Yangon Pet Relocation Services

Yangon Pet Relocation Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yangon Pet Relocation Services, Pet service, 130, 33rd Street Middle, Kyauktada Township, Yangon.

မိသားစုဝင် Pet လေးတွေကို ပြည်တွင်း ပြည်ပ ခရီးတွေ အတူခေါ်သွားနိုင်စေဘို့ YPRS ရှိတယ်နော် 😍
Land Transport ထဲမှာ ရန်ကုန် - Thailand Door to Door Service ကို 24 Hour အတွင်း အရောက်ပို့ပေးတာ YPRS ပဲ ရှိတယ်နော် 😍🥰

✈️ ဘန်ကောက်ကနေ မန္တလေးအထိ မေမေနဲ့ဖေဖေနဲ့အတူ လေယာဉ်စီးပြီး ပြန်လာတဲ့ 𝗚𝘂 𝗚𝘂 လေး 🥰📆 5 June 2026𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲 မှတ်တမ်း ...
21/06/2026

✈️ ဘန်ကောက်ကနေ မန္တလေးအထိ မေမေနဲ့ဖေဖေနဲ့အတူ လေယာဉ်စီးပြီး ပြန်လာတဲ့ 𝗚𝘂 𝗚𝘂 လေး 🥰

📆 5 June 2026

𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲 မှတ်တမ်း ( 215 )

​တစ်အိမ်လုံးရဲ့ အသည်းတုံး အချစ်တော် Poodle လေး 𝗚𝘂 𝗚𝘂 ကို ဇွန်လ (၅) ရက်နေ့က 𝗕𝗮𝗻𝗴𝗸𝗼𝗸 မှ 𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 သို့ ပိုင်ရှင်နဲ့အတူ လေယာဥ်ဘေးခုံကနေဘဲ ( 𝗣𝗲𝘁 𝗶𝗻 𝗰𝗮𝗯𝗶𝗻 ) အတူတူ သက်တောင့်သက်သာ လိုက်ပါစီးနင်းနိုင်အောင် စီစဉ်ပေးခဲ့ပါတယ် ခင်ဗျာ။ 🥰

​ဘယ်သွားသွား အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ ခေါ်သွားတတ်ကြတဲ့ မေမေနဲ့ဖေဖေတို့ စိတ်အေးချမ်းသာစွာနဲ့ ခရီးသွားနိုင်ဖို့အတွက် ​ထိုင်းနိုင်ငံဘက်က လိုအပ်တဲ့ ထွက်ခွာခွင့် စာရွက်စာတမ်းတွေရော၊ ​မြန်မာနိုင်ငံအဝင်အတွက် လိုအပ်တဲ့ 𝗜𝗺𝗽𝗼𝗿𝘁 𝗣𝗲𝗿𝗺𝗶𝘁 နဲ့ စာရွက်စာတမ်း အပြည့်အစုံကိုပါ စနစ်တကျ အစအဆုံးတာဝန်ယူစီစဉ်ပေးခဲ့တာမို့ ခရီးစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့ခဲ့ပါတယ် 🤗

​ခရီးစဉ်တစ်လျှောက်လုံးမှာလည်း မေမေနဲ့ဖေဖေရဲ့ ဘေးနားမှာ လိမ္မာစွာနဲ့ သက်တောင့်သက်သာ လိုက်ပါစီးနင်းလာခဲ့ပြီး လေယာဉ်ပြတင်းပေါက်ကနေ အပြင်က ကောင်းကင်ကြီးကို စိတ်ဝင်တစား ငေးမောကြည့်ရှုနေတာကလည်း တကယ့်ကို အသည်းယားစရာလေးပါပဲ 🐶❤️

​လူကြီးမင်းတို့ရဲ့ အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးတွေကို ပြည်ပသို့ ခေါ်ဆောင်သွားချင်တာပဲဖြစ်ဖြစ်၊ ပြန်ခေါ်ချင်တာပဲဖြစ်ဖြစ် စာရွက်စာတမ်း အခက်အခဲမရှိစေဘဲ စိတ်ချလက်ချ ခရီးသွားနိုင်ဖို့ ကျွန်တော်တို့ဆီမှာ အမြဲတမ်း ဆွေးနွေးတိုင်ပင် စီစဉ်နိုင်ပါတယ် ခင်ဗျာ ✨

🙋 𝗟𝗮𝗻𝗱 𝗧𝗿𝗮𝗻𝘀𝗽𝗼𝗿𝘁 , 𝗣𝗲𝘁 𝗜𝗻 𝗖𝗮𝗯𝗶𝗻, 𝗢𝗻 𝗕𝗼𝗮𝗿𝗱𝗶𝗻𝗴, 𝗔𝗶𝗿 𝗖𝗮𝗿𝗴𝗼, 𝗘𝘅𝗽𝗼𝗿𝘁/𝗜𝗺𝗽𝗼𝗿𝘁 𝗣𝗲𝗿𝗺𝗶𝘁 နဲ့ 𝗔𝗶𝗿 𝘁𝗶𝗰𝗸𝗲𝘁 အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 𝗣𝗮𝘆𝗺𝗲𝗻𝘁 ကိုလဲ တဆင့်ချင်းစီတွက်ပြီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူမခွဲမခွာခေါ်သွားနိုင်စေဖို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 😍

𝗬𝗮𝗻𝗴𝗼𝗻 𝗣𝗲𝘁 𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]

ကားပေါ်မှာ ဟောက်ပြီးလိုက်လာတဲ့ မင်းသားကြီး 𝗝𝗝 (ခေါ်) အပု 🐶❤️𝗖𝗵𝗮𝗶𝗻𝗴 𝗠𝗮𝗶 𝘁𝗼 𝗬𝗮𝗻𝗴𝗼𝗻📆 10 June 2026𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲 မှတ်တမ်...
10/06/2026

ကားပေါ်မှာ ဟောက်ပြီးလိုက်လာတဲ့ မင်းသားကြီး 𝗝𝗝 (ခေါ်) အပု 🐶❤️

𝗖𝗵𝗮𝗶𝗻𝗴 𝗠𝗮𝗶 𝘁𝗼 𝗬𝗮𝗻𝗴𝗼𝗻
📆 10 June 2026

𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲 မှတ်တမ်း ( 214 )

ချင်းမိုင်ကနေ ရန်ကုန်အထိ 18 နာရီ ခရီးဝေးကြီးကို အေးအေးဆေးဆေး စားလိုက်၊ အိပ်လိုက် (အကျယ်ကြီး ဟောက်လိုက် 🤣) နဲ့ လိုက်လာပေးတဲ့ 𝗢𝗹𝗱 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝘂𝗹𝗹𝗱𝗼𝗴 မင်းသားကြီး 𝗝𝗝 ခေါ် အပု ကတော့ တကယ့်ကို အေးဆေးပြီး ချစ်ဖို့ကောင်းတဲ့ ဒီနေ့ရဲ့ ဇာတ်လိုက်ကျော်ကြီးပါပဲ 🥰

