Yangon Pet Relocation Services

Yangon Pet Relocation Services သားသားမီးမီးတို့နဲ့ အတူနံနံခြားကိုဒိုးကြစို့

Pet Relocation Service မှတ်တမ်း ( 141 )Vietnam, Ho Chi Minh City to Yangon 🗓️ Oct 04, 2025အချစ်တော်လေး Tom ရဲ့ အပြန်ခရီး...
11/10/2025

Pet Relocation Service မှတ်တမ်း ( 141 )

Vietnam, Ho Chi Minh City to Yangon

🗓️ Oct 04, 2025

အချစ်တော်လေး Tom ရဲ့ အပြန်ခရီးအတွက်လဲ YPRS ကဘဲ စီစဥ်ပေးဖြစ်ခဲ့ပါတယ်ရှင်

https://www.facebook.com/100083414345655/posts/769013145889157/

🐾 တိချစ်သူတွေအတွက် ဒွိဟဖြစ်စေတဲ့ ကာကွယ်ဆေးအကြောင်းလေး Knowledge Sharing လုပ်ပေးပါရစေ 💉🐶🐱 ခွေးလေးတွေ ကြောင်လေးတွေမှာ ကာကွ...
10/10/2025

🐾 တိချစ်သူတွေအတွက် ဒွိဟဖြစ်စေတဲ့ ကာကွယ်ဆေးအကြောင်းလေး Knowledge Sharing လုပ်ပေးပါရစေ 💉

🐶🐱 ခွေးလေးတွေ ကြောင်လေးတွေမှာ ကာကွယ်ဆေးထိုးဖို့ လိုလား❓
👉 "Must" လိုပါတယ်။

ကလေးတွေ အိမ်ထဲမှာပဲနေတဲ့ကလေးတွေရော❓
✅ လိုအပ်ပါတယ်။
အိမ်ထဲမှာပဲနေရတဲ့ ကလေးတွေဟာ ပြင်ပသဘာဝကပေးတဲ့ ခုခံအားစနစ်တွေကို အလုံအလောက်မရရှိတာဖြစ်လို့ ပိုတောင်လိုအပ်ပါတယ်။
💪 ကာကွယ်ဆေးထိုးထားမှသာ ဆေးကနေ ကိုယ်ခံအားစနစ်ကိုထောက်ပံ့ပေးတဲ့ immune တက်စေမှာ ဖြစ်ပါတယ်။

💉 ကာကွယ်ဆေးထိုးတာက ဟုတ်ပါပြီ။
ဒါပေမယ့် ဘာတွေထိုးရမလဲ❓ ဘယ်တော့ကြာရင် စထိုးရမလဲ❓ ကာကွယ်ဆေးက ဘာရောဂါတွေ ကာကွယ်ပေးနိုင်လဲ❓

🐶 5 in 1 Vaccine (ခွေးများအတွက်)
အရှည်ကောက် – DHPPi/L သို့မဟုတ် DAPPi/L ဟုလည်း ခေါ်သည်။

ကာကွယ်ပေးသည့် ရောဂါများ (၅ မျိုး):
1. D - Canine Distemper
2. H - Hepatitis (Canine Adenovirus Type 1)
3. P - Parvovirus
4. Pi - Parainfluenza
5. L - Leptospirosis

⚠️ အရေးကြီးပုံ
· ဤရောဂါများသည် အလွန်ကူးစက်မြန်ပြီး tay ဆုံးမှုနှုန်းမြင့်မားပါသည်။
· အထူးသဖြင့် Parvovirus နှင့် Distemper သည် ကုသရခက်ပြီး ချက်ချင်း tay ဆုံး တတ်သည်။
· Leptospirosis သည် လူကိုပါ ကူးစက်နိုင်သော Zoonotic ရောဂါ ဖြစ်သည်။
✅ ကာကွယ်ဆေးထိုးထားခြင်းဖြင့် Pet လေးအသက်အတွက်သာမက မိသားစုဝင်များကိုပါ ကာကွယ်ရာရောက်ပါသည်။

🚫 မထိုးပါက ဖြစ်လာနိုင်သော ဆိုးကျိုးများ:
· Parvovirus 👉 အန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ရေဓာတ်ဆုံးရှုံးကာ ၂၄ နာရီအတွင်း tay ဆုံးနိုင်သည်။
· Distemper 👉 အတက်ရောဂါ၊ အာရုံကြောပြဿနာများ၊ tay ဆုံးခြင်း သို့မဟုတ် တစ်သက်တာ နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ခံစားရနိုင်သည်။

