EzyPet

EzyPet Your Trusted Pet Care App with Endless Solutions!

30/05/2026

မိုးတွင်းမှာအသည်းငယ်တတ်တဲ့ကလေးတွေရှိတယ်ဆိုရင်တော့ ဒီလိိုမျိုးလေးလုပ်ပေးကြည့်နော်

ခြေဖဝါးလေးတွေကတစ်ဆင့် ပါလာမယ့် ဘက်တီးရီးယားအန္တရာယ် 🌧️မိုးရွာထားတဲ့အချိန် ခြံထဲဆင်းပြီး မြေကြီးတွေ၊ ရွှံ့ဗွက်တွေထဲမှာကစာ...
27/05/2026

ခြေဖဝါးလေးတွေကတစ်ဆင့် ပါလာမယ့် ဘက်တီးရီးယားအန္တရာယ် 🌧️

မိုးရွာထားတဲ့အချိန် ခြံထဲဆင်းပြီး မြေကြီးတွေ၊ ရွှံ့ဗွက်တွေထဲမှာကစားရတာကို ခွေးလေးတွေသိပ်သဘောကျတတ်ကြတာသဘာဝပါ။

ဒါပေမဲ့ အဲဒီလိုဆော့ပြီး အိမ်ထဲပြန်ဝင်လာတဲ့အခါ... ရွှံ့တွေ၊ ဗွက်တွေ ပေကျံနေတဲ့ ခြေဖဝါးလေးတွေကနေတစ်ဆင့် မျက်စိနဲ့ မမြင်ရတဲ့ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေ အများကြီးကပ်ပလာတတ်ပါတယ်။

ဒါကြောင့် မိုးသည်းသည်းထန်ထန်မကျခင် ဒီမေလထဲမှာကတည်းက ကလေးတွေအတွက် မရှိမဖြစ်လိုအပ်မယ့် ဒီပစ္စည်းလေးတွေကို ကြိုတင်ဝယ်ယူထားဖို့ တိုက်တွန်းချင်ပါတယ် -

🧴 Paw Cleaner
🧻 Pet-safe Wet Wipes
✨ ခြေဖဝါးလေးတွေကို ရေစိုမကျန်အောင်သုတ်ဖို့ သဘက်လေးတွေ

မိုးရာသီမှာ ကလေးတွေရဲ့ခြေဖဝါးလေးတွေ သန့်ရှင်းကျန်းမာပြီး အိမ်တွင်းမှာလည်း ကူးစက်ရောဂါတွေ ကင်းဝေးစေဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်ထားလိုက်ကြရအောင်နော်။ 🐶✨

23/05/2026

မိုးတွေကစပြီးရွာနေပြီဆိုတော့...

ဒါတွေမလုပ်ရသေးရင် အခုပဲလုပ်ထားလိုက်တော့နော်

မိုးမကျခင် အမွေးပွလေးတွေကို Grooming သွားလုပ်ပြီးပြီလား? 🐶✂️မေလကုန်လို့ မိုးစရွာပြီဆိုတာနဲ့ ရေဆော့၊ ဗွက်ဆော့ရတာဝါသနာပါတဲ...
19/05/2026

မိုးမကျခင် အမွေးပွလေးတွေကို Grooming သွားလုပ်ပြီးပြီလား? 🐶✂️

မေလကုန်လို့ မိုးစရွာပြီဆိုတာနဲ့ ရေဆော့၊ ဗွက်ဆော့ရတာဝါသနာပါတဲ့ ကလေးတွေရဲ့ အမွေးတွေ အမြဲစိုနေတတ်တဲ့ အချိန်ရောက်လာပါပြီ။

အထူးသဖြင့် အမွေးရှည်တဲ့ ကလေးတွေ၊ အမွေးပွပွလေးတွေဆိုရင် ရေစိုပြီးတဲ့အခါ မြန်မြန်အခြောက်မခံပေးနိုင်ရင်... အမွေးတွေ လိပ်ပြီးခဲလာတာ၊ အနံ့အသက်ဆိုး ထွက်လာတာတွေအပြင်၊ အဆိုးဆုံးကတော့ "အရေပြားမှိုရောဂါ" တွေပါ အလွယ်တကူဖြစ်လာတတ်ပါတယ်။

မှိုရောဂါဖြစ်ပြီဆိုရင် အရမ်းယားပြီး အမွေးတွေကျွတ်တဲ့အပြင်၊ ကုသရတာလည်း အချိန်တော်တော်ပြန်ယူရတတ်ပါတယ်။

ဒါကြောင့် ဒီလိုပြဿနာတွေ မဖြစ်ရလေအောင် မိုးရာသီမဝင်ခင် အခုကတည်းက ကလေးတွေကို သပ်သပ်ရပ်ရပ်လေးဖြစ်အောင် Trim (တိ) ပေးထားတာ၊ သေချာလေး Grooming လုပ်ပေးထားတာ အကောင်းဆုံးပါပဲ။

အမွေးတိုတိုရှင်းရှင်းလေးဆိုရင် ဗွက်ပေလာရင်တောင်ရေဆေးချပြီး အလွယ်တကူ အခြောက်ခံပေးလို့ရသွားတာပေါ့။

ကိုယ့်ကလေးအတွက် သန့်ရှင်းသပ်ရပ်တဲ့ Grooming Service ကောင်းကောင်းလေးတွေ ရှာနေတယ်ဆိုရင်တော့ EzyPet Map မှာ Pet Salons & Spas တွေကို အလွယ်တကူ ရှာဖွေလို့လဲရနေပြီနော်... 🧡

Download Here:

App Store : https://apps.apple.com/mm/app/ezypet/id6504876526

Google Play Store : https://play.google.com/store/apps/details?id=com.ezypet...

