PETOPiA Pet Mart

PETOPiA Pet Mart Your one-stop pet shop 🐾
🏬 Shop with us online or in-store

Cuties Catz မရောက်သေးဘူးလား မေးနေကြတဲ့ Customer များအတွက်ဆိုင်မှာ Cuties Catz Tuna အရသာ 1 kg, 400 g Repack ထုတ်များရပါပြ...
25/05/2026

Cuties Catz မရောက်သေးဘူးလား မေးနေကြတဲ့ Customer များအတွက်
ဆိုင်မှာ Cuties Catz Tuna အရသာ 1 kg, 400 g Repack ထုတ်များရပါပြီဗျ

ဆိုင်မှာရရှိနိုင်တဲ့ ကြောင်စာခြောက်ခွဲထုပ်များကြည့်ရှုရန်⬇️
https://www.facebook.com/share/p/1RT2MkkxpG/

📍ဆိုင်မှာကိုယ်တိုင်လာရောက်ဝယ်ယူနိုင်သလို
🛵 ရန်ကုန်မြို့အနှံ့ အိမ်အရောက်ငွေခြေ စနစ်နဲ့ ပို့ဆောင်ပေးပါတယ်

📍 အင်းစိန်မြို့နယ် Customer များအတွက်
Deli Fee 1000 Ks တည်းနဲ့ နေ့ချင်းရောက် 🚀

🏬 ဆိုင်လိပ်စာ
အမှတ် (၁၁၁)၊ မဟာသုခိတာလမ်းနှင့် အရှေ့ကြို့ကုန်း ၁ လမ်း(မြောက်) ထောင့်၊ အင်းစိန်မြို့နယ်

⏰ ဆိုင်ဖွင့်ချိန်
မနက် ၉:၃၀ မှ ည ၈:၀၀ အထိ

☎️ ဆက်သွယ်မှာယူရန်
📌 Page Messenger (OR)
📞 09 5416409

Budget ကိုလည်းသက်သာချင်တယ် Simparica လို အာနိသင်ကောင်းကောင်းလည်းရချင်တယ်ဆိုရင် ဒီဆေးလေးရှိပါတယ်နော် 🐶✨FLUVACTO Chewable ...
24/05/2026

Budget ကိုလည်းသက်သာချင်တယ် Simparica လို အာနိသင်ကောင်းကောင်းလည်းရချင်တယ်ဆိုရင် ဒီဆေးလေးရှိပါတယ်နော် 🐶✨

FLUVACTO Chewable Tablets ၏ အာနိသင်များ

✔️ ဆေးပြား(၁)ပြားတစ်ကြိမ်တိုက်ထားရုံနဲ့ ၃ လအထိ ကာကွယ်ပေးနိုင်တဲ့ Fluralaner formula
✔️ ဆေးတိုက်ကျွေးပြီးနောက် လျင်မြန်စွာ အာနိသင်ပြကာ သန်းများ ဥမဥမီ အချိန်မီ နိမ်နင်းနိုင်စွမ်းရှိခြင်း
✔️ မွှား (Ticks) မျိုးစုံကို ထိန်းချုပ်ကာကွယ်နိုင်ခြင်း
✔️ သန်း၊ မွှား ကိုက်လို့ယားယံမှုတွေကြောင့် ဖြစ်လာလာတဲ့ အရေပြားပြဿနာတွေကိုလည်း လျော့ချပေးနိုင်ခြင်း
✔️ အာဝုများအကြိုက် အရသာရှိအောင် ပြုလုပ်ထားလို့ Snack ကဲ့သို့ဝါးစားနိုင်သောကြောင့် တိုက်ကျွေးရ အလွန်လွယ်ကူခြင်း 💊🐾
✔️ ကိုယ်ဝန်ဆောင်🐶မိခင်များနှင့် နို့တိုက်🐶မိခင်များတွင်ပါ ဘေးကင်းစွာ အသုံးပြုနိုင်ခြင်း
✔️ ထုတ်ပိုးမှုကလည်း ဆေးဘူးတစ်ဘူးတွင်ဆေးပြားတစ်လုံးပါဝင်ပါတယ်

