Yangon Pet Mart

Yangon Pet Mart Pet Supplies, Food and Accessories

𝗩𝗶𝗲𝘁𝗻𝗮𝗺 - 𝗕𝗮𝗻𝗴𝗸𝗼𝗸 - 𝗬𝗮𝗻𝗴𝗼𝗻 𝗜𝗺𝗽𝗼𝗿𝘁 📅 May 21, 2026Relocation Service မှတ်တမ်း ( 207 )🥰 𝗟𝗼𝗻𝗴-𝗵𝗮𝗶𝗿𝗲𝗱 𝗗𝗮𝗰𝗵𝘀𝗵𝘂𝗻𝗱 ရွှေရောင်လေးဆ...
23/05/2026

𝗩𝗶𝗲𝘁𝗻𝗮𝗺 - 𝗕𝗮𝗻𝗴𝗸𝗼𝗸 - 𝗬𝗮𝗻𝗴𝗼𝗻 𝗜𝗺𝗽𝗼𝗿𝘁
📅 May 21, 2026

Relocation Service မှတ်တမ်း ( 207 )

🥰 𝗟𝗼𝗻𝗴-𝗵𝗮𝗶𝗿𝗲𝗱 𝗗𝗮𝗰𝗵𝘀𝗵𝘂𝗻𝗱 ရွှေရောင်လေးဆိုတော့ အမွေးပွပွ နားရွက်တွဲတွဲလေးနဲ့ တကယ့်ကို သက်ရှိအရုပ်မလေးကျနေတာပဲ ✨

𝗗𝗮𝗰𝗵𝘀𝗵𝘂𝗻𝗱 လေးတွေရဲ့ သဘာဝအတိုင်း ရုပ်လေးက သေးသေးလေးနဲ့ ဉာဏ်ကလည်း အရမ်းပြေး၊ အတ္တလည်း နည်းနည်းကြီးတတ်ကြတာ 𝗤𝗕 လေးမှာ အတိုင်းသား မြင်နေရပါတယ် 😘

​𝗟𝗮𝗽𝘁𝗼𝗽 နဲ့ ရုပ်ရှင်ကြည့်နေတာလေးကတော့ တကယ့်ကို သက်သေအထောက်အထားပါဘဲ 😁 နောက်ကျောပြင်လေးကို ကြည့်ရုံနဲ့တင် မျက်နှာပြင်ကို ဘယ်လောက်အာရုံစိုက်ပြီး ကြည့်နေလဲ သိသာတယ်။ "ငါနဲ့တူတဲ့ ခွေးလေးတွေပါလား" ဆိုပြီး စိတ်ဝင်တစား ကြည့်နေတဲ့ ပုံစံလေးက ကမ္ဘာပေါ်မှာ အသည်းယားစရာအကောင်းဆုံး မြင်ကွင်းလေးပါ 😍

​ကားပေါ်ကပုံလေး - လည်ပင်းမှာ ပန်းရောင်အဝတ်လေးနဲ့ ကားနောက်ခန်းမှာ ငြိမ်ငြိမ်လေး ထိုင်နေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေက အပြစ်ကင်းစင်လွန်းတယ်။ "ဘယ်သွားဦးမလို့လဲဟင်" ဆိုပြီး မေးနေတဲ့ မျက်နှာပေးလေးနဲ့ 🤗

​အရုပ်တွေကြားထဲက ပုံလေး - သူ့ရဲ့ ဝက်ဝံရုပ်လေးတွေ၊ လိမ္မော်သီးရုပ်လေးတွေကြားထဲမှာ လည်ပင်းပုတီးလေးနဲ့ အလှပြင်ထားတာ။ သူကိုယ်တိုင်ကလည်း အရုပ်လေးတစ်ရုပ်လို ဖြစ်နေလို့ ဘယ်သူက အရုပ်၊ ဘယ်သူက 𝗤𝗕 လေးလဲတောင် ခွဲမရပါဘူး 😁

​ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကလေးလေးကို ဂရုစိုက်ခွင့်ရခဲ့တာ မင်မင်တို့အတွက်လည်း တကယ့်ကို စိတ်ချမ်းသာစရာ အမှတ်တရနေ့ရက်လေးတွေပါဘဲရှင် 🥰

ယုံကြည်စွာအပ်နှံပေးတဲ့ 𝗤𝗕 ရဲ့ သခင် အစ်ကိုကိုလဲ ကျေးဇူးတင်ပါတယ်နော် 🙏✨

‎🙋 Pet In Cabin, On Boarding, Air Cargo, Export/Import Permit နဲ့ Air ticket အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် Payment ကိုလဲ တဆင့်ချင်းစီတွက်ပြီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူမခွဲမခွာခေါ်သွားနိုင်စေဖို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 🥰

