My Nature Produce

My Nature Produce Our aim is to nourish people & protect the planet 🌍 We all have the power to create future sustainable ! Our Gardens are using compost to fertilize our soils.
(2)

MISSION STATEMENT

Nature’s Produce strongly believes in taking care of our Earth and its natural resources. It’s our honor & responsibility to work toward setting the standard of protecting our environment. We strive to be proactive & ensure that our My Nature Team, as well as our customer base, is helping reduce our generation’s carbon footprint. Using and marketing locally grown produce Urban i

n order to alleviate the detrimental effects of mass transportation. This compost provides natural nutrients for future harvests in order to prevent exhaustion of fertile lands. This will ultimately reduce desertification. Nature’s Produce is also recycling almost all boxes, shipping, office supplies and packing material to maximize the usage of our resources.

ဒီသင်တန်းရဲ့ ကျေးလက်ဒေသမှိုစိုက်ပျိုးသူတွေအတွက် မှိုတန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့အတွက်လည်း အရေးကြီးတဲ့ပညာရပ်...
06/26/2026

ဒီသင်တန်းရဲ့ ကျေးလက်ဒေသမှိုစိုက်ပျိုးသူတွေအတွက် မှိုတန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့အတွက်လည်း အရေးကြီးတဲ့ပညာရပ်တခုဖြစ်တဲ့အတွက် မှိုစိုက်ပျိုးရေးလုပ်ငန်းမှာ လက်တွေ့ပြန်လည်အသုံးချနိုင်အောင် သင်ကြားပို့ချပေးဖြစ်ခဲ့ပါတယ်။

မှိုတန်ဖိုးမြင့်ထုတ်ကုန်တွေကိုထုတ်လုပ်အသုံးချနိုင်ဖို့ဘာဖြစ်လို့လိုအပ်လည်းဆိုရင် မှိုအစိုရဲ့သက်တန်းဟာတိုတောင်းပြီးအမြန်ပျက်စီးနိုင်တဲ့အတွက် သဘာဝနည်းလမ်းဖြင့် စနစ်တကျမှိုတန်ဖိုးမြင့်ထုတ်ကုန်တွေအဖြစ်ပြောင်းလည်းပြီး စျေးနူန်းပိုရရှိစေရန်၊အာဟာရတန်ဖိုးမကျဆင်းစေပဲ ရေရှည်စားသုံးနိုင်ရန်၊ မှိုထွက်ချိန်များတဲ့အချိန်မှာ ဆုံးရုံးမူကိုကာကွယ်ပေးနိုင်ရန်နှင့် အချိန်မရွေးအာဟာရပြည့်ဝစွာ စားသုံးနိုင်ရန်အတွက် မှိုစိုက်ပျိုးတဲ့သူအားလုံး မဖြစ်မနေတတ်ကျွမ်းသင့်တဲ့နည်းပညာတခုဖြစ်တဲ့အတွက် မှိုစိုက်ပျိုးရေးနှင့်မှိုတန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်ရေးဟာ ကျေးလက်ဒေသရှိမိသားစုအားလုံးအတွက် နေ့စဉ်အာဟာရရရှိစေရုံသာမက နေ့စဉ်ဝင်ငွေလမ်းကြောင်းများကိုဖန်တီးနိုင်မည့်နည်းပညာရပ်တခုဖြစ်တဲ့အတွက် အခုလိုမျှဝေပေးနိုင်ခဲ့တာကို ကျေနပ်မိပါတယ်ရှင့်။

As value-added mushroom products are an essential aspect of the mushroom industry, we conducted practical training to enable mushroom growers to apply these techniques effectively in their farming operations.

The production of value-added mushroom products is important because fresh mushrooms have a very short shelf life and spoil quickly. By processing fresh mushrooms into value-added products using natural and systematic methods, growers can increase their market value, preserve their nutritional quality, and extend their storage life for long-term consumption.