Quality ကောင်းပြီး ကြာရှည်စွာကာကွယ်မှု ရချင်တဲ့ ပါပါး မာမား တို့အတွက် အဆင်ပြေတဲ့ရွေးချယ်မှုလေးပါ 💛

💵ဆေးလုံးတစ်လုံးပါ တစ်ဘူး 35000 ကျပ်

ဆိုင်မှာတော့ 10kg ကနေ 20kg အထိ တိုက်လို့ရတဲ့ 500 mg Instock ရှိပါတယ်ရှင့်

ဆိုင်မှာရရှိနိုင်တဲ့ ဆေးဝါးများအားလုံးကြည့်ရှုရန်⬇️
https://www.facebook.com/share/p/18P8yG8xC4/?mibextid=wwXIfr

📍ဆိုင်မှာကိုယ်တိုင်လာရောက်ဝယ်ယူနိုင်သလို
🛵 Delivery နဲ့လည်း အိမ်အရောက်ပို့ဆောင်ပေးပါတယ်ရှင့်

🏬 ဆိုင်လိပ်စာ
အမှတ် (၁၁၁)၊ မဟာသုခိတာလမ်းနှင့် အရှေ့ကြို့ကုန်း ၁ လမ်း(မြောက်) ထောင့်၊ အင်းစိန်မြို့နယ်

⏰ ဆိုင်ဖွင့်ချိန်
မနက် ၉:၃၀ မှ ည ၈:၀၀ အထိ

☎️ ဆက်သွယ်မှာယူရန်
📌 Page Messenger (OR)
📞 09 5416409

24/05/2026

ဆိုင်မှာ အစာလာလာတောင်းတတ်တဲ့ကိုကျီးကန်း တို့ကလဲ Me-O မှစားတာရှင်🥰

မိုးရာသီရောက်ပြီဆိုရင် သနားစရာအကောင်းဆုံးက လမ်းဘေးက တိလေးတွေပါ🐶🐕🛖အုပ်တစ်ချပ်သဲတစ်ပွင့်ပဲဖြစ်ဖြစ် သူတို့ခိုလှုံရာ ရရှိစေဖ...
22/05/2026

မိုးရာသီရောက်ပြီဆိုရင် သနားစရာအကောင်းဆုံးက လမ်းဘေးက တိလေးတွေပါ🐶🐕
🛖အုပ်တစ်ချပ်သဲတစ်ပွင့်ပဲဖြစ်ဖြစ် သူတို့ခိုလှုံရာ ရရှိစေဖို့ရည်ရွယ်လှူဒါန်းခဲ့ပါတယ်🙏🏻
Petopia ရဲ့ဝယ်ယူသူ Customer တစ်ယောက်စီတိုင်းရဲ့အလှူလဲဖြစ်ပါတယ်နော်😊
ဒီ့ထက်ပိုလှူဒါန်းနိုင်အောင်အလုပ်တွေကျိုးစားပါဦးမယ်🙏🏻

🐶✨ ဒီနေ့ အာဝုလေးတွေအတွက် ပစ္စည်းအသစ်လေးတွေ ရောက်ပါတယ်ဗျ ✨🐱မင်မင်က ပစ္စည်းစစ်ဆေးနေပါပြီ💛ဒီတစ်ခေါက် အသစ်ရောက်ထားတာတွေကတော့...
22/05/2026

