မေတ္တာဦး - တိရစ္ဆာန်ဆေးကုခန်းနှင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း

  • Home
  • Myanmar
  • Mawlamyine
  • မေတ္တာဦး - တိရစ္ဆာန်ဆေးကုခန်းနှင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း

မေတ္တာဦး - တိရစ္ဆာန်ဆေးကုခန်းနှင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း The Best Pet Clinic in the town � Emergency 24hr oncall service

🐕  ရှင်မွှေးလွန်း မေမေ Ester လေးက 🤰နောက်တစ်ဗိုက် ထပ်ရသွားတော့ ပိုင်ရှင်မေမေတို့က 🐶  ကလေးလေးတွေရဲ့ အခြေနေ သိရအောင်  ဆေးခန...
03/11/2025

🐕 ရှင်မွှေးလွန်း မေမေ Ester လေးက
🤰နောက်တစ်ဗိုက် ထပ်ရသွားတော့ ပိုင်ရှင်မေမေတို့က 🐶 ကလေးလေးတွေရဲ့ အခြေနေ သိရအောင် ဆေးခန်းမှာ စစ်ဆေးဖို့ ရောက်လာခဲ့တာပါ 🩺🧡

🐕 မေမေEsterလေးရဲ့ ဗိုက်ထဲက ကလေးလေးတွေရဲ့ အခြေနေသိရအောင် Ultrasound နဲ့ စစ်ဆေးကြည့်ပေးတဲ့အခါမှာ ကလေးတွေရဲ့ နှလုံးခုန်နှုန်း ကောင်းမွန်စွာ ရှိနေပြီး မွေးဖွားရက် နီးနေတာ စစ်ဆေး တွေ့ရှိခဲ့ရပါတယ်🩺❤
🐶 ကလေးကောင်ရေ သိရအောင်
(X-ray)ဓာတ်မှန် ရိုက်ကြည့်တဲ့ အခါမှာလဲ ကလေးလေး 7ကောင် 😱 ရှိနေတာ တွေခဲ့ရပါတယ်💓

ဆရာမတို့ဆီမှာ ဝုမေမေအတွက် ကိုယ်ဝန်ဆောင်ကာလ နှင့် နို့တိုက်နေစဥ် ကာလမှာ တိုက်ပေးဖို့
လိုအပ်တဲ့ အားဆေးတွေ ယူပြီး ပျော်ပျော်ပါးပါး အိပ်ပြန်သွားကြပါပြီ🐾💛

ကလေးထိန်းတော်တဲ့ 🐕 ဝုမေမေလေးကတော့
ချစ်ရတဲ့ 🐶 သားသားမီးမီးလေးတွေနဲ့ ကျန်းမာပျော်ရွှင်လို့ နေပါပြီ💖
❗Daily open (24) hrs for emergency cases

# pregnancy checkup

-ray


Car Accident ဖြစ်ပြီး အရေးပေါ် ရောက်လာတဲ့ 4လသားအရွယ် ပိုင်ရှင်မဲ့ ကလေးလေး🐾🐕 🐕  မောင်မဲလေးကို ကားတိုက်ခံထားရတာ တွေ့ပြီး က...
31/10/2025

Car Accident ဖြစ်ပြီး အရေးပေါ် ရောက်လာတဲ့ 4လသားအရွယ် ပိုင်ရှင်မဲ့ ကလေးလေး🐾🐕

🐕 မောင်မဲလေးကို ကားတိုက်ခံထားရတာ တွေ့ပြီး ကယ်ပေးတဲ့ အစ်မက ဆေးခန်း လာပြပေးတာပါ

😌 သနားစရာ 🐶 မောင်မဲလေးကို ဓာတ်မှန် ရိုက်ပြီး
စစ်ဆေးကြည့်တဲ့အခါမှာ🩺 ထိခိုက်မှုကြောင့် အဆုတ် သွေးယိုစိမ့်တာအပြင် ရှေ့လက်ကျိူးပဲ့ ဒဏ်ရာ နဲ့ ဝမ်းဗိုက် ကြွက်သား အလွှာတွေပါ ပေါက်ပြဲသွားပြီး အူတွေပါ ကျွံကျနေတာကို တွေ့ခဲ့ရပါတယ်

ဆရာမ တို့က အရေးပေါ် ခွဲစိတ်ကုသမှုတွေ လုပ်ပေးပြီး ခွဲစိတ်မှု အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ် 🎉💖

