Our Donation For Stray Dogs & Cats

Our Donation For Stray Dogs & Cats Love stray animals & save their lives!!!
လေလွင့် တိရစ္ဆာန်လေးများကို ကိုယ်ချင်းစာတရားနဲ့ စောင့်ရှောက်ကြပါစို့

28/05/2026

ပြုံးချိုလေးကို ချစ်ပေးတဲ့ ဂရုစိုက်ပေးတဲ့ အကိုအမတွေလည်း ကျန်းမာချမ်းသာ ဘေးအန္တရာယ်တွေကင်းကြပါစေ

28/05/2026

သံယောဇဉ်တွေ

ကောင်းမှုတစ်ခု ပြုရလို့ ရတဲ့ပီတိလေးနဲ့ ဘာနဲ့မှ မလဲနိုင်ဘူးနော် မင်မင်ဒီပိတ်ရက်မှာ ဘိုမလေးတို့အဖွဲ့ကို ထမင်းနဲ့ကြက်ခေါင်း...
24/05/2026

ကောင်းမှုတစ်ခု ပြုရလို့ ရတဲ့ပီတိလေးနဲ့ ဘာနဲ့မှ မလဲနိုင်ဘူးနော်

မင်မင်ဒီပိတ်ရက်မှာ ဘိုမလေးတို့အဖွဲ့ကို ထမင်းနဲ့ကြက်ခေါင်းပြုတ်ကျွေးခဲ့ပါတယ်

ဘိုမ နေတဲ့နေရာမှာ သူ့အမေ အမဲမရယ် မြေခွေးဆိုတဲ့ အညိုကောင်နဲ့ နောက်ထပ် အညိုတစ်ကောင်ရှိသေးတယ်

ထမင်းတွေက နှစ်ကောင်စာထက် အများကြီးပိုတော့ ငါးကောင်လုံး လုံလုံလောက်လောက်စားရတာကြည့်ပြီး ဝမ်းသာနေတာ

ပုံကတော့ မြေခွေးဖို့အဖွဲ့မပါဘူး သူတို့က မင်မင်နဲ့စိမ်းတာရော အစာလုကြတာနဲ့ရောဆိုတော့ ပုံမရိုက်လိုက်ရလို့ နောက်တစ်ခါမှ ရိုက်ခဲ့ပေးမယ်နော်

မဟုတ်ရင် မင်မင်က ရုံးကအပြန်ပေါင်မုန့်နဲ့ ထမင်းနည်းနည်းလေးပဲ ကျွေးရတော့ စိတ်ထဲအဆင်မပြေဘူး

ဘိုမက အသားဖတ်တွေပိုရွေးစားတယ် သူ့အမေက တော့ ထမင်းချည်း ၃ ပန်းကန်စားတယ် ပိန်လိုက်တာလည်း ခါးလေးကို ချိနေတာပဲ

နောက်ပိတ်ရက်တွေလည်း မင်မင်နိုင်သလောက်တနိုင်တပိုင်လေး ချက်ပြီး ထပ်သွားကျွေးပါမယ်

တိချစ်သူများ စိတ်နှလုံးချမ်းမြေ့ကြပါစေ

ဝမ်းနည်းခြင်းများစွာနဲ့ ရေးတဲ့စာပါ😔ဘဝမှာ ခွေးလေးတွေ မိုးရေထဲပြေးနေတာ၊ ငုတ်တုပ်လေး ထိုင်နေရတာတွေကို ပုံတွေထဲမှာပဲ မြင်ဖူး...
20/05/2026

ဝမ်းနည်းခြင်းများစွာနဲ့ ရေးတဲ့စာပါ😔

ဘဝမှာ ခွေးလေးတွေ မိုးရေထဲပြေးနေတာ၊ ငုတ်တုပ်လေး ထိုင်နေရတာတွေကို ပုံတွေထဲမှာပဲ မြင်ဖူးခဲ့တာ... အခုမှ တကယ်အပြင်မှာ တွေ့လိုက်ရတော့ စိတ်မကောင်းလွန်းလို့ ရင်ဖွင့်စာလေး တင်ပါရစေ...