Yangon Pet Relocation Services
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]

ခြံထဲမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ဇာတ်လိုက်ကျော် ဂျက်ကလေး... တစ်ခြံလုံး ပတ်မွှေ၊ ပတ်ဖျက်ပြီး တာဝန်ကျေပွန်သွားလို့ အခုတော့...
22/05/2026

ခြံထဲမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ဇာတ်လိုက်ကျော် ဂျက်ကလေး... တစ်ခြံလုံး ပတ်မွှေ၊ ပတ်ဖျက်ပြီး တာဝန်ကျေပွန်သွားလို့ အခုတော့ အားယားပီး ပျင်းနေတယ်တဲ့ရှင်။

အပင်တွေလည်း နှုတ်ပြီးပြီ၊ မြေကြီးတွေလည်း တူးပြီးပြီဆိုတော့ ဇာတ်လိုက်ကျော်ကြီး ပျင်းသွားရှာတာပေါ့။🤔

ခုတော့ သနားစရာ မျက်နှာပေးနဲ့ ပန်းနုသွေး လာလုပ်နေတယ်ရှင် 🙄

🐱 မြောင်လေးတွေ Snack မြင်တာနဲ့ မျက်လုံးတောက်သွားစေမယ့် Item လေး 😻😽 Cat Treat Spoon / Lickable Snack SpoonSnack ကျွေးရတာ ...
22/05/2026

🐱 မြောင်လေးတွေ Snack မြင်တာနဲ့ မျက်လုံးတောက်သွားစေမယ့် Item လေး 😻

😽 Cat Treat Spoon / Lickable Snack Spoon
Snack ကျွေးရတာ ပိုလွယ်၊ ပိုသန့်ရှင်းပြီး မြောင်လေးတွေလည်း ပိုကြိုက်စေမယ့် Spoon လေးပါ 🥄💖

✨ Cream / Green / Purple အရောင်လေးတွေ ရွေးလို့ရ
✨ Snack Tube ညှစ်ကျွေးရတာ အဆင်ပြေပါတယ်
✨ လက်မပေပဲ သန့်သန့်ရှင်းရှင်းကျွေးလို့ရပါတယ်

📩 Order တင်ချင်ရင် Chat Box မှာ “ယူမယ်” လို့ မန့်ခဲ့ပါ 💌

Pre Order 3/4weeks
Pre Order Half prepaid
Can order 💌 Vb:09958023404 or Page cb 💌

🐶🐱 သားသားမီးမီးလေးတွေ နေမကောင်းဖြစ်နေပြီလား? 💚❌ အစားပျက်နေတယ်❌ ဝမ်းသွားနေတယ်❌ အားနည်းပြီး မလန်းဆန်းဘူး💚 100ml ဘူးကြီး Pe...
21/05/2026

🐶🐱 သားသားမီးမီးလေးတွေ နေမကောင်းဖြစ်နေပြီလား? 💚

❌ အစားပျက်နေတယ်
❌ ဝမ်းသွားနေတယ်
❌ အားနည်းပြီး မလန်းဆန်းဘူး

💚 100ml ဘူးကြီး Pet Supplement 💚
ခွေးခလေး၊ ကြောင်ခလေးတွေ နေမကောင်းချိန်၊ အားနည်းချိန်မှာ အာဟာရဖြည့်ပေးပြီး အားပြန်ကောင်းဖို့ အထောက်အကူဖြစ်စေပါတယ် 🐾

✅ အစားပျက်တဲ့ Pet လေးတွေအတွက်
✅ ဝမ်းသွားပြီး အားနည်းနေချိန်မှာ အထောက်အပံ့
✅ သောက်ရလွယ်ကူ

🐕🐈 သားသားမီးမီးလေး ကျန်းမာလန်းဆန်းဖို့ အိမ်မှာဆောင်ထားသင့်တဲ့ Item လေးပါနော်

📩 စျေးနှုန်း / အသေးစိတ် သိချင်ရင် Page Chat Box မှာ လာမေးလို့ရပါတယ် 💌

Pre Order 3/4weeks
Pre Order Half prepaid
Can order 💌 Vb:09958023404 or Page cb 💌

Kidney support 💢Instock💢 ရပါမယ်ရှင်Pet 🐶လေးတွေ အတွက် ကျောက်ကပ်ဆေး...~ကျောက်ကပ်ပျက်စီး‌ေနတဲ့ ကလေးတွေ...~ကျောက်ကပ်ရောင်နေတ...
19/05/2026

Kidney support 💢Instock💢 ရပါမယ်ရှင်

Pet 🐶လေးတွေ အတွက် ကျောက်ကပ်ဆေး...