မောင်မဲလေးက ဆေးခန်းမှာ ကုသမှုတွေ ခံယူရင်း အဆုတ် အခြေနေ အတော်လေး သက်သာလာပြီး ဝမ်းဗိုက် ကြွက်သားမှာ ရှိတဲ့ အူကျွံ ဒဏ်ရာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပါပြီ 💙

🍀 ကံကောင်းလွန်းတဲ့ မောင်မဲလေး ဘဝတစ်လျှောက်လုံး အနာရောဂါကင်းပြီး သက်ရှည် ကျန်းမာပါစေနော် 💞🖤

Daily open (24) hrs for emergency cases

operation
-ray


ကိုကြီး ကံကောင်း နဲ့  ညီမလေး ဖြူဖွေး တို့ မောင်နှမတွေက  ချောင်းဆိုး ချွဲကြပ်နေလို့ ဆေးခန်းရောက်လာကြတာပါ   ကံကောင်းလေးက မ...
30/10/2025

ကိုကြီး ကံကောင်း နဲ့ ညီမလေး ဖြူဖွေး တို့ မောင်နှမတွေက ချောင်းဆိုး ချွဲကြပ်နေလို့
ဆေးခန်းရောက်လာကြတာပါ

ကံကောင်းလေးက မကြာခဏ ချောင်းဆိုးတတ်တာမို့ အဆုတ်အတွက် ကျန်းမာရေး စစ်ဆေးမှု အပြင် နှလုံးသန်ကောင်အတွက်ပါ စိတ်ချရအောင် လိုအပ်တဲ့ 🩸 သွေးစစ်ဆေးမှု လုပ်ကြည့်ခဲ့ပါတယ်

မောင်ကံကောင်းလေးက နှလုံးသန်ကောင် စစ်ဆေးတာမှာ negative ပြခဲ့တာမို့ လစဥ် နှလုံးသန် ကာကွယ်ဆေးတွေ တိုက်ကျွေးပေးပြီး နှလုံးသန်ကောင်ရဲ့ အန္တရယ်ကနေ ကာကွယ်ထားလို့ရသွားပါပြီ

ကံကောင်းလေးကို အဆုတ်အတွက် လိုအပ်တဲ့ ကုသမှုတွေ လုပ်ပေးခဲ့ပြီး ချောင်းဆိုးတာတွေ အတော်လေး သက်သာလာပြီမို့ ဆရာမဆီက လိုအပ်တဲ့ သောက်ဆေးတွေ 💊 ယူပြီး ပျော်ပျော်ပါးပါး အိမ်ပြန်သွားကြပါပြီ 💖🐾

Daily open (24) hrs for emergency cases



prevention
mixed

27/10/2025

အချွဲကြပ်ပြီး မောနေလို့ ဆေးငွေ့လာရှုနေတဲ့ ဘိုးဘိုး💕🐀 #အမြန်ဆုံး ကျန်းမာပါစေ ဖေဖေ မေမေတို့နဲ့ သက်တမ်းစေ့ ပျော်ပျော်ရွင်ရွင်နေပါ ကလေးရေ🤍💖 Clinic #မေတ္တာဦးတိရစ္ဆာန်ဆေးကုခန်း

Singapore Vet Show 2025 !မေတ္တာဦး တိရစ္ဆာန်ဆေးကုခန်း မှ စင်္ကာပူတွင်ကျင်းပလျက်ရှိသော အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်ဆရာဝန်ညီလ...
24/10/2025

Singapore Vet Show 2025 !
မေတ္တာဦး တိရစ္ဆာန်ဆေးကုခန်း မှ စင်္ကာပူတွင်ကျင်းပလျက်ရှိသော အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်ဆရာဝန်ညီလာခံ နှင့် ပြပွဲ " An international veterinary conference and exhibition held in Singaoore " သို့ တက်ရောက်ကာ နိုင်ငံအနှံ့အပြားမှ တိုးတက်နေသော ဆေးပညာ၊ နည်းပညာ နှင့် ကုသမှုပုံများ ၊ ရှာဖွေတွေ့ရှိမှုများကို တက်ရောက်လေ့လာခဲ့ပါတယ် ။
Conference မှရရှိလာသော အတွေ့အကြုံပညာရပ်များဖြင့် သတ္တဝါလေးများကို ပိုမိုကောင်းမွန်သော ကုသမှုများပေးနိုင်ရန်ကြိုးစားသွားပါဦးမယ်ခင်ဗျာ 🤗 ။

#မေတ္တာဦးတိရစ္ဆာန်ဆေးကုခန်း
# Myittarooveterinaryclinic

😍 လိမ်မာလွန်းတဲ့ သမီးလေး 🐈က 🩸မအင်္ဂါကနေ နီညိုရောင် အရည်တွေ ကျနေတာကြောင့်  🏥 ဆေးခန်းရောက်လာခဲ့တာပါ 🐾   🐈သမီးလေးက 🤰ဗိုက်ဖေ...
22/10/2025