16/05/2026

အိမ်က တိလေးတွေအတွက် မိုးရာသီမှာ ဒါလေးတွေဂရုစိုက်ပါ

#မိုးရာသီ

မိုးဦးကျလာပြီဆိုရင် ဒီအန္တရာယ်ကိုသတိထားပါ ❗️မေလကုန်လို့မိုးဦးကျပြီဆိုတာနဲ့ ပတ်ဝန်းကျင်ကစတင်စိုစွတ်လာပါပြီ။ ဒီလို စိုထိုင...
13/05/2026

မိုးဦးကျလာပြီဆိုရင် ဒီအန္တရာယ်ကိုသတိထားပါ ❗️

မေလကုန်လို့မိုးဦးကျပြီဆိုတာနဲ့ ပတ်ဝန်းကျင်ကစတင်စိုစွတ်လာပါပြီ။ ဒီလို စိုထိုင်းဆများတဲ့ရာသီဥတုဟာ သင့်အိမ်မွေးတိရစ္ဆာန်လေးတွေကို ဒုက္ခပေးမယ့် "မွှားတွေ၊ လှေးတွေ အပွားများဆုံးအချိန်" ပဲဖြစ်ပါတယ်။

အထူးသဖြင့် ခြံထဲမှာပြေးလွှားဆော့ကစားတတ်တဲ့၊ မြေကြီးတွေ ဗွက်တွေထဲ ဆင်းဆော့ရတာ သဘောကျတဲ့ သွက်သွက်လက်လက် ကလေးတွေဆိုရင် မွှားကောင်တွေနဲ့ အလွယ်တကူထိတွေ့နိုင်ပါတယ်။

သွေးအားနည်းရောဂါ၊ သွေးလန့်ရောဂါနဲ့ ယားယံတာ၊ ဓာတ်မတည့်တာ၊ အမွေးကျွတ်တာနဲ့ အရေပြားရောင်ရမ်းတာတွေဖြစ်တတ်ပါတယ်။

ဆေးကုတာထက် ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါ။ ဒါကြောင့်

✅ လစဉ်ပုံမှန် မွှား/လှေး ကာကွယ်ဆေး တိုက်ခြင်း (သို့)
✅ လည်ပင်းဂုတ်ပေါ် ဆေးချပေးခြင်း (သို့)
✅ ကာကွယ်ဆေးထိုးပေးခြင်း စတာတွေလုပ်ပေးသင့်ပါတယ်။

ကိုယ့်ကလေးနဲ့ အကိုက်ညီဆုံးဖြစ်မယ့် ဆေးအမျိုးအစားကိုနီးစပ်ရာတိရစ္ဆာန်ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး အခုကတည်းကကြိုတင်ကာကွယ်ထားလိုက်ပါနော်။

09/05/2026

ဒီရက်ပိုင်းမိုးတွေရွာနေပြီဆိုတော့ အိမ်အပြင်မထွက်ရတဲ့ ငရှုပ်လေးတွေကို ဒီလိုထိန်းကြည့်နော်

မေလကုန်ရင် မိုးစရွာတော့မယ်... ကလေးတွေအတွက် ဒီအန္တရာယ်ကို ကြိုကာကွယ်ထားပြီလား? 🐶💉အခုဆို မေလထဲတောင်ရောက်နေပြီဆိုတော့ မကြာခ...
04/05/2026

မေလကုန်ရင် မိုးစရွာတော့မယ်... ကလေးတွေအတွက် ဒီအန္တရာယ်ကို ကြိုကာကွယ်ထားပြီလား? 🐶💉

အခုဆို မေလထဲတောင်ရောက်နေပြီဆိုတော့ မကြာခင်မိုးတွင်းဘက်ကို ကူးတော့မယ်နော်။ မိုးရွာပြီဆိုတာနဲ့ ရေဆော့ချင်၊ ဗွက်အိုင်တွေထဲ ပြေးလွှားချင်တဲ့ ကလေးတွေအတွက်ကတော့ ပျော်စရာဆိုပေမယ့်... မေမေ ဖေဖေတို့အတွက်ကတော့ အထူးသတိထားရမယ့် အချိန်ရောက်လာပါပြီ။