🐱 4 in 1 Vaccine (ကြောင်များအတွက်)
အရှည်ကောက် – FVRCP ဟု ခေါ်သည်။

ကာကွယ်ပေးသည့် ရောဂါများ (၄ မျိုး):
1. FVR - Feline Viral Rhinotracheitis (Herpesvirus)
2. C - Calicivirus
3. P - Panleukopenia (Feline Distemper)

⚠️ အရေးကြီးပုံ
· ဤရောဂါ (၃) မျိုးစလုံးသည် ကြောင်များတွင် အဖြစ်များပြီး အသက်အန္တရာယ်ရှိသည်။
· Panleukopenia သည် ခွေး Parvovirus ကဲ့သို့ပင် tay ဆုံးနှုန်းအလွန်မြင့်မားသည်။
· Rhinotracheitis နှင့် Calicivirus သည် အသက်ရှူလမ်းကြောင်း ပြဿနာများ၊ နာတာရှည် နှာစေးချောင်းဆိုးများကို ဖြစ်စေသည်။

🚫 မထိုးပါက ဖြစ်လာနိုင်သော ဆိုးကျိုးများ
· Panleukopenia (သွေးနီဥအားနည်းခြင်းရောဂါ) ကြောင့် အလွန်အမင်းအန်ခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်ခံအားကျဆင်းပြီး tay ဆုံးနိုင်သည်။
· နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများခံစားရပြီး ကုသစရိတ်ကြီးမြင့်နိုင်သည်။

🐾 Rabies Vaccine (ခွေး၊ ကြောင် နှစ်မျိုးလုံးအတွက်)
အရှည်ကောက် - ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး

ကာကွယ်ပေးသည့် ရောဂါ
· Rabies (ခွေးရူးပြန်ရောဂါ)

⚠️ အရေးကြီးပုံ
Rabies သည် လူနှင့် တိရစ္ဆာန်အတွက် ကုသ၍မရသော ကူးစက်ရောဂါ ဖြစ်ပါသည်။
မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုတွင် ခွေးနှင့် ကြောင်များအား Rabies Vaccine ထိုးရန် ဥပဒေအရ သတ်မှတ်ထားသည်။

🚫 မထိုးပါက ဖြစ်လာနိုင်သော ဆိုးကျိုးများ
ကြောင်/ခွေးမှတစ်ဆင့် လူသို့ ရောဂါကူးစက်နိုင်ပြီး အသက်အန္တရာယ်ရှိပါသည်။

📅 ကာကွယ်ဆေးထိုးအချိန်ဇယား:
▪️ ပထမအကြိမ် 👉 အသက် ၆-၈ ပတ် တွင် စတင်ထိုးရမည်။
▪️ ဆက်တိုက်ထိုးခြင်း 👉 ပထမအကြိမ်ထိုးပြီးနောက် ၂-၄ ပတ်တစ်ကြိမ် အသက် ၁၆ ပတ်အထိ ဆက်ထိုးရမည်။
▪️ နှစ်စဉ်ပြန်လည်ထိုးခြင်း 👉 တစ်နှစ်တစ်ကြိမ် (သို့) ဆရာဝန်ညွှန်ကြားချက်အတိုင်း ထိုးသင့်ပါသည်။

🎯 နောက်ဆုံးအနေဖြင့် နိဂုံးချုပ်ရသော် ခွေးလေးတွေ ကြောင်လေးတွေကို ကျွန်တော်တို့အားလုံးက မိမိတို့မိသားစုသဖွယ်မွေးကြတာဖြစ်တဲ့အတွက် မိမိတို့ မိသားစုဝင်ဖြစ်တဲ့ ခွေးကြောင်လေးတွေကို လိုအပ်တဲ့အချိန်မှာ ကာကွယ်ဆေးထိုးပေးခြင်းဟာ သူတို့ကိုကျန်းမာရေးဂရုစိုက်ပေးတာလဲဖြစ် သူတို့ကိုတန်ဖိုးထားရာလဲရောက်ပါတယ် ၊ အဲ့အတွက် ခွေးလေးတွေကြောင်လေးတွေကို ကာကွယ်ဆေးမှန်မှန်ထိုးပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်နော် ‼️

