင်း ၁၉၉၁ ခုနှစ်ကစပြီး ခွေးလေခွေးလွင့်ရှင်းလင်းရေးအဖြစ်အဆိပ်ကျွေးရှင်းလင်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က သတင်းမှတ်တမ်းတွေအရ တစ်လကို ခွေးအကောင်ရေ ၂၅၀၀ ကျော် သုတ်သင်ခဲ့ပါတယ်။

ဒီနည်းလမ်းဟာ လေလွင့်ခွေးတွေနည်းသွားဖို့ တကယ်အလုပ်ဖြစ်တဲ့ နည်းလမ်းအမှန်သာဆိုရင် ဘာကြောင့် နှစ်ပေါင်း ၃၀ကျော်တဲ့ထိ ရန်ကုန်မှာ လေလွင့်ခွေးတွေ များနေဆဲဖြစ်နေရတာပါလဲ။

လမ်းဘေးက လေလွင့်ခွေးပေါင်းများစွာဟာ အလွန်ရက်စက်တဲ့နည်းနဲ့ သုတ်သင်ခံခဲ့ရပြီး ယနေ့ထိလည်းသုတ်သင်ခံနေရဆဲဖြစ်ပါတယ်။ လေလင့်ခွေးများပြားလာခြင်းကိုထိန်းချုပ်နိုင်ဖို့အတွက် သားထိန်းခြင်းကသာ နည်းလမ်းအမှန်ဖြစ်ပြီး ကျန်းမာတဲ့မြို့ပြဝန်းကျင် တစ်ခုဖြစ်လာစေမှာဖြစ်ပါတယ်။

In Yangon, as stated in the Municipal Law, since 1991, over 2,500 stray dogs have been culled each month as part of the “dog elimination” program.

If this method truly worked and was the right solution to reduce the number of stray dogs in Yangon, why is it that even after more than 30 years, Yangon is still overrun with stray dogs?

Countless street dogs have been killed using extremely cruel methods, and to this day, such culling continues.

The only humane and non-cruel way to control the growing stray dog population is sterilization, which will also help create a healthier urban community.




#လမ်းဘေးခွေး
#ခွေး
#လေလွင့်ခွေး
#ခွေးအဆိပ်ချ

Address

Yangon
11211

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959964291504

Website

Alerts

Be the first to know and let us send you an email when Pudding's Home posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pudding's Home:

Share

Category