Guard Dog Fighter

Guard Dog Fighter We train your lovely dogs as the perfect dogs for you.

အဖေချော အမေချော ကိန်းအမလေး3ကောင် ကာကွယ်ဆေးစုံရမည်
09/05/2024

အဖေချော အမေချော ကိန်းအမလေး3ကောင် ကာကွယ်ဆေးစုံရမည်

မြောင် ရှယ်ချော ချစ်စရာလေး3ကောင် အထူးဈေးနဲ့ရောင်းပါမည် 2နှစ်သားအထီး 1နှစ်ကျော်အမ အိမ်ပေါက်အမရှယ်အထူးဈေး  09 966 953338
04/04/2024

မြောင် ရှယ်ချော ချစ်စရာလေး3ကောင် အထူးဈေးနဲ့ရောင်းပါမည် 2နှစ်သားအထီး 1နှစ်ကျော်အမ အိမ်ပေါက်အမရှယ်အထူးဈေး 09 966 953338

ခလေးတွေအိပ်ပြီ မနှောင့်ယှက်နဲ့နော် ဘာမျိုးလဲ ဘယ်နှစ်ကောင်လဲ မှန်းကြည့်ပေးနော်🥰😍😘😘😘
28/03/2024

ခလေးတွေအိပ်ပြီ မနှောင့်ယှက်နဲ့နော် ဘာမျိုးလဲ ဘယ်နှစ်ကောင်လဲ မှန်းကြည့်ပေးနော်🥰😍😘😘😘

ပြင်ဦးလွင်မှာ မမနဲ့လည်လည်သွား မြို့ပတ် ကားပတ်စီး မျက်စိနောက်သူတွေပတ်ဖြဲ လူဇိုးလုပ် သားကို တွေ့ခေါ်ကြနော်🥰🥰😍🥰
27/03/2024

ပြင်ဦးလွင်မှာ မမနဲ့လည်လည်သွား မြို့ပတ် ကားပတ်စီး မျက်စိနောက်သူတွေပတ်ဖြဲ လူဇိုးလုပ် သားကို တွေ့ခေါ်ကြနော်🥰🥰😍🥰

16/03/2024

ပြင်ဦးလွင်မှာနိုင်ငံခြားပြန်ဆရာများနဲ့ခွေးသင်တန်းမကြာခင်ဖွင့်ပါမည်

16/03/2024

ပြင်ဦးလွင်မှာနိုင်ငံခြားပြန်ခွေးTrainerကြီးများရဲ့ခွေးသင်တန်းမကြာမှီဖွင့်မည်

စိတ်အပမ်းပြေ လှလား ဖိုက်တာမောင် ကသံကြိုးပြတ်တာမရေမတွက်နိုင်
10/01/2024

စိတ်အပမ်းပြေ လှလား ဖိုက်တာမောင် ကသံကြိုးပြတ်တာမရေမတွက်နိုင်

ပြင်သစ်အမျိုးသမီးတစ်ယောက်ဟာ သူ့ရွာမှာအိမ်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီးစားသောက်စရာလေးတွေရောင်းချရင်း နှစ်ပေါင်းများစွာရပ်တည်လ...
07/12/2022

ပြင်သစ်အမျိုးသမီးတစ်ယောက်ဟာ
သူ့ရွာမှာအိမ်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး
စားသောက်စရာလေးတွေရောင်းချရင်း
နှစ်ပေါင်းများစွာရပ်တည်လာခဲ့ပါတယ်-

တစ်နေ့တော့သူ့ဆိုင်လေးရဲ့မျက်နှာချင်းဆိုင်
လမ်းမတစ်ဖက်မှာ စူပါမားကက်ကြီး တစ်ခု
လာဖွင့်တာကိုတွေ့လိုက်တယ်-

စူပါမားကက်ကြီးကသူတို့ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေရဲ့ စျေးနှုန်းတွေကို
ဆိုင်းဘုတ်ရေးပြီး ထောင်ထားကြတယ်-
" အဲ့ဒီထဲမှာ ထောပတ်ရပြီ-
10-ဖရန့် " ဆိုတာလည်းပါတယ်-