တိလေးတွေရဲ့ ချစ်စရာကောင်းတဲ့ပုံလေးတွေ လမ်းခရီးကပုံလေးတွေ၊ Video လေးတွေတင်မှာမို့လို့ TikTok အကောင့်လေးကို follow လေး လုပ်ထားပေးပါဦးရှင့် 🥰

အကောင့် Link လေးပါ - https://www.tiktok.com/?_t=ZS-8zkejKtRiSu&_r=1

Yangon Pet Relocation Services
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]

10/10/2025

Pet Relocation Service မှတ်တမ်း ( 140 )
Bangkok to Yangon Pet In Cabin
Chihuahua ဝက်လုံးလေး CoCo ရဲ့ ပြည်တော်ပြန်ခရီးစဥ်
🗓️ October 09, 2025

ကလေးလေးက ဝတုတ်လေးကိုမှ သခင်ပေါ်အရမ်းသိတတ်ပြီး စွာတူးလေး 😍 သဘောလဲကောင်းပြီး ဥာဏ််ရည်မြင့်တယ် ✨ သူ့ကို ကောင်းတာလုပ်ပေးတဲ့သူကိုသိတတ်တယ် 🥰

သူနဲ့တရက်တာလောက်ပဲ အတူအိပ်ခဲ့ရပေမဲ့ သူ့ကျေးဇူးကြောင့် မင်မင်တောင် ခါးပိုက်နှိုက်ရန်ကလွတ်ခဲ့တာ (သူ့ကိုချီထားတဲ့ မင်မင့်ကိုယ်ပေါ်ကနေ နောက်က လှမ်းနှိုက်တဲ့သူကို လှမ်းဟပ်တာ) 😁

Bkk နဲ့ ချင်းမိုင် (အရေးပေါ်အခြေအနေတွေကြောင့် ပြောင်းခဲ့ရပေမဲ့) နောက်ဆုံးတော့ ချောချောမောမောပြည်တော်ပြန်ခဲ့ရပါပြီရှင့် 🥳

တိလေးတွေရဲ့ ချစ်စရာကောင်းတဲ့ပုံလေးတွေ လမ်းခရီးကပုံလေးတွေ၊ Video လေးတွေတင်မှာမို့လို့ Video လေးတွေကြည့်ပြီး follow လေး လုပ်ထားပေးပါဦးရှင့် 🥰

အကောင့် Link လေးပါ - https://www.tiktok.com/?_t=ZS-8zkejKtRiSu&_r=1

🙋‍♂ Pet In Cabin, On Boarding, Air Cargo, Export/Import Permit နဲ့ Air ticket အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 💵 Payment ကိုလဲ တဆင့်ချင်းစီ တွက်ပီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူ မခွဲမခွာခေါ်သွားနိုင်စေလို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 💁‍♀

Yangon Pet Relocation Services
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]

Pet Relocation Service မှတ်တမ်း (139)Yangon to Bangkok (Land Transport)🗓️ September 25, 2025ဒီတခါမှာတော့ YPRS အနေနဲ့ အသက...
26/09/2025

Pet Relocation Service မှတ်တမ်း (139)
Yangon to Bangkok (Land Transport)
🗓️ September 25, 2025

ဒီတခါမှာတော့ YPRS အနေနဲ့ အသက် ၁၁ နှစ်ရှိပြီဖြစ်တဲ့ 33kg ဖက်တီးလေး Maggie ( Thai Breed Bang Kaew) လေးကို ရန်ကုန်ကနေ ဘန်ကောက်ကို ၂၄ နာရီအတွင်း သူ့အိမ် အရောက် ကုန်းလမ်းနဲ့ပို့ပေးခဲ့ပါတယ် 🥰

အသက် ၁၁ နှစ်ဆိုတာ တော်တော်လေးအသက်ကြီးတဲ့အထဲပါတဲ့အတွက် လမ်းခရီးမှာ Maggie လေးကို သေချာဂရုစိုက်ပေးရပါတယ် 😍 Maggie လေးကတစ်ခုထူးခြားတာက ကိတ်မုန့်အရမ်းကြိုက်တာပါ၊ ဒါပေမဲ့လည်း စိတ်ကြီးတာကြောင့်ခြင်းကိုလုံးဝအကိုင်မခံလို့ ကိတ်မုန့်လေးကျွေးပြီး ရေခွက်ထည့်ရပါတယ် 😁