In addition, value-added processing helps reduce post-harvest losses during periods of peak production, ensuring that surplus mushrooms are not wasted. It also allows consumers to enjoy nutritious mushroom products throughout the year, regardless of the harvest season.

For these reasons, value-added mushroom processing is a vital skill that every mushroom grower should acquire. Integrating mushroom cultivation with value-added product development not only improves household nutrition in rural communities but also creates sustainable daily income opportunities for farming families.

It was truly rewarding to have the opportunity to share this knowledge and contribute to strengthening the livelihoods of rural mushroom growers.


သင်တန်းပေးတဲ့ ကျေးရွာတွေမှာ နွားချေး၊ကြက်ချေးပေါကြတဲ့အတွက် ကောက်ရိုးမှိုစိုက်ပျိုးရေးဟာ ကုန်ကျစရိတ်နည်းပြီး ရက်ပိုင်းအတွ...
06/24/2026

သင်တန်းပေးတဲ့ ကျေးရွာတွေမှာ နွားချေး၊ကြက်ချေးပေါကြတဲ့အတွက် ကောက်ရိုးမှိုစိုက်ပျိုးရေးဟာ ကုန်ကျစရိတ်နည်းပြီး ရက်ပိုင်းအတွင်းအမြတ်ကျန်တဲ့ မှိုဖြစ်လို့ ကောက်ရိုးမှိုကို ခြင်းဖြင့်စိုက်ပျိုးနည်း၊ ဘောင်ဖြင့်စိုက်ပျိုးနည်းကို စာတွေ့အပြင် လက်တွေ့စိုက်ပျိုးနည်းကို အိမ်ခြံဝင်းအတွင်း လက်တွေ့သင်ယူလုပ်ဆောင်ပေးဖြစ်ခဲ့ပါတယ်။

မှိုစိုက်ပျိုးရေးကိုစတင်လုပ်ဆောင်ရာတွင် မှိုမျိုးစုံစိုက်ပျိုးခြင်းအားဖြင့် မိသားစု စားနပ်ရိက္ခာနှင့် နေ့စဉ်ဝင်ငွေကို အချိန်ကာလအလိုက် ဝင်ငွေရရှိစေခြင်းဖြင့် မှိုစိုက်ပျိုးရေးကို မိသားစုတပိုင်တနိုင်ကနေ စီးပွါးဖြစ်ဆောင်ရွက်နိုင်
မည်ဖြစ်ပေသည်။ စိတ်ပါဝင်စားစွာ တတ်ညီလက်ညီသင်ယူခဲ့ကြတဲ့ သင်တန်းသူသင်တန်းသားတွေဟာလည်း နည်းပညာတွေကို ကောင်းစွာအသုံးချနိုင်အောင်လေ့လာကြတာကိုလည်းတွေရပါတယ်။

ကျေးရွာအများစုက တိရစ္ဆာန်မွေးမြူကြသဖြင့် စွန်ပစ်
မြေဆွေးတွေကို မှိုစိုက်ပျိုးရေးတွင်ပြန်လည်အသုံးပြုပြီး Zero Waste Management ကိုလက်တွေ့အကောင်အထည်ဖော်ပေးနိုင်ပြီး Waste ကနေ ဝင်ငွေအဖြစ်ပြောင်းလည်းအသုံးပြုနိုင်အောင်လည်း ကျေးရွာများရှိတောင်သူများကိုမျှဝေပေးနိုင်ခဲ့ပါတယ်။

As livestock manure, including cattle and poultry waste, is widely available in rural communities, straw mushroom cultivation presents a cost-effective and environmentally sustainable income-generating opportunity that can yield returns within a short production cycle. To promote this livelihood activity, both theoretical and hands-on training sessions were conducted within household compounds, covering practical techniques for straw mushroom cultivation using basket and raised-bed production methods.
The training emphasized the potential of mushroom farming as a viable enterprise for improving household food security and generating regular income. By cultivating different mushroom varieties with varying production cycles, households can establish a continuous source of nutritious food while creating opportunities for year-round earnings. Participants were encouraged to view mushroom cultivation not only as a small-scale household activity but also as a pathway toward developing a sustainable commercial enterprise.