အကျိုးစီးပွားနဲ့ယှဉ်လာတော့ ပြင်သစ်မက
တုန့်ပြန်တဲ့အနေနဲ့ သူ့ဆိုင်ပြူတင်းမှာ
ဆိုင်းဘုတ်ပြန်ထောင်တယ်-

" ထောပတ် 9 - ဖရန့် "

နောက်နေ့ကျတော့ ဆူပါမတ်ကက်ကြီးမှာ ဆိုင်းဘုတ်အသစ်ဖြစ်နေတယ်-

" ထောပတ်ရပြီ 8-ဖရန့် " တဲ့-

ဘယ်ရမလဲ, အားကျမခံ ပြင်သစ်မကလည်း အသစ်ပြင်ရေးလိုက်တာပေါ့-

" ထောပတ်ရပြီ 7-ဖရန့် " လို့ -

အဲ့လိုတွေဖြစ်နေတုန်း
ပြင်သစ်အမျိုးသမီးကြီးရဲ့စျေးဆိုင်မှာ
ဝယ်နေကျဖေါက်သည် 'မွန်စီယာ'ဆိုတဲ့ အမျိုးသား တစ်ယောက် ရောက်လာပြီး
ဆိုင်းဘုတ်ကို လက်ညိုးထိုးရင်း ပြောလာတယ်-

"မဒမ်..... ခင်ဗျားထောပတ်ကိုစျေးလျော့ပြီး
ဘယ်လောက် ကြာကြာရောင်းနိုင်မှာလဲ။
ဒီကုမ္မဏီကြီးတွေက စျေးပေါပေါနဲ့ရောင်းနိုင်အောင် အများကြီးဝယ်လှောင်နိုင်တယ်ဗျ
ခင်ဗျားလိုဆိုင်သေးသေးလေးက
သူတို့နဲ့ယှဉ်နိုင်မှာ မဟုတ်ဘူး"

ဒီတော့
ပြင်သစ်အမျိုးသမီးက ကိုယ်ကိုရှေ့ကိုင်းပြီး,
သူ့ဖေါက်သည်အမျိုးသားကို အခုလို
တိုးတိုးလေးပြန်ပြောလိုက်ပါတယ်-

"စိတ်မပူပါနဲ့ မွန်စီယာရေ,တကယ်တော့
ကျမဆိုင်မှာ ဘာထောပတ်မှ
မရောင်းပါဘူး" ---တဲ့ ...

တစ်ချို့ပြိုင်ပွဲတွေ ဆိုတာ
ကိုယ်ကသာပြိုင်တယ်ထင်နေတာပါ
တစ်ဖက်ကကိုယ့်ကိုပြိုင်ပွဲအသွင်ဖန်တီးပြီးအဆင်းဘီးတပ်နေတာမျိုးလည်း ဖြစ်နေတတ်ပါတယ် (စကားချပ် )

Credit .နေနော်(ဘာသာပြန်သူ)

 #စိတ်ကောင်းရှိတဲ့လူလူတစ်ယောက်ဟာ ဘဏ်မှာ ငွေသွားထုတ်တယ်။ ငွေထုတ်ခွင့်ပုံစံစာရွက်မှာ သူထုတ်ချင်တဲ့ ငွေပမာဏကို ရေးဖြည့် လက်...
01/12/2022

#စိတ်ကောင်းရှိတဲ့လူ

လူတစ်ယောက်ဟာ ဘဏ်မှာ ငွေသွားထုတ်တယ်။ ငွေထုတ်ခွင့်ပုံစံစာရွက်မှာ သူထုတ်ချင်တဲ့ ငွေပမာဏကို ရေးဖြည့် လက်မှတ်ထိုးပြီး ကောင်တာက ဘဏ်ဝန်ထမ်းလူငယ်ကိုပေးလိုက်တယ်။ လူငယ်လည်း ငွေတွေကို အိတ်တစ်ခုထဲ ထည့်ပြီး သူ့ကို ပေးလိုက်တယ်။

