28/11/2024
🐶ခန္ဓာကိုယ်မှာ အဓိက အရေးအကြီးဆုံးဖြစ်တဲ့ အသည်းအကြောင်းပြောရအောင်
Liver ဆိုတဲ့ အသည်းဟာ
✔️သွေးတွင်းမှာရှိတဲ့ မကောင်းတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပြီး
✔️ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Energy source ဖြစ်တဲ့ Glucogen တွေသိမ်းပေးတဲ့အပြင်
✔️protein နဲ့ အဆီတွေကိုပါ ထုတ်လုပ်ပေးကာ
✔️အစာခြေဖို့အတွက် သည်းခြေရည်ကိုထုတ်ပေးပြီး
✔️Metabolic Functions ၅၀၀ ကျော်ကိုလုပ်ဆောင်ပေးတဲ့အတွက်
🔥ခန္ဓာကိုယ်တခုလုံးမှာ ရှိရှိသမျှ ကလီစာတွေထဲ အရေးအကြီးဆုံး အဖိုးအတန်ဆုံးလို့ သဘောထားပြီး ဂရုစိုက်ပေးရပါမယ်🔥
Liver က
အနီးအနား/ အတွင်းအပြင် ရှိရှိသမျှ အရာအားလုံးရဲ့ ကောင်းကျိုးဆိုးကျိုးကိုခံစားရပါတယ်
❗ပတ်ဝန်းကျင်မှာ ရှိနေတဲ့အဆိပ်အတောက်တွေဖြစ်တဲ့ လေထု ညစ်ညမ်းတာ၊ ဆေးလိပ်နဲ့ မီးခိုးငွေ့တွေ၊ Chemical များတဲ့ အသုံးအဆောင်တွေနဲ့
❗မြိုချလိုက်တဲ့ အစားအစားတွေ၊ ဆေးတွေ (သန်/နှလုံးသန်/ပိုးသတ်ဆေး)၊ ရေ၊ အဆိပ်ရှိ အပင်နဲ့ အကောင်တွေ
❗ခန္ဓာကိုယ်ပေါ်အသုံးပြုတဲ့ ဆေးတွေ၊ သန်းမွှားဂုတ်စက်ချဆေးတွေ၊ Chemical အပြင်းတွေသုံးထားတဲ့ Shampoo/Lotion/ရေမွှေးတွေ၊ ကာကွယ်ဆေးအမျိုးမျိုးကစလို့
❗Stress တွေ Boredom တွေကအဆုံး
❗Bacterial or Viral Infections ပါပါတာဆိုတော့
အရာရာအားလုံးနီးပါးက Liver အပေါ် effect ရှိတယ်လို့သာမှတ်ထားပါ
အသည်းမှာပြသနာတက်ရှိတဲ့ ဝုတွေဟာ
❌အစားမစားချင်တာ
❌ဝိတ်ကျတာ
❌အော့အန်ဝမ်းလျှောတာ
❌ရေအလွန်ငတ်ပြီး ဆီးအလွန်သွားတာ
❌အရေပြားနဲ့ အမွှေး ခြောက်သွေ့ ဗောက်ထတာ
❌နား Infection ခဏခဏဖြစ်တာ
❌အရွတ်နဲ့ အကြော အားနည်းတာ
❌အသားဝါတာ
❌အာရုံကြောပြသနာ
❌အတက်ရောဂါ
❌အသက်ရှူရ ခက်ခဲတာ
⚠️အသည်းကင်ဆာ စတဲ့ပြသနာတွေဖြစ်တတ်ပါတယ်
အသည်းအတွက် သွေးစစ်တဲ့အခါ
🍀 Hepatic Enzymes (4) မျိုးရှိတဲ့အထဲ
ဒီက GHP မှာတော့ ALT နဲ့ ALP/ALKP ဆိုတဲ့ (၂) မျိုးပဲစစ်လို့ရပြီး တခြားထည့်သွင်းစဉ်းစားရတဲ့ Results တွေဖြစ်တဲ့ Cholesterol, Albumin, Bilirubin, Globulin, Total Potein စတာတွေပါစစ်ဆေးကြပါတယ်
အဲ့ဒီကနေမှ အသည်းပြသနာလား၊ Gallbladder မှာပြသနာရှိနေသလား၊ Pancreas မှာ ပြသနာတက်နေသလား၊ Bile Duct ကဖြစ်တာလား၊ ကျောက်ကပ်ကြောင့်လား၊ အရိုးကပြသနာလား၊ ဆီးချိုကြောင့်လား စတာတွေကို တွက်ဆကြပါတယ်
ဒီ သွေးစစ်တဲ့ဟာနဲ့ ပတ်သက်ပြီး အသေးစိပ်ကိုတော့ မပြောပြတော့ဘဲနဲ့ အရေးကြီးတဲ့အချက်ကလေးတွေကိုပဲ ပြောပြရမယ်ဆိုရင်
❗❗❗အသည်းကို ပုံမှန် Detox and Support လုပ်ရပါမယ်❗❗❗
