THK Pet Supplies

THK  Pet Supplies Pet Supplies

မြောင်လေးအတွက် အစာဝယ်ပေးတော့မယ်ဆိုရင် အရသာရှိဖို့တင်မကဘဲ ကိုယ့်မြောင်လေးရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတာလေးကိုလည်း ရွေးပေးဖို...
15/11/2026

မြောင်လေးအတွက် အစာဝယ်ပေးတော့မယ်ဆိုရင် အရသာရှိဖို့တင်မကဘဲ ကိုယ့်မြောင်လေးရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတာလေးကိုလည်း ရွေးပေးဖို့ လိုတယ်နော်🐈

Royal Canin Wet Food မှာ မြောင်လေးတွေရဲ့ အသက်အရွယ်နဲ့ လိုအပ်ချက်အလိုက် ရွေးချယ်နိုင်တဲ့ အမျိုးအစားတွေ စုံစုံလင်လင်ရှိပါတယ်။🐾

🩵 Sensory Smell — အစာရဲ့ အနံ့ပိုင်းကို အလေးထားတဲ့ အမျိုးအစား
🤍 Sensory Taste — အရသာပိုင်းကို အလေးထားတဲ့ အမျိုးအစား
💛 Sensory Feel — အသားအနူးအညံ့ကို အလေးထားတဲ့ အမျိုးအစား
💚 Digestive Care — အစာခြေစနစ်ကို ဂရုစိုက်ဖို့ ရည်ရွယ်ထားတဲ့ အမျိုးအစား
💙 Kitten — အသက် ၁၂ လအထိ ကြောင်ပေါက်လေးတွေအတွက်
🩷 Persian Adult — Persian မျိုးရိုး အရွယ်ရောက်ကြောင်လေးတွေအတွက်
💜 Sterilised — သင်းကွပ်ပြီးသား ကြောင်လေးတွေအတွက်
🧡 Instinctive — အရွယ်ရောက်ကြောင်လေးတွေအတွက်
မြောင်လေးရဲ့ အသက်အရွယ်နဲ့ လိုအပ်ချက်ကို ကြည့်ပြီး သင့်တော်တဲ့ Royal Canin Wet Food ကို ရွေးပေးလိုက်ပါနော်။

Royal Canin Wet Food အမျိုးအစားအစုံကို THK Pet Supplies မှာ ရရှိနိုင်ပါတယ်ရှင်…🛍

THK Pet Supplies
☎️ 09401591729

📍 Address: ဖက်ခင်းလမ်းမကြီး စိန်သုံးလုံးသစ်သီးဆိုင်နား/ဈေးကြိုမီးပွိင့်ဘက်ကနေလာရင် ကျိုက်မရောသွားလမ်း အဝိုင်းကနေ ဓါတ်မီးတိုင်ငါးတိုင်လောက်ပဲ ဆင်းခဲ့ရပါတယ်။ မော်လမြိုင်မြို့။

ဆိုင်ရဲ့တည်နေရာကို ဒီ Link လေးနှိပ်လိုက်လို့ရပါတယ်ရှင့် https://maps.app.goo.gl/XKjbGkdtMy6LNm4n8?g_st=ic

#ခွေးစာ #ကြောင်စာ #အိမ်မွေးတိရစ္ဆာန်

တိလေးကို အာဟာရပြည့်ပြည့်ဝဝ ရစေချင်လို့ ဖြည့်စွက်အာဟာရ ဝယ်ဖို့ စဉ်းစားနေပြီလား? 💭ဒါဆို ကိုယ့်တိလေးနဲ့ သင့်တော်တာကို ရွေးန...
14/11/2026

တိလေးကို အာဟာရပြည့်ပြည့်ဝဝ ရစေချင်လို့ ဖြည့်စွက်အာဟာရ ဝယ်ဖို့ စဉ်းစားနေပြီလား? 💭

ဒါဆို ကိုယ့်တိလေးနဲ့ သင့်တော်တာကို ရွေးနိုင်ဖို့ ဒီအချက်လေးတွေ သိထားပါနော်💁‍♀️

🐾 တိလေး အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ဖြည့်စွက်အာဟာရကိုရွေးပါ 🐾
ခွေးပေါက်၊ ကြောင်ပေါက်လေးတွေနဲ့ အရွယ်ရောက်ပြီးသား တိလေးတွေမှာ လိုအပ်တဲ့ အာဟာရပမာဏ မတူနိုင်လို့ ကိုယ့်တိလေးရဲ့ အသက်အရွယ်နဲ့ ကိုက်ညီတာကို ရွေးပါ