😍 လိမ်မာလွန်းတဲ့ သမီးလေး 🐈က 🩸မအင်္ဂါကနေ နီညိုရောင် အရည်တွေ ကျနေတာကြောင့် 🏥 ဆေးခန်းရောက်လာခဲ့တာပါ 🐾

🐈သမီးလေးက 🤰ဗိုက်ဖောင်းလာတာ ၂လ ဝန်းကျင်လဲ ရှိပါပြီ💕
သားလိုက်ထားတာ မသိလိုက်ပဲ သမီးလေးကို တားဆေး ထိုးပေးမိတာလဲ ရှိပါတယ် 💉

🐈 သမီးလေးကို 🏥 ဆေးခန်း မှာ 🩺 လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပေးပြီး Ultrasound ရိုက်ကြည့်တဲ့ အခါမှာ​ ဗိုက်ထဲမှာ ရှိတဲ့ 😺ကလေးတွေရဲ့ နှလုံးခုန်နှုန်း မတွေ့တော့တာကြောင့် အရေးပေါ် ခွဲစိတ် ကုသမှု တွေ ပြုလုပ်ခဲ့ပါတယ် 💕

Operationအောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီး ကျန်းမာ လန်းဆန်းစွာနဲ့ အပျိုမလေးအဖြစ် ပျော်ပျော်ပါးပါး ဆေးရုံ ဆင်းသွာပါပြီ😍💖
Daily open (24) hrs for emergency cases

operation




16/10/2025

ညညဆို တံခါးမပိတ်မချင်း အပြင်ကနေ ဝင်မလာချင်တဲ့ ဧည့်ကြို ခွေးမကြီးပါ

နေ့ခင်းဧည့်သည်လာရင်တံခါးဖွင့်ကြို တာကို မှတ်ထားပြီး ညဆို သူ့အလှည့် သူများတံခါးပိတ်မှ ဝင်ဖို့အတွက် တံခါးဖွင့်ခိုင်းပါမယ် 🤭

ဒီလောက်ဆို မလည်ဘူးမလားဟင် 🫠

🏙  ဇင်းကျိုက်မြို့ကနေ ရောက်လာတဲ့ စွာစိစိန်လေး Luckyကတော့ ငယ်စဥ်ထဲက  မျက်လုံးနှစ်ဖက်လုံးမှာ🍒👁 အနီရောင် အသားပိုဖု(cherry e...
16/10/2025

🏙 ဇင်းကျိုက်မြို့ကနေ ရောက်လာတဲ့ စွာစိစိန်လေး Luckyကတော့ ငယ်စဥ်ထဲက မျက်လုံးနှစ်ဖက်လုံးမှာ🍒👁 အနီရောင် အသားပိုဖု(cherry eye) လေးတွေ ဖြစ်လနေခဲ့တာကြောင့် 🏥 ဆေးခန်း ရောက်လာခဲ့တာပါ 🐾❤

🐕 Luckyလေးရဲ့ မျက်လုံး နှစ်ဖက်လုံးမှာ (cherry eye) အသားပိုတွေ ထွက်လာနေပြီး မျက်ရည်တွေ ကျနေတာကြောင့် အမြင်အာရုံ မရှင်းလင်းတော့ပဲ နေရခက်နေခဲ့ရတာပါ😪

🐕 Lucky လေး အရွယ်ရောက်လာချိန်မှာပဲ ဆရာမတို့က ခွဲစိတ်ကုသမှုတွေ လုပ်ပေးခဲ့ပါတယ် 🩺💛

🍒👁 Cherry eye ပြဿနာအများစုကတော့ တတိယမြောက် မျက်ခွံအလွှာမှာရှိတဲ့ မျက်ရည်အိတ်လေးကို ထိန်းပေးထားတဲ့ အရွတ်ကြောလေး အားနည်းတဲ့အခါ သို့မဟုတ် ပြတ်တောက်သွားတဲ့အခါမှာလဲ ဖြစ်တတ်သလို မိဘမျိူးရိုးလိုက်ပြီးလည်း ဖြစ်တတ်​ကြ
ပါတယ်😌

ကိုluckyလေးကတော့ အမြင်အာရုံ ရှင်းလင်းသွားပြီး
စော်ကြည်ကောင်ချောလေး အဖြစ်နဲ့
အိမ်ပြန်သွားပါပြီ 🏡💖