🔶 ဒီမှာ အဓိက Detox လုပ်တဲ့နည်းကတော့ Body Weight အလိုက် Milk Thistle ကို တိုက်ကျွေးခြင်းဖြစ်ပါတယ်
အဲ့ဒါကို ၆ လတကြိမ်လို့ အရင်ကပြောကြပေမယ့် နောက်ပိုင်း US က ဆရာဝန်တွေကတော့ အဆိပ်အတောက်နဲ့ မကောင်းတဲ့ဟာတွေကို ၆ လထိ စုပြုံလာတာကိုစောင့်တာထပ်စာရင် တလတကြိမ် တကြိမ်ကို တပတ်ကြာ Detox လုပ်ပေးတာက ပိုပြီးထိရောက်၊ ပိုပြီးလွယ်ကူတဲ့အပြင် နားပြသနာ ခဏခဏဖြစ်တဲ့ ဝုတွေမှာလည်း တိုးတက်မှုကို ပိုမြင်ရပါတယ်တဲ့
🔷 Support လုပ်ရမယ့်နည်းကတော့
1. အစားအစာ ဂရုစိုက်ရမယ်
အစာခြောက်လို အပူချိန်လွန်ကဲစွာအသုံးပြုထားပြီး အသည်းကို ဒုက္ခပေးနိုင်တဲ့ Mycotoxin လို့ခေါ်တဲ့ ပဲ၊ပြောင်းကဖြစ်တဲ့ မှိုတွေပါဝင်နိုင်တဲ့ အစားအစာတွေကို ရှောင်ရမယ်
(ပဲသယ်တဲ့ကားမှာ ပဲ တစေ့က ကားကြားထဲညှပ်ပြီး မှိုတက်နေရင် ကျန်တဲ့ ပဲတွေမှာကအစ အဲ့ဒီ မှိုဟာ အချိန်တခုရောက်တာနဲ့ ပေါ်ပေါက်လာနိုင်ပါတယ်တဲ့)
2. ပတ်ဝန်းကျင်မှာရှိတဲ့ အသုံးအဆောင်တွေကို သတိထားသုံးစွဲရမယ်
3. Supplement တွေအနေနဲ့
Milk Thislte, Vitamin E, Probiotic/Prebiotic and Digestive Enzymes, ဆနွင်း, Hawthorne Berry, Dandelion Root, ငါးအသေးကနေထုတ်တဲ့ ငါးကြီးဆီတွေ, SAM-e ပါဝင်တဲ့ ဆေးတွေက အသည်းကို အထောက်အကူဖြစ်စေပြီး
နံနံပင်၊ ကညွန့်၊ ပန်းပွင့်စိမ်း၊ Barley Grass ၊Fermented Food ပဲပင်ပေါက်ချဉ်တို့ မုန်ညှင်းချဉ်တို့၊ ငါးအသေးလေးများ၊ ဥအမျိုးမျိုး စတာလေးတွေက အသည်းအတွက် အထောက်အကူဖြစ်စေပါတယ်တဲ့
🔥 Chronic Medications လို့ခေါ်တဲ့ ရောဂါတမျိုးမျိုးအတွက် ဆေးတမျိုးတည်းကို ၆ လနဲ့အထက် အမြဲသုံးနေရတဲ့ ခွေးကြောင်လေးတွေဟာ အသည်း ပျက်ဆီးမှုကို ကာကွယ်နိုင်ဖို့အတွက် Liver Enzyme တွေကို (၃) လတခါ ဒါမှမဟုတ် အနည်းဆုံး (၆) လတခါ စစ်ဆေးနေသင့်ပါတယ် 🔥
Liver Cells လေးတွေက ပြန်ပြီး အသစ်အသစ်ဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြောင့် ခွေးကြောင်လေးတွေက ကောင်းတဲ့ Liver 20% လောက်ပဲ ကျန်ရင်တောင် သက်ရှင်လည်ပတ်နိုင်ပေမယ့် တခုနဲ့တခု ဆက်စပ်နေတဲ့အတွက် တခြားနောက်ဆက်တွဲ ရောဂါတွေ များပြားမလာရလေအောင်
နောက်ပြီး အသည်းမှာ ပြသနာဖြစ်ရင် ဝေဒနာခံစားရတာကြောင့် ပြောမပြတတ်တဲ့ သူတို့လေးတွေမှာ ဝေဒနာတွေမဖြစ်ရလေအောင် သေချာ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ် 🙏
😇 အသက်အရွယ်ရလာတဲ့ BuKuJu (3) ကောင်အတွက် လိုအပ်လို့ လေ့လာနေရင်းကနေ Knowledge Sharing လုပ်ပေးတာသာဖြစ်ပြီး ဆရာဝန်မဟုတ်တဲ့အတွက် ဒီထပ်ပိုပြီး သိလိုသည်များကို မိမိရဲ့ တိကုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်ခဗျာ
Photo Credit to ZestyPaws.