🔎 ပါဝင်ပစ္စည်းနဲ့ အသုံးပြုပုံကို ဖတ်ကြည့်ပါ 🔎
ထုတ်ကုန်မှာ ဘာတွေပါဝင်လဲ…ဘယ်လိုကျွေးရမလဲ… တစ်နေ့ဘယ်လောက်ကျွေးရမလဲဆိုတာကို သေချာဖတ်ကြည့်ပါ

💚 တိလေးရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတာကို ရွေးပါ 💚
အသားအရေ၊ အမွေးအမျှင်၊ အရိုးအဆစ်၊ အစာခြေစနစ် စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးအတွက် ထုတ်လုပ်ထားတဲ့ ဖြည့်စွက်အာဟာရတွေ ရှိပါတယ်။ ကိုယ့်တိလေးရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတာကို ရွေးချယ်ဖို့ အရေးကြီးပါတယ်

📅 သက်တမ်းနဲ့ ထုပ်ပိုးမှုကို စစ်ပါ 📅
သက်တမ်းကုန်ဆုံးရက်၊ ထုပ်ပိုးမှုအခြေအနေနဲ့ သိမ်းဆည်းရမယ့်နည်းလမ်းတွေကို ကြည့်ပြီးမှ ဝယ်ယူပါ

‼️လိုအပ်မှ သင့်တော်သလို ဖြည့်စွက်ပေးပါ‼️
တိလေးတိုင်းကို ဖြည့်စွက်အာဟာရ မဖြစ်မနေ ကျွေးဖို့ မလိုပါဘူးနော်။ အာဟာရပြည့်ဝတဲ့ ပုံမှန်အစာကို အရင်ဦးစားပေးပြီး လိုအပ်မှ သင့်တော်သလို ဖြည့်စွက်ပေးပါ။

🩺 ဆရာဝန်နဲ့တိုင်ပင်ပါ 🩺
တိလေးမှာ ကျန်းမာရေးပြဿနာရှိတာမျိုးဆို ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ဖြည့်စွက်စာရွေးပေးပါ။

ကဲ … တိလေးအတွက် ဖြည့်စွက်အာဟာရ ဝယ်ဖို့ စဉ်းစားနေပြီဆိုရင် ဒီအချက်လေးတွေကို မှတ်ထားလိုက်နော်။👨‍⚕️

THK Pet Supplies
☎️ 09401591729

📍 Address: ဖက်ခင်းလမ်းမကြီး စိန်သုံးလုံးသစ်သီးဆိုင်နား/ဈေးကြိုမီးပွိင့်ဘက်ကနေလာရင် ကျိုက်မရောသွားလမ်း အဝိုင်းကနေ ဓါတ်မီးတိုင်ငါးတိုင်လောက်ပဲ ဆင်းခဲ့ရပါတယ်။ မော်လမြိုင်မြို့။

ဆိုင်ရဲ့တည်နေရာကို ဒီ Link လေးနှိပ်လိုက်လို့ရပါတယ်ရှင့် https://maps.app.goo.gl/XKjbGkdtMy6LNm4n8?g_st=ic

#ခွေးစာ #ကြောင်စာ #အိမ်မွေးတိရစ္ဆာန်

ကိုယ့်အတွက် ပစ္စည်းတစ်ခုခု ဝယ်တော့မယ်ဆိုရင် “တကယ်လိုလို့လား? ဝယ်သင့်ရဲ့လား” ဆိုပြီး အကြိမ်ကြိမ် စဉ်းစားမိတယ်🤭ဒါပေမယ့် တိ...
13/11/2026