သူဟာ အိမ်ပြန်ရောက်တော့မှ ဘဏ်ကပေးလိုက်တဲ့ အထုပ်ထဲက ငွေတွေကို ရေတွက်ကြည့်တယ်။ သူ ငွေထုတ်ခွင့်ပုံစံမှာ ရေးပေးလိုက်တဲ့ ငွေဟာ ၁၅ သိန်းဖြစ်ပေမယ့် အထုပ်ထဲက ငွေတွေဟာ သိန်း ၂၀ ဖြစ်နေတယ်။ ဘဏ်ဝန်ထမ်းလူငယ်က မှားပြီး ပိုက်ဆံပိုပေးလိုက်တာပါ။ မှားပေးလိုက်တဲ့ငွေကလည်း နှည်းနည်းနောနောမဟုတ်ဘူး။ ၅ သိန်းကြီးများတောင်ဆိုတော့ သူလည်း အတော်ပျော်သွားတယ်။ ညနေကျရင် သူငယ်ချင်းတွေကို ဘီယာအဝတိုက်ဖို့ စိတ်ကူးမိတယ်။

ခဏကြာတော့ သူ့ကို ပိုက်ဆံမှားထုတ်ပေးလိုက်တဲ့ ဘဏ်ဝန်ထမ်းလူငယ်ရဲ့မျက်နှာကို မြင်ယောင်ပြီး သနားစိတ်ပေါ်လာတယ်။ လူငယ်ဟာ ပိုက်ဆံမှားထုတ်ပေးလို့ ဘဏ်ကို ပြန်လျော်ရမယ်။ ဒီပိုက်ဆံဟာ သူ့လခ နှစ်လစာလောက်ရှိမယ်။ သူ ပိုက်ဆံလျော်လိုက်ရရင် ပိုက်ဆံမရှိတော့လို့ သူ့မိသားစုဘယ်လိုစားကြမလဲ။ စောစောက ပျော်နေတဲ့ စိတ်ဟာ သနားစိတ်အဖြစ်ပြောင်းသွားတယ်။ သနားစိတ်ကနေ ကိုယ့်ပိုက်ဆံမဟုတ်တာကို လိုချင်တပ်မက်မိလို့ ရှက်စိတ်ဝင်လာတယ်။ ပိုကဆံကို ပြန်ပေးသင့် မပေးသင့် စိတ်ထဲမှာ လွန်ဆွဲနေတယ်။

နောက်ဆုံးတော့ လူငယ်ခမျာ ခုအချိန်မှာ ပိုက်ဆံ ၅ သိန်းလျော့နေလို့ ခေါင်းမီးတောက်နေလိမ့်မယ်လို့ သူ စဉ်းစားမိပြီး ချက်ချင်းပဲ ဘဏ်ကို ပြန်သွားလိုက်တယ်။ ဘဏ်ပိတ်ခါနီးမှာ ရောက်သွားတယ်။ သူက လူငယ်ကို အကျိုးအကြောင်းပြောပြပြီး သူမှားပေးလိုက်တဲ့ ငွေ ၅ သိန်းကို ပြန်ပေးလိုက်တယ်။

လူငယ်လည်း ဝမ်းသာသွားပြီး "အစ်ကိုသာ ဒီငွေကို ပြန်မပေးရင် ကျွန်တော်တို့မိသားစု ဘာနဲ့စားရမှန်းမသိတော့ပါဘူး။ အစ်ကို့ကို ကျေးဇူးတင်လွန်းလို့ ဒါလေးတော့ လက်ခံပေးပါ" ဆိုပြီး ပြန်ပေးလာတဲ့ ပိုက်ဆံ ၅ သိန်းထဲက တစ်သောင်းတန်ငွေစက္ကူ၃ ရွက် သူ့ကို ပေးတယ်။