The training participants demonstrated strong enthusiasm and active engagement throughout the learning process. Their willingness to collaborate and acquire practical skills reflected a high level of interest in adopting and applying improved mushroom cultivation technologies within their communities.
Given that livestock rearing is a common practice in most villages, the training also highlighted the productive use of animal manure and organic waste materials in mushroom production.

By recycling these resources, farmers can effectively implement Zero Waste Management practices, reducing environmental pollution while creating additional economic value. The initiative further enabled farmers to transform agricultural waste into a source of income and encouraged the dissemination of sustainable waste-to-resource approaches among rural households, thereby contributing to improved livelihoods and environmental sustainability.


ကျေးလက်ဒေသရွာများရှိ မိသားစုနေ့စဉ်ဝင်ငွေရရှိစေရေးနှင့် အာဟာရပြည့်ဝစွာစားသုံးနိုင်ပြီး မှိုမျိုးစုံစိုက်ပျိုးရေးနှင့် မှိ...
06/22/2026

ကျေးလက်ဒေသရွာများရှိ မိသားစုနေ့စဉ်ဝင်ငွေရရှိစေရေးနှင့် အာဟာရပြည့်ဝစွာစားသုံးနိုင်ပြီး မှိုမျိုးစုံစိုက်ပျိုးရေးနှင့် မှိုတန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နည်းပညာများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ပါတယ်။

ကျေးရွာတွေမှ လာရောက်သင်ကြားကြတဲ့ တောင်သူတွေဟာဆိုရင် စိတ်အားထက်သန်မူရှိကြသလို မှိုစိုက်ပျိုးနည်း၊ မှိုတန်ဖိုးမြင့်ထုတ်ကုန်များထုတ်ဘုပ်နည်းများကို အားတတ်စွာလက်တွေ့လုပ်ဆောင်ကြတာကြည့်ရပြီး တကယ်ပီတိဖြစ်ရပါတယ်။

အခုလိုကျေးရွာတွေအထိကွင်းဆင်းသင်ကြာပို့ချပေးခွင့်ရခဲ့တဲ့အတွက် တောင်သူတွေရဲ့အမြင်တွေ၊လုပ်ဆောင်မူတွေ၊အခတ်အခဲတွေကို ဆွေးနွေးခွင့်ရရှိခဲ့ပြီး ကျွန်မတို့တတ်နိုင်တဲ့ပညာရပ်ပိုင်းဆိုင်ရာ လက်တွေ့အသုံးချနိုင်မည့်နည်းလမ်းများကိုလည်း မြေပြင်အနေအထားနှင့်အညီ သင်ကြားပ်ု့ချပေးဖြစ်ခဲ့ပါတယ်။

We provided both theoretical and hands-on training on the cultivation of various mushroom species and the production of value-added mushroom products, enabling rural families to generate daily income while improving their access to nutritious food. The farmers who attended the training from different villages demonstrated great enthusiasm and actively participated in practical sessions on mushroom cultivation and the production of value-added mushroom products. Witnessing their eagerness to learn and apply these techniques was truly rewarding and brought me great satisfaction. Having the opportunity to conduct field-based training in these villages also allowed us to engage directly with farmers, understand their perspectives, practices, and challenges, and discuss practical solutions. We were able to share technical knowledge and hands-on approaches that could be effectively applied according to the local conditions and realities on the ground.