​🐾 အပုလေးရဲ့ ဇာတ်လမ်းတစ်စေ့တစ်စောင်း

​ခဏနားတဲ့အချိန်မှာတင် အမိမြေ အိမ်ပြန်ရောက်ပြီဆိုပြီး မြေကြီးပေါ် အားရပါးရ လှဲလူးပစ်လိုက်တာ ဖေဖေနဲ့မေမေ ဆင်ပေးလိုက်တဲ့ ဒိုင်နိုဆောအင်္ကျီလေးတောင် ပေတူးသွားတဲ့အထိပါပဲ။ (ဒါပေမဲ့ အပု ပျော်ရင် ပြီးတာပါပဲနော် 😅)

𝗕𝘂𝗹𝗹𝗱𝗼𝗴 မျိုးနွယ်တွေရဲ့ သဘာဝအတိုင်း အပူဒဏ်ကို မခံနိုင်တာမို့ အဲကွန်းကို 19°C အထိ အအေးဆုံးထားပြီး ဂရုတစိုက် ခေါ်လာပေးခဲ့ရတာပါ 😘

​𝗣𝗲𝘁 𝗖𝗮𝗿𝗲 အဖွဲ့သားများရဲ့ စတေးမှု : အပုလေး မြေလူးလို့ ရေဆေးပေးရတာ ရေတွေစို၊ တစ်ဖက်ကလည်း အပုအတွက် အဲကွန်းကို 19°C အထိ အေးစိမ့်နေအောင် ဖွင့်ထားပေးရတော့ မင်မင်တို့ ခိုက်ခိုက်တုန်အောင် ချမ်းခဲ့ရတာပါ 🥶

​💡 𝗕𝘂𝗹𝗹𝗱𝗼𝗴 ပိုင်ရှင်များအတွက် အကြံပြုချက် > 𝗢𝗹𝗱 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝘂𝗹𝗹𝗱𝗼𝗴 တွေဟာ နှာခေါင်းတိုတဲ့ မျိုးနွယ် (𝗕𝗿𝗮𝗰𝗵𝘆𝗰𝗲𝗽𝗵𝗮𝗹𝗶𝗰 𝗯𝗿𝗲𝗲𝗱) ဖြစ်တာမို့ ခရီးဝေးသွားတဲ့အခါ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာမျိုး မဖြစ်အောင် အခုလို အေးအေးချမ်းချမ်း ထားပေးဖို့ တကယ်ကို အရေးကြီးပါတယ်။ 𝗬𝗮𝗻𝗴𝗼𝗻 𝗣𝗲𝘁 𝗠𝗮𝗿𝘁 အဖွဲ့သားတွေက အပုလေးကို စနစ်တကျနဲ့ အန္တရာယ်ကင်းကင်း သူ့မိဘတွေဆီကို ၁၈ နာရီနဲ့ အရောက်ပို့ဆောင်ပေးခဲ့ပါတယ် 🤗

ခရီးပန်းလာတဲ့ အပုလေးတစ်ယောက် အိမ်အသစ်မှာ ဖေဖေ မေမေတို့နဲ့အတူ ပျော်ရွှင်စရာ နေ့ရက်တွေကို ဖြတ်သန်းနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။ ✨

🙋 𝗟𝗮𝗻𝗱 𝗧𝗿𝗮𝗻𝘀𝗽𝗼𝗿𝘁 အပါအဝင် 𝗣𝗲𝘁 𝗜𝗻 𝗖𝗮𝗯𝗶𝗻, 𝗢𝗻 𝗕𝗼𝗮𝗿𝗱𝗶𝗻𝗴, 𝗔𝗶𝗿 𝗖𝗮𝗿𝗴𝗼, 𝗘𝘅𝗽𝗼𝗿𝘁/𝗜𝗺𝗽𝗼𝗿𝘁 𝗣𝗲𝗿𝗺𝗶𝘁 နဲ့ 𝗔𝗶𝗿 𝘁𝗶𝗰𝗸𝗲𝘁 အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 𝗣𝗮𝘆𝗺𝗲𝗻𝘁 ကိုလဲ တဆင့်ချင်းစီတွက်ပြီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူမခွဲမခွာခေါ်သွားနိုင်စေဖို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 😍

𝗬𝗮𝗻𝗴𝗼𝗻 𝗣𝗲𝘁 𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]

ရွှေဝါရောင်ဝကစ်လေး 𝗭𝗵𝗮̄𝗼 𝗖𝗮̀𝗶 ရဲ့ ကမ္ဘောဒီးယား (𝗣𝗼𝗶𝗽𝗲𝘁) မှ မန္တလေးအထိ စွန့်စားခန်းအိမ်ပြန်ခရီးစဉ် ✈️🚗📆 8 June 2026𝗥𝗲𝗹𝗼𝗰𝗮...
09/06/2026

ရွှေဝါရောင်ဝကစ်လေး 𝗭𝗵𝗮̄𝗼 𝗖𝗮̀𝗶 ရဲ့ ကမ္ဘောဒီးယား (𝗣𝗼𝗶𝗽𝗲𝘁) မှ မန္တလေးအထိ စွန့်စားခန်းအိမ်ပြန်ခရီးစဉ် ✈️🚗

📆 8 June 2026

𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲 မှတ်တမ်း ( 213 )

​ချစ်စရာကောင်းလွန်းလို့ မြင်သူတိုင်း အသည်းယားရတဲ့ 𝗚𝗼𝗹𝗱𝗲𝗻 𝗦𝗵𝗮𝗱𝗲 𝗕𝗦𝗛 (𝗕𝗿𝗶𝘁𝗶𝘀𝗵 𝗦𝗵𝗼𝗿𝘁𝗵𝗮𝗶𝗿) ဝတုတ်လေး 𝗭𝗵𝗮̄𝗼 𝗖𝗮̀𝗶 တစ်ယောက် ကမ္ဘောဒီးယားနိုင်ငံကနေ မန္တလေးက မမဆီကို ဘယ်လိုတောင် အရောက်လှမ်းခဲ့ရလဲဆိုတာ...

​📦 အဝေးရောက် ဧည့်သည်လေး

​ပိုင်ရှင်မမက အရေးကြီးကိစ္စတစ်ခုကြောင့် မြန်မာပြည်ကို အရင်ဆုံး အပြေးအလွှား ပြန်လာခဲ့ရတာမို့ အသည်းကျော် 𝗭𝗵𝗮̄𝗼 𝗖𝗮̀𝗶 လေးဟာ ကမ္ဘောဒီးယားနိုင်ငံ၊ 𝗣𝗼𝗶𝗽𝗲𝘁 မြို့က 𝗣𝗲𝘁 𝗛𝗼𝘁𝗲𝗹 လေးတစ်ခုမှာ ခဏလေး ကျန်ခဲ့ရရှာပါတယ်။ ခွဲခွာနေရတဲ့ရက်တွေမှာ ကလေးကို စိတ်မချနိုင်တဲ့ မမအတွက် 𝗬𝗣𝗥𝗦 𝗧𝗲𝗮𝗺 က 𝗡𝗮𝗻𝗻𝘆 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲 နဲ့ လက်တွဲလို့ အိမ်ပြန်ခရီးကို စတင်ပုံဖော်ပေးခဲ့ပါတယ် 🥰

