15/06/2022
ခွေးပိုင်ရှင်တွေက ပိုအသက်ရှည် ကျန်းမာကြောင်း
လေ့လာတွေ့ရှိ...
ခွေးပိုင်ရှင်တွေဟာ သူတို့ရဲ့ခွေးလေးတွေကြောင့် အပြုသဘောဆောင်တဲ့ အကျိုးကျေးဇူးတွေရှိကြပြီး ဒါကို သိပ္ပံနည်းကျအရ သက်သေပြနေတဲ့ အထောက်အထားတွေ ရှိလို့နေတာပါ။ လေ့လာမှုများစွာအရ ခွေးတစ်ကောင်ပိုင်ဆိုင်ခြင်းက သင့်ရဲ့ကျန်းမာရေး၊ ပုံပန်းသဏ္ဌာန်နဲ့ သက်တမ်းကို အံ့သြလောက်စေတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်တာပါ။
-ဆယ်နှစ်လောက် ငယ်ရွယ်နုပျိုစေတယ်
ခွေးတစ်ကောင်ပိုင်ဆိုင်ခြင်းဟာ သင့်ရဲ့ကျန်းမာရေးကို ပိုမိုကောင်းမွန်စေနိုင်သလို သုတေသီတွေက ခွေးမွေးခြင်းက လူတစ်ဦးရဲ့ဘဝအတွက် ကောင်းကျိုးသက်ရောက်မှု နောက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အသက် ၆၅ နှစ်အရွယ် ခွေးပိုင်ရှင်တွေဟာ သူတို့ရဲ့နဂိုအသက်ထက် ဆယ်နှစ်လောက်နုပျိုနေကြောင်းကို တွေ့ရှိခဲ့ရတာပါ။
-သင့်ကိုယ်သင် တန်ဖိုးထားလေးစားမှုကို မြှင့်တင်ပေးတယ်
အိမ်မွေးတိရိစ္ဆာန်ခွေးလေးတွေနဲ့ ခိုင်မာတဲ့နှောင်ကြိုးရှိတဲ့ ပိုင်ရှင်တွေဟာ ခွေးမပိုင်ဆိုင်သူတွေထက် စာနာမှုနဲ့ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားမှု မြင့်တတ်ကြပါတယ်။ နောက်ပြီး အနီးအနားမှာ ခွေးလေးတွေရှိနေခြင်းက စိတ်ဖိစီးမှုကို နည်းပါးစေပြီး ပျော်ရွှင်မှုကို ပိုခံစားကြရပါတယ်။
-နာတာရှည်ရောဂါဖြစ်နိုင်ခြေကို လျော့ချပေးတယ်
စစ်တမ်းတွေအရ ခွေးပိုင်ရှင်တွေဟာ သူတို့ရဲ့ခွေးလေးတွေနဲ့ ပုံမှန်လမ်းလျှောက်ဖြစ်တာကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေ သုံးပုံတစ်ပုံနည်းပါးစေတာပါ။ ဒါ့အပြင် ဓာတ်မတည့်ခြင်းဖြစ်ပေါ်တတ်တဲ့ မိသားစုတွေမှ ကလေးတွေဟာ မွေးကတည်းက အိမ်မွေးခွေးနဲ့ကြီးပြင်းလာပါက နှင်းခူနဲ့ ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေကို နည်းပါးစေကြောင်း သုတေသနများအရ သိရပါတယ်။
- ပျော်ရွှင်ခြင်း ဟော်မုန်းတွေ ထုတ်လွှတ်ပေးတယ်
ခွေးတွေအနားမှာရှိခြင်းက သင့်ကိုပျော်ရွှင်မှုဖြစ်ပေါ်စေတဲ့ oxytocin, serotonin, နဲ့ dopamine ဟော်မုန်းတွေကို ထုတ်ပေးနိုင်တာပါ။ ဒီဟော်မုန်းတွေက သင့်ကို ပျော်ရွှင်စေပြီး စိတ်ဖိစီးမှုကင်းစင်ကာ ငယ်ရွယ်နုပျိုစေပါတယ်။
-အသက်ပိုရှည်စေတယ်
လေ့လာမှုများအရ ခွေးပိုင်ရှင်တွေဟာ ခွေးပိုင်ရှင်မဟုတ်တဲ့သူတွေထက် အသက်ပိုရှည်ကြောင်း တွေ့ရှိရတာဖြစ်ပါတယ်။ နောက်ပြီး ခွေးပိုင်ရှင်တွေဟာ ခွေးလေးတွေရဲ့ကျေးဇူးကြောင့် နှလုံးဖောက်ခြင်း သို့ လေဖြတ်ခြင်းလိုမျိုး ပြင်းထန်တဲ့ကျန်းမာရေးအခြေအနေတွေမှ မြန်မြန်ကောင်းမွန်လာစေနိုင်ပါတယ်။
SHWEMOM
CREDIT