ရန်ကုန်မှာကတည်းက သူ့သခင်အစ်ကိုက သေချာတင်ပေးလိုက်ပြီး လေယာဥ်နဲ့သွားကာ ဘန်ကောက်မှာလဲသူ့ဆီဘဲ အပ်ခဲ့ရတာဖြစ်ပါတယ် 🥰 သခင်မရှိတော့ မျက်နှာလေးငယ်ပြီး လုပ်ပြနေတဲ့ရုပ်လေး သနားစရာပါ 😂

ပိုင်ရှင် အကိုရဲ့ မှတ်တမ်းလေးပါ 👇👇
https://m.facebook.com/story.php?story_fbid=10172713225605357&id=806240356

🙋‍♂ Pet In Cabin, On Boarding, Air Cargo, Export/Import Permit နဲ့ Air ticket အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 💵 Payment ကိုလဲ တဆင့်ချင်းစီ တွက်ပီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူ မခွဲမခွာခေါ်သွားနိုင်စေလို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 💁‍♀

Yangon Pet Relocation Services
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]

📌 Knowledge sharing အနေနဲ့ Bangkok Animal Quarantine Station  အကြောင်းကို ပြောပြပေးပါမယ်။မင်မင်တို့ Bangkok ကနေ Myanmar ...
23/09/2025

📌 Knowledge sharing အနေနဲ့ Bangkok Animal Quarantine Station အကြောင်းကို ပြောပြပေးပါမယ်။

မင်မင်တို့ Bangkok ကနေ Myanmar နိုင်ငံကိုပဲဖြစ်ဖြစ် တခြားနိုင်ငံတစ်ခုခုကို ✈ relocation လုပ်ချင်တာပဲဖြစ်ဖြစ် Bangkok ကနေ ထွက်တဲ့အခါမှာ Export Permit ကို Bangkok AQS ကနေ လုပ်ရပါတယ် ။ အထွက် Permit နဲ့ ပတ်သက်ပြီးတော့ လူတွေမှားနေတဲ့ ကိစ္စလေးတွေပြောပြပါမယ်။

1. အထွက် Permit (Export Permit)လုပ်ရင် တိလေးတွေ 🐶🐱 လိုက်ဖို့လိုလား?
ဖြေ - "Must" လိုကိုလိုပါတယ်။
ကလေးဒီနိုင်ငံကထွက်တဲ့အခါမှာလဲ Thailand 🇹🇭 ရဲ့ Goverment Instruction အောက်က Custom Clearance Organization တစ်ခုဖြစ်တဲ့ AQS ကနေ
ဒီကလေး ကျန်းမာရေးကောင်း/မကောင်း 🩺
Microchip ထည့်ထား/မထည့်ထား 🔍
အသက်မှန်/မမှန် 🎂
Rabies ကာကွယ်ဆေး ထိုးထား/မထိုးထား 💉
အမလေးတွေဆို ကိုယ်ဝန်ရှိ/မရှိ 🤰
အကုန်လုံးကို စစ်ဆေးဖို့အတွက် AQS ကို လာရပါတယ် ၊ ကလေးကို ပြပြီး ကျန်းမာရေး စစ်ဆေးပါတယ် 🧑‍⚕️။ စစ်ဆေးပြီးတော့မှ Permit ထုတ်ပေးတာပါ ။

👉 အကယ်၍ အထွက် Permit မလုပ်ဘဲ လေဆိပ်ကနေ ထွက်မယ်ဆိုရင် -
1. Fines 💸 - ငွေဒဏ်ကျခံရနိုင်ပါတယ် (Baht 20000-200000)
2. Imprisonment ⛓ - ထောင်ဒဏ်ကျနိုင်ပါတယ် ( at most to 2 years)
3. Confiscation of Animal 🐕❌ - မိမိကလေးကို သိမ်းဆည်းခံရနိုင်ပါတယ်။
4. Travel Restriction 🛂 - ကိုယ့် Passport ကို Blacklist ထည့်နိုင်ပါတယ်။

⚠️ Local Thai တွေတောင် မရတာ ဘယ် foreigners မှ လုံးဝ(လုံးဝ) မရပါဘူး။ ဥပဒေနဲ့ ညိနေတဲ့ကိစ္စမို့လို့ လုံးဝမလုပ်စေချင်ပါဘူး။