~ကျောက်ကပ်ပျက်စီး‌ေနတဲ့ ကလေးတွေ...
~ကျောက်ကပ်ရောင်နေတဲ့ ကလေးတွေ...
အတွက် တဘူးဆောင်ထားပါနော်...

အစာခြောက်စားပြီး ကျောက်ကပ် ပျက်စီးမှာစိုးတာတွေ အတွက် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ တိုက်လို့ရပါတယ်ရှင်...💁🏻‍♀️

Can order 💌 Vb:09958023404 or Page cb 💌

မြောင်လေးတွေအတွက် RC အစာစို အစုံ ရပါမယ်ရှင် Price cb Pre Order 2/3weeks Pre Order Half prepaid Can order 💌 Vb:0995802340...
18/05/2026

မြောင်လေးတွေအတွက် RC အစာစို အစုံ ရပါမယ်ရှင်

Price cb
Pre Order 2/3weeks
Pre Order Half prepaid
Can order 💌 Vb:09958023404 or Page cb 💌

ကြောင်လေးတွေ "ဆီးလမ်းကြောင်းပိုးဝင်ခြင်း/ကျောက်တည်ခြင်း" ဖြစ်နေပြီဆိုတာ သိနိုင်မယ့် ရှေ့ပြေးလက္ခဏာ (၅) ချက် 😿​ကြောင်ချစ်...
18/05/2026

ကြောင်လေးတွေ "ဆီးလမ်းကြောင်းပိုးဝင်ခြင်း/ကျောက်တည်ခြင်း" ဖြစ်နေပြီဆိုတာ သိနိုင်မယ့် ရှေ့ပြေးလက္ခဏာ (၅) ချက် 😿
​ကြောင်ချစ်သူမေမေတို့ အိမ်ကအကောင်လေးတွေကို သေချာသတိထားကြည့်ပေးပါနော် -
​ဆီးအိုးထဲ ခဏခဏသွားပေမယ့် ဆီးမထွက်ခြင်း သို့မဟုတ် နည်းနည်းပဲ ထွက်ခြင်း။
​ဆီးသွားတဲ့အချိန်မှာ နာကျင်လို့ အော်ဟစ်ညည်းတွားခြင်း။
​မျိုးပွားအင်္ဂါအစိတ်အပိုင်းကို ပုံမှန်ထက် ပိုပြီး ခဏခဏ လျှာနဲ့လျက်ခြင်း။
​ဆီးအိုးအပြင်ဘက် သို့မဟုတ် အိပ်ရာပေါ်တွေမှာ လျှောက်ဆီးသွားခြင်း။
​ဆီးအရောင် ရင့်လွန်းခြင်း သို့မဟုတ် သွေးစလေးတွေ ပါလာခြင်း။
​ဒီလိုလက္ခဏာတွေတွေ့ရင် ဆရာဝန်ဆီ အမြန်ဆုံးပြသဖို့ လိုအပ်သလို ရေရှည်အတွက် "အစားအစာ" ကလည်း အလွန်အရေးကြီးပါတယ်။
​🛡️ ဆီးလမ်းကြောင်းကျန်းမာရေးအတွက် Royal Canin Urinary S/O (1.5kg) နဲ့ ကြိုတင်ကာကွယ်ပေးပါ။ ဆီးရဲ့ pH level ကို မျှတစေပြီး ကျောက်တည်ခြင်းကို သက်သာစေလို့ ကြောင်လေးတွေ ဆီးအောင့်တားတာ မရှိတော့ဘဲ လန်းဆန်းပေါ့ပါးသွားစေမှာပါ။
​📌 အသေးစိတ်ကို Chat Box မှာ အခုပဲ မေးမြန်းမှာယူနိုင်ပါပြီ။
#ကြောင်ကျန်းမာရေးဗဟုသုတ #ကြောင်ချစ်သူများ

နေမကောင်းတဲ့ အချစ်တော်လေးတွေ အမြန်ဆုံး နေကောင်းလာဖို့ Royal Canin Recovery! 🐾✨​ခွဲစိတ်ပြီးစ ခွေး/ကြောင်လေးတွေနဲ့ အစာစားခ...
18/05/2026

နေမကောင်းတဲ့ အချစ်တော်လေးတွေ အမြန်ဆုံး နေကောင်းလာဖို့ Royal Canin Recovery! 🐾✨
​ခွဲစိတ်ပြီးစ ခွေး/ကြောင်လေးတွေနဲ့ အစာစားချင်စိတ်မရှိဘဲ အားနည်းနေတဲ့ အချစ်တော်လေးတွေအတွက် ဗီတာမင်နဲ့ အာဟာရဓာတ် အပြည့်အဝဆုံး ထောက်ပံ့ပေးနိုင်မယ့် Royal Canin Veterinary Recovery ဘူး ရပါမယ်နော်...
​💡 ဘာကြောင့် Royal Canin Recovery ကို ရွေးချယ်သင့်လဲ?