"ငါ့ကို ဘာမှပေးစရာ မလိုပါဘူး။ တကယ်ဆိုတော့ ငါကပဲ မင်းကို ကျေးဇူးတင်ရမှာပါ။ ဒါကြောင့် မင်းအလုပ်ကအပြန်ကျရင် ဆိုင်တစ်ဆိုင်မှာ တစ်ခုခုကျွေးချင်တယ်ကွာ" လို့ သူ ပြောလိုက်တယ်။

"မဟုတ်တာပဲဗျာ။ ကျွန်တော် ပိုက်ဆံမှားပေးတဲ့ ပိုက်ဆံကို အစ်ကိုပြန်ပေးတာမို့ ကျွန်တော်ကပဲ ကျေးဇူးတင်ရမှာပါ"

"မင်းပိုက်ဆံမှားပေးလိုက်လို့ ငါ့ရဲ့စိတ်ကို စမ်းသပ်ခွင့်ရလိုက်တယ်။ ငါ့လောဘနဲ့ အချောင်ရတဲ့ ပိုက်ဆံယူချင်စိတ်ကို ထိန်းချုပ်နိုင်ခဲ့တယ်။ အဲဒီလိုငါ့စိတ်ကို ထိန်းချုပ်ဖို့ အခွင့်အရေးကို မင်းပေးလိုက်တာမို့ ငါကျေးဇူးတင်တာပါကွာ"

ဇာတ်လမ်းက မဆုံးသေးပါဘူး။ အဲဒီနေ့ကစပြီး လူပျိုကြီးဖြစ်တဲ့ သူနဲ့လူငယ်ဟာ ခင်မင်ရင်းနှီးသွားတယ်။ နောက်တော့ လူငယ်ရဲ့အစ်မနဲ့ လက်ထပ်လိုက်တယ်။ စိတ်ကောင်းရှိလို့ လူပျိုကြီး မိန်းမရသွားတယ်။

ဗန်းမော်သိန်းဖေ
၀၁-၁၂-၂၀၂၂

 #တံဆိပ်ပြလိုက်လေတစ်ရက်မှာ ရဲအရာရှိတစ်ယောက် ပြောင်းဖူးစိုက်ခင်းတစ်ခုကို ရောက်လာတယ်။ သူက စိုက်ခင်းပိုင်ရှင်လယ်သမားကို ခုလ...
26/11/2022

#တံဆိပ်ပြလိုက်လေ

တစ်ရက်မှာ ရဲအရာရှိတစ်ယောက် ပြောင်းဖူးစိုက်ခင်းတစ်ခုကို ရောက်လာတယ်။ သူက စိုက်ခင်းပိုင်ရှင်လယ်သမားကို ခုလို ပြောလိုက်တယ်။ "မင်းရဲ့စိုက်ခင်းထဲမှာ ဘိန်းပင်တွေစိုက်ထားတယ်လို့ သတင်းရထားတယ်။ ဒါကြောင့် ငါ စိုက်ခင်းထဲ သွားပြီး စစ်ဆေးကြည့်ချင်တယ်"။

"ဟုတ်ကဲ့၊ စစ်ဆေးလို့ရပါတယ်။ ဒါပေမဲ့ ဟိုဘက်ကိုတော့ မသွားပါနဲ့" လို့ စိုက်ခင်းပိုင်ရှင်က စိုက်ခင်းအစွန်ကို လက်ညိုးထိုးပြီး ပြောလိုက်တယ်။

ရဲအရာရှိဟာ ရုတ်တရက် ဒေါသထွက်သွားပြီး "ငါဟာ အစိုးရအရာရှိတစ်ယောက်ကွ" လို့ ပြောလိုက်တယ်။ ပြီးတော့ သူ့ရင်ဘတ်က ရဲအရာရှိတံဆိပ်ကို လက်ညိုးထိုးပြပြန်ပြီး "ဒီတံဆိပ်ကို တွေ့လား။ ဒီတံဆိပ်ဟာ ငါ့ကို ကြိုက်တဲ့နေရာကို စစ်ဆေးဖို့ အခွင့်အာဏာပေးထားတယ်။ ဒီတံဆိပ်ကို မြင်တဲ့သူတိုင်း ကြောက်ကြတယ်ကွ" လို့ ဆက်ပြောလိုက်တယ်။