🐶✨ ဒီနေ့ အာဝုလေးတွေအတွက် ပစ္စည်းအသစ်လေးတွေ ရောက်ပါတယ်ဗျ ✨🐱

မင်မင်က ပစ္စည်းစစ်ဆေးနေပါပြီ💛

ဒီတစ်ခေါက် အသစ်ရောက်ထားတာတွေကတော့…

🐾 ရေခံပါအစာခွက်ကြီး
🐾 ကိုယ်သိုင်းကြိုး Size စုံ
🐾 လည်ပတ်ကြိုး Size စုံ
🐾 ကစားစရာအရုပ်လေးတွေ
🐾 သန်းအတွက် ဘီးအစိတ်
🐾 ရိုးရိုးဘီး
🐾 လက်သည်းညှပ်အကြီး/အသေး
🐾 Snack
🐾 ချဉ်သားအင်္ကျီလေးတွေ
🐾 မိုးတွင်းစီး ဘွတ်ဖိနပ်လေးတွေ ပါပါတယ်နော်

📍 ဆိုင်မှာ ကိုယ်တိုင်လာရောက်ပြီး စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ပါပြီဗျ

🏬 ဆိုင်လိပ်စာ
အမှတ် (၁၁၁)၊ မဟာသုခိတာလမ်းနှင့် အရှေ့ကြို့ကုန်း (၁) လမ်း(မြောက်) ထောင့်၊ အင်းစိန်မြို့နယ်

⏰ ဆိုင်ဖွင့်ချိန်
မနက် ၉:၃၀ မှ ည ၈:၀၀ အထိ

☎️ ဆက်သွယ်မှာယူရန်
📞 09 5416409

🐶🐱 ကြောင်လေးနဲ့ ခွေးလေးတွေအတွက် 🩺💊✨အားဆေးမျိုးစုံ/ Vitamin / Calcium✨အစာမဝင်တဲ့ကလေးတွေအတွက် Support Products✨Skin / Ear ...
20/05/2026

🐶🐱 ကြောင်လေးနဲ့ ခွေးလေးတွေအတွက် 🩺💊

✨အားဆေးမျိုးစုံ/ Vitamin / Calcium
✨အစာမဝင်တဲ့ကလေးတွေအတွက် Support Products
✨Skin / Ear / Eye Care
✨Tick & Flea နဲ့ပတ်သတ်တဲ့ဆေးအစုံ
✨နှလုံးသံ နှင့် သံချဆေး

အစုံအလင် ပစ္စည်းတစ်ဖြတ် ထပ်မံရောက်ရှိထားပါတယ်💖

သားသားမီးမီးလေးတွေ ကျန်းမာရေးအတွက် လိုအပ်တာတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် ဝယ်ယူနိုင်ပါပြီ 🐾

ကြောင်အစာခြောက် Repack ကြည့်ရန်⬇️
https://www.facebook.com/share/p/1BCvEc9jVw/?mibextid=wwXIfr

Creamy အစုံကြည့်ရန်⬇️
https://www.facebook.com/share/p/1NGffGgnCb/?mibextid=wwXIfr

📍ဆိုင်မှာ ကိုယ်တိုင်လာရောက်ဝယ်ယူနိုင်သလို
📦 Delivery နဲ့လည်း ပို့ဆောင်ပေးပါတယ်

🏬 ဆိုင်လိပ်စာ
အမှတ် (၁၁၁)၊ မဟာသုခိတာလမ်းနှင့် အရှေ့ကြို့ကုန်း ၁ လမ်း(မြောက်) ထောင့်၊ အင်းစိန်မြို့နယ်

⏰ ဆိုင်ဖွင့်ချိန်
မနက် ၉:၃၀ မှ ည ၈:၀၀ အထိ

☎️ ဆက်သွယ်မှာယူရန်
📞 09 5416409

လိုချင်တဲ့ပစ္စည်းလေးတွေရှိရင် Page Chat Box မှာ လာမေးလို့လည်းရပါတယ်နော် 💌

တစ်လစာ ခွင်မီကို လဝက်တောင်မခံဘဲ အကုန်ရှင်းပစ်လိုက်တဲ့ဆိုင်ပိုင်ရှင် CEO 🐱💸ဆိုင်ဖွင့်ထားတာCustomer တွေဝယ်ဖို့လား…သူစားဖို...
19/05/2026