“မြန်မာအမျိုးသမီးများအတွက် မှိုစိုက်ပျိုးပြီး စီးပွားရေးလုပ်ငန်းစတင်ရန် ပညာသင်ထောက်ပံ့ကြေး အစီအစဉ် လျှောက်လွှာခေါ်ယူခြင်...
06/20/2026

“မြန်မာအမျိုးသမီးများအတွက် မှိုစိုက်ပျိုးပြီး စီးပွားရေးလုပ်ငန်းစတင်ရန် ပညာသင်ထောက်ပံ့ကြေး အစီအစဉ် လျှောက်လွှာခေါ်ယူခြင်း”

မိသားစုဝင်ငွေတိုးတက်စေရန်နှင့် ကိုယ်ပိုင်အသေးစားစီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်လိုသော မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပြနှင့် ကျေးလက်ဒေသများမှ အမျိုးသမီးများအား လျှောက်ထားရန် ဖိတ်ခေါ်အပ်ပါသည်။

ဤပညာသင်ထောက်ပံ့ကြေး အစီအစဉ်သည် အမျိုးသမီးများအား မှိုစိုက်ပျိုးရေးနှင့် မှိုတန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများမှတစ်ဆင့် ရေရှည်တည်တံ့သော ဝင်ငွေရရှိစေရန် ရည်ရွယ်ပြီး နည်းပညာဆိုင်ရာ အသိပညာ၊ လက်တွေ့ကျွမ်းကျင်မှု၊ ငွေကြေးပံ့ပိုးမှု အခွင့်အလမ်းများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အထောက်အပံ့များကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။

လျှောက်ထားသူများအနေဖြင့် ယခင်မှိုစိုက်ပျိုးရေး အတွေ့အကြုံရှိရန် မလိုအပ်ပါ။ ထို့အပြင် မှိုစိုက်ပျိုးရန် ကိုယ်ပိုင်မြေကွက်၊ ခြံဝင်း သို့မဟုတ် မှိုစိုက်ပျိုးရေးအဆောက်အဦ ရှိရန်လည်း မလိုအပ်ပါ။ အရေးကြီးဆုံးမှာ မိသားစုဘဝ တိုးတက်စေရန် စိတ်အားထက်သန်မှု၊ သင်ယူလိုစိတ်နှင့် ကြိုးစားလုပ်ကိုင်လိုသော စိတ်ဓာတ်ရှိရန် ဖြစ်ပါသည်။

အမျိုးသမီးများအားလုံးလျောက်ထားနိုင်ပြီး အောက်ပါအမျိုးသမီးများအား ဦးစားပေးရွေးချယ်ပေးပါမည်။

✅ အိမ်ထောင်စုကို ဦးဆောင်နေသော အမျိုးသမီးများနှင့် မိသားစု၏ အဓိကဝင်ငွေရှာဖွေပေးနေသော အမျိုးသမီးများ
✅ မိခင်များများနှင့် ထိခိုက်လွယ်သော အခြေအနေရှိသည့် အမျိုးသမီးများ
✅ ဝင်ငွေနည်းပါးသော အိမ်ထောင်စုများမှ အမျိုးသမီးများ
✅ မှိုစိုက်ပျိုးရေး စတင်ရန် နေရာ၊ အရင်းအမြစ် သို့မဟုတ် အခွင့်အလမ်း မလုံလောက်သေးသော အမျိုးသမီးများ
✅ မိသားစုဝင်ငွေတိုးတက်စေရန် အမှန်တကယ် စိတ်အားထက်သန်ပြီး လုပ်ငန်းစတင်ရန် ကတိကဝတ်ရှိသော အမျိုးသမီးများ

ရွေးချယ်ခံရသူများသည် အောက်ပါအထောက်အပံ့များကို ရရှိမည်ဖြစ်ပါသည်။

🍄 မှိုစိုက်ပျိုးရေးနှင့် မှိုတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရေးဆိုင်ရာ လက်တွေ့နည်းပညာသင်တန်းများ

🍄 အတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်များမှ စဉ်ဆက်မပြတ် နည်းပညာအကြံပေးခြင်းနှင့် လုပ်ငန်းလမ်းညွှန်ပေးခြင်း