လယ်သမားလည်း ခေါင်းညိတ်ပြီး တောင်းပန်စကားပြောတယ်။ ပြီးတော့ သူ့အလုပ်သူ ဆက်လုပ်တယ်။

ခဏကြာတော့ စိုက်ခင်းအစွန်က လူတစ်ယောက်ရဲ့ စူးစူးဝါးဝါးအော်သံကြားလို့ လှမ်းကြည့်လိုက်တယ်။ ရဲအရာရှိဟာ အူယားဖားယားပြေးနေတာကို တွေ့ရတယ်။ သူ့နောက်ကနေ ကျွဲကြီးတစ်ကောင် လိုက်နေတယ်။ ကျွဲကြီးဟာ သူ့နောက်က ကပ်လျက်မှာ ရောက်နေပြီး သူ့ကို ချိုနဲ့ ကော်ထိုးတော့မယ့်ဆဲဆဲပါ။

လယ်သမားလည်း သူ့လက်ထဲက ပေါက်တူးကို ပစ်ချပြီး အနားက ခြံစည်းရိုးပေါ် ခုန်တက်လိုက်တယ်။ ခြံစည်းရိုးပေါ်ကနေ ရဲအရာရှိကို အသံကုန်အော်ပြောလိုက်တယ်။ "ခင်ဗျားရဲ့ ရင်ဘတ်က တံဆိပ်ကို ဖြုတ်ပြီး ကျွဲကိုပြလိုက်လေ" တဲ့။

ဗန်းမော်သိန်းဖေ
၂၅-၁၁-၂၀၂၂

ကျွန်တော်က ဈေးကြို ကား မောင်းတယ်ဈေးသည်တွေ ငါးသည်တွေ လိုက်တယ်ကြည်မြင်တိုင် စံပြငါးဈေးနဲ့ သီရိမင်္ဂလာဈေး ပို့ ပေးရတယ်--ကျွ...
12/11/2022