​🚗 ကား ၂ ဆင့်၊ လေယာဉ် ၁ ဆင့်နဲ့ ခရီးရှည်ကြီး

𝗣𝗼𝗶𝗽𝗲𝘁 မြို့မှ ​မန္တလေးအိမ်အထိ ရောက်ဖို့ဆိုတာ မလွယ်ကူတဲ့ ခရီးရှည်ကြီးပါ ✈️

​လိုအပ်တဲ့ စာရွက်စာတမ်း (𝗗𝗼𝗰𝘂𝗺𝗲𝗻𝘁𝘀) အစအဆုံး ပြည့်စုံအောင် မင်မင်တို့က အချိန်ယူပြီး ပြင်ဆင်ခဲ့ရပါတယ် ✨

​𝗣𝗼𝗶𝗽𝗲𝘁 မှသည် 𝗣𝗵𝗻𝗼𝗺 𝗣𝗲𝗻𝗵 ထိ ကလေးလေး ကားစီးလာခဲ့ရပြီး 𝗞𝗧𝗜 𝗔𝗶𝗿𝗽𝗼𝗿𝘁 မှ 𝗬𝗮𝗻𝗴𝗼𝗻 𝗔𝗶𝗿𝗽𝗼𝗿𝘁 သို့ 𝗡𝗮𝗻𝗻𝘆 နဲ့အတူ လေယာဥ် စီးခဲ့ရပါတယ် 😘 𝗬𝗮𝗻𝗴𝗼𝗻 အရောက် 𝗡𝗮𝗻𝗻𝘆 အိမ်မှာ တညနားပြီး နောက်နေ့မနက် သခင်မမရှိရာ မန်းလေးကို ခရီးဆက်ခဲ့ရပြန်ပါတယ် 🤗 ခရီးတွေ အဆင့်ဆင့်ကျော်ဖြတ်ရပေမဲ့ ကလေးလေးက ကြက်ပေါင်းလဲသောက် Protein ထုပ်လဲစားပြီး လိမ်လိမ်မာမာလေး လိုက်ပါလာခဲ့တာပါ 🥰

​လေယာဉ် 𝗕𝗼𝗼𝗸𝗶𝗻𝗴 တွေ အရမ်းကြပ်နေလို့ ထွက်ခွာမယ့်ရက် (𝗗𝗲𝗽𝗮𝗿𝘁𝘂𝗿𝗲 𝗱𝗮𝘁𝗲) တွေ ခဏခဏ အပြောင်းအလဲဖြစ်ခဲ့ပေမယ့် 𝗭𝗵𝗮̄𝗼 𝗖𝗮̀𝗶 ရဲ့ ပိုင်ရှင်မမက စိတ်မပျက်ဘဲ 𝗬𝗣𝗥𝗦 ကို ယုံကြည်မှုအပြည့်နဲ့ စိတ်ရှည်ရှည် စောင့်ဆိုင်းပေးခဲ့လို့ အထူးကျေးဇူးတင်ရပါတယ် 🤗

​🏡 အိမ်သို့ ဘေးကင်းစွာ ရောက်ရှိခြင်း

လမ်းခရီးတစ်လျှောက်လုံးမှာ 𝗡𝗮𝗻𝗻𝘆 ရဲ့ အနီးကပ်ပြုစုမှု၊ အစာကျွေး၊ ရေတိုက် ဂရုစိုက်မှုတွေကြောင့် ရွှေဝါရောင် ဝကစ်လေး 𝗭𝗵𝗮̄𝗼 𝗖𝗮̀𝗶 ဟာ ပင်ပန်းရကောင်းမှန်းမသိဘဲ မန္တလေးက အိမ်အထိ အောင်အောင်မြင်မြင်နဲ့ ဘေးကင်း စိတ်ချစွာ ရောက်ရှိသွားခဲ့ပါပြီ 💖

​🎯 𝗬𝗣𝗥𝗦 𝗧𝗲𝗮𝗺 မှ အထူးကျေးဇူးတင်လွှာ

လမ်းခရီးရက်ရွှေ့ဆိုင်းမှုတွေ ရှိခဲ့ပေမယ့် နားလည်မှုအပြည့်နဲ့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးခဲ့တဲ့ 𝗭𝗵𝗮̄𝗼 𝗖𝗮̀𝗶 ရဲ့ ပိုင်ရှင်မမကို 𝗬𝗣𝗥𝗦 မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ဗျာ။ 𝗭𝗵𝗮̄𝗼 𝗖𝗮̀𝗶 လေးနဲ့အတူ ပျော်ရွှင်စရာ နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းအပ်ပါတယ်ခင်ဗျာ 🤗

🙋 𝗟𝗮𝗻𝗱 𝗧𝗿𝗮𝗻𝘀𝗽𝗼𝗿𝘁 အပါအဝင် 𝗣𝗲𝘁 𝗜𝗻 𝗖𝗮𝗯𝗶𝗻, 𝗢𝗻 𝗕𝗼𝗮𝗿𝗱𝗶𝗻𝗴, 𝗔𝗶𝗿 𝗖𝗮𝗿𝗴𝗼, 𝗘𝘅𝗽𝗼𝗿𝘁/𝗜𝗺𝗽𝗼𝗿𝘁 𝗣𝗲𝗿𝗺𝗶𝘁 နဲ့ 𝗔𝗶𝗿 𝘁𝗶𝗰𝗸𝗲𝘁 အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 𝗣𝗮𝘆𝗺𝗲𝗻𝘁 ကိုလဲ တဆင့်ချင်းစီတွက်ပြီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူမခွဲမခွာခေါ်သွားနိုင်စေဖို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 😍

𝗬𝗮𝗻𝗴𝗼𝗻 𝗣𝗲𝘁 𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]

🐾 ရန်ကုန်ကနေ ဘန်ကောက်အိမ်အရောက် ခရီးသည်ကြီး 𝗕𝗕 ရဲ့ စွန့်စားခန်း 🐾📆 2 June, 2026𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲 မှတ်တမ်း ( 212 )​"နှာတ...
06/06/2026

🐾 ရန်ကုန်ကနေ ဘန်ကောက်အိမ်အရောက် ခရီးသည်ကြီး 𝗕𝗕 ရဲ့ စွန့်စားခန်း 🐾

📆 2 June, 2026

𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲 မှတ်တမ်း ( 212 )

​"နှာတိုတို၊ ကိုယ်လုံးတုတ်တုတ်၊ 𝗦𝗶𝘅 𝗣𝗮𝗰𝗸𝘀 အပြည့်နဲ့ ဝတုတ်ကြီး 𝗕𝗕 တစ်ယောက် ရန်ကုန်ကနေ ဘန်ကောက်က ဖေဖေ့ရင်ခွင်ဆီကို ဘယ်လိုတောင် အရောက်လှမ်းခဲ့သလဲ..."