ကိုယ့်အတွက် ပစ္စည်းတစ်ခုခု ဝယ်တော့မယ်ဆိုရင် “တကယ်လိုလို့လား? ဝယ်သင့်ရဲ့လား” ဆိုပြီး အကြိမ်ကြိမ် စဉ်းစားမိတယ်🤭

ဒါပေမယ့် တိလေးအတွက်ဆိုရင်တော့ မတူဘူး🤩

🍚 အစာလေးကုန်တော့မယ်ဆို ကြိုဝယ်ထားပေးချင်တယ်။
🦴 Snack လေးတွေ့ရင် “ဒါလေးဆို ငါ့ကလေးလေး ကြိုက်မှာပဲ” ဆိုပြီး ဝယ်ပေးချင်တယ်။
🧸 အရုပ်လေးတွေ့ရင်လည်း ဆော့ကစားပြီး ပျော်နေမယ့်ပုံလေးကို မြင်ယောင်ပြီး ဝယ်ပေးချင်ပြန်ရော။

တစ်ခါတလေ ကိုယ့်အတွက် ဝယ်ဖို့စဉ်းစားထားတာတောင် မဝယ်ဖြစ်ပေမယ့် တိလေးအတွက်ဆိုရင်တော့ လိုတာလေးတွေ ဝယ်ပေးဖို့ အသင့်ဖြစ်နေတာမျိုးပေါ့။ 🐾💖

ကဲ… ဖေဖေမေမေတို့ရော
ကိုယ့်အတွက် ဝယ်ရတာနဲ့ တိလေးအတွက် ဝယ်ရတာ ဘယ်ဟာပိုပျော်လဲ?
ကိုယ့်ရဲ့အဖြေလေးကို Comment မှာ ပြောပြခဲ့ပါဦးနော်။ 💬💛

THK Pet Supplies
☎️ 09401591729

📍 Address: ဖက်ခင်းလမ်းမကြီး စိန်သုံးလုံးသစ်သီးဆိုင်နား/ဈေးကြိုမီးပွိင့်ဘက်ကနေလာရင် ကျိုက်မရောသွားလမ်း အဝိုင်းကနေ ဓါတ်မီးတိုင်ငါးတိုင်လောက်ပဲ ဆင်းခဲ့ရပါတယ်။ မော်လမြိုင်မြို့။

ဆိုင်ရဲ့တည်နေရာကို ဒီ Link လေးနှိပ်လိုက်လို့ရပါတယ်ရှင့် https://maps.app.goo.gl/XKjbGkdtMy6LNm4n8?g_st=ic

#ခွေးစာ #ကြောင်စာ #အိမ်မွေးတိရစ္ဆာန်

တိလေးအတွက် အစာဝယ်ပေးတဲ့အခါ“ဒါလေးဆို အကြိုက်တွေ့ပြီး စားကောင်းမှာပဲ” လို့ တွေးမိတယ် 🍚Snack လေးရွေးပေးတဲ့အခါ“ဒါလေးစားရင် ပ...
05/11/2026

တိလေးအတွက် အစာဝယ်ပေးတဲ့အခါ
“ဒါလေးဆို အကြိုက်တွေ့ပြီး စားကောင်းမှာပဲ” လို့ တွေးမိတယ် 🍚

Snack လေးရွေးပေးတဲ့အခါ
“ဒါလေးစားရင် ပျော်နေမှာပဲ” ဆိုပြီး စိတ်ကူးမိတယ်🦴

အရုပ်လေးဝယ်ပေးတဲ့အခါ
“ဒါလေးနဲ့ ဆော့ရင်တော့ သူအတော်ပျော်မှာပဲ” လို့ တွေးမိပြန်ရော။ 🧸

တကယ်တော့ တိလေးအတွက် ဝယ်ပေးတဲ့ အရာတိုင်းက ပစ္စည်းတွေသက်သက် မဟုတ်ပါဘူး။🙅‍♀️

ကိုယ်က တိလေးကို ဘယ်လောက်ချစ်တယ်… ဘယ်လောက်တန်ဖိုးထားတယ်ဆိုတဲ့ ခံစားချက်တွေလည်း ပါဝင်နေပါတယ်။ 💖