Daily open (24) hrs for emergency cases

surgery


မနက်ခင်း အမှိုင်းလေး တဖြတ်🥱🌝စောစောစီးစီး အိပ်ယာနှိုးပြီး ရှူးဆင်းပေါက်ခိုင်းတာ တရားလားဂျာ အိပ်ရေးမဝတာမှ ရှိတဲ့ ညှက်လုံး ...
16/10/2025

မနက်ခင်း အမှိုင်းလေး တဖြတ်🥱

🌝စောစောစီးစီး အိပ်ယာနှိုးပြီး ရှူးဆင်းပေါက်ခိုင်းတာ တရားလားဂျာ

အိပ်ရေးမဝတာမှ ရှိတဲ့ ညှက်လုံး နှစ်လုံးတောင် မနည်းပြူးဖွင့်ထားရတယ် 🙄



🐶ဂျစ်တူးလေးကတော့  🐕🐕‍🦺ဝုအဖွဲ့တွေနှင့် ဆော့ကစားနေရင်း အမှတ်မထင်ပဲ အချင်းချင်း ကိုက်မိရာကနေ 👁️သူ့ရဲ့မျက်လုံးမှာ ထိခိုက် ဒဏ...
08/10/2025

🐶ဂျစ်တူးလေးကတော့ 🐕🐕‍🦺ဝုအဖွဲ့တွေနှင့် ဆော့ကစားနေရင်း အမှတ်မထင်ပဲ အချင်းချင်း ကိုက်မိရာကနေ 👁️သူ့ရဲ့မျက်လုံးမှာ ထိခိုက် ဒဏ်ရာ ရရှိသွားခဲ့တာပါ။ 😥

🏥ဆေးခန်းရောက်တာနဲ့ 👩🏻‍⚕️👩🏻‍⚕️ဆရာဝန်မလေးတွေက ဂျစ်တူးလေးရဲ့ ဒဏ်ရာကို သေချာစစ်ဆေးကြည့်ပေးခဲ့ပါတယ်🩺

🐶ဂျစ်တူးလေးရဲ့ 👁️မျက်လုံး က အလွန်အမင်း ရောင်ရမ်းနေပြီး မျက်လုံးအိမ် အပြင်ဘက်ကို ပြူးထွက်နေတာကို တွေ့ခဲ့ရတာကြောင့် ဂျစ်တူးလေးရဲ့ မျက်လုံးကို 🤩နဂိုအလှလေးအတိုင်း ရအောင် လိုအပ်တဲ့ ဆေးကုသမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်🏥

🏥အခုဆိုရင်တော့ ကျွန်မတို့ရဲ့ သားလေး 🐶ဂျစ်တူးက လိုအပ်တဲ့ 💉🩺ဆေးကုသမှုတွေအားလုံး ခံယူပြီးလို့ 👀နဂိုမျက်လုံးအလှလေးအဖြစ်နဲ့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် အိမ်ကို ပြန်သွားနိုင်ခဲ့ပါပြီနော်။ 🏡

❗️Daily open (24) hrs for emergency cases




🎇Happy Thadingyut Festival 🪔🥳
06/10/2025

🎇Happy Thadingyut Festival 🪔🥳

🎊🪔ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာချစ်ခင်ရသော 👩‍❤️‍👨ဝုဖေဖေ၊မေမေတို့နှင့်တကွ🐶😻ဝုတို့၊မြောင်တို့အားလုံး  ကိုယ်၏ကျန်းမာခြင်...
06/10/2025

🎊🪔ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ
ချစ်ခင်ရသော 👩‍❤️‍👨ဝုဖေဖေ၊မေမေတို့နှင့်တကွ
🐶😻ဝုတို့၊မြောင်တို့အားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သလိုက်ပါတယ် ခင်ဗျာ🙏

🏥ဆေးခန်းကိုလည်း 📆ပုံမှန်အတိုင်း
ပိတ်ရက်မရှိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းလည်း သတင်းကောင်း ပါးအပ်ပါသည် ခင်ဗျာ👨‍⚕️👩🏻‍⚕️

Address

No. (5-B), Upper Main Road, Mawlamyine. အထက်လမ်းမကြီး၊ဖက်တန်းရပ်ကွက်၊မော်လမြိုင်မြို့။
Mawlamyine
12012

Telephone

+959940599000

Website

Alerts

Be the first to know and let us send you an email when မေတ္တာဦး - တိရစ္ဆာန်ဆေးကုခန်းနှင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မေတ္တာဦး - တိရစ္ဆာန်ဆေးကုခန်းနှင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း:

Share

Category