Poe. Kid. Paung

Poe. Kid. Paung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Poe. Kid. Paung, Animal Rescue Service, Yangon.

08/02/2023

#زلزال #سوريا #تركيا

25/12/2022

Merry christmas ☃☃❄❄❄❄❄❄❄

Royal Canin အစာထုပ် တွေပြန်ရောက်ပါပြီရှင့်💁
21/12/2022

Royal Canin အစာထုပ် တွေပြန်ရောက်ပါပြီရှင့်💁

Royal CaninMini indoor adult GreenRoyal canin Mini indoorPomeranian သီးသန့် အတွက်ထုပ်လုတ်ထားပြီးအမွှေးအတွက်အားဆေး အရေပြား...
20/12/2022

Royal Canin
Mini indoor adult Green

Royal canin Mini indoor
Pomeranian သီးသန့် အတွက်ထုပ်လုတ်ထားပြီး
အမွှေးအတွက်အားဆေး
အရေပြားအတွက်အားဆေးနှင့်
pomလေးတွေအတွက်လိုအပ်သော ဗီတာမင်တွေအဓိကပါဝင်တာမို့ pomလေးတွေကျွေးရန်အသင့်တော်ဆုံးပါဘဲ💁
Poemအစာ 3 kg အထုပ်ကြီး များ
ဝယ်ယူနိုင်ပါပြီရှင့်😘 ☎095116106 ရန်ကုန်မြို့တွင်း အိမ်အရောက်
နယ်ဆိုလဲ အိမ်အရောက် ပို့ဆောင်ပေးနေပါပြီရှင့်😍
နယ်မှ မှာယူပါက ငွေကြိုလွှဲရပါမယ်ရှင့်😊
မြို့နယ်အလိုက် ပို့ခ 2500/3000
💰80000ks
Like ထားဖို့မမေ့ပါနဲ့ရှင်
https://www.facebook.com/Poe-Kid-Paung-102638535154644/

မေမေတို့ကလည်း သမီးကို လာမခေါ်ကြသေးဘူး ဆိုတဲ့အထာလေးနဲ့😍 အချစ်ပိုရတဲ့ သမီးလေး😘 ရွှေကစ်Hello Puppy Dog Grooming SPA
05/11/2022

မေမေတို့ကလည်း သမီးကို လာမခေါ်ကြသေးဘူး ဆိုတဲ့အထာလေးနဲ့😍 အချစ်ပိုရတဲ့ သမီးလေး😘 ရွှေကစ်

Hello Puppy Dog Grooming SPA

31/05/2022

ခွေးကျွေးခြင်း၏ ကုသိုလ်အကျိုး
======================

ဘယ်နေရာရောက်ရောက် ခွေးကျွေးတဲ့
အလုပ်ကလေးကိုတော့ ၀တ်တစ်ခုလိုကိုထားပြီး
လုပ်ဖြစ်ပါတယ်။ တစ်ခါတလေဆို လမ်းပေါ်မှာ
ခွေးပိန်ကလေးတွေ တွေ့ရရင်တောင် နီးစပ်ရာ
မုန့်ဆိုင်က၀ယ်ပြီး ကျွေးခဲ့ဖူးပါတယ်။ တစ်နေ့တော့
ဒီခွေးကျွေးတာနှင့် ပတ်သက်ပြီး သူငယ်ချင်းက
မေးခွန်းတစ်ခု မေးလာပါတယ်။

“တနင်္လာနံမို့ ခွေးကျွေးတာလား” တဲ့။

မိမိက “တနင်္လာနံ ဆိုတာ ဘာလဲ” လို့ ပြန်မေးတော့ သူငယ်ချင်းက “ငွေနံလေ” တဲ့။

ဒီတော့မှ မိမိလည်းသဘောပေါက်သွားပြီး “တနင်္လာနံကြောင့်တော့ မဟုတ်ဘူး။ သီဟိုဠ်၀တ္ထုလေးတစ်ပုဒ်ကို ဖတ်ဖူးထားလို့ပါ” လို့ပြောပြီး အဲဒီသီဟိုဠ်၀တ္ထုလေးကိုပါ သူငယ်ချင်းကိုပြောပြဖြစ်လိုက်ပါတယ်။ သူငယ်ချင်းက
“သြော်...ဒါကြောင့်ကိုး။” လို့ အတည်လိုလိုနောက်သလိုလိုနဲ့ ပြန်ပြောခဲ့တာ အခုအထိ မှတ်မိနေပါသေးတယ်။