🍄 အသေးစားမှိုစီးပွားရေးလုပ်ငန်း စတင်နိုင်ရန် အခြေခံပံ့ပိုးမှုများ

🍄 စီးပွားရေးစီမံကိန်းရေးဆွဲခြင်း၊ ဈေးကွက်ချိတ်ဆက်ခြင်းနှင့် စျေးကွက်ဝင်ရောက်နိုင်ရေး အထောက်အပံ့များ

🍄 ပါဝင်မှု၊ စွမ်းဆောင်ရည်နှင့် ကတိကဝတ်ပေါ်မူတည်၍ ငွေကြေးပံ့ပိုးမှု အခွင့်အလမ်းများ

🍄 အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များနှင့် မှိုထုတ်လုပ်သူများ၏ ကွန်ရက်သို့ ချိတ်ဆက်နိုင်မည့် အခွင့်အရေးများ

မှိုစိုက်ပျိုးရေးလုပ်ငန်းသည် အရင်းအနှီးနည်းပါးပြီး နေရာကျဉ်းကျဉ်းဖြင့်ပင် လုပ်ကိုင်နိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ထုတ်လုပ်မှုစတင်ပြီး ရက်ပေါင်း (၃၀) မှ (၄၅) ရက်အတွင်း မှိုများ စတင်ရိတ်သိမ်းနိုင်ပြီး အခြေအနေပေါ်မူတည်၍ (၁) လမှ (၂) လအတွင်း ဝင်ငွေစတင်ရရှိနိုင်ပါသည်။

ကျွန်ုမတို့၏ ရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်ရည် မြှင့်တင်ပေးရန်၊ မိသားစုများ၏ စီးပွားရေးခံနိုင်ရည်အား တိုးတက်စေရန်နှင့် မှိုတန်ဖိုးကွင်းဆက် (Mushroom Value Chain) မှတစ်ဆင့် ရေရှည်တည်တံ့သော ဝင်ငွေအခွင့်အလမ်းများ ဖန်တီးပေးရန် ဖြစ်ပါသည်။

📅 လျှောက်လွှာနောက်ဆုံးတင်သွင်းရမည့်ရက် – ၂၆ဇွန်လ ၂၀၂၆
လျောက်လွှာအား Comments or Messages or
📞 ဆက်သွယ်ရန် – 09963690005
📧 Email – [email protected]

ယနေ့ပင် လျှောက်ထားပြီး မှိုစီးပွားရေးလုပ်ငန်းမှတစ်ဆင့် သင့်မိသားစုအတွက် တည်ငြိမ်သောဝင်ငွေ၊ ပိုမိုကောင်းမွန်ရေရှည်တည်တံ့သော အနာဂတ်ကို တည်ဆောက်လိုက်ပါ။

🌱 Call for Applications: Women's Mushroom Business Scholarship Program 2026 🌱

Are you a woman looking for an opportunity to improve your family's income and build a sustainable small business? We are pleased to invite applications from women across Myanmar, including both urban and rural communities, to join our Women's Mushroom Business Scholarship Program.

This program is designed to empower women with practical skills, technical knowledge, financial support opportunities, and business development assistance to establish successful mushroom enterprises. No previous experience is required. Women do not need to own land, a farm, or a mushroom growing facility to apply.

Priority will be given to:
✅ Women-led households and women who are the primary income earners for their families
✅ Single mothers and widowed women
✅ Women from low-income households seeking additional income opportunities
✅ Women who do not currently have suitable space or resources to start mushroom production on their own
✅ Women who demonstrate strong commitment and motivation to improve their family's livelihood

Selected participants will receive:

🍄 Comprehensive technical training on mushroom cultivation and value-added mushroom products
🍄 Ongoing mentoring and technical support from experienced mushroom specialists
🍄 Starter support to establish a small mushroom business
🍄 Business planning, marketing, and market linkage assistance
🍄 Opportunities for financial support based on participation, performance, and commitment
🍄 Access to a network of women entrepreneurs and community-based producers

Mushroom cultivation is a low-cost enterprise that requires limited space and can generate results quickly. Participants may begin harvesting mushrooms within 30–45 days and can potentially start earning income within 1–2 months after establishing production.