​ကယ်လိုရီဓာတ် မြင့်မားစွာပါဝင်လို့ ကိုယ်အလေးချိန် လျော့ကျခြင်းမှ ကာကွယ်ပေးတယ်။
​အစာခြေစနစ်ကို အထောက်အကူပြုပြီး သွေးအားကောင်းစေတယ်။
​အလွန်နူးညံ့တဲ့ အသားအိအိလေးတွေဖြစ်လို့ သွားနဲ့ခံတွင်းနာကျင်နေတဲ့ အကောင်လေးတွေပါ အလွယ်တကူ စားနိုင်တယ်။
​ဆေးထိုးပြွန် (Syringe) ထဲထည့်ပြီး တိုက်ကျွေးလို့ရတဲ့အထိ ပျော့ပျောင်းအိစက်တယ်။
​ခွေးရော၊ ကြောင်ပါ နှစ်မျိုးစလုံး ကျွေးလို့ရတဲ့ Vet-Recommended (တိရစ္ဆာန်ဆေးကုဆရာဝန်ညွှန်ကြားချက်) အစာ အာဟာရစစ်စစ် ဖြစ်ပါတယ်။

“ရန်ကုန်ကနေ ချင်းမိုင်ထိ သောင်းကျန်းဖို့ လာခဲ့တဲ့ ငမွေထိုး နှစ်ကောင်” 🐕💨​ကဲ... အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့တော့ Admin တို့...
18/05/2026

“ရန်ကုန်ကနေ ချင်းမိုင်ထိ သောင်းကျန်းဖို့ လာခဲ့တဲ့ ငမွေထိုး နှစ်ကောင်” 🐕💨

​ကဲ... အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့တော့ Admin တို့ YPRS ရဲ့ ချင်းမိုင်ခြံထဲက နာမည်ကြီး “အကျော်အမော် ငမွှေထိုးနှစ်ကောင်” အကြောင်းကို အတင်းတုပ်ပါတော့မယ်။ ရပ်ကွက်ထဲမှာတော့ သူတို့ကို “အဲ့ဒီ ခွေးနှစ်ကောင်ရှိတဲ့အိမ်” ဆိုပြီး လက်ညှိုးထိုး ညွှန်ပြနေရတဲ့အထိ ရေပန်းစား (နာမည်ဆိုးနဲ့ ကျော်ကြား) နေတာပါပဲ! 😂

​🎬 ဇာတ်ကောင် (၁) - မမ ဂျက်မ (ခေါ်) ဒေါ်ဒိုဂို

​ဒီ Brindle ကာလာနဲ့ Boxer/Dogo mix မျက်နှာပေးနဲ့ မမကတော့ “ဂျက်မ” တဲ့။ သူက ခရီးတစ်ခေါက် သွားဖို့အရေးနဲ့ တော်တော်လေး အရင်းအနှီးကြီးခဲ့တဲ့ မမပါ။ ရန်ကုန်ကနေ ချင်းမိုင်ကို ရုံးပြောင်းတော့ သူ့ကို ချက်ချင်း မခေါ်နိုင်သေးလို့ “ဘိုမ Hotel” မှာ ဧည့်သည်တော်ကြီးအဖြစ် ၅ လလောက် အပ်ထားလိုက်ရတယ်။

​နောက်မှ မမကို ပြန်ရွေးဖို့ ၃၅ သိန်း တောင် ပေးလိုက်ရတာဗျာ! ဥစ္စာရင်ခဲလေးမို့ ၃၅ သိန်းနဲ့ ရွေးပြီး ချင်းမိုင်ထိ လေယာဉ်ပျံစီးမတတ် ခေါ်လာခဲ့ရတာပါ။

​🎬 ဇာတ်ကောင် (၂) - ဂျာမန်ရှက်ပတ် အမဲကောင်ကြီး

​ဒီကောင်ကြီးကတော့ ငယ်ငယ် လသားပိစိကတည်းက အင်္ဂလိပ်မဆီကနေ မျက်နှာပြောင်တိုက်ပြီး သွားတောင်းလာခဲ့ရတဲ့ German Shepherd အစစ်ကြီး။ အနက်ရောင် သားနားတဲ့ ရုပ်ရည်နဲ့မို့ လူမြင်ရင်တော့ ဟန်ကိုယ်ဖို့နဲ့ “အိမ်စောင့်ခွေးကြီး” ပေါ့။ ဒါပေမဲ့ အောက်က ဇာတ်လမ်းကို ဆက်ဖတ်ကြည့်ဦး...