တိလေးက ကိုယ်ဝယ်ပေးတဲ့ပစ္စည်းတွေရဲ့ တန်ဖိုးကို နားမလည်နိုင်ပေမယ့် ကိုယ်ပေးတဲ့ဂရုစိုက်မှုနဲ့ ချစ်ခြင်းတွေကိုတော့ ခံစားရမှာပါ။ 💗

တိလေးအတွက် လိုအပ်တာလေးတွေကို ချစ်ခြင်းတွေနဲ့ ရွေးချယ်ပေးနိုင်ဖို့ THK Pet Supplies ကလည်း ဖေဖေမေမေတို့နဲ့အတူ အမြဲရှိနေပါတယ်။ 🛍🐾

THK Pet Supplies
☎️ 09401591729

📍 Address: ဖက်ခင်းလမ်းမကြီး စိန်သုံးလုံးသစ်သီးဆိုင်နား/ဈေးကြိုမီးပွိင့်ဘက်ကနေလာရင် ကျိုက်မရောသွားလမ်း အဝိုင်းကနေ ဓါတ်မီးတိုင်ငါးတိုင်လောက်ပဲ ဆင်းခဲ့ရပါတယ်။ မော်လမြိုင်မြို့။

ဆိုင်ရဲ့တည်နေရာကို ဒီ Link လေးနှိပ်လိုက်လို့ရပါတယ်ရှင့် https://maps.app.goo.gl/XKjbGkdtMy6LNm4n8?g_st=ic

#ခွေးစာ #ကြောင်စာ #အိမ်မွေးတိရစ္ဆာန်

အရင်တုန်းကတော့ တိလေးအတွက် ဈေးဝယ်မယ်ဆို အစာလေးဝယ်ပေးဖို့လောက်ပဲ စဉ်းစားမိတာပေါ့။ 💭 တစ်နေ့ THK ကို ရောက်သွားတော့မှ…“ဟယ်… တ...
30/10/2026

အရင်တုန်းကတော့ တိလေးအတွက် ဈေးဝယ်မယ်ဆို အစာလေးဝယ်ပေးဖို့လောက်ပဲ စဉ်းစားမိတာပေါ့။ 💭

တစ်နေ့ THK ကို ရောက်သွားတော့မှ…
“ဟယ်… တိလေးအတွက် ဝယ်ပေးလို့ရတာတွေ ဒီလောက်တောင်များတာလား” ဆိုပြီး အံ့ဩသွားရတယ်။ 🫣

🍖 စားချင်စရာ Snack လေးတွေ
🧸 ဆော့ကစားဖို့ Toy လေးတွေ
🧴 ရေချိုးသန့်ရှင်းရေးအတွက် Shampoo လေးတွေ
💊 လိုအပ်ချက်အလိုက် ဖြည့်စွက်ပေးနိုင်တဲ့ Supplement တွေ
🛍 နေ့စဉ်သုံးဖို့ အသုံးအဆောင်ပစ္စည်းလေးတွေ…
တစ်ခုချင်းစီ လိုက်ကြည့်ရင်း ရွေးစရာတွေအများကြီးဆိုတာ သိလာရတယ်။

THK ကိုအစာဝယ်ဖို့ပဲ ရောက်လာခဲ့တာ… အခုတော့ တိလေးအတွက် လိုအပ်တာတွေ အများကြီးရှိမှန်းပါ သိသွားရတယ်လေ။ 💖🛍

THK Pet Supplies
☎️ 09401591729

📍 Address: ဖက်ခင်းလမ်းမကြီး စိန်သုံးလုံးသစ်သီးဆိုင်နား/ဈေးကြိုမီးပွိင့်ဘက်ကနေလာရင် ကျိုက်မရောသွားလမ်း အဝိုင်းကနေ ဓါတ်မီးတိုင်ငါးတိုင်လောက်ပဲ ဆင်းခဲ့ရပါတယ်။ မော်လမြိုင်မြို့။

ဆိုင်ရဲ့တည်နေရာကို ဒီ Link လေးနှိပ်လိုက်လို့ရပါတယ်ရှင့် https://maps.app.goo.gl/XKjbGkdtMy6LNm4n8?g_st=ic