👉 ချွင်းချက်တစ်ခု ရှိပါတယ်။
ကိုယ်က ကလေးနဲ့တူတူ ၁ - ၇ ရက်အတွင်း ထိုင်းကနေ ပြန်ထွက်မယ်ဆိုရင် Bangkok လေဆိပ်ကို ✈ ရောက်ကတည်းက အဝင် Permit လုပ်တဲ့နေရာမှာ "ငါက နောက် ၇ ရက်နေရင် Bangkok ကနေပြန်မှာ ၊ တခါတည်း အထွက် Permit ပါလုပ်ပေး" လို့ ပြောခဲ့ရင် အပြန် လက်မှတ် ပြပြီး သူတို့ကို လုပ်ခိုင်းရင် တခါတည်း သူတို့လုပ်ပေးပါတယ် ။

အဲကျရင် နောက် ၇ ရက်နေလို့ ကိုယ်က တကူးတကသွားစရာမလိုတော့ဘဲ တန်းပြီးထွက်ရုံပါပဲ ။
၇ ရက်နေပြီးမှ မပြန်ဖြစ်ရင်တော့ ပြန်ဖို့လုပ်တဲ့အခါ AQS ရုံးကို သွားပြီး Permit ကို ပြန် extend လုပ်ရပါတယ်။

❗အဲဒါက Special Chance လဲ မဟုတ်သလို ဘယ်သူတစ်ဦးတစ်ယောက် Organization တစ်စုတစ်ဖွဲ့ကိုမှ Chance ပေးထားတာမဟုတ်ဘဲ ကိုယ်တိုင်လုပ်နိုင်တဲ့အရာတစ်ခုလဲ ဖြစ်ပါတယ်။

2. ကိုယ်က သွားမယ့်ရက်ကျလို့ မသွားဖြစ်ရင် ဘာတွေဖြစ်နိုင်လဲ❓ သွားမယ့်ရက်ကျလို့ ကိုယ်မသွားဖြစ်လို့ တခြားတစ်ယောက်ကို ပြောင်းလို့ရလား❓

ဖြေ - အားလုံးရပါတယ်။
တစ်ခုပဲ အရမ်းအချိန်ကပ်နေလို့ မရပါဘူး။

လုပ်ထားတဲ့စာရွက်စာတန်းအားလုံးကို သွားမယ့်သူနာမည် ပြန်ချိန်းရပါတယ်။
AQS ရုံးကို Inform လုပ်ရပါတယ်။
စာရွက်အားလုံး ပြန်ပြင်ရပါတယ်။
အဲ့အတွက် ရုံးကိုပေးရတဲ့ fees တွေရှိပါတယ်။

3. Microchip မထည့်ထားရင် ရလား❓
ဖြေ - လုံးဝ(လုံးဝ) မရပါ။ 🚫

📌 စာလဲ အရှည်ကြီးဖြစ်မှာမို့ ဒီလောက်နဲ့ပဲ အဆုံးသတ်ထားပါတယ်။
Facebook မှာတော်တော်များများ လူစိတ်ဝင်စားခံရရုံ Reach 📈 ရရုံသက်သက် နည်းလမ်းအမှားတွေကို တင်နေတာတွေတွေ့ပြီး မင်မင်တို့ customer တွေ အယုံမမှားကြဖို့ ရေးသားရခြင်းဖြစ်ပါတယ်။ ✍️

မင်မင်တို့က လူကြီးမင်းတို့ရဲ့ ကလေးတွေ ကို Relocation လုပ်လို့ရအောင် နည်းမှန်လမ်းမှန် ဈေးသက်သက်သာသာနဲ့ ဆောင်ရွက်ပေးနေပါတယ်။ 🐕🐈

🙋‍♂ Pet In Cabin, On Boarding, Air Cargo, Export/Import Permit နဲ့ Air ticket ✈ အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ်။
💵 Payment ကိုလဲ တဆင့်ချင်းစီ တွက်ပီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊
🐾 ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူ မခွဲမခွာခေါ်သွားနိုင်စေလို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 💁‍♀️

📞 Yangon Pet Relocation Services
Hotline : +959 968 871 411
📱 Viber: +959958023404
💬 Line: +66 626 253 860
📧 Email : [email protected]

🐾

ယောက်ခမအိမ်က ပြန်လာပြီး အိပ်မောကျနေတဲ့ သားငယ်ကြီး 😂ဘေးကပ်ရက်ခြံက ကြက်တွေမွေးထားတယ် . ကြက်ပေါက်လေးတွေလဲ များကြီးပေါ့ . မြ...
18/09/2025