ဒီနေ့ ညနေရုံးအပြန် မိုးတွေ ရက်ရက်စက်စက် ရွာချပစ်တာ...
မင်တို့ရုံးနားလမ်းဘေးက ကလေးတွေခမျာ ခိုစရာ အမိုးအကာ မရှိရှာဘူး
ကားအောက်တွေထဲ ဝင်ခိုဖို့ ကျတော့လည်း ရေတွေက ပြည့်နေတော့... ကားအောက်ထဲ ပြေးဝင်လိုက်၊ ပြန်ထွက်ပြေးလိုက်နဲ့ တကယ်ကို သနားဖို့ကောင်းလွန်းတယ်

အဲခွေးလေးတွေထဲမှာ မင်မင် အမြဲကျွေးနေကျ ကလေးတစ်ကောင်ရှိတယ်၊
အရမ်းလိမ္မာပြီး လူယဉ်တဲ့ "ဘိုမ" တဲ့
သူ့အမေက "အမဲမ"၊ အမဲမကတော့ လူလုံးဝမယဉ်ဘူး
သူတို့ သားအမိနှစ်ကောင်လုံးကို ကားဂိတ်က ကွမ်းယာဆိုင်က အန်တီကြီးက စောင့်ရှောက်ထားတာပါ
ပြီးခဲ့တဲ့ မိုးရာသီက ဘိုမလေးက အန်တီကြီး ဆောက်ပေးထားတဲ့ အိမ်လေးထဲမှာ နေခွင့်ရခဲ့သေးတယ်
အခုတော့ အဲဒီအိမ်လေးကို စည်ပင်က လာဖျက်သွားပြီ... 😔
အန်တီကြီးကလည်း နေမကောင်းလို့ ဆိုင်ပိတ်ထားတာ ကြာပြီဆိုတော့ ကလေးတွေခမျာ ပိုပြီး အားကိုးရာမဲ့နေကြတာ

ဒီနေ့ မိုးထဲလေထဲမှာပဲ သူ့အမေ အမဲမကို လိုက်ခေါ်တော့ လန့်ပြီး ထွက်ပြေးသွားတယ်
ဒါနဲ့ ဘိုမကိုပဲ အမိုးထောင့်လေးမှာ ကပ်ပြီး အစာကျွေး
ကျွေးပြီး ကားဂိတ်ဘက် လျှောက်လာတော့ ကလေးက နောက်ကနေ "အီအီ" နဲ့ အော်ပြီး လိုက်လာရော

မင်မင်နဲ့ ကားဂိတ်က အမတစ်ယောက်နဲ့ ထီးချင်းကပ်ပြီး မိုးပေးတော့ ဘိုမက ထီးအောက်ထဲ ဝင်ထိုင်ရှာတယ်၊ တစ်ကိုယ်လုံးလည်း တုန်လို့

မင်မင် တို့လည်း တစ်ကိုယ်လုံး တုပ်တုပ်ကျ

ရုံးဆင်းချိန် ကားဂိတ်မှာ လူတွေကလည်း အပြည့်..

ဒါပေမဲ့ ဘိုမကို ပစ်မထားရက်လို့ "လာခဲ့" ဆိုပြီး ကားဂိတ်ထဲ ခေါ်သွားပြီး တိုးဝင်လိုက်တော့မှ ကလေးခမျာ ပုံထဲကလို ငုတ်တုတ်လေး ထိုင်ခွင့်ရရှာတယ်

သူများတွေ မောင်းထုတ်မှာစိုးလို့ ဘေးကနေ စောင့်ပေးရင်း တွေးမိပြီး စိတ်မကောင်းတကယ်ဖြစ်တယ်
တိလေးတွေရဲ့ ဘဝက အရမ်းသနားဖို့ ကောင်းလွန်းပါတယ်
စားစရာလည်း မရှိ၊ ပူလာရင်လည်း သောက်စရာ ရေသန့်သန့်လေး မရှိ၊ အခုလို မိုးရွာပြန်တော့လည်း ခိုစရာ နေရာတောင် မရှိရှာဘူး အစားလည်း နပ်မှန်အောင် မစားရတဲ့ သူတို့ဘဝတွေကို တွေးပြီး တကယ်ကို ဝမ်းနည်းတယ်
ကိုယ့်မှာလည်း အစာကျွေးရုံအပြင် မတတ်နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုလည်း စိတ်ပျက်ရတယ်

တိလေးတွေကို မချစ်ရင်နေပါ... အဓိကက မနှိပ်စက်ကြပါနဲ့

ကိုယ်ချင်းစာပေးကြပါ.

