24/05/2022
Black Water Liquid
Black Water ဆိုပေမယ့် တကယ်တော့ ရွှေဝါရောင်ဘက် ပိုသန်းပါတယ် တကယ့် Black water နီးပါးအထိ ရောက်ဖို့ကတော့ အချိန်ပိုပေးရပါတယ် အဲဒီ ငြိမ်သက်နေပြီး အန္တရယ်ရှိတဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားမနေတဲ့ Black water ဟာ Betta တွေ ကြိုက်တဲ့ ရေအမျိုးအစားပါပဲ
အားလုံး သိကြတဲ့အတိုင်း Betta တွေက pH level 6.5 လောက်ကို အကြိုက်ဆုံးပါ
Black water စစ်စစ်က pH level 6.5 ထက်နည်းကောင်းနည်းနိုင်ပါတယ် ဒါပေမယ့် အဲဒီရေဟာ အချိန်ကာလတစ်ခုအထိ Stable ဖြစ်နေတာကြောင့် အဲဒီရေမှာ တောက်လျှောက် နေလာခဲ့တဲ့ Betta လေးတွေရဲ့ Metabolism တွေကလည်း အလိုက်သင့်ပြောင်းလဲပေးနေတာကြောင့် ပြဿနာ ကြီးကြီးမားမားတော့ မရှိပါဘူး
ပြဿနာက Betta တွေကို ရေအသစ်ချိန်းပေးမိတဲ့အခါ ကြုံရပါတယ် မိနစ်ပိုင်းအတွင်း ပြောင်းသွားတဲ့ power of Hydrogen iron ( pH) level ကို ငါးရဲ့ Metabolism က အမြန်လိုက်ပြောင်းလဲပေးဖို့ မတက်နိုင်ပါဘူး အဲဒီအခါ ငါးမှာ ရေ shock ဖြစ်တက်ပါတယ် ဒါက ငါးတိုင်းကြုံရပေမယ့် ငါးတိုင်း မသေနိုင်ပါဘူး ဒါပေမယ့် ငါးတကောင်နေသားကျနေတဲ့ ရေကနေ ရေအသစ်ချိန်းပေးမိတဲ့အခါ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ပေးပဲမစွန့်စားသင့်တဲ့ risk တခုပါ
ရေအသစ်လဲတယ်ဆိုတာ အမှန်ကတော့ သန့်ရှင်းရေးလုပ်ပေးဖို့က အဓိကရည်ရွယ်ချက်ပါပဲ
ကျန်တဲ့ ရေထဲက ပျော်ဝင်နေတဲ့ elements တွေကိုတော့ ငါးနဲ့နေသားကျနေတဲ့အတိုင်းပဲ ထပ်တူနီးပါးဖြစ်အောင် ( pH level, temperature) ပြန်ထားပေးနိုင်တာအကောင်းဆုံးပါ
ဒီရက်ပိုင်းထဲမှာ Mandalay Fish Paradise ဆီကနေ Black water liquid Sample ကို Tset အတွက် လက်ခံရရှိခဲ့ပါတယ် ပါဝင်တဲ့ ingredients အချို့ကတော့ ရေရဲ့ Ph Level ကို Adjustment လုပ်ပေးတဲ့ သဘာဝ လက်ဆောင် ဗန်ဒါရွက် ( ငှက်ပျောရွက်လည်း ရပါတယ်) အဓိကပါပြီး ငါးရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ Antibiotic အနည်းငယ် ဖြည့်စွက်ပေးထားပြီး Betta တွေကို ရေလဲပေးတဲ့အချိန်တိုင်းမှာ ထည့်ပေးသင့်တဲ့ solution ပါပဲ
ဆေးရည်ပမာဏကတော့ Water 2 liters မှာ 1 Cup ပါ ဒါပေမယ့် ရေအရောင်ကို ရွှေဝါရောင်ဘက် ရောက်အောင် အနည်းငယ်ပိုထည့်ရင်လည်း ရပါတယ် အန္တရယ် မဖြစ်ပါဘူး ကိုယ်တိုင် လိုခြင်တဲ့ရေအရောင်ရအောင် ထည့်စမ်းကြည့်ဖြစ်ပါတယ်
ဗန်ဒါရွက် ရှာရခက်တဲ့ နယ်က Betta မွေးတဲ့
Hobbyists တွေအတွက် ဗန်ဒါရွက် ပြုတ်စရာမလို လိုက်ရှာစရာမလိုပဲ အလွယ်တကူ မိနစ်ပိုင်းအတွင်း Betta တွေ ကြိုက်တဲ့ ရေအမျိုးအစားဖြစ်အောင် ဖန်တီးပေးထားတဲ့ Black Water liquid ဖြစ်လို့
Betta fish Breeding အတွက်လည်း သုံးလို့အဆင်ပြေမယ့် solution ပါပဲ Betta တွေကြိုက်တဲ့ ရေအမျိုးအစားဖြစ်စေပြီး မလိုအပ်တဲ့ ဘက်တီးရီးယားတွေကို အချိန်တခုအထိ တားဆီးပေးထားနိုင်လို့ အဲဒီရေထဲမှာနေရတဲ့ Betta လေးတွေ ပျော်နေပါလိမ့်မယ်
Betta တွေကျန်းမာရေးကောင်းပြီး လန်းဆန်းပျော်ရွှင်နေတဲ့အကျိုးရလဒ်မှာ သူတို့ရဲ့ အကြေးခွံလေးတွေ အရောင်တောက်ပမှုနဲ့ စိုပြေခြင်းတွေကြောင့် ပိုလှတဲ့အရောင်လေးတွေနဲ့လည်း ဖြစ်လာနိုင်ပါလိမ့်မယ်
ကျွန်တော် လက်ရှိသုံးနေပြီး Results အတွက်လည်း သဘောကျပါတယ် ဆက်သုံးဖို့လည်း အစီအစဥ် ရှိပါတယ်