ယောက်ခမအိမ်က ပြန်လာပြီး အိပ်မောကျနေတဲ့ သားငယ်ကြီး 😂

ဘေးကပ်ရက်ခြံက ကြက်တွေမွေးထားတယ် . ကြက်ပေါက်လေးတွေလဲ များကြီးပေါ့ . မြောင်တေအားလုံးထဲမှာမှ သားငယ်ကြီး တကောင်ဟာ နေ့တိုင်းအဲ့ခြံသွားပီး ကြက်ခြင်းထဲမှာအိပ်တယ်. သူ့ ဖက်တီးပုပ် ကိုယ်လုံးကြီးနဲ့ ကြ က်လဲမဖမ်းနိုင်ပါဘူး . ဒါပေမဲ့ အဲ့အိမ်က ဘာတွေ ကျွေးမွေးထားတယ်မသိ . ညနေစောင်းလို့ သားငယ်ရေ ပြန်လာတော့လို့လိုက်မခေါ်ရင် ညပါအဲ့အိမ်မှာ အိပ်တယ် .

ယောက်ခမ ခြံဆိုလို့ အထင်လဲ မကြီးနဲ့အုံး. သားငယ်ကြီးက ဥ မဲ့ အထီးကြီး 😂😂

Pet Relocation Service မှတ်တမ်း ( 138 )Yangon to Chiang Mai Land Transport 🗓️ September 12, 2025ဒီတခါလဲ YPRS က မောင်ကွတ်...
17/09/2025

Pet Relocation Service မှတ်တမ်း ( 138 )
Yangon to Chiang Mai Land Transport
🗓️ September 12, 2025

ဒီတခါလဲ YPRS က မောင်ကွတ် နဲ့ ကဲကဲ ကြောင်လေး ၂ ကောင်ကို ရန်ကုန်ကနေ ချင်းမိုင် အိမ်အရောက်ကို ၂၄ နာရီအတွင်းအရောက် ထပ်ပို့ပေးနိုင်ခဲ့ပါတယ် 🥳

မောင်ကွတ်လေးက ဖော်ရွေတယ် ၊ သားရေလို့ခေါ်ရင် မြောင်လို့အမြဲထူးတယ် ၊ အေးလဲ အေးဆေးပဲ ၊ တစ်ခုပဲ ရှူးပေါက်ရင်တော့ ဘာတွေပြောလို့ပြောနေမှန်းမသိ စကားတွေပြောရင်းရှူးပေါက်တတ်တယ် 🥰

ကဲကဲလေးကတော့ ကြောက်တတ်တယ် ၊ စွာတယ် ၊ အမြဲတမ်း ပတ်ဝန်းကျင်ကို အကဲခတ်နေတတ်တယ် ၊ လှမ်းပြီးလဲ ကုတ်တတ်သေးတယ် 😍

ကုန်းလမ်းခရီးကို ၂၄ နာရီကနေ ၄၈ နာရီအတွင်းရောက်စေချင်ရင် မင်မင်တို့ကို Hello လုပ်လိုက်ပါနော် ၊ မင်မင်တို့ YPRS က ကုန်းလမ်းဘယ်လောက်မြန်လဲဆိုရင် ပိုင်ရှင်တွေဆီက မနက် ၁၂ နာရီလောက် ဘန်ကောက်မှာသွားခေါ်ပြီး ပိုင်ရှင်တွေတောင် ရန်ကုန်လေဆိပ် Immigration ဖြတ်နေတုန်း နေ့မကူးဘဲ ညနေ ၄ နာရီမှာ ရန်ကုန်အိမ်အရောက်ပို့ပေးခဲ့တဲ့ ကလေးလေးတွေရှိပါတယ်နော် 💯

စကားမစပ် မင်မင်တို့ Tiktok account လေးဖွင့်ထားပါတယ် ၊ တိလေးတွေရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ လမ်းခရီးက ပုံလေးတွေ Video လေးတွေတင်မှာမို့လို့ Video လေးတွေကြည့်ပြီး follow လေး လုပ်ထားပေးပါဦးရှင့် 🥰

အကောင့် Link လေးပါ - https://www.tiktok.com/?_t=ZS-8zkejKtRiSu&_r=1

🙋‍♂ Pet In Cabin, On Boarding, Air Cargo, Export/Import Permit နဲ့ Air ticket အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 💵 Payment ကိုလဲ တဆင့်ချင်းစီ တွက်ပီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူ မခွဲမခွာခေါ်သွားနိုင်စေလို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 💁‍♀

Yangon Pet Relocation Services
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]