​ပြီးခဲ့တဲ့ ဇွန်လ (၂) ရက်နေ့ကတော့ မင်မင်တို့ရဲ့ ရန်ကုန်ကနေ ဘန်ကောက် (𝗬𝗮𝗻𝗴𝗼𝗻 𝘁𝗼 𝗕𝗮𝗻𝗴𝗸𝗼𝗸) အိမ်အရောက် 𝗗𝗼𝗼𝗿 𝘁𝗼 𝗗𝗼𝗼𝗿 ခရီးစဉ်လေးမှာ ထူးခြားတဲ့ ခရီးသည်ကြီးတစ်ဦး ပါဝင်ခဲ့ပါတယ် 🥰 သူကတော့ အလေးချိန် 23 𝗸𝗴 ရှိပြီး ကြွက်သားအပြည့်နဲ့ ခန့်ညားလွန်းတဲ့ 𝗘𝘅𝗼𝘁𝗶𝗰 𝗕𝘂𝗹𝗹𝗱𝗼𝗴 လေး “𝗕𝗕” ပဲ ဖြစ်ပါတယ်။

​ပထမဆုံးတွေ့တွေ့ချင်းမှာတင် သူ့ရဲ့ဝတုတ်တုတ်ကိုယ်လုံးကြီးနဲ့ တောင့်တင်းတဲ့အလှကြောင့် မင်မင်တို့တစ်ဖွဲ့လုံး အသည်းယားပြီး မနည်းကို မ,တက်ခဲ့ရတာ အမှတ်တရပါပဲ။ ရုပ်တည်ကြီးနဲ့ ခန့်နေပေမယ့် တကယ့်တကယ်တော့ 𝗕𝗕 လေးက အရမ်းစကားနားထောင်ပြီး လိမ္မာလွန်းတဲ့ “ကလေးကြီး” တစ်ယောက်ပါ 😘

​ခရီးစဉ်တစ်လျှောက်လုံးမှာလည်း အစားအသောက် ချေးမများဘဲ ကျွေးသမျှကို မြိန်မြိန်ယှက်ယှက် စားတတ်သလို၊ ရေတိုက်တာ၊ ရှူးတည်တာတွေကအစ သူ့အချိန်နဲ့သူ စနစ်တကျ လုပ်ပေးရုံနဲ့တင် ဘာပူစရာမှမလိုအောင် အေးဆေးလိုက်ပါလာခဲ့ပါတယ် 🤗

​ဒါပေမယ့် 𝗕𝗕 လေးတို့လို နှာတိုကလေးတွေရဲ့ သဘာဝအတိုင်း အပူဒဏ်ကို လုံးဝမခံနိုင်တာမို့ မင်မင်တို့အဖွဲ့က ခရီးလမ်းတလျှောက်လုံး လေအေးပေးစက်ကို အပြည့်ဖွင့်ပြီး အပူဒဏ်ကြောင့် အမောမဆို့စေဖို့ စက္ကန့်မလပ် ဂရုတစိုက်နဲ့ သေချာ 𝗖𝗮𝗿𝗲 လုပ်ပေးခဲ့ပါတယ် 🤩

​𝗕𝗕 ရဲ့ ဖေဖေနဲ့မေမေတို့က ဘန်ကောက်ကို အရင်ဦးဆုံး ရောက်နှင့်နေတာမို့ မင်မင်တို့က 𝗕𝗕 လေးကို သတ်မှတ်ထားတဲ့ 𝗣𝗲𝘁 𝗛𝗼𝘁𝗲𝗹 မှာ သွားရောက် 𝗣𝗶𝗰𝗸 𝘂𝗽 လုပ်ပြီး တာဝန်ယူ ခေါ်ဆောင်လာခဲ့တာပါ 🤗 အခုဆိုရင်တော့ ချစ်ရတဲ့ သားကြီး 𝗕𝗕 တစ်ယောက် လမ်းခရီးမှာ ဘာအနှောင့်အယှက်မှမရှိဘဲ ဘေးကင်းလုံခြုံစွာနဲ့ ဘန်ကောက်က ဖေဖေ့လက်ထဲကို အရောက်ပြန်လည် ရင်ခွင်ခိုလှုံသွားနိုင်ခဲ့ပါပြီ 😘

​အခုဆို ဘန်ကောက်က အိမ်သစ်ကြီးရဲ့ စိမ်းလန်းစိုပြေတဲ့ ခြံဝင်းကျယ်ကြီးထဲမှာ ဖေဖေနဲ့အတူ အရမ်းကို ပျော်ရွှင်အေးချမ်းနေပြီဖြစ်တဲ့ 𝗕𝗕 လေး ရာသက်ပန် ကျန်းမာပျော်ရွှင်ပါစေကြောင်း မင်မင်တို့ (𝗬𝗮𝗻𝗴𝗼𝗻 𝗣𝗲𝘁 𝗠𝗮𝗿𝘁) မိသားစုက ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ 💖✨

🙋 𝗟𝗮𝗻𝗱 𝗧𝗿𝗮𝗻𝘀𝗽𝗼𝗿𝘁 အပြင် 𝗣𝗲𝘁 𝗜𝗻 𝗖𝗮𝗯𝗶𝗻, 𝗢𝗻 𝗕𝗼𝗮𝗿𝗱𝗶𝗻𝗴, 𝗔𝗶𝗿 𝗖𝗮𝗿𝗴𝗼, 𝗘𝘅𝗽𝗼𝗿𝘁/𝗜𝗺𝗽𝗼𝗿𝘁 𝗣𝗲𝗿𝗺𝗶𝘁 နဲ့ 𝗔𝗶𝗿 𝘁𝗶𝗰𝗸𝗲𝘁 အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 𝗣𝗮𝘆𝗺𝗲𝗻𝘁 ကိုလဲ တဆင့်ချင်းစီတွက်ပြီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူမခွဲမခွာခေါ်သွားနိုင်စေဖို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 😍

𝗬𝗮𝗻𝗴𝗼𝗻 𝗣𝗲𝘁 𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀

Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]

ခရီးသွား ပူးလေးနှစ်ကောင်ရဲ့ ဘန်ကောက် - ရန်ကုန် လမ်းခရီး စွန့်စားခန်း📆 5 May 2026Relocation Service မှတ်တမ်း ( 211 )​ဒီတစ...
05/06/2026

ခရီးသွား ပူးလေးနှစ်ကောင်ရဲ့ ဘန်ကောက် - ရန်ကုန် လမ်းခရီး စွန့်စားခန်း

📆 5 May 2026

Relocation Service မှတ်တမ်း ( 211 )

​ဒီတစ်ခါ Story လေးကတော့ ချစ်စရာ ပူးလေးနှစ်ကောင် ဘန်ကောက်မြို့ကြီးကနေ ရန်ကုန်ကို ကားလမ်းကနေ ဘယ်လိုပြန်လာခဲ့သလဲဆိုတဲ့အကြောင်းပါပဲ။ ဒီခလေးလေးတွေက သာမန် ပူးလေးတွေ မဟုတ်ပါဘူး၊ ဘွားဘွားရဲ့ အရမ်းချစ်ရတဲ့ မြေးလေးတွေပါ။