သူငယ်ချင်းကို ပြောပြဖူးခဲ့တဲ့ သီဟိုဠ်၀တ္ထုလေးကို အခုချစ်တဲ့ စာဖတ်သူတွေကိုလည်း ပြန်ပြောပြချင်ပါတယ်။

♦ တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ "အရှင်စူဠနာဂ" လို့ အမည်ရတဲ့
မထေရ်တစ်ပါးရှိခဲ့ဖူးပါတယ်။

သီဟိုဠ်ကျွန်း အနုရာဓမြို့မှာ မြတ်စွာဘုရားရဲ့ညှပ်ရိုးတော်ကို ဌာပနာထားရာလည်းဖြစ်၊ဒေဝါနံပိယတိဿမင်းကြီးရဲ့ ကောင်းမှုလည်းဖြစ်တဲ့
ထူပါရုံစေတီဆိုတာ ရှိပါတယ်။ ထူပါရုံစေတီတော်ရဲ့အနီးမှာရှိတဲ့ ကျောင်းကြီးကိုလည်း ထူပါရုံကျောင်းတိုက်ကြီးလို့ ခေါ်ပါတယ်။ အရှင်စူဠနာဂဟာ အဲဒီထူပါရုံကျောင်းတိုက်ကြီးမှာ တခြားရဟန်းတော်တွေနှင့်အတူ သီတင်းသုံးနေတဲ့ ရဟန်းတစ်ပါးပါ။

♦ တစ်နေ့မှာ အရှင်စူဠနာဂဆွမ်းစားပြီးလို့ ခံတွင်းဆေးပြီးချိန်မှာ သားတွေပေါက်ထားတဲ့ခွေးမတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ခွေးမကိုသေချာ
ကြည့်လိုက်တော့ ပိန်ပိန်ချည့်ချည့်နဲ့ အတော်ဆာလောင်မွတ်သိပ်နေတဲ့ပုံပါ။ ဆာလောင်မွတ်သိပ်နေပုံရတဲ့ ခွေးမကိုမြင်လိုက်တော့ အရှင်စူဠနာဂက တော်တော်လေး သနားသွားပါတယ်။ ဒါပေမယ့် ဆွမ်းစားပြီး သပိတ်ဆေးပြီးပြီဆိုတော့

ကျွေးစရာဆွမ်းကျန်လည်း မရှိတော့ပါဘူး။

ဒါကြောင့် ဘာလုပ်လိုက်သလဲဆိုတော့ “ငါသည် စားအပ်ပြီးသော အစာမှန်သော်လည်း ထိုခွေးမအား အန်၍ လှူအံ့သောငှာအပ်၏” လို့ နှလုံးပိုက်ပြီး မိမိရဲ့ ခံတွင်းထဲကို လက်ထိုးအန်ပြီး ခွေးမကိုကျွေးလိုက်ပါတယ်။

အရှင်စူဠနာဂဟာ ခွေးမကို အန်ကျွေးရုံတင်မကပါဘူး၊ အိုးခြမ်းကွဲတစ်ခုထဲမှာ ရေထည့်ပြီး ရေလဲတိုက်လိုက်ပါသေးတယ်။

အစာထိုက်သင့်သလောက်ဝသွားတဲ့ခွေးမကို ကြည့်ပြီး အရှင်စူဠနာဂ လည်း တစ်ခါမှ မဖြစ်ဖူးတဲ့
ပီတိတွေဖြစ်လာပါတယ်။

♦ဒါကြောင့် ဆုတစ်ခုကို ကောက်ခါငင်ခါ တောင်းလိုက်ပါတယ်။ သူ့ရဲ့ဆုတောင်းက

♦"ငါသည် ဤခွေးမအား မိမိရဲ့ခန္ဓာကိုယ်ကို မငဲ့ကွက်ဘဲ အန်၍ကျွေးလိုက်ရသော ကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏။ နိဗ္ဗာန်မရသေး၍ သံသရာကျင်လည်ရသည်ရှိသော် ပစ္စည်းလာဘ်လာဘပေါများရပါလို၏" တဲ့။

စာမှာတော့ အရှင်စူဠနာဂရဲ့ ဒါနစေတနာဟာ ပထမဇောအဆင့်မှာတင် အရှိန်အဟုန်အစွမ်း တော်တော်ကြီးမားနေခဲ့တယ်လို့ ဆိုပါတယ်။