ကျွန်တော်က ဈေးကြို ကား မောင်းတယ်
ဈေးသည်တွေ ငါးသည်တွေ လိုက်တယ်
ကြည်မြင်တိုင် စံပြငါးဈေးနဲ့ သီရိမင်္ဂလာ
ဈေး ပို့ ပေးရတယ်
-
-
ကျွန်တော့ကားက ည ၁၁ နာရီ ပုံမှန်ကား
ပေါ့ - ငမူးအောင်စိုးဆိုတဲ့လူက ကျွန်တော့
ကားကို အမြဲစီးတယ်သူက ဒန်အိုးနှစ်လုံး
ကို ထပ်ပြီး ယူလာတယ်
-
သူက အချိန်နဲ့အမျှ အရက်မူးနေတဲ့လူဗျ
ကြည့်မြင်တိုင် အသီးအရွက်ဈေး ရောက်
ရင် သူကအိပ်တစ်လုံးယူပြီး ဈေးထဲလျှောက်
သွားတယ်
-
သူ ရှေ့မှာ အာလူးအိပ် ကို ထမ်းသွားတဲ့
အလုပ်သမားက အိပ်အပေါက်ကနေ
အာလူးတစ်လုံး ပြုတ်ကျရင် သူကကောက်
ထည့် ခရမ်းသီးလေး ပြုတ်ကျ ရင် သူက
ကောက်ထည့် ပေါ့
-
သီရိမင်္ဂလာဈေးကို ညဘက် ရောက်ဖူး
သူတိုင်း သိပါတယ်ကုန်တင် ကားပေါ်
မှာ ထပ်ပိုင်းကျိုးနေတဲ့ခရမ်းသီးတွေ
အများကြီးပဲ ဘယ်သူမှ မယူဘူး
တံမြတ်စည်းနဲ့ လှည်းချ ပြစ်လိုက်တာပဲ
-
အဲ့တာတွေကို ကိုအောင်စိုးက ကောက်
ယူတယ်နာရီဝက်လောက် ကောက်ရင်
ပီနံအိပ် တဝက်လောက်အသာလေးရ
တယ်အဲ့ဒါကို သူ ယူသွားပြီး ကမ်းနား
လမ်းက မီးသတ် ရေဘုံဘိုင်မှာဆေး
ကြော လှီးဖြတ်တယ်
-
လုပ်တာကိုင်တာကတော့ အတော်သန့်
တယ်၊ရေသန့်ဗူးကြီးနှစ်ဗူးဝယ်ပြီး ပဲကုလား
ဟင်းချက်တယ်ဗျာ၊ပြီးရင်ဆိုင်းထမ်းတံပိုးနဲ့
လိုက်ရောင်းတော့တာပဲဗျ
-
ကိုအောင်စိုးကုလားဟင်းကတစ်ခွက်မှ
၅၀ ပဲ ပေးရတယ် ကုန်ထမ်းသမားတွေက
ပိုက်ဆံမပေးပဲ တစ်ခွက်ကျွေးကွာဆိုလဲ
ကိုအောင်စိုး က ပေးခဲ့တာပဲဗျ
-
အဲ့ဒီတော့ဗျာ ကုန်ထမ်းသမားက
လည်း အာလူးတွေ ခရမ်းသီးတွေ
တွေ့ရင် အောင်စိုးကို လှမ်းပြစ်ပေး
သွားကြတယ်
-
ကိုအောင်စိုးက - ကုန်ကားတွေပေါ်က
ခရမ်းသီးအကျိုး အာလူးအိပ်ပွင့်ကျ
တွေ ကောက်ပြီး - ကုလားဟင်း လုပ်
ရောင်းတယ် - နေ့လည်ဘက် ကမ်းနား
လမ်းတစ်လျှောက် ရောင်းပေါ့
-
ညနေဘက်ကျတော့ ကုန်ထမ်းသမား
တွေနဲ့ အရက်အတူတူသောက်ပေါ့
သူ့ဘဝ သူကျေနပ်နေတာပါပဲ
-
ညဘက်ပြန်လာရင် ရထားစီးလာပြီး
တိုးကြောင်လေးဘူတာမှာဆင်းတယ်
ကျွန်တော့်ကားက တံတားဖြူ CNG
ဆိုင်မှာ ထည့်တော့ သူက ကျွန်တော့
ကား စောင့်စီးပေါ့
-
တစ်နေ့ ည ၇နာရီလောကျ မိုးတွေ
အရမ်းသည်းနေချိန် ကျွန်တော်
CNG သွားထည့်် ပြီးပြန်လာတယ်
ငမူးအောင်စိုး က လမ်းကနေတက်
လာတယ်
-
အရက်ကလည်းမူး လက်ထဲမှာ
အထုပ်လေး တစ်ထုပ်နဲ့ ကားပေါ်
ရောက်တာနဲ့ထိုးအိပ်တယ်
-
သူ့အိမ်ရောက်ခါနီးတော့
ကျွန်တော်က နှိုး လိုက်တယ်
ကိုအောင်စိုးထဗျာ -
အစ်ကို့အိမ်ရောက်တော့မယ်
-
သူထလာပြီး အရက်မူးမပြေ ပဲ
ကျွန်တော်မောင်းနေတဲ့နားလာ
ထိုင်တယ် -
" ကိုအောင်စိုး ဒီနေ့ ခင်ဗျား ဒန်အိုး
နှစ်လုံးဘယ်ထားခဲ့လဲဗျ '' ပါလာ
တာ မတွေ့ပါလား
-
ကိုအောင်စိုး အာလေး လျှာလေး နဲ့
ပြန်ဖြေတယ် -
" ဈေးထဲမှာ အပ်ထား ခဲ့တယ် ''
-
" အဲ့တာများဗျာ ခင်ဗျား အချိန်ကုန်
ခံပြီး ပြန်လာနေသေးတယ်ဗျာ