​အပိုင်း ၁- နာမည်မရှိတဲ့ မြေးနှစ်ယောက်ရဲ့ ပိုင်ရှင်များ

​ဒီပူးလေးနှစ်ကောင်ကို ဘွားဘွားက အရမ်းချစ်လွန်းလို့ နာမည်တောင်‌မပေးဘဲ မြေးအကြီးလေးနဲ့ မြေးအငယ်လေးလို့ပဲ ခေါ်တာပါ။ သူတို့ရဲ့ လှပတဲ့ အရောင်အသွေး စိုစိုတွေနဲ့ အကောင်ထွားထွား ကြီးတွေကို ကြည့်ရုံနဲ့တင် ဘယ်လောက်အလိုလိုက် ခံရသလဲဆိုတာ သိနိုင်ပါတယ် မင်မင်တို့ Relocation သက်တမ်းတလျှောက် ဒီလောက်လှတဲ့ ပူးလေးမျိုး မတွေ့ဖူးတာ ဒါပထမဆုံးပါပဲ။ ဘွားဘွားအိမ်မှာဆို သူတို့လေးတွေက လတ်ဆတ်တဲ့ ဆလတ်ရွက်တွေ၊ Carrot တွေ၊ တရုတ်နံနံတွေကို အမုန်း ကျွေးခံရတာပါ။ အခန်းထောင့်မှာ လုံလုံခြုံခြုံနဲ့ အရမ်းဇိမ်ကျနေတာပေါ့။

​အပိုင်း ၂- ဘွားဘွားရဲ့ မေတ္တာနဲ့ ထုပ်ပိုးခြင်း

​မြန်မာပြည်က အိမ်ကို ပြန်ခေါ်ဖို့ စဉ်းစားတဲ့အခါ ဘွားဘွားရဲ့ ပထမဆုံး စိုးရိမ်ပူပန်မှုက "ငါ့မြေးလေးတွေ လမ်းမှာ ဗိုက်ဆာမလား"၊ "အိပ်ယာ ညစ်ပတ်နေမလား" ဆိုတာပါပဲ။ အဲဒါကြောင့် ဘွားဘွားက အစာထုတ် Pad အခင်းအထုတ်လိုက် ကားပေါ်တင်ပြီး မင်မင်တို့ဆီ ဆက်သွယ်လာခဲ့ပါတယ်။

​မင်မင်တို့ အဖွဲ့လဲ ခလေးလေးတွေရဲ့ သက်တောင့်သက်သာရှိမှုကို ပထမဦးစားပေးအနေနဲ့ ပြင်ဆင်ခဲ့ကြပါတယ်။ လှောင်အိမ်ထဲမှာ အစာကျွေးဖို့ နဲ့ ရေဘူးလေး တပ်ဆင်ပေးထားပြီး ဘွားဘွားပေးလိုက်တဲ့ Pad အခင်းအပြာ/အဖြူလေးတွေနဲ့ အပေါ်ကနေ မြက်ခြောက်လေးတွေကို သေချာခင်းပေးထားပါတယ်။ မြက်ခြောက်နဲ့ အစာခြောက်တွေလည်း သယ်သွားခဲ့ပါတယ်

​အပိုင်း ၃- လမ်းခရီးတလျှောက် ဂရုစိုက်မှု

​ဘန်ကောက်ကနေ ရန်ကုန်ကို ကားလမ်းနဲ့သွားရတာက ရှည်လျားတဲ့ ခရီးစဉ်တစ်ခုပါ။ မင်မင်တို့အဖွဲ့ဟာ လမ်းတလျှောက်လုံး "အရိပ်တကြည့်ကြည့်နဲ့" သေချာဂရုစိုက်ပေးခဲ့ပါတယ်။ Pad အခင်းတွေ ညစ်ပတ်သွားတာနဲ့ ချက်ချင်းလဲပေးပြီး အစာနဲ့ ရေကိုလည်း မပြတ်ဖြည့်ပေးခဲ့ပါတယ်။

​အပိုင်း ၄- ရန်ကုန်ကို ဘေးကင်းစွာ ရောက်ရှိခြင်း

​လမ်းခရီးတလျှောက် သေချာဂရုစိုက်ပေးမှုကြောင့် မြေးအကြီးလေးနဲ့ မြေးအငယ်လေးဟာ ပင်ပန်းနွမ်းနယ်မှုမရှိဘဲ ရန်ကုန်ကို ဘေးကင်းစွာ ရောက်ရှိလာခဲ့ပါတယ်။

​ဒီခရီးစဉ်ဟာ မင်မင်တို့အတွက်ရော၊ ဘွားဘွားရဲ့ မြေးနှစ်ယောက်အတွက်ရော အမှတ်တရဖြစ်စရာကောင်းတဲ့ ခရီးစဉ်လေးတစ်ခု ပါဘဲ

🙋 𝗟𝗮𝗻𝗱 𝗧𝗿𝗮𝗻𝘀𝗽𝗼𝗿𝘁 အပြင် 𝗣𝗲𝘁 𝗜𝗻 𝗖𝗮𝗯𝗶𝗻, 𝗢𝗻 𝗕𝗼𝗮𝗿𝗱𝗶𝗻𝗴, 𝗔𝗶𝗿 𝗖𝗮𝗿𝗴𝗼, 𝗘𝘅𝗽𝗼𝗿𝘁/𝗜𝗺𝗽𝗼𝗿𝘁 𝗣𝗲𝗿𝗺𝗶𝘁 နဲ့ 𝗔𝗶𝗿 𝘁𝗶𝗰𝗸𝗲𝘁 အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 𝗣𝗮𝘆𝗺𝗲𝗻𝘁 ကိုလဲ တဆင့်ချင်းစီတွက်ပြီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူမခွဲမခွာခေါ်သွားနိုင်စေဖို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 😍

𝗬𝗮𝗻𝗴𝗼𝗻 𝗣𝗲𝘁 𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]

𝗣𝗵𝗻𝗼𝗺 𝗣𝗲𝗻𝗵 ကနေ 𝗬𝗮𝗻𝗴𝗼𝗻 ထိ သခင်မမနဲ့ အတူတူ လေယာဥ်ကြီးစီးပြီးပြန်ခဲ့တဲ့ 𝗣𝗼𝗺 လေး 𝗟𝗶𝗹𝘆 🥰📆 17 May 2026𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲 မှတ်တ...
02/06/2026

𝗣𝗵𝗻𝗼𝗺 𝗣𝗲𝗻𝗵 ကနေ 𝗬𝗮𝗻𝗴𝗼𝗻 ထိ သခင်မမနဲ့ အတူတူ လေယာဥ်ကြီးစီးပြီးပြန်ခဲ့တဲ့ 𝗣𝗼𝗺 လေး 𝗟𝗶𝗹𝘆 🥰
📆 17 May 2026

𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲 မှတ်တမ်း ( 210 )

​🐾 𝗕𝗶𝗹𝗹𝘆 လေးရဲ့ ချစ်စရာ ကာရိုက်တာ

​အကောင်ပိစိပေမယ့် စွာတူးလန် : 𝗠𝗶𝗰𝗿𝗼𝗰𝗵𝗶𝗽 ထည့်ဖို့ ဂုတ်ကလေးကိုင်ရုံနဲ့ ဆေးခန်းတစ်ခုလုံး ဝုန်းဒိုင်းကြဲအောင် အော်တာကတော့ တကယ့် "အနုပညာရှင်" လေးပါပဲ 😁