​🐔 ဘေးခြံက ကြက်နဲ့ ရန်ပွဲ

​ချင်းမိုင်ခြံ ဘေးကပ်ရက်မှာက ထိုင်းအိမ်နီးနားချင်းတွေက ကြက်တွေ၊ ဘဲတွေ၊ နွားတွေ မွေးထားတာဗျ။ ဒီနှစ်ကောင် ရောက်ပြီး သိပ်မကြာခင်မှာပဲ “အိမ်မြေနိမ့်အာဏာစမ်း” ချင်ကြတာနဲ့ တူပါတယ်။ ဘေးခြံကို သွားပြီး လည်ပတ်ရင်း အိမ်နီးနားချင်းရဲ့ ကြက်ကို ကို က်ပစ်လိုက်ရော! 💀

​Admin တို့ခမျာ သူတို့ရောက်မှဘဲ အိမ်နီးချင်းကို ထိုင်းလို “ခေါ့သိုးခရက် (တောင်းပန်ပါတယ်)” ဆိုပြီး မျက်နှာငယ်လေးနဲ့ လျော်လိုက်ရတဲ့ ပိုက်ဆံ မနည်းမနောပါပဲ။ (၃၅ သိန်းတန် မမဂျက်မနဲ့ အင်္ဂလိပ်မပေးတဲ့ ခွေးကြီးရဲ့ စွမ်းဆောင်ရည်ကတော့ စကတည်းက အိတ်ပေါက်ခဲ့တာပါပဲ။)

​🚨 ခြံနှစ်ထပ်ကို ဖောက်ထွက်တဲ့ “Prison Break” အစီအစဉ်

​အဆိုးဆုံးကတော့ Admin တို့ Relocation ကိစ္စနဲ့ အပြင်ခဏ ထွက်သွားတဲ့အချိန်ပဲ။ သူတို့နှစ်ကောင်က ခြံထဲမှာ ငြိမ်ငြိမ်နေမယ်မှတ်လား... ဝေးသေး! ခြံစည်းရိုး ၂ ထပ် ကို ရအောင် ဖောက်ထွက်ပြီး ရှေ့တံခါးဝအထိ ထွက်ပြီး လမ်းသရဲစတိုင်နဲ့ ယွနေကြတာ။

​Pet Care အဖွဲ့က သူတို့ကို လာကြည့်ပေးဖို့ ရောက်လာတော့ ခြံထဲမှာမရှိဘဲ အပြင်မှာ ဟီးနေကြလို့ ဝင်လို့တောင်မရဘူး။ နောက်ဆုံး ရပ်ကွက်ကလူတွေက “ဟေ့လူတွေ... မင်းတို့ခွေးတွေ အပြင်မှာ လွတ်နေပြီ၊ လာဖမ်းဦး” ဆိုပြီး ဖုန်းဆက်ခေါ်လို့ Admin တို့လည်း ရှိတဲ့အလုပ်တွေ အကုန်ပစ်ပြီး ကားကို မမောင်းပြေး ရုံတမယ် ပြန်ပြေးလာခဲ့ရပါတယ်။ ခွေးမွေးတာ မဟုတ်ဘူး၊ ဘီလူးမွေးထားသလိုပဲ!

​👍 ခြံစောင့်ခွေး ငှားလိုပါက ဆက်သွယ်ပါ!

​ချင်းမိုင်ဘက် လာလည်လို့ဖြစ်ဖြစ်၊ အိမ်မှာ ခြံစောင့်ခွေး လိုချင်လို့ဖြစ်ဖြစ် အိမ်တိုင်ရာရောက် လာပို့ပေးပါမယ် လို့ (Pre-order တင်လို့ရပါတယ်)။

​အာမခံချက် - ခြံစောင့်၊ မစောင့်တော့ မသိဘူး။ ကြက်တွေ့ရင် ကို က်မယ်၊ ခြံစည်းရိုးဆို ဖောက်ထွက်မယ်၊ ပိုင်ရှင်ကိုတော့ ပိုက်ဆံအမြဲ လျော်ခိုင်းပါလိမ့်မယ်! 🙄

​လက်ရှိမှာတော့ ဒီနှစ်ကောင်ကြောင့် ရပ်ကွက်ထဲမှာ “အဲ့ဒီ ခွေးဆိုးလေးနှစ်ကောင်ရှိတဲ့အိမ်” ဆိုပြီး တော်တော်လေး နာမည်ကြီးနေတဲ့အကြောင်း အတင်းတုပ်ပေးလိုက်ရပါတယ်ဗျာ။ 🤣🤣