Our goal is to help women become financially independent, strengthen household resilience, and create sustainable income opportunities through the mushroom value chain.

📅 Application Deadline: June 26, 2026

📞 Phone: 09963690005
📧 Email: [email protected]

Take the first step toward a brighter future for yourself and your family. Apply today and join a growing network of women entrepreneurs transforming mushrooms into income, opportunity, and long-term economic empowerment.

06/18/2026

တရက် ၅ပိဿာရအောင်စိုက်ပါ နေ့စဉ်ပုံမှန် ၄-၅သောင်းဝင်ငွေရှာလို့ရပါတယ်။ အချိန်ပိုင်းကြိုးစားပြီး မှိုစိုက်လို့ရပါတယ်။

တောင်သူတွေအတွက် ကုန်ကျစရိတ်သက်သာဖို့ Azolla စိုက်ပျိူးပြီး စတင်အသုံးချနေကြပါပြီနော် ကြက်၊ဝက်၊ဘဲ၊ငါးစာတွေကို ၃၀-၄၀% နူန်း...
06/17/2026

တောင်သူတွေအတွက် ကုန်ကျစရိတ်သက်သာဖို့ Azolla စိုက်ပျိူးပြီး စတင်အသုံးချနေကြပါပြီနော် ကြက်၊ဝက်၊ဘဲ၊ငါးစာတွေကို ၃၀-၄၀% နူန်းလျော့ချပြီး Circular Economy ကိုတပိုင်တနိုင်မှစီးပွါးဖြစ်အသုံးချနိုင်အောင် ရည်ရွယ်ပြီးသင်ကြားပို့ချပေးနေတာ စတင်အကောင်ထည်ပေါ်လာနေပါပြီနော်။ ဒါကတော့ပြည်မြို့နယ်ရဲ့တောင်သူတဦးရဲ့ လက်တွေ့စိုက်ပျိုးပြီး ဝက်စာဖြည့်စွက်စာအဖြစ်အသုံးချနေတဲ့ပုံလေးတွေဖြစ်ပါတယ်။




06/16/2026

ဆေးဘက်ဝင်ပြီး စျေးကွက်လည်းရှိတဲ့ကြွက်
နားရွက်မှိုလေးတွေခူးနည်းလေးပါနော်။ အစိုတပိဿာ၁၅၀၀၀စျေးပါနော်🍄

06/15/2026

Azolla Pond for Livestock Feed and Agriculture Use! ဘက်စုံအသုံးဝင်အေဇိုလာကန်


06/14/2026

ကြက်စာအတွက် Azolla ဖြည့်စွက်စာ၊ အစာကုန်ကျစရိတ်လျော့ချပေးနိုင်တဲ့ အေဇိုလာစိုက်ပျိုးရေး

🌱အမျိုးသမီးများအတွက် မှိုစီးပွါးရေးလုပ်ငန်းစတင်ရန်ပညာသင်ထောက်ပံ့ကြေး အစီအစဉ် လျှောက်လွှာခေါ်ယူခြင်း 🌱မိသားစုအတွက် တည်ငြိ...
06/12/2026

🌱အမျိုးသမီးများအတွက် မှိုစီးပွါးရေးလုပ်ငန်းစတင်ရန်
ပညာသင်ထောက်ပံ့ကြေး အစီအစဉ် လျှောက်လွှာခေါ်ယူခြင်း 🌱