#ကြောင်စာ #အိမ်မွေးတိရစ္ဆာန်

မြောင်လေးကို Treat ကျွေးတဲ့အချိန်မှာ အရသာရှိပြီး နူးညံ့တဲ့ Creamy လေးနဲ့ဆို ပိုကောင်းတာပေါ့နော်။ 💞Ostech VF+ Creamy Trea...
29/10/2026

မြောင်လေးကို Treat ကျွေးတဲ့အချိန်မှာ အရသာရှိပြီး နူးညံ့တဲ့ Creamy လေးနဲ့ဆို ပိုကောင်းတာပေါ့နော်။ 💞

Ostech VF+ Creamy Treat လေးကတော့ ကြောင်လေးတွေအတွက် Creamy ပုံစံနဲ့ ကျွေးပေးနိုင်တဲ့ Treat လေးဖြစ်ပြီး တစ်ကြိမ်စာအတွက် သီးသန့်ထုပ်ပိုးထားတာကြောင့် ကျွေးရတာလည်း လွယ်ကူပါတယ်။ 🐈

အရသာလေးတွေကလည်း မြောင်လေးတို့အကြိုက်တွေ့စေမယ့်
🐟 Tuna
🍗 Chicken
🦐 Shrimp
🐟 Salmon
🦞 Lobster
🐟 Katsuobushi
အရသာမျိုးစုံ ရွေးချယ်လို့ရပါတယ်။

ဒါ့အပြင် သဘာဝပါဝင်ပစ္စည်းများနဲ့ ပြုလုပ်ထားပြီး Protein ပါဝင်မှုမြင့်မားတာ၊ နူးညံ့အရသာရှိတာတို့ကလည်း Ostech VF+ ရဲ့ အားသာချက်တွေပါ။ 💛

Ostech VF+ Creamy Treat ကို THK Pet Supplies မှာ ရရှိနိုင်ပါတယ်နော်။ 🛍🐾

THK Pet Supplies
☎️ 09401591729

📍 Address: ဖက်ခင်းလမ်းမကြီး စိန်သုံးလုံးသစ်သီးဆိုင်နား/ဈေးကြိုမီးပွိင့်ဘက်ကနေလာရင် ကျိုက်မရောသွားလမ်း အဝိုင်းကနေ ဓါတ်မီးတိုင်ငါးတိုင်လောက်ပဲ ဆင်းခဲ့ရပါတယ်။ မော်လမြိုင်မြို့။

ဆိုင်ရဲ့တည်နေရာကို ဒီ Link လေးနှိပ်လိုက်လို့ရပါတယ်ရှင့် https://maps.app.goo.gl/XKjbGkdtMy6LNm4n8?g_st=ic

#ခွေးစာ #ကြောင်စာ #အိမ်မွေးတိရစ္ဆာန် +CreamyTreat # +

“တိလေးကို ဘယ်နှရက်တစ်ခါ ရေချိုးပေးရမလဲ?” ဆိုပြီး ဖေဖေမေမေတို့ တွေးမိဖူးကြမှာပေါ့နော်။ 💭တကယ်တော့ တိလေးတွေကို ရက်အတိအကျ သတ...
28/10/2026

“တိလေးကို ဘယ်နှရက်တစ်ခါ ရေချိုးပေးရမလဲ?” ဆိုပြီး ဖေဖေမေမေတို့ တွေးမိဖူးကြမှာပေါ့နော်။ 💭

တကယ်တော့ တိလေးတွေကို ရက်အတိအကျ သတ်မှတ်ပြီး ရေချိုးပေးရမယ်ဆိုတာမျိုး မရှိပါဘူး။ 🛁

တိလေးရဲ့ အသက်၊ အမွေးအမျှင်အမျိုးအစားနဲ့ နေထိုင်မှုပုံစံပေါ်မူတည်ပြီး ရေချိုးပေးရမယ့်အကြိမ်ရေက ကွာနိုင်ပါတယ်။ 🐾

🐶 ခွေးလေးတွေဆိုရင်
အပြင်ထွက်များတာ၊ ကစားပြီးဖုန်တွေ ညစ်ပေတတ်တာ၊ အမွေးအမျှင်ထူတာမျိုးဆို ပုံမှန်ရေချိုးပေးဖို့ လိုပါတယ်။