ဘန်ကောက်မြေမှာ ကျန်ရစ်ခဲ့တဲ့ 𝗥𝗼𝗯𝗯𝗶𝗲 လေးရဲ့ ရန်ကုန် အိမ်အပြန်ခရီးစဥ် 🐾🚗 𝗕𝗮𝗻𝗴𝗸𝗼𝗸 𝘁𝗼 𝗬𝗮𝗻𝗴𝗼𝗻 ( 𝗟𝗮𝗻𝗱 𝗧𝗿𝗮𝗻𝘀𝗽𝗼𝗿𝘁 )📅 May 12, 202...
16/05/2026

ဘန်ကောက်မြေမှာ ကျန်ရစ်ခဲ့တဲ့ 𝗥𝗼𝗯𝗯𝗶𝗲 လေးရဲ့ ရန်ကုန် အိမ်အပြန်ခရီးစဥ် 🐾
🚗 𝗕𝗮𝗻𝗴𝗸𝗼𝗸 𝘁𝗼 𝗬𝗮𝗻𝗴𝗼𝗻 ( 𝗟𝗮𝗻𝗱 𝗧𝗿𝗮𝗻𝘀𝗽𝗼𝗿𝘁 )
📅 May 12, 2026

​တစ်ချိန်က အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်အနေနဲ့ အချစ်ခံခဲ့ရဖူးတဲ့ 𝗥𝗼𝗯𝗯𝗶𝗲 လေး။ ဘန်ကောက်မြို့ပြကြီးရဲ့ အခန်းကျဉ်းလေးတစ်ခုထဲမှာ သူ့သခင်လေးရဲ့ ပွေ့ဖက်မှုကို ခံယူရင်း ပျော်ရွှင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သခင်လေး ကျောင်းပြီးလို့ မိခင်နိုင်ငံကို ပြန်သွားတဲ့နေ့မှာတော့ မထင်မှတ်ထားတဲ့ ကံကြမ္မာဆိုးတစ်ခု 𝗥𝗼𝗯𝗯𝗶𝗲 ဆီ ရောက်လာခဲ့တယ်။

​သူ့ကို တပါတည်း ခေါ်မသွားခဲ့ပါဘူး...။ အေးစက်စက် အခန်းကျဉ်းလေးထဲမှာ 𝗥𝗼𝗯𝗯𝗶𝗲 တစ်ကောင်တည်း အထီးကျန်စွာ ကျန်ရစ်ခဲ့ရရှာတယ်။

​အထီးကျန်ခြင်းနဲ့ ရှုပ်ထွေးနေတဲ့ နေ့ရက်များ

​"ငါ ဘာအမှားလုပ်ခဲ့လို့လဲဟင်..." လို့ မေးနေသလိုမျိုး ညှိုးငယ်နေတဲ့ မျက်ဝန်းအစုံနဲ့။ ရက်တွေ၊ လတွေ ကြာလာတာနဲ့အမျှ အရင်က တောက်ပပြီး ဖွေးလှတဲ့ ပါရှန်းအလှမင်းသားလေးဟာ အစာရေစာ ငတ်မွတ်မှု၊ စိတ်ဒဏ်ရာတွေနဲ့အတူ ရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့ရတယ်။ ဂရုစိုက်မယ့်သူမရှိတော့တဲ့ သူ့ရဲ့ လှပတဲ့အမွှေးအမျှင်တွေဟာ တစ်ကိုယ်လုံး အဖတ်လိုက်၊ အခဲလိုက် ထုံးအိပြီး ညစ်ပတ်ပေရေကုန်တာပေါ့။ ဖြစ်သလို စား၊ ဖြစ်သလို အိပ်ရင်း သခင်ဟောင်းကို မျှော်နေခဲ့ရှာတဲ့ 𝗥𝗼𝗯𝗯𝗶𝗲 လေးရဲ့ ဘဝက တကယ်ကို ရင်နာစရာ ကောင်းလှပါတယ်။

​ဒါပေမဲ့ ဘုရားသခင်က သနားစရာ 𝗥𝗼𝗯𝗯𝗶𝗲 လေးကို လျစ်လျူမရှုခဲ့ပါဘူး။ သူ့သခင်ဟောင်းရဲ့ သူငယ်ချင်းဖြစ်သူ ကောင်လေးက 𝗥𝗼𝗯𝗯𝗶𝗲 ရဲ့ သနားစဖွယ် အခြေအနေကို သိသွားတဲ့အခါ ရင်ထဲမကောင်းလွန်းလို့ သူ့မိဘတွေကို ခေါ်မွေးဖို့ ပူဆာပါတော့တယ်။