ဘာဖြစ်လို့လဲဆိုတော့ မိုးတွင်းမှာအဖြစ်များတဲ့ ရေအိုင်၊ ဗွက်အိုင်တွေကနေတစ်ဆင့် ကြွက်သေတွေ၊ ကြွက်ဆီးတွေကတစ်ဆင့်ပါလာတတ်တဲ့ Leptospirosis (လက်တို) လို အသက်အန္တရာယ်ရှိတဲ့ ရောဂါတွေအလွယ်တကူ ကူးစက်တတ်လို့ပါပဲ။

ဒီရောဂါတွေဟာ ကူးစက်ခံရရင်ကုသဖို့ခက်ခဲပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိုးမကျခင် အခုကတည်းက ကြိုတင်ကာကွယ်ထားဖို့ အရမ်းအရေးကြီးပါတယ်။

ကိုယ့်ကလေးရဲ့ ကာကွယ်ဆေးစာအုပ်လေးတွေကို အခုပဲ ဖုန်ခါပြီး ပြန်စစ်ကြည့်လိုက်ပါဦးနော်။ လိုအပ်တဲ့ ထပ်ဆောင်းဆေး (Booster Dose) တွေ ထိုးဖို့ ကျန်နေသေးရင် အခုကတည်းက နီးစပ်ရာ တိရစ္ဆာန်ဆေးခန်းတွေမှာ အမြန်ဆုံး ကြိုတင်ထိုးနှံထားလိုက်ပါ။

ကာကွယ်ဆေးထိုးရမယ့်ရက်တွေ မမေ့သွားအောင် EzyPet App ထဲက Health Record မှာ စနစ်တကျ မှတ်ထားလို့ရသလို၊ ယုံကြည်ရတဲ့ တိရစ္ဆာန်ဆေးခန်း (Vet Clinics) တွေကိုလည်း EzyPet Map ကနေ အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်ပါတယ်နော်။

30/04/2026

ပိတ်ရက်ရောက်တိုင်း ကလေးကို အိမ်မှာပဲထားခဲ့ရလို့ စိတ်မကောင်းဖြစ်နေတာဆိုရင်တော့ EzyPet ရဲ့ "𝑷𝒂𝒘-𝒇𝒆𝒄𝒕 𝑯𝒂𝒏𝒈𝒐𝒖𝒕" ထဲမှာ Pet-friendly နေရာလေးတွေနဲ့ Pet-hotel လေးတွေရှာကြည့်လို့ရနေပြီနော် 🧡

ပိတ်ရက်ရောက်တိုင်း ကလေးကို အိမ်မှာပဲထားခဲ့ရလို့ စိတ်မကောင်းဖြစ်နေလား? ☕🐶ရုံးသမားတွေအတွက် ပိတ်ရက်ဆိုတာအဖိုးတန်ဆုံးအချိန်လ...
28/04/2026

ပိတ်ရက်ရောက်တိုင်း ကလေးကို အိမ်မှာပဲထားခဲ့ရလို့ စိတ်မကောင်းဖြစ်နေလား? ☕🐶

ရုံးသမားတွေအတွက် ပိတ်ရက်ဆိုတာအဖိုးတန်ဆုံးအချိန်လေးပါ။ တစ်ပတ်လုံး အိမ်မှာ တစ်ကောင်တည်း အထီးကျန်နေရတဲ့ ကလေးတွေကို အပြင်ခေါ်သွားချင်ပေမယ့်... ရန်ကုန်မှာ ဘယ်နေရာတွေက Pet-Friendly (ခွေး/ကြောင် ခေါ်သွားခွင့်ပြု) လဲဆိုတာသေချာမသိတော့ခေါ်ထွက်ဖို့ တုံ့ဆိုင်းနေရတတ်ပါတယ်။

အခုတော့ အဲဒီလိုခေါင်းရှုပ်ခံစရာမလိုတော့ပါဘူး။ EzyPet ရဲ့ "𝑷𝒂𝒘-𝒇𝒆𝒄𝒕 𝑯𝒂𝒏𝒈𝒐𝒖𝒕" ထဲမှာ Pet-Friendly ဖြစ်တဲ့ ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ လေညင်းခံလို့ရမယ့် ပန်းခြံတွေကို တစ်နေရာတည်းစုပြီး အလွယ်တကူရှာလို့ရနေပြီလေ။

အခုဆိုရင်ပိတ်ရက်တိုင်း တုတုကို အိမ်မှာအထီးကျန်မထားခဲ့ရတော့ဘဲ၊ ကိုယ်သွားမယ့်ကော်ဖီဆိုင်လေးတွေကိုအတူတူခေါ်သွားပြီး ပျော်စရာ Quality Time လေးတွေသေချာဖြတ်သန်းလို့ရသွားပြီပေါ့။

ဘော်ဒါတို့ကော ပိတ်ရက်ဆိုကလေးတွေကို ဘယ်ဆိုင်လေးတွေခေါ်သွားလေ့ရှိလဲ? 🐾

အကြိုက်ဆုံး Pet-friendly နေရာလေးတွေကို တခြားသူတွေပါ သိသွားအောင် Comment မှာ ညွှန်းပေးခဲ့ကြပါဦးနော် 👇

Address

Yangon

Alerts

Be the first to know and let us send you an email when EzyPet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EzyPet:

Share