🐱 ကြောင်လေးတွေကတော့
ကိုယ်တိုင်အမွေးသန့်ရှင်းရေးလုပ်တတ်တာကြောင့် ခွေးလေးတွေလို မကြာခဏ ရေချိုးပေးဖို့ မလိုပါဘူး။ ညစ်ပေတဲ့အချိန်၊ လိုအပ်တဲ့အချိန်မှာတော့ ရေချိုးပေးနိုင်ပါတယ်။

ဒါကြောင့် “ဘယ်နှရက်တစ်ခါ ရေချိုးပေးရမလဲ?” ဆိုတာထက် “ကိုယ့်တိလေးအတွက် ဘယ်အချိန်မှာ ရေချိုးပေးဖို့ သင့်တော်လဲ?” ဆိုတာက ပိုအရေးကြီးပါတယ်။ 💛

ကိုယ့်တိလေးရဲ့ အမွေးအမျှင်၊ နေထိုင်မှုပုံစံနဲ့ သန့်ရှင်းမှုအခြေအနေကိုကြည့်ပြီး သင့်တော်တဲ့အချိန်မှာ ရေချိုးပေးဖို့မမေ့ပါနဲ့နော်။ 🛁

THK Pet Supplies
☎️ 09401591729

📍 Address: ဖက်ခင်းလမ်းမကြီး စိန်သုံးလုံးသစ်သီးဆိုင်နား/ဈေးကြိုမီးပွိင့်ဘက်ကနေလာရင် ကျိုက်မရောသွားလမ်း အဝိုင်းကနေ ဓါတ်မီးတိုင်ငါးတိုင်လောက်ပဲ ဆင်းခဲ့ရပါတယ်။ မော်လမြိုင်မြို့။

ဆိုင်ရဲ့တည်နေရာကို ဒီ Link လေးနှိပ်လိုက်လို့ရပါတယ်ရှင့် https://maps.app.goo.gl/XKjbGkdtMy6LNm4n8?g_st=ic

#ခွေးစာ #ကြောင်စာ #အိမ်မွေးတိရစ္ဆာန်

📢 THK Pet Supplies ရဲ့ ချစ်ရတဲ့ Customer များရှင့် 💗 အောက်တိုဘာလ ၂၆ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) တစ်ရက် ဆိုင်ပိတ်ထားမှာ...
26/10/2026

📢 THK Pet Supplies ရဲ့ ချစ်ရတဲ့ Customer များရှင့် 💗 အောက်တိုဘာလ ၂၆ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) တစ်ရက် ဆိုင်ပိတ်ထားမှာဖြစ်ပြီး ၂၇ ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမယ်နော် 🐾

🪷 သီတင်းကျွတ်အခါသမယလေးမှာ မိသားစုတိုင်း ပျော်ရွှင်ချမ်းမြေ့ကြပြီး အိမ်က ချစ်ရတဲ့ သားသား၊ မီးမီးလေးတွေလည်း ကျန်းမာသန်စွမ်း၊ ဆော့ကစားပျော်ရွှင်နိုင်ကြပါစေလို့ THK Pet Supplies မှဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့် 🐶🐱💕

🏮🤍

တိလေးအတွက် လိုအပ်တာတွေ ရှာနေတယ်ဆိုရင် THK Pet Supplies ကို အရင်ဆုံး ဝင်ကြည့်လိုက်ပါနော် 👀 🍚 Pet Food — နေ့စဉ်စားဖို့🦴 Sn...
21/10/2026

တိလေးအတွက် လိုအပ်တာတွေ ရှာနေတယ်ဆိုရင် THK Pet Supplies ကို အရင်ဆုံး ဝင်ကြည့်လိုက်ပါနော် 👀

🍚 Pet Food — နေ့စဉ်စားဖို့
🦴 Snack & Treat — အဆာပြေကျွေးချင်တဲ့အချိန်အတွက်
🧸 Toy — ကစားဖို့
🧴 Shampoo & Pet Care — သန့်ရှင်းသပ်ရပ်ဖို့
🛍 Accessories — နေ့စဉ်အသုံးပြုဖို့