သူတို့လေးတွေလည်း လူတွေလိုပဲ အသွေးအသားနဲ့မို့ နာကျင်တတ်ကြပါတယ်နော်
🙏💔

ကိုယ်ချင်းစာစိတ်လေးတွေ ထားပေးကြပါဦး...
သူတို့လေးတွေလည်း အသွေးနဲ့ အသားနဲ့ နာကျင်တတ်တဲ့ သက်ရှိတွေပါပဲ...။ 🐾💔

15/05/2026

ချစ်စရာ ကိုဧည့်သည်လေး🥰🥰

ညနေခင်းတွေရဲ့ အမောပြေလေးတွေပေါ့ကွယ်ကလေးတို့ကို ချစ်ပေးကြပါဦး ☺️🤭😘
14/05/2026

ညနေခင်းတွေရဲ့ အမောပြေလေးတွေပေါ့ကွယ်

ကလေးတို့ကို ချစ်ပေးကြပါဦး
☺️🤭😘

မင်္ဂလာပါရှင် 🙏🏻လစဉ် အလှူရှင်များရဲ့ May 2026 စုပေါင်းအလှူအဖြစ် 13.5.2026 တွင်  အလှူငွေစုစုပေါင်း 510,000 ကျပ်ကို ရှမ်းပ...
12/05/2026

မင်္ဂလာပါရှင် 🙏🏻

လစဉ် အလှူရှင်များရဲ့ May 2026 စုပေါင်းအလှူအဖြစ် 13.5.2026 တွင် အလှူငွေစုစုပေါင်း 510,000 ကျပ်ကို

ရှမ်းပြည်မှ LOVER of PETS ဂေဟာ သို့ 90,000 ကျပ်

ပျဉ်းမနားမှ ခိုနားရာမှာရှင်သန်ပါ ဂေဟာသို့ 90,000 ကျပ်

ကရုဏာရှင် ဂေဟာ - Giving Life Animal Home သို့ 90,000 ကျပ်

မက်မွန်ပန်းမိသားစု သို့ 70,000 ကျပ်

မန္တလေး မြစ်ငယ်မှ Stray Cat's Home သို့ 90,000 ကျပ်

တိကယ်ဆယ်ပေးသော မ Phyo Thiri Kyaw သို့ 80,000 ကျပ် လှူဒါန်းပါတယ်ရှင်

ဒီလက တခြားမလှူဖူးသေးတဲ့ နေရာတွေကို လှူချင်လို့ လိုက်ရှာပြီးလှူတာမို့ post လေးတင်တာ နောက်ကျသွားလို့ အားနာပါတယ်ရှင်

အမြဲတမ်း မေတ္တာတရားအပြည့်နဲ့ admin စာပြန်နောက်ကျတာကို စိတ်မကွက်ပဲ ပါဝင်ပေးကြသော အလှုရှင်များအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်

အလှူရှင်များအားလုံး အန္တရာယ်ခပ်သိမ်း ကင်းဝေးပြီး စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ
ဘယ်ကတစ်ဆုပ်ကြဲလို့ ညာကတစ်လှည်းဝင်ကြပါစေ
မိမိလှူချင်စိတ်ဖြစ်တိုင်း လှူဒါန်းနိုင်ပါစေလို့ တိလေးများကိုယ်စား OD မှ ဆုတောင်းပေးပါတယ် 🙏🏼🙏🏼

အလှူ post တင်ထားတာတွေကို Cmt မှာ ထပ်ဖြည့်ပေးပါမယ်ရှင်

12/05/2026
မင်မင်အလုံမိုးကောင်းဝင်းက ကလေးတွေအတွက် အလှူငွေရရှိငွေ 250,000 မှာ 1သိန်းခွဲက YAS ကို လှူလိုက်ပြီး ကျန်တဲ့ငွေ 100,000 ကို...
10/05/2026

မင်မင်အလုံမိုးကောင်းဝင်းက ကလေးတွေအတွက် အလှူငွေရရှိငွေ 250,000 မှာ 1သိန်းခွဲက YAS ကို လှူလိုက်ပြီး ကျန်တဲ့ငွေ 100,000 ကို ဒီနေ့ Better Life Shelter က အစာသွားကျွေးမယ့်ထဲမှာ လှူပေးလိုက်ပါပြီရှင်

https://web.facebook.com/share/p/18RwLpJQ78/

မှတ်ချက် ဒီအလှူငွေက လစဉ်အလှူငွေနဲ့မဆိုင်ပါဘူးနော်
လှူပေးဖို့ကျန်ငွေ ၁ သိန်းကို လှူတာပါ

ကလေးများအစာရေစာဝလင်ကြပါစေ

ပါဝင်လှူဒါန်းသူ အလှူရှင်များအားလုံးလည်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့
ပြည့်စုံကြပြီး ဒီထက်မက ကြွယ်ဝပြည့်စုံကြပါစေလို့ ကလေးများ ကိုယ်စား OD မှ ဆုတောင်းပေးပါတယ်🙏🏻🙏🏻🙏🏻🙏🏻

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Our Donation For Stray Dogs & Cats posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share