♦အရှင်စူဠနာဂဆုတောင်းတဲ့နေ့ ညချမ်းမှာပဲ ဒကာ ဒကာမများစွာဟာ ထောပတ်တွေ တင်လဲခဲတွေ သကာတွေ ပျားရည်တွေ ယူလာပြီး “အရှင်စူဠနာဂ ဘယ်ကျောင်းမှာ နေပါသလဲ” လို့ မေးပြီး ရောက်လာကြပါတယ်။ အရှင်စူဠနာဂလည်း ကိုယ့်ကိုယ်ကို အံ့အားသင့်နေပါတယ်။ အရှင်စူဠနာဂဟာ ရောက်လာတဲ့ ဘုဉ်းပေးစရာတွေကို သီတင်းသုံးဖော်ရဟန်းတော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက်ပါတယ်။

♦နောက်မကြာခင်မှာ ဒကာ ဒကာမတွေ ထပ်ရောက်လာပြန်ပါတယ်။
သူတို့ သီဟိုဠ်ခေတ်မှာ အသုံးများတဲ့ ဇာတိပ္ဖိုလ်ပွင့် အစရှိတဲ့ဆေးတွေကို ယူလာပြီး ကပ်လှူပြန်ပါတယ်။ အရှင်စူဠနာဂလည်း ရှေးနည်းအတိုင်း သီတင်းသုံးဖော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက်ပါတယ်။

♦နံနက်လင်းလို့ ဆွမ်းခံကြွတဲ့အခါမှာတော့ ဒကာ ဒကာမတွေဟာ ရေတွက်လို့မရနိုင်လောက်အောင် ဆွမ်းဟင်းများစွာကို လောင်းလှူတော့တာပါပဲတဲ့။

♦ဘယ်လောက်အထိ ဆွမ်းတွေရသလဲဆိုရင် ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်အားလုံး သုံးဆောင်နိုင်လောက်အောင်အထိ များပြားလွန်းတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အရှင်စူဠနာဂက ကျောက်စည်ကို တီးခတ်ပြီး ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်တွေကို ပြန်ပြီးလောင်းလှူလိုက်ပါတယ်။ နောက်ရက်တွေမှာလည်း အရှင်စူဠနာဂဟာ ရသမျှဆွမ်းဟင်းတွေကို ကျောက်စည်တီးခတ်ပြီးနေ့စဉ်ပြန်လှူခဲ့ပါတယ်။

♦တစ်နေ့မှာတော့ အရှင်စူဠနာဂဟာ မိမိပြုခဲ့တဲ့ ဒါနစေတနာကို ပြန်ဆင်ခြင်ရင်း ပီတိတွေဖြစ်လာပါတယ်။ အဲဒီဖြစ်ပေါ်လာတဲ့ ပီတိကို အခြခံပြီး ဝိပဿနာဘက်ကူး ကမ္မဋ္ဌာန်းဘာ၀နာကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ တက်ကြွထက်သန်တဲ့ "ဒါနစေတနာ"ဟာ ပစ္စုပ္ပန်အကျိုးတင်မကဘဲ "အရဟတ္တဖိုလ်"အထိ အကျိုးပေးသွားတာပါပဲ။

♦ အရှင်စူဠနာဂ ရဟန္တာဖြစ်ပြီးနောက်ပိုင်း တစ်ခုသောကာလကြာကြာ ရက်တစ်ရက်မှာ ထူပါရုံကျောင်းတိုက်မှာရှိတဲ့ ရဟန်းတော်ငါးရာကြွလာပြီး
မဇ္စျိမဒေသ အိန္ဒိယနိုင်ငံမှာရှိတဲ့ မဟာဗောဓိပင်ကို လိုက်ပို့ပေးဖို့ တောင်းပန်ကြပါတယ်။ အရှင်စူဠနာဂကလည်း လိုက်ပို့ပေးပါမယ်လို့ ပြန်၀န်ခံလိုက်ပါတယ်။

အရှင်စူဠနာဂကို လိုက်ပို့ပေးဖို့ တောင်းပန်ရခြင်းရဲ့ အဓိကအကြောင်းကတော့ လမ်းခရီးတစ်လျှောက်မှာ ဆွမ်းကွမ်းအခက်အခဲ မရှိအောင်လို့ပါ။

အရှင်စူဠနာဂလည်း ဂတိခံထားတဲ့အတိုင်း ရဟန်းတော်ငါးရာကို မဟာဗောဓိပင်ကို လိုက်ပို့ပေးပါတယ်။ လမ်းခရီးတစ်လျှောက်မှာ နတ်ကောင်းနတ်မြတ်တွေက ကူညီစောင့်ရှောက်သလိုရောက်ရာဒေသက ဒကာ ဒကာမတွေကလည်း ဆွမ်းအချိုပွဲတွေ အလျှံအပယ် လောင်းလှူကြပါတယ်။