ခင်ဗျား ည ၁၁ ကျရင် ပြန်ထွက်ရမည့်
အတူတူ ကြည့်မြင်တိုင်မှာ အိပ်လိုက်
ပေါ့ဗျာ ဘယ်နေရာ အိပ်အိပ်ရတာပဲကိုး
-
" ဘယ်ပြန်ချင်မှာ လဲ ဘောစိရယ်
အရက်မူးမူးလေးနဲ့ ယူလိုက်ရင်
ကွက်တိပဲ ပေါ့
-
ဒါပေမယ့် ကျူပ်မှာ အမေရှိတယ်ဗျ
ကျူပ်ပြန်မလာရင် သူတစ်ယောက်
တည်း အားငယ် နေလိမ့်မယ်
-
ပြီးးတော့ သူအိမ်ရှေ့မှာ ထိုင်စောင့်ပြီး
စိတ်ပူနေလိမ့်မယ်. အဲ့တာ ကြောင့်
ကျူပ်သူ့အတွက် ပြန်လာတာဗျ
-
အရက်သောက်ပြီး နေ့လည် ၂နာရီခွဲ
တည်းက ကြည့်မြင်တိုင်ဘူတာက
ရထားစီးလာတာ ခု ထိ အိမ်မရောက်ဘူး
မူးတဲ့နေရာ လှဲအိပ်တာကိုးဗျ ..
-
မယုံရင် ဒီမှာကြည့်ဗျာမုန့်လိပ်ပြာ
အမေ့ ဖို့ ကြည့်မြင်တိုင်က ဝယ်လာတာ
မုန့်တောင် ခြောက်ကပ် နေပြီ ..
-
သူ ကျွန်တော့ကို မုန့်လိပ်ပြာ အထုတ်
လေး မြှောက်ပြရင်း ကားပေါ်ကနေ
ဒယိုင်းဒယိုင်နဲ့ ဆင်းသွားတယ်
-
ကျွန်တော် ကားဆက် မမောင်းပဲ
ကိုအောင်စိုးကျောပြင်ကိုကြည့်နေတယ်
-
သြော် အရက်ဘယ်လောက်မူးမူး
အမေ့ဆီရောက်အောင် သူ ပြန်လာ
ရှာတယ်အမေ အားငယ်နေမှာ စိုးလို့တဲ့
-
ကိုအောင်စိုး ကျွန်တော့ကားရှေ့ နားက
ရွံ့ဗွက် အိုင်မှာ ချောလဲကျသွားတယ်
တစ်ကိုယ်လုံး ရွံ့ဗွက်ထဲကျနေပေမယ့်
-
သူ့အမေ အတွက်မုန့်လိပ်ပြာအထုပ်ကို
ရွံ့ မပေအောင်မြှောက်ကိုင်ထားတာ
ကို ကားမီးရောင် နဲ့ တွေ့နေရတယ်
-
လမ်းဘေးက အသီးလေးတွေ
ကောက်ပြီး ဟင်းလုပ်ရောင်းသော
အရက်သမားတစ်ယောက်၏
မိဘအပေါ်ထားသော စိတ်သည်
ကြီးကျယ်မြင့်မြတ်ပေစွ ....
-
-
-
၂၀၁၄ ခုနှစ်တွင် ကိုအောင်စိုးအရက်
အလွန်အကျွံသောက်သဖြင့် သွေးအန်
လေသည် -
ကြည်မြင်တိုင် ကမ်းနားမှ
အလုပ်သမားတွေက ရန်ကုန်
ဆေးရုံကြီးတင်ပေးလိုက်၏
-
ရောဂါက ကျွမ်းနေလေပြီ
သူဆေးရုံတတ်သဖြင့် ညဘက်
တွေအိမ်မပြန် နိုင်ပေ
အမေလုပ်သူကလည်း
မသိပဲ ညတိုင်းစောင့်နေမြဲပင်
-
သူဆေးရုံတတ်သော သတင်းကို
သူ့အိမ်သို့ ကျွန်တော်က လိုက်ရှာ
ပြီးသွားပြောပြရလေသည်
-
အမေအိုက မနက် မိုးလင်းလျှင်
ဆေးရုံလိုက်ရန် ပြင်ဆင်၏ - သို့သော်
အောင်စိုးသည် ညဘက် ဆေးရုံမှ
ခိုးဆင်းလာပြီး -
-
သွေးအန်လျှက်နှင့်ပင် အိမ်ပြန်ရောက်
လာပြီး - မိခင်၏ ရင်ခွင်တွင် ခေါင်းတင်
၍ သေလေသည် .
-
သားထောက်သမီးခံမရှိသော
အမေအို အား လူအိုရုံသို့ ပို့ရန်
ကျွန်တော်တို့က စီစဉ်ကြ၏ -
သို့သော် - အဖွားက ချမ်းမြေ့ရိပ်သာ
ကျောင်းတွငိ မယ်သီလရှင် ဝတ်ပြီး
တရားအားထုတ်သွားလေသည်
-
နောက်ဆုံးပြောသွားသောစကားမှာ -
" သီလရှင် ဝတ်ချင်နေတာကြာပါပြီ
ဒီ အောင်စိုးကို စိတ်ပူလို့ မဝတ်ဖြစ်တာ
အခုတော့ ဝတ်ဖြစ်သွားတာပေါ့''
-
သားက အမေကို ချစ်သဖြင့် အမေကို စိတ်ပူ၏
အမေက သားကို ချစ်သဖြင့် သားကို
အပြန်အလှန်စိတ်ပူ၏ -
-
#ချစ်ရသူမရှိတော့သောအခါ
စိတ်ပူခြင်းလည်းမရှိတော့ပေ။
-
-
-
Credit to: original writer