တိလေးရဲ့ နေ့စဉ်ဘဝမှာ လိုအပ်တာတွေကို
THK Pet Supplies မှာ အလွယ်တကူတွေ့နိုင်ပါတယ်။ 🐾

ဒါကြောင့် “တိလေးအတွက် ဘာလိုလဲ” စဉ်းစားနေပြီဆိုရင် ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင် မရှာခင် THK ကို အရင်ဝင်ကြည့်လိုက်ပါနော်။ 🛍💛

THK Pet Supplies
☎️ 09401591729

📍 Address: ဖက်ခင်းလမ်းမကြီး စိန်သုံးလုံးသစ်သီးဆိုင်နား/ဈေးကြိုမီးပွိင့်ဘက်ကနေလာရင် ကျိုက်မရောသွားလမ်း အဝိုင်းကနေ ဓါတ်မီးတိုင်ငါးတိုင်လောက်ပဲ ဆင်းခဲ့ရပါတယ်။ မော်လမြိုင်မြို့။

ဆိုင်ရဲ့တည်နေရာကို ဒီ Link လေးနှိပ်လိုက်လို့ရပါတယ်ရှင့် https://maps.app.goo.gl/XKjbGkdtMy6LNm4n8?g_st=ic

#ခွေးစာ #ကြောင်စာ #အိမ်မွေးတိရစ္ဆာန်

ခွေးလေးအတွက် Snack ရွေးတဲ့အခါ“ဒီတစ်မျိုးပဲ စားနေရရင် ငြီးငွေ့သွားမလား…” ဆိုပြီး ဖေဖေမေမေတို့က အရသာလေးတွေ စုံစုံလင်လင် ရွ...
18/10/2026

ခွေးလေးအတွက် Snack ရွေးတဲ့အခါ
“ဒီတစ်မျိုးပဲ စားနေရရင် ငြီးငွေ့သွားမလား…”
ဆိုပြီး ဖေဖေမေမေတို့က အရသာလေးတွေ စုံစုံလင်လင် ရွေးပေးချင်ကြတယ်နော်။ 🐾

အဲ့လိုဆို JerHigh လေးကို သိထားသင့်ပါတယ်။ ✨

JerHigh က အသားအစစ်နဲ့လုပ်ထားတဲ့ Snack ဖြစ်ကာ
🥕 Chicken Carrot
🥩 Beef
🍗 Chicken Jerky
🥓 Chicken Bacon
🥛 Chicken Milky
🥬 Chicken Spinach
🍓 Chicken Strawberry ဆိုပြီး ရွေးချယ်စရာတွေလည်းအများကြီး ရှိပါတယ်။

အရသာလေးတွေ စုံစုံလင်လင်ရှိတာမို့ ခွေးလေးအကြိုက်ကို ကြည့်ပြီး အရသာပြောင်းပေးချင်တဲ့ ဖေဖေမေမေတို့အတွက် JerHigh က အသင့်တော်ဆုံးပါပဲ။ 💛

JerHigh ကို THK Pet Supplies မှာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်နော်။ 🛍

THK Pet Supplies
☎️ 09401591729

📍 Address: ဖက်ခင်းလမ်းမကြီး စိန်သုံးလုံးသစ်သီးဆိုင်နား/ဈေးကြိုမီးပွိင့်ဘက်ကနေလာရင် ကျိုက်မရောသွားလမ်း အဝိုင်းကနေ ဓါတ်မီးတိုင်ငါးတိုင်လောက်ပဲ ဆင်းခဲ့ရပါတယ်။ မော်လမြိုင်မြို့။

ဆိုင်ရဲ့တည်နေရာကို ဒီ Link လေးနှိပ်လိုက်လို့ရပါတယ်ရှင့် https://maps.app.goo.gl/XKjbGkdtMy6LNm4n8?g_st=ic

#ခွေးစာ #ကြောင်စာ #အိမ်မွေးတိရစ္ဆာန်

Address

Phat Khin Main Road
Mawlamyine

Website

Alerts

Be the first to know and let us send you an email when THK Pet Supplies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share