တစ်လစာ ခွင်မီကို လဝက်တောင်မခံဘဲ အကုန်ရှင်းပစ်လိုက်တဲ့
ဆိုင်ပိုင်ရှင် CEO 🐱💸

ဆိုင်ဖွင့်ထားတာ
Customer တွေဝယ်ဖို့လား…
သူစားဖို့လားဆိုတာ ခုထိစဉ်းစားတုန်း 🤔

🐱 ဆိုင်မှာရှိတဲ့ ကြောင်စာခြောက် Repack ထုတ်လေးတွေကို တစ်စုတစ်စည်းတည်း ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်ဗျ 🐾အထုပ်သေး / အကြ...
17/05/2026

🐱 ဆိုင်မှာရှိတဲ့ ကြောင်စာခြောက် Repack ထုတ်လေးတွေကို တစ်စုတစ်စည်းတည်း ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်ဗျ 🐾

အထုပ်သေး / အကြီး ဆိုဒ်လေးနှစ်မျိုးရှိပြီး
စျေးနှုန်းလေးတွေကတော့ ၁ သောင်းကျပ်ဝန်းကျင်ကနေ ၅ သောင်းကျပ်အထိ Brand နဲ့ Size အလိုက် အစားစားရှိပါတယ်နော် 💛

📍ဆိုင်မှာကိုယ်တိုင်လာရောက်ဝယ်ယူနိုင်သလို
🛵 Delivery နဲ့လည်း အိမ်အရောက်ပို့ဆောင်ပေးပါတယ်ဗျ

ဒီလိုစိုစွတ်တဲ့ မိုးရာသီမှာ
“ကြောင်စာဝယ်ဖို့သက်သက် အပြင်မထွက်ချင်ဘူး” ဆိုရင် PETOPiA ကိုသာ Hello လိုက်နော် ☔🐈

🚚 ကြို့ကုန်းအတွင်း — Free Delivery
🚚 အင်းစိန်မြို့နယ်အတွင်း — နေ့ချင်းအရောက် ၁၀၀၀ ကျပ်
🚚 အခြားသောရန်ကုန်မြို့တွင်း — Delivery Service နဲ့ အိမ်အရောက်ပို့ဆောင်ပေးပါတယ်

🏬 ဆိုင်လိပ်စာ
အမှတ် (၁၁၁)၊ မဟာသုခိတာလမ်းနှင့် အရှေ့ကြို့ကုန်း ၁ လမ်း(မြောက်) ထောင့်၊ အင်းစိန်မြို့နယ်

⏰ ဆိုင်ဖွင့်ချိန်
မနက် ၉:၃၀ မှ ည ၈:၀၀ အထိ

☎️ ဆက်သွယ်မှာယူရန်
📌 Page Messenger (OR)
📞 09 5416409

ဒီရက်ပိုင်း ကြောင်တုတ်ကွေးအဖြစ်များတဲ့ရာသီလဲရောက်လာပြီမို့လို့ ဗဟုသုတလေးတွေ မျှဝေပေးလိုက်ပါတယ်မိုးရာသီရောက်လာတာနဲ့ လူတွေ...
16/05/2026