16/09/2025
Pet Relocation Service မှတ်တမ်း ( 137 )Bangkok to Yangon Land Transport🗓️ September 12, 2025၂၄ နာရီတောင်မပြည့်ဘဲ ရောက်ခဲ...
16/09/2025

Pet Relocation Service မှတ်တမ်း ( 137 )
Bangkok to Yangon Land Transport
🗓️ September 12, 2025

၂၄ နာရီတောင်မပြည့်ဘဲ ရောက်ခဲ့တဲ့ Bao Bao လေး 🥰

ဒီတခါလဲ Bangkok ကနေ Yangon ကို ၂၄ နာရီတောင်မကြာဘဲ အမြန်ဆုံးနည်းနဲ့ ပန်ကန်းလုံးစီးပြီး Bao Bao လေးကို အိမ်ပြန်ပို့ပေးခဲ့ပါတယ် 🥰

Bao Bao လေးက ဝဝကစ်ကစ်လုံးလုံး ချစ်စရာလေး သူကအေးတယ် ကြောက်တတ်တယ် မျက်လုံးပြူးပြူးနဲ့ အနက်ရောင် မင်းသားလေးတစ်ပါးပါ 😍 ညောင်လဲမအော် အသံလဲမထွက်လို့ သူ့အိတ်လေး ခနခနဖွင့်ကြည့်ရတာ အမှတ်တရပေါ့ 😂

ကုန်းလမ်းခရီးကို ၂၄ နာရီကနေ ၄၈ နာရီအတွင်းရောက်စေချင်ရင် မင်မင်တို့ကို Hello လုပ်လိုက်ပါနော် ၊ မင်မင်တို့ YPRS က ကုန်းလမ်းဘယ်လောက်မြန်လဲဆိုရင် ပိုင်ရှင်တွေဆီက မနက် ၁၂ နာရီလောက် ဘန်ကောက်မှာသွားခေါ်ပြီး ပိုင်ရှင်တွေတောင် ရန်ကုန်လေဆိပ် Immigration ဖြတ်နေတုန်း နေ့မကူးဘဲ ညနေ ၄ နာရီမှာ ရန်ကုန်အိမ်အရောက်ပို့ပေးခဲ့တဲ့ ကလေးလေးတွေရှိပါတယ်နော် 🥳❤️

စကားမစပ် မင်မင်တို့ Tiktok account လေးဖွင့်ထားပါတယ် ၊ တိလေးတွေရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ လမ်းခရီးက ပုံလေးတွေ Video လေးတွေတင်မှာမို့လို့ Video လေးတွေကြည့်ပြီး follow လေး လုပ်ထားပေးပါဦးရှင့် 🥰

အကောင့် Link လေးပါ - https://www.tiktok.com/?_t=ZS-8zkejKtRiSu&_r=1

🙋‍♂ Pet In Cabin, On Boarding, Air Cargo, Export/Import Permit နဲ့ Air ticket အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 💵 Payment ကိုလဲ တဆင့်ချင်းစီ တွက်ပီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူ မခွဲမခွာခေါ်သွားနိုင်စေလို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 💁‍♀

Yangon Pet Relocation Services
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]

Pet Relocation Service မှတ်တမ်း ( 136 )Bangkok to Yangon ( On Board with Owner)🗓️ September 07, 2025ဝဝလုံးလုံး ချစ်စရာ B...
10/09/2025

Pet Relocation Service မှတ်တမ်း ( 136 )
Bangkok to Yangon ( On Board with Owner)
🗓️ September 07, 2025

ဝဝလုံးလုံး ချစ်စရာ BSH ကြီး Carrot ကို သူ့သခင် မမနဲ့အတူ ဘန်ကောက်ကနေရန်ကုန်ကို လေယာဥ်နဲ့ပြန်ဖို့အတွက် စီစဥ်ပေးဖြစ်ခဲ့ပါတယ် 🥰

ကလေးလေးက ဆေးရုံလဲပြနေရတာမို့ ရက်ညှိပီး သေချာလေးစီစဥ်ပေးဖြစ်ခဲ့ပါတယ် 😍

🙋‍♂ Pet In Cabin, On Boarding, Air Cargo, Export/Import Permit နဲ့ Air ticket အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 💵 Payment ကိုလဲ တဆင့်ချင်းစီ တွက်ပီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူ မခွဲမခွာခေါ်သွားနိုင်စေလို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 💁‍♀

Yangon Pet Relocation Services
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]