​တကယ်တော့ အဲဒီမိသားစုက တော်တော်လေး ပြည့်စုံတဲ့အတွက် ဆိုင်ကနေ သန့်ရှင်းလှပတဲ့ ကြောင်ပေါက်လေးတစ်ကောင်ကို အလွယ်တကူ ဝယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကြီးမြတ်တဲ့ စေတနာရှင် မိဘတွေကတော့ "ငွေကုန်ချင်သလောက်ကုန်ပါစေ... ဒီအသက်လေးတစ်ချောင်းကို ကယ်တင်ရတာ ပိုမြတ်တယ်" ဆိုပြီး ငွေကြေးအမြောက်အမြား အကုန်အကျခံကာ 𝗥𝗼𝗯𝗯𝗶𝗲 လေးကို ရန်ကုန်ကို ပြန်ခေါ်ဖို့ 𝗬𝗣𝗥𝗦 အဖွဲ့ဆီ အပ်နှံခဲ့ပါတယ်။

​သံဇကာအိမ်လေးထဲက အိမ်အပြန်ခရီး

​ရန်ကုန်ကို ပြန်ရမယ့် ခရီးစဉ်တစ်လျှောက်လုံးမှာ 𝗥𝗼𝗯𝗯𝗶𝗲 လေးဟာ သံဇကာခြင်းလေးထဲမှာ ငြိမ်ငြိမ်လေး လိုက်ပါခဲ့ပါတယ်။ သူသိနေရှာလို့ ထင်ပါရဲ့... "ငါ့ကို ကယ်မယ့်သူတွေဆီ သွားနေတာပဲ" ဆိုတာမျိုးပေါ့။ လမ်းတလျှောက် ရေတိုက်ရင် အလိုက်သိစွာ သောက်တယ်၊ အစာကျွေးရင်လည်း အေးအေးဆေးဆေး စားတယ်။ ညည်းညူသံ တစ်ချက်တောင် မပြုဘဲ လိမ်မာလွန်းလို့ ဘေးက ကြည့်ရတဲ့သူတွေ တကယ်ကို ရင်နာရပါတယ်။

​"သူ့မျက်ဝန်းတွေထဲမှာ အရင်က ခံစားခဲ့ရတဲ့ ကြောက်ရွံ့မှုတွေ၊ မျှော်လင့်ချက်တွေ အပြည့်နဲ့ 𝗬𝗣𝗥𝗦 အဖွဲ့သားတွေကို မော့ကြည့်နေရှာတယ်..."

​ည ၁၀ နာရီတိတိမှာ ရန်ကုန်ကို အောင်မြင်စွာ ရောက်ရှိခဲ့ပါတယ်။ အချိန်က အရမ်းညဉ့်နက်သွားပြီဖြစ်လို့ 𝗣𝗲𝘁 𝗦𝗽𝗮 ပို့ပြီး သန့်ရှင်းရေး မလုပ်ပေးနိုင်ခဲ့တဲ့အတွက် 𝗔𝗱𝗺𝗶𝗻 တို့က အားနာနာနဲ့ပဲ သူ့ရဲ့ အိမ်အသစ်လေးဆီ အရောက် ပို့ဆောင်ပေးခဲ့ပါတယ်။

​မေတ္တာရိပ်မြုံအသစ်နဲ့ အနာဂတ်နေ့ရက်များ

​အိမ်ကို ရောက်တဲ့အခါမှာတော့ မိသားစုအသစ်က 𝗥𝗼𝗯𝗯𝗶𝗲 လေးရဲ့ ဝမ်းနည်းစရာ အတိတ်ကအကြောင်းတွေကို ရင်ဖွင့်ပြရင်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။ အမွှေးတွေ ပေရေနေပေမယ့် အိမ်သားအားလုံးက 𝗥𝗼𝗯𝗯𝗶𝗲 လေးကို ကရုဏာသက်စွာနဲ့ ပွေ့ပိုက်ခဲ့ကြတယ်။ အဲဒီမြင်ကွင်းကို မြင်ရတဲ့ 𝗬𝗣𝗥𝗦 အဖွဲ့သားတွေလည်း ပင်ပန်းသမျှ အကုန်ပျောက်ပြီး ကြည်နူးပီတိ မျက်ရည်ဝဲခဲ့ရပါတယ်။

​ဘန်ကောက်မြေမှာ စွန့်ပစ်ခံခဲ့ရတဲ့ 𝗥𝗼𝗯𝗯𝗶𝗲 လေးဟာ အခုတော့ ရန်ကုန်မြို့က မေတ္တာငွေ့ နွေးထွေးတဲ့ အိမ်လေးတစ်အိမ်မှာ အချစ်ခံ၊ အလိုလိုက်ခံရမယ့် မင်းသားလေးအဖြစ် ဘဝသစ် ပြန်စခွင့်ရသွားပါပြီ 🤗