♦မဟာဗောဓိပင်ကိုဖူးပြီး အပြန်ခရီးမှာတော့ အရှင်စူဠနာဂဟာ လေ၀မ်းရောဂါကို အပြင်းအထန်ခံစားရပါတော့တယ်။ ဒီတော့ အတူပါလာသူ
ရဟန်းတော်တွေလည်း စိတ်မကောင်းဖြစ်ကြရပါတယ်။

♦သူတို့စိတ်မကောင်းဖြစ်ကြခြင်းရဲ့ အကြောင်းကတော့ အကယ်၍ အရှင်စူဠနာဂ လမ်းခရီးမှာ ပရိနိဗ္ဗာန်ပြုခဲ့ရင် သူတို့အတွက် ဆွမ်းဘောဇဉ်အခက်အခဲ တွေ့ကြမှာစိုးလို့ပါ။ ဒါကိုသိတဲ့ အရှင်စူဠနာဂက အဖော်ရဟန်းငါးရာကို ဘယ်လိုမိန့်သလဲဆိုတော့ “အရှင်ဘုရားတို့၊ အထွေအထူး မစိုးရိမ်ကြပါနဲ့။ တပည့်တော် ပရိနိဗ္ဗာန်ပြုခဲ့ရင် ကြွင်းကျန်တဲ့ တပည့်တော်ရဲ့ဓါတ်တော်ကို ရှေ့ဆုံးကကြွတဲ့ မထေရ်ရဲ့ရေစစ်မှာဖြစ်ဖြစ်၊ သပိတ်မှာဖြစ်ဖြစ် ဖွဲ့ချည်ပြီး မြို့ရွာထဲ၀င်ပါဘုရား။ ဒါဆို အရှင်ဘုရားတို့အတွက် လမ်းခရီးမှာ ပစ္စည်းလေးပါးအတွက် မပင်မပန်းဖြစ်ရပါလိမ့်မယ်ဘုရား။” လို့ အကြံပေးတော်မူပါတယ်။

အရှင်စူဠနာဂမထေရ်လည်း အဲဒီလိုအကြံပေးပြီး မကြာခင်မှာပဲ ပရိနိဗ္ဗာန်ပြုသွားပါတယ်။ ကျန်ခဲ့တဲ့ သတင်းသုံးဖော်ရဟန်းတော်တွေက အရှင်စူဠနာဂရဲ့ အလောင်းတော်ကို ကောင်းကောင်းသဂြိုလ်ပြီး အရှင်စူဠနာဂမှာခဲ့တဲ့အတိုင်း ဓါတ်တော်တွေကိုယူပြီးကြွတော်မူကြပါတယ်။ ကြွတော်မူတဲ့ လမ်းခရီးတစ်လျှောက် ပစ္စည်းလေးပါးမပင်မပန်းနဲ့ မိမိတို့သီတင်းသုံးရာ သီဟိုဠ်ကျွန်း ထူပါရုံကျောင်းတိုက်ကို ပြန်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

♦စေတနာကြီးမားလှတဲ့ သာမန်ဒါနလေးဟာ ကာယကံရှင်မရှိတော့တာတောင် ကျန်ခဲ့သူတွေအတွက် အကျိုးပြုသွားတဲ့ သီဟိုဠ်ဓမ္မ၀တ္ထုလေးပါ။

♦ စေတနာရဲ့ သဘောသရုပ်ကို ဖွင့်ပြခဲ့တဲ့ ၀တ္ထုလေးအဖြစ်လည်း ပူးတွဲသဘောပေါက်လိုက်ရပါတယ်။

အရှင်စူဠနာဂရဲ့၀တ္ထုလေးကို သတိရနေသမျှတော့ခွေးတွေကို ကျွေးဖြစ်နေအုံးမှာပါ။

ခွေးတွေကို ကျွေးဖြစ်နေသမျှတော့ အရှင်စူဠနာဂရဲ့ ၀တ္ထုလေးကို သတိရနေဖြစ်အုံးမှာပါ။

credit.

27/05/2022
သားသားRiKiလေးရဲ့1 နှစ် 6 လပြည့် 🎂
16/04/2022

သားသားRiKiလေးရဲ့
1 နှစ် 6 လပြည့် 🎂

မဂ်လာနှစ်သစ်မှာတိချစ်သူ💓အပေါင်းစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်🙏
13/04/2022

မဂ်လာနှစ်သစ်မှာ
တိချစ်သူ💓
အပေါင်းစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်🙏

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Poe. Kid. Paung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share