​အသည်းနုတဲ့ သခင်မမ: 𝗕𝗶𝗹𝗹𝘆 လေး အော်တာမြင်ပြီး အခန်းအပြင်ထွက်ငိုရလောက်အောင် အလိုလိုက်၊ အချစ်ကြီးရှာတဲ့ သခင်မမရဲ့ မေတ္တာကလည်း အားကျစရာပါ 🤗

အပြုံးလေးနဲ့ လူအများဖမ်းစား: : လျှာလေးထုတ်ပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ မော့ကြည့်နေတဲ့ ပုံစံလေးက လေဆိပ်မှာ တွေ့တဲ့လူတိုင်း ဘာလို့ ဝိုင်းချစ်ကြလဲဆိုတာ သက်သေပြနေသလိုပါပဲ။

​ခရီးသွားဖို့ အဆင်သင့်: :ဘေးနားမှာလည်း ခရီးဆောင်အိတ် (Pet Carrier) ရယ်၊ ရေဘူးလေးရယ်၊ ခရီးသည်တွေ နားနေတဲ့ ခုံတန်းလျားပေါ်မှာ လိမ္မာပါးနပ်စွာ ထိုင်နေတာလေးက တကယ့် ခရီးသွား Professional လေးအတိုင်းပါပဲ။ ဒီလို ချစ်စရာကောင်းတဲ့ ကောင်လေးကို ဘယ်သူက အလိုမလိုက်ဘဲ နေနိုင်မှာလဲနော်။

​ဖော်ရွေမှုအပြည့် (Extrovert လေး): လေဆိပ်ရောက်တော့ ကြောက်မနေဘဲ လူတွေအများကြီးတွေ့လို့ စိတ်လှုပ်ရှား ပျော်ရွှင်နေပြီး တွေ့တဲ့လူတိုင်းရဲ့ အချစ်ကို ဖမ်းစားနိုင်ခဲ့တဲ့ ကောင်လေး။

​✈️ ခရီးစဉ် အောင်မြင်ချောမွေ့မှု

​နိုင်ငံကျော် အဆိုးလေး 𝗕𝗶𝗹𝗹𝘆 အတွက် လိုအပ်တဲ့ 𝗗𝗼𝗰𝘂𝗺𝗲𝗻𝘁𝘀 (စာရွက်စာတမ်း) တွေအကုန်လုံးကို အစအဆုံး ပြည့်စုံအောင် စီစဉ်ပေးခဲ့တာကြောင့် ဖနွမ်းပင်ဖက်ရော ရန်ကုန်ဖက်မှာပါ အခက်အခဲမရှိ အဆင်ပြေချောမွေ့ခဲ့ပါတယ် 🤩

​အခုချိန်ဆို သခင်မမအနားမှာ 𝗕𝗶𝗹𝗹𝘆 လေးလဲ ကဲပြီးရင်း ကဲနေလောက်ပြီပေါ့။ 𝗕𝗶𝗹𝗹𝘆 လေးနဲ့ သခင်မမတို့ သားအမိ ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်စရာ နေ့ရက်တွေကို ဖြတ်သန်းနိုင်ပါစေကြောင်း ဆုတောင်းအပ်ပါတယ် 😘

🙋 𝗟𝗮𝗻𝗱 𝗧𝗿𝗮𝗻𝘀𝗽𝗼𝗿𝘁 အပြင် 𝗣𝗲𝘁 𝗜𝗻 𝗖𝗮𝗯𝗶𝗻, 𝗢𝗻 𝗕𝗼𝗮𝗿𝗱𝗶𝗻𝗴, 𝗔𝗶𝗿 𝗖𝗮𝗿𝗴𝗼, 𝗘𝘅𝗽𝗼𝗿𝘁/𝗜𝗺𝗽𝗼𝗿𝘁 𝗣𝗲𝗿𝗺𝗶𝘁 နဲ့ 𝗔𝗶𝗿 𝘁𝗶𝗰𝗸𝗲𝘁 အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 𝗣𝗮𝘆𝗺𝗲𝗻𝘁 ကိုလဲ တဆင့်ချင်းစီတွက်ပြီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူမခွဲမခွာခေါ်သွားနိုင်စေဖို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 😍

𝗬𝗮𝗻𝗴𝗼𝗻 𝗣𝗲𝘁 𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]

🐰 ဘန်ကောက်ကနေ ရန်ကုန်အိမ်ပြန်ခရီးမှာ အချစ်တွေပိုခဲ့ကြတဲ့ Lazada နဲ့ Shopee 💖📅 28 May 2026Relocation Service မှတ်တမ်း ( 2...
01/06/2026

🐰 ဘန်ကောက်ကနေ ရန်ကုန်အိမ်ပြန်ခရီးမှာ အချစ်တွေပိုခဲ့ကြတဲ့ Lazada နဲ့ Shopee 💖
📅 28 May 2026

Relocation Service မှတ်တမ်း ( 209 )

​ဘန်ကောက်ကနေ ရန်ကုန်ကို ကုန်းလမ်းခရီးနဲ့ စိတ်ချလက်ချ ပြန်လာခဲ့ကြတဲ့ Lazada နဲ့ Shopee ဆိုတဲ့ ယုန်လေး ၂ ကောင်ရဲ့ ချစ်စရာ့ခရီးစဉ်လေး... 🥰

​✨ အကြီးကောင်ကြီး Lazada နဲ့ အငယ်လေး Shopee

​Lazada (အကြီးလေး) : ကြောင် ခပ်ကြီးကြီးတစ်ကောင်ထက်တောင် ပိုပြီးထွားတဲ့အပြင် စပ်စုစိန်လေးလည်း ဖြစ်ပါတယ်။ စွာလည်းစွာ၊ ခုန်ပြေးဖို့လည်း အမြဲအသင့်ပဲမို့ အင်မတန်သွက်လက်တဲ့ အစ်ကိုကြီးပေါ့။

​Shopee (အငယ်လေး) : အစ်ကိုကြီးရဲ့ ရင်ခွင်အောက်မှာ အမြဲပုန်းနေတတ်တဲ့ အသည်းတုံးလေး။

​ညီအစ်ကိုနှစ်ကောင်က တကောင်နဲ့တကောင် တော်တော်လည်းချစ်၊ အမြဲတမ်းလည်း ဖက်ထားတတ်ကြတာ။ ခပ်ချေချေနဲ့ နေတတ်ပြီး အကြီးလေး Lazada က အငယ်လေး Shopee ကို သူ့ရင်ဘက်အောက်မှာ အမြဲဖွတ်ပြီး ကာကွယ်ပေးထားတတ်တာလေးက ကြည့်ရတာ တကယ့်ကို အသည်းယားစရာပါပဲ။

🏡 ဘွားဘွားဆီသို့ အလည်ပြန်ခြင်း

​ပိုင်ရှင်မမက Australia ကို ဆက်ပြီးပညာသင်/အလုပ်လုပ်ဖို့ သွားရမှာမို့လို့ ဒီခရီးစဉ်လေး ဖြစ်လာခဲ့တာပါ။ အဝေးမှာရှိနေမယ့် မမစိတ်အေးရအောင် ရန်ကုန်က ဘွားဘွားက မြေးလေးတွေကို လက်လွှဲပြီး ပြန်ခေါ်ခဲ့တာဖြစ်ပါတယ်။