Pet Relocation Service မှတ်တမ်း ( 135 )Bangkok - Yangon Pet in Cabin with Owner 🗓️ August 23, 2025ရှားပါးမျိုးစိတ်ခွေးလေ...
07/09/2025

Pet Relocation Service မှတ်တမ်း ( 135 )
Bangkok - Yangon Pet in Cabin with Owner
🗓️ August 23, 2025

ရှားပါးမျိုးစိတ်ခွေးလေး Mocha ကို သူ့သခင်က Bangkok ကနေ Yangon ကို လေယာဥ်ခုံပေါ်မှာ သူနဲ့အတူတူ ခေါ်သွားခဲ့တာပါရှင့် 🥰

လိုအပ်တဲ့ စာရွက်စာတမ်းတွေ စီစဥ်ပေးခဲ့ပြီး လေဆိပ်ထိ Check in ပါလိုက်ဝင်ပေးခဲ့ပါတယ် ✨ ကလေးလေးက ရှားပါးပြီး မမြင်ဖူးသေးတဲ့မျိုးစိတ်မို့ Bkk လေဆိပ်မှာ လူအများစိတ်ဝင်တစား အာရုံစိုက်ခံခဲ့ရတာ အမှတ်တရပါဘဲရှင် 😍

🙋‍♂ Pet In Cabin, On Boarding, Air Cargo, Export/Import Permit နဲ့ Air ticket အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 💵 Payment ကိုလဲ တဆင့်ချင်းစီ တွက်ပီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူ မခွဲမခွာခေါ်သွားနိုင်စေလို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 💁‍♀

Yangon Pet Relocation Services
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]

Pet Relocation Service မှတ်တမ်း ( 134 )Becky နဲ့ ကဲကဲလေးတို့ရဲ့ Yangon - Bangkok ကုန်းလမ်းခရီးစဥ် 🗓️ August 29, 2025ရန်က...
07/09/2025

Pet Relocation Service မှတ်တမ်း ( 134 )
Becky နဲ့ ကဲကဲလေးတို့ရဲ့ Yangon - Bangkok ကုန်းလမ်းခရီးစဥ်
🗓️ August 29, 2025

ရန်ကုန်ကနေ မနက်အစောကြီး ထွက်မှာမို့ ခလေးတွေကို ရုံးခန်းမှာ ညထဲကခေါ်ထားဖြစ်ပါတယ် 🥰 Becky လေးက ထီမထင်တဲ့ရုပ်နဲ့ ခပ်ချေချေ မြောင်ချောလေးပါ 😍 ကဲကဲလေး ကတော့ မြောင်ဝါကျား လေးပါ ❤️ ပါးစောင်မှာ အကြိတ်လေးလဲ ရှိနေပြီး ဘန်ကောက်မှာဆေးကုဖို့စီစဥ်ထားတဲ့ ကလေးလေးပါရှင့် ✨ ၂ ယောက်လုံး အစာခြောက်သိပ်မစားတာမို့ ညထဲက အစာစိုနဲ့ကြ က်ပေါင်းရည်လေး ဘဲသေချာတိုက်ဖြစ်ပါတယ် 😍

ကဲကဲလေးကတော့ အနေအေးသလောက် Becky လေးက အချေစိန်အစွာလေးပါ 🥰 ကြောက်လဲ ကြောက်တတ်ပါတယ် သူ့ခြင်းလေးကို ဘယ်သူမှကိုင်တာမကြိုက်ပါဘူး ၊ ကိုင်ရင် မာန်ဖီတယ် ၊ လှမ်းလဲ ကုတ်ပါသေးတယ် ၊ ချစ်စရာကြီးပါရှင် ❤️

ရန်ကုန် - ဘန်ကောက်ကို 24 နာရီအတွင်း ရောက်ခဲ့တဲ့ ကလေးတွေ ဖြစ်ပါတယ်ရှင် 😍

🙋‍♂ Pet In Cabin, On Boarding, Air Cargo, Export/Import Permit နဲ့ Air ticket အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 💵 Payment ကိုလဲ တဆင့်ချင်းစီ တွက်ပီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူ မခွဲမခွာခေါ်သွားနိုင်စေလို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 💁‍♀

Yangon Pet Relocation Services
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]

Address

130, 33rd Street Middle, Kyauktada Township
Yangon
11182

Telephone

+959968871411

Website

Alerts

Be the first to know and let us send you an email when Yangon Pet Relocation Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Pet Relocation Services:

Share

Category