21/05/2026
၄၅ ရက်သားကတည်းက မွေးထားရတဲ့ သမီးလေးမို့ ဖေဖေက ခွဲရမှာ စိုးရိမ်ခဲ့ပေမဲ့ 🥹 ရန်ကုန်ကနေ ဘန်ကောက်ကို အောင်မြင်စွာ ရောက်ရှိသွားတဲ့ Yuko လေး ✈️🇹🇭
"သမီးလေးက တစ်ယောက်တည်းဆို ကြောက်တတ်၊ သိမ်ငယ်တတ်တဲ့ ကလေးလေးမို့ စိတ်မချဘူး" ဆိုတဲ့ ဖေဖေ့ရဲ့ စိုးရိမ်စိတ်တွေကို ခရီးစဥ်ကြာမြင့်ချိန်အနည်းဆုံးဖြစ်တဲ့ Air Cargo Option ဖြင့် Chacca's ကနေ စနစ်တကျစီစဥ်ပေးခဲ့ပါတယ်
ဖေဖေက သမီးလေးနဲ့အတူ Flight တစ်ခုတည်းမှာ အတူတူ လိုက်ပါချင်တာကြောင့် Chacca’s ကနေ One-Stop Service အနေနဲ့ ခရီးစဉ်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေအပြင် owner တွေရဲ့ Flight Ticket ကိုပါ တစ်ပါတည်း အဆင်ပြေအောင် စီစဉ်ပေးခဲ့ပါတယ် 🎟️🐕
အခုတော့ ဘန်ကောက်မှာ ဖေဖေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ရောက်ရှိသွားပြီမို့ Yuko လေးရေ အမြဲတမ်း ပျော်ရွှင်ပြီး အပြုံးတွေ ဝေဆာပါစေကြောင်း Chacca’s Team မှ ဆုတောင်းပေးလိုက်ပါတယ်နော် ❤️
မိမိတို့ရဲ့ ချစ်စနိုး အိမ်မွေးတိရစ္ဆာန်လေးတွေကို ပြည်ပသို့ ရွှေ့ပြောင်းဖို့ စဉ်းစားနေတယ်ဆိုရင် စိတ်ချရတဲ့ Pet Relocation by Chacca's ကို အခုပဲ ဆက်သွယ်လိုက်ပါ 📲
☎ Myanmar Hotline - +959 782 979 926
☎ Bangkok Hotline - +66 65 020 1200
📲 24 hrs Viber - +959 782 979 926
✅ WhatsApp - +959 750 391 297
📧 Email - [email protected]
Website - https://chaccapetrelocation.com