​ဘွားဘွားကလည်း မြေးယုန်လေးတွေ ရန်ကုန်အိမ်ရောက်ရင် နေဖို့အတွက် အခန်းကအစ ကိုယ်တိုင်သေချာပြင်ဆင်ပြီး ရင်ခုန်တုန်လှုပ်စွာနဲ့ စောင့်မျှော်နေခဲ့တာပါ။

🤝 ယုံကြည်မှုအတွက် ကျေးဇူးအထူးပါခင်ဗျာ

​အစပိုင်းမှာ ဖိုးဖိုးနဲ့ ဘွားဘွားက ကုန်းလမ်းခရီးနဲ့ ပို့ရမှာမို့လို့ လမ်းခရီးအတွက် တော်တော်လေး စိတ်ပူပန်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ မင်မင်တို့ကို ယုံကြည်စိတ်ချစွာနဲ့ သေချာအပ်နှံပေးခဲ့ကြပါတယ်။
​အခုတော့ ချစ်စရာ ကလေးနှစ်ကောင်လုံး ဖိုးဖိုး၊ ဘွားဘွားတို့ဆီကို ဘေးကင်းကင်းနဲ့ အောင်အောင်မြင်မြင် ရောက်ရှိသွားခဲ့ပါပြီ။ မင်မင်တို့ကို ယုံကြည်စိတ်ချစွာ အပ်နှံပေးခဲ့တဲ့ ပိုင်ရှင်မမနဲ့ ဖိုးဖိုး၊ ဘွားဘွားတို့ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ 🐰 ရင်ခွင်အောက်က ကလေးတို့ရေ... ဘွားဘွားအိမ်မှာ ပျော်ပျော်ကြီး ဆော့ကြပါဦးနော်။
🥰

🙋 Land Transport အပြင် Pet In Cabin, On Boarding, Air Cargo, Export/Import Permit နဲ့ Air ticket အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် Payment ကိုလဲ တဆင့်ချင်းစီတွက်ပြီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူမခွဲမခွာခေါ်သွားနိုင်စေဖို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့်

Yangon Pet Relocation Services
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]

🐾 သခင်မမရဲ့ အသည်းကျော်လေး 𝗥𝘆𝗮𝗻 ၏ ဘန်ကောက်မှ ရန်ကုန်ခရီးစဉ် 🥰📅 28 May 2026𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲 မှတ်တမ်း ( 208 )​ဘန်ကောက်မြိ...
01/06/2026

🐾 သခင်မမရဲ့ အသည်းကျော်လေး 𝗥𝘆𝗮𝗻 ၏ ဘန်ကောက်မှ ရန်ကုန်ခရီးစဉ် 🥰
📅 28 May 2026

𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲 မှတ်တမ်း ( 208 )

​ဘန်ကောက်မြို့ရဲ့ 𝗖𝗼𝗻𝗱𝗼 တစ်ခုက အခန်းလေးထဲမှာ သခင်မမရဲ့ အိပ်ယာပေါ် ကွေးနေတတ်တဲ့ Ryan𝗥𝘆𝗮𝗻 လေး 🥰

​သူ့ရဲ့ ပိုင်ရှင်မမနဲ့ ခွဲခွာခဲ့ရတဲ့ စိတ်မကောင်းမှုတွေကြောင့် 𝗥𝘆𝗮𝗻 လေးဟာ အစပိုင်းမှာ ဘယ်လိုမှ နှစ်သိမ့်လို့မရအောင် ဝမ်းနည်းနေရှာတာ ။ အကောင်လေးက သေးသေးလေး၊ အရေပြားရောဂါလေးကလည်း ရှိနေတော့ သူ့သခင်မမဟာ ရင်ခွင်ထဲကမချဘဲ အမြဲ အသည်းယားပြီး သေချာဂရုစိုက် မွေးထားခဲ့တာ ဖြစ်မှာပါ။

​အဲဒီလို အသည်းကွဲနေတဲ့ ကောင်လေးကို မြင်ရတဲ့အခါ မင်မင်တို့လည်း ရင်ထဲမှာ မကောင်းဖြစ်ရပါတယ်။ ဒါကြောင့်ပဲ လမ်းခရီးတစ်လျှောက်လုံးမှာ လှောင်ပိတ်မထားဘဲ လူပေါ်ချီပီးအနီးကပ် ချော့မြှူပေးခဲ့ရပါတယ်။

​ရင်ခွင်ထဲက အချွဲတုံးလေး

​"မငိုနဲ့တော့နော် ကလေးလေး..." လို့ ချော့ရင်းနဲ့ 𝗥𝘆𝗮𝗻 လေးကို ပေါင်ပေါ်တင်ပေးလိုက်တဲ့အခါ... အံ့သြစရာကောင်းလောက်အောင်ပဲ သူလေးဟာ လူပေါ်မှာပဲ ကပ်ပြီး မှီတွယ်ပစ်လိုက်ပါတော့တယ် သူ့ရဲ့ သေးငယ်တဲ့ ကိုယ်ထည်လေးနဲ့ လူပေါ်မှာပဲ မှီတွယ်ပြီး ချွဲချင်နေတဲ့ ပုံစံလေးက မြင်ရသူတိုင်းကို အသည်းယားစေခဲ့ပါတယ်။

​ခရီးလမ်းတောက်လျှောက်မှာ ကလေးလေး မပင်ပန်းစေဖို့ ကားပေါ်မှာ မင်မင်တို့ရဲ့ ပေါင်ပေါ်မှာပဲ အိပ်စက်အနားယူစေခဲ့ပါတယ်။

​လမ်းမှာ ဗိုက်ဆာမှာစိုးလို့ အစာနဲ့ ရေကိုလည်း စနစ်တကျ ကျွေးမွေးပြီး ခရီးဆက်ခဲ့ကြပါတယ် 😘

​ရန်ကုန်မြေသို့ ဘေးကင်းစွာ ရောက်ရှိခြင်း

​အငယ်ဆုံးလေးဖြစ်လို့ ပိုပြီး ဂရုစိုက်ခဲ့ရတဲ့ 𝗥𝘆𝗮𝗻 လေးဟာ မင်မင်တို့ရဲ့ သေချာ 𝗧𝗮𝗸𝗲 𝗖𝗮𝗿𝗲 လုပ်ပေးမှုကြောင့် ခရီးလမ်းတောက်လျှောက် မပင်ပန်းဘဲ အဆင်ပြေပြေနဲ့ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပါပြီ 🤗

​အခုတော့ အချွဲတုံးလေး 𝗥𝘆𝗮𝗻 လေးဟာ စိုးရိမ်စိတ်တွေလည်း ပြေပျောက်ပြီး ဘေးကင်းလုံခြုံစွာနဲ့ သူ့ရဲ့ အိမ်အသစ်၊ ပတ်ဝန်းကျင်အသစ်ဆီကို ရောက်ရှိသွားခဲ့ပါပြီ။ ခရီးစဉ်တစ်ခုလုံးမှာ သူလေး မပင်ပန်းဘဲ ပျော်ပျော်ရွှင်ရွှင် ရောက်ရှိသွားတာဟာ မင်မင်တို့အတွက် အပန်းပြေဆုံးဆုလာဘ်ပါပဲ 🤩