​တကယ်ကို ကံကောင်းလွန်းတဲ့ ကလေးလေး Robbie... အိမ်အသစ်မှာ အတိတ်က နာကျင်မှုတွေကို မေ့ဖျောက်ပြီး ပျော်ရွှင်စွာ ရှင်သန်ပါတော့ကွယ်။ 🤍

‎🙋 Pet In Cabin, On Boarding, Air Cargo, Export/Import Permit နဲ့ Air ticket အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် Payment ကိုလဲ တဆင့်ချင်းစီတွက်ပြီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူမခွဲမခွာခေါ်သွားနိုင်စေဖို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 🥰

Yangon Pet Relocation Services
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]

🐾 Leo 和 Mia 的千里之旅 (A Journey of Love & Care)😻 Cambodia to Yangon ( Pet in Cabin )📅 May 12, 2026从前,有两只非常可爱、名叫 Leo 和 Mia 的...
16/05/2026

🐾 Leo 和 Mia 的千里之旅 (A Journey of Love & Care)
😻 Cambodia to Yangon ( Pet in Cabin )
📅 May 12, 2026

从前,有两只非常可爱、名叫 Leo 和 Mia 的英国短毛猫 (BSH)。由于缘分的安排,它们开启了一段跨越千山万水的旅程——从柬埔寨首都金边,前往缅甸仰光。

🛫 充满爱与温馨的起点...
在启程的那一天,家长姐姐亲自把两个小宝贝紧紧抱在怀里,一路送到机场。虽然面对短暂的离别,眼里满是不舍与难过,但想到有 YPRS 团队和专业保姆(Nanny)全程贴心照顾,姐姐便带着满满的信任,把两个毛孩子交托给了我们。

🗺️ 关卡重重的冒险之旅...
Leo 和 Mia 的这趟旅程,可一点也不简单:
金边(Phnom Penh)到 暹粒(Siem Reap): 首先,在柬埔寨境内开启了第一站的行程。
暹粒(Siem Reap)到 曼谷(Bangkok): 接着,它们飞往泰国曼谷进行中转。

曼谷的一晚安睡: 为了不让 Leo 和 Mia 舟车劳顿太辛苦,专业的保姆带着它们入住曼谷的一家酒店,整晚陪伴着它们,让它们在舒适的环境中好好休息、恢复体力。

🇲🇲 顺利抵达仰光...
尽管有各种繁琐的进出口文件和海关检查,但在 YPRS 团队井井有条、严谨周密的安排下,整个通关过程非常顺利。最终……从曼谷飞往仰光的航班于晚上 9 点整,安全降落在仰光国际机场。
特别致谢 🙏

在此,我们要特别感谢 Leo 和 Mia 的家长姐姐。面对当前政局不稳定以及燃油短缺等重重客观困难,导致行程有所延误,姐姐自始至终都给予了最大的理解、包容与支持,真的非常感谢您!

✨ 完美终章...
现在,Leo 和 Mia 已经在它们温暖的新家里安顿下来,过上了舒适安逸的生活。这段跨越了 3 个国家的漫长旅程,不仅见证了主人姐姐无私而深沉的爱,也融入了所有服务人员的爱心与责任感。这注定是一段充满爱与感动、圆满成功的难忘旅程。💕

🙋 专业宠物出国与回国托运服务 (Pet Relocation Services)
不论是 客舱随行 (Pet In Cabin)、随机托运 (Excess Baggage)、航空货运 (Air Cargo),还是 进出口许可证办理 (Export/Import Permit) 和 宠物机票预订 (Air Ticket),我们为您提供一站式、全方位、全流程的贴心服务!

💡 贴心付款模式:
为了减轻您的经济压力,我们支持按步骤分期付款,让您消费更安心、更轻松。
根据每位家长的具体需求,我们承诺用最专业的态度,全程协助您和毛孩子“不离不弃”,让宝贝安全、顺利地陪伴在您身边!🥰

𝗬𝗮𝗻𝗴𝗼𝗻 𝗣𝗲𝘁 𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝒄𝗲𝘀 (仰光宠物托运服务)
📞 服务热线 (Hotline) : +959 968 871 411
💬 Viber : +959 958 023 404
🟢 Line : +66 626 253 860
💬 Whatsapp : +66 626 253 860
📧 电子邮箱 (Email) : [email protected]

#宠物托运 #宠物出国 #宠物回国 #缅甸宠物托运

Address

33rd Street Middle
Yangon
11182

Alerts

Be the first to know and let us send you an email when Yangon Pet Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category