😁😁😁မိန်းမတယောက်က ယောက်ျားတယောက်ဆီက ဒီ 3 မျိုးကို အကုန်လိုချင်တယ်No 1 အချိန် သူ့ကို ရှိသမျှအချိန်အကုန်ပေးစေချင်တယ်No 2 ပိ...
12/11/2022

😁😁😁မိန်းမတယောက်က ယောက်ျားတယောက်ဆီက
ဒီ 3 မျိုးကို အကုန်လိုချင်တယ်

No 1 အချိန်

သူ့ကို ရှိသမျှအချိန်အကုန်ပေးစေချင်တယ်

No 2 ပိုက်ဆံ

ရှာလို့ရသမျှပိုက်ဆံအကုန်အပ်စေချင်တယ်
ထပ်တိုးပီးတော့လည်းရှာစေချင်တယ်

No 3 အချစ်

ရှိသမျှအချစ်အကုန်သူ့တယောက်တည်းလိုချင်တယ်
ချစ်စေချင်တယ်

ကြိုးစား ရုန်းကန်နေရတဲ့
ယောက်ျားတယောက်ဟာ ဒီ 3 ခုလုံးစိတ်ကျေနပ်အောင်ဖြည့်ဆည်းပေးဖို့မဖြစ်နိုင်သလောက်ပဲ

အချက်တခုခုမှာတော့ လွတ်နေတက်တယ်

ဒီ 3 ချက်လုံးပြည်စုံအောင်ရှားရှားပါးပါးဖြည့်ဆည်း
ပေးနိုင်တဲ့သူကိုတော့
ငနွား လို့ ယောကျားထုကြီးခေါ်တယ်

Credit

Address

No. A, Phyu Sin Myittar Street, Kyar Inn
Mawlamyine
12013

Telephone

+959799225588

Website

Alerts

Be the first to know and let us send you an email when Guard Dog Fighter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Guard Dog Fighter:

Share

Category