‎🙋 𝗣𝗲𝘁 𝗜𝗻 𝗖𝗮𝗯𝗶𝗻, 𝗢𝗻 𝗕𝗼𝗮𝗿𝗱𝗶𝗻𝗴, 𝗔𝗶𝗿 𝗖𝗮𝗿𝗴𝗼, 𝗘𝘅𝗽𝗼𝗿𝘁/𝗜𝗺𝗽𝗼𝗿𝘁 𝗣𝗲𝗿𝗺𝗶𝘁 နဲ့ 𝗔𝗶𝗿 𝗧𝗶𝗰𝗸𝗲𝘁 အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 𝗣𝗮𝘆𝗺𝗲𝗻𝘁 ကိုလဲ တဆင့်ချင်းစီတွက်ပြီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူမခွဲမခွာခေါ်သွားနိုင်စေဖို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 🥰

𝗬𝗮𝗻𝗴𝗼𝗻 𝗣𝗲𝘁 𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Whatsapp: +66 626253860
Email : [email protected]

𝗩𝗶𝗲𝘁𝗻𝗮𝗺 - 𝗕𝗮𝗻𝗴𝗸𝗼𝗸 - 𝗬𝗮𝗻𝗴𝗼𝗻 𝗜𝗺𝗽𝗼𝗿𝘁 📅 May 21, 2026Relocation Service မှတ်တမ်း ( 207 )🥰 𝗟𝗼𝗻𝗴-𝗵𝗮𝗶𝗿𝗲𝗱 𝗗𝗮𝗰𝗵𝘀𝗵𝘂𝗻𝗱 ရွှေရောင်လေးဆ...
22/05/2026

𝗩𝗶𝗲𝘁𝗻𝗮𝗺 - 𝗕𝗮𝗻𝗴𝗸𝗼𝗸 - 𝗬𝗮𝗻𝗴𝗼𝗻 𝗜𝗺𝗽𝗼𝗿𝘁
📅 May 21, 2026

Relocation Service မှတ်တမ်း ( 207 )

🥰 𝗟𝗼𝗻𝗴-𝗵𝗮𝗶𝗿𝗲𝗱 𝗗𝗮𝗰𝗵𝘀𝗵𝘂𝗻𝗱 ရွှေရောင်လေးဆိုတော့ အမွေးပွပွ နားရွက်တွဲတွဲလေးနဲ့ တကယ့်ကို သက်ရှိအရုပ်မလေးကျနေတာပဲ ✨

𝗗𝗮𝗰𝗵𝘀𝗵𝘂𝗻𝗱 လေးတွေရဲ့ သဘာဝအတိုင်း ရုပ်လေးက သေးသေးလေးနဲ့ ဉာဏ်ကလည်း အရမ်းပြေး၊ အတ္တလည်း နည်းနည်းကြီးတတ်ကြတာ 𝗤𝗕 လေးမှာ အတိုင်းသား မြင်နေရပါတယ် 😘

​𝗟𝗮𝗽𝘁𝗼𝗽 နဲ့ ရုပ်ရှင်ကြည့်နေတာလေးကတော့ တကယ့်ကို သက်သေအထောက်အထားပါဘဲ 😁 နောက်ကျောပြင်လေးကို ကြည့်ရုံနဲ့တင် မျက်နှာပြင်ကို ဘယ်လောက်အာရုံစိုက်ပြီး ကြည့်နေလဲ သိသာတယ်။ "ငါနဲ့တူတဲ့ ခွေးလေးတွေပါလား" ဆိုပြီး စိတ်ဝင်တစား ကြည့်နေတဲ့ ပုံစံလေးက ကမ္ဘာပေါ်မှာ အသည်းယားစရာအကောင်းဆုံး မြင်ကွင်းလေးပါ 😍

​ကားပေါ်ကပုံလေး - လည်ပင်းမှာ ပန်းရောင်အဝတ်လေးနဲ့ ကားနောက်ခန်းမှာ ငြိမ်ငြိမ်လေး ထိုင်နေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေက အပြစ်ကင်းစင်လွန်းတယ်။ "ဘယ်သွားဦးမလို့လဲဟင်" ဆိုပြီး မေးနေတဲ့ မျက်နှာပေးလေးနဲ့ 🤗

​အရုပ်တွေကြားထဲက ပုံလေး - သူ့ရဲ့ ဝက်ဝံရုပ်လေးတွေ၊ လိမ္မော်သီးရုပ်လေးတွေကြားထဲမှာ လည်ပင်းပုတီးလေးနဲ့ အလှပြင်ထားတာ။ သူကိုယ်တိုင်ကလည်း အရုပ်လေးတစ်ရုပ်လို ဖြစ်နေလို့ ဘယ်သူက အရုပ်၊ ဘယ်သူက 𝗤𝗕 လေးလဲတောင် ခွဲမရပါဘူး 😁

​ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကလေးလေးကို ဂရုစိုက်ခွင့်ရခဲ့တာ မင်မင်တို့အတွက်လည်း တကယ့်ကို စိတ်ချမ်းသာစရာ အမှတ်တရနေ့ရက်လေးတွေပါဘဲရှင် 🥰

ယုံကြည်စွာအပ်နှံပေးတဲ့ 𝗤𝗕 ရဲ့ သခင် အစ်ကိုကိုလဲ ကျေးဇူးတင်ပါတယ်နော် 🙏✨

‎🙋 Pet In Cabin, On Boarding, Air Cargo, Export/Import Permit နဲ့ Air ticket အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် Payment ကိုလဲ တဆင့်ချင်းစီတွက်ပြီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူမခွဲမခွာခေါ်သွားနိုင်စေဖို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 🥰

Yangon Pet Relocation Services
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]

ခြံထဲမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ဇာတ်လိုက်ကျော် ဂျက်ကလေး... တစ်ခြံလုံး ပတ်မွှေ၊ ပတ်ဖျက်ပြီး တာဝန်ကျေပွန်သွားလို့ အခုတော့...
20/05/2026

ခြံထဲမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ဇာတ်လိုက်ကျော် ဂျက်ကလေး... တစ်ခြံလုံး ပတ်မွှေ၊ ပတ်ဖျက်ပြီး တာဝန်ကျေပွန်သွားလို့ အခုတော့ အားယားပီး ပျင်းနေတယ်တဲ့ရှင်။

အပင်တွေလည်း နှုတ်ပြီးပြီ၊ မြေကြီးတွေလည်း တူးပြီးပြီဆိုတော့ ဇာတ်လိုက်ကျော်ကြီး ပျင်းသွားရှာတာပေါ့။🤔

ခုတော့ သနားစရာ မျက်နှာပေးနဲ့ ပန်းနုသွေး လာလုပ်နေတယ်ရှင် 🙄

Address

130, 33rd Street Middle, Kyauktada Township
Yangon
11182

Telephone

+959968871411

Website

Alerts

Be the first to know and let us send you an email when Yangon Pet Relocation Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Pet Relocation Services:

Share

Category