မိသားစုအတွက် တည်ငြိမ်သောဝင်ငွေရရှိစေမည့် အသေးစားစီးပွားရေးလုပ်ငန်းတစ်ခု စတင်လိုသော အမျိုးသမီးများအား ဖိတ်ခေါ်အပ်ပါသည်။ အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဝင်ငွေတိုးမြှင့်နိုင်ရေးကို ရည်ရွယ်၍ မှိုစိုက်ပျိုးရေးနှင့် မှိုတန်ဖိုးမြှင့်ထုတ်ကုန် လုပ်ငန်းများ စတင်နိုင်ရန် ပညာသင်ထောက်ပံ့ကြေး အစီအစဉ်ကို ဖွင့်လှစ်ထားပါသည်။

ဤအစီအစဉ်တွင် ပါဝင်သူများသည် မှိုစိုက်ပျိုးထုတ်လုပ်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ စီးပွားရေးစီမံခန့်ခွဲမှု၊ ဈေးကွက်ချိတ်ဆက်မှုနှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လက်တွေ့အသုံးချကျွမ်းကျင်မှုများကို ရရှိမည်ဖြစ်ပါသည်။ ထို့အပြင် အသေးစားမှိုလုပ်ငန်းတစ်ခုကို ကိုယ်တိုင်တည်ထောင်ပြီး နေ့စဉ်ဝင်ငွေဖန်တီးနိုင်ရန် နည်းပညာနှင့် အကြံပေးပံ့ပိုးမှုများလည်း ရရှိမည်ဖြစ်သည်။

မှိုစီးပွားရေးလုပ်ငန်းကို အမှန်တကယ် စိတ်ဝင်စားပြီး မိသားစုဝင်ငွေတိုးမြှင့်လိုသော၊ ကြိုးစားအားထုတ်မှုရှိသော၊ သင်ယူလိုစိတ်ရှိသော အမျိုးသမီးတိုင်း လျှောက်ထားနိုင်ပါသည်။ ယခင်အတွေ့အကြုံရှိရန် မလိုအပ်ဘဲ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို တည်ထောင်လိုသော စိတ်ဓာတ်နှင့် လုပ်ငန်းအပေါ် တာဝန်ယူမှုရှိရန်သာ လိုအပ်ပါသည်။

ဤအစီအစဉ်သည် အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်ရည် မြှင့်တင်ရန်၊ မိသားစုဘဝတိုးတက်စေရန်နှင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ပါသည်။

📅 လျှောက်လွှာနောက်ဆုံးတင်သွင်းရမည့်ရက် – ၂၀ ဇွန်လ ၂၀၂၆

📞 ဆက်သွယ်ရန်ဖုန်း – 09963690005
Or Comment
📧 အီးမေးလ် – [email protected]

🌱 CALL FOR APPLICATIONS: WOMEN'S MUSHROOM BUSINESS SCHOLARSHIP PROGRAM 2026 🌱

Are you a woman who is eager to create a sustainable source of income for your family? Do you dream of owning and managing your own small business? We are pleased to invite applications for the Women's Mushroom Business Scholarship Program, designed to support women-led households in developing profitable mushroom enterprises and participating in the growing mushroom value chain.

This scholarship program aims to empower women through practical training, technical knowledge, mentorship, and business development support in mushroom cultivation and value-added mushroom products. Participants will learn how to establish and manage a small-scale mushroom business that can generate regular household income while contributing to local food security and community development.

We encourage applications from women who are hardworking, committed, and motivated to improve their family's livelihood through entrepreneurship. Previous experience is not required. We are looking for individuals who are willing to learn, dedicate time and effort, and take the initiative to build a successful mushroom business.

The program offers an excellent opportunity to gain valuable skills, connect with other women entrepreneurs, and become part of a supportive network working toward economic empowerment and sustainable livelihoods.

📅 Application Deadline: June 20, 2026

📞 Phone: 09963690005 or Comment
📧 Email: [email protected]

Address

Mandalay
California City, CA

Alerts

Be the first to know and let us send you an email when My Nature Produce posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to My Nature Produce:

Share

Category