ဒီရက်ပိုင်း ကြောင်တုတ်ကွေးအဖြစ်များတဲ့ရာသီလဲရောက်လာပြီမို့လို့ ဗဟုသုတလေးတွေ မျှဝေပေးလိုက်ပါတယ်
မိုးရာသီရောက်လာတာနဲ့ လူတွေတင် တုပ်ကွေးမိတတ်တာ မဟုတ်ပါဘူး။ အိမ်က ကြောင်လေးတွေလည်း "ကြောင်တုပ်ကွေး" (Cat Flu) မိတတ်လို့ အထူးသတိထားဖို့ လိုအပ်ပါတယ်... 🌧️😿
မိုးရာသီအစရဲ့ စိုစွတ်တဲ့ ရာသီဥတုနဲ့ အပူအအေး မမျှတမှုတွေကြောင့် ကြောင်လေးတွေမှာ ကိုယ်ခံအားကျပြီး Cat Flu လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး (Feline Herpesvirus သို့မဟုတ် Calicivirus) တွေ ကူးစက်လွယ်တတ်ပါတယ်။
ဒါကြောင့် မိုးရာသီမှာ အိမ်က အသည်းကျော်လေးတွေ ကြောင်တုပ်ကွေး ဖြစ်၊ မဖြစ် သိနိုင်ဖို့ ဒီလက္ခဏာတွေကို စောင့်ကြည့်ပေးပါ 👇
⚠️ ကြောင်တုပ်ကွေး ဖြစ်ရင် ပြတတ်တဲ့ လက္ခဏာများ:
1. ခဏခဏ နှာချေခြင်း၊ နှာရည်ယိုခြင်း 👃
2. မျက်စိနာခြင်း၊ မျက်ရည်ပူများကျပြီး မျက်စိမဖွင့်နိုင်ခြင်း 👁️
3. ကိုယ်ပူပြီး ဖျားခြင်း၊ အစားအသောက် လုံးဝမစားဘဲ မှိန်းနေခြင်း 🤒
4. သွားရည်တမြှားမြှားကျခြင်း (အချို့ကြောင်လေးတွေမှာ လျှာနဲ့ ခံတွင်းထဲ အနာတွေပေါက်တတ်လို့ပါ) 👅
5. အသက်ရှူရ ခက်ခဲပြီး အဆုတ်ပွပွသံ ထွက်နေခြင်း 😿
💡 ကြောင်တုပ်ကွေး ဖြစ်လာရင် ဘာလုပ်ရမလဲ?
• သီးသန့်ခွဲထားပါ: အိမ်မှာ ကြောင်အများကြီး မွေးထားရင် ရောဂါရှိတဲ့ကြောင်ကို ချက်ချင်း သီးသန့်ခွဲထုတ်ပါ။ (ဒီရောဂါက ကြောင်အချင်းချင်း ကူးစက်မှု အရမ်းမြန်ပါတယ်)
• သန့်ရှင်းရေးလုပ်ပေးပါ: မျက်ရည်နဲ့ နှာရည်တွေကို ဂွမ်းစလေးနဲ့ စက္ကူတစ်ရှူးအစိုလေး သုံးပြီး ညင်သာစွာ ခဏခဏ သုတ်ပေးပါ။
• ဆရာဝန်နဲ့ ပြပါ: ကြောင်တုပ်ကွေးက လူတွေလို အလိုလိုပျောက်ဖို့ ခဲယဉ်းပြီး ပိုးဝင်တာ (Secondary Infection) ပိုဆိုးသွားရင် အသက်အန္တရာယ် ရှိနိုင်တာမို့ နီးစပ်ရာ တိရစ္ဆာန်ဆေးကုခန်း (Clinic) သို့ အမြန်ဆုံး ပြသပေးပါ။
🛡️ ကြိုတင်ကာကွယ်နည်း: အကောင်းဆုံး ကာကွယ်မှုကတော့ "ကြောင်ရောဂါကာကွယ်ဆေး" (Vaccine) ကို ပုံမှန် ထိုးနှံပေးထားဖို့ပါပဲ။ မိုးရာသီမှာ အိပ်ရာနေရာလေးကို နွေးနွေးထွေးထွေး ထားပေးပြီး အာဟာရပြည့်ဝအောင် ကျွေးမွေးထားပါနော်။
အိမ်က ချစ်ရတဲ့ကြောင်လေးတွေ မိုးရာသီအစမှာ ရောဂါဘယကင်းဝေးပြီး ကျန်းမာပျော်ရွှင်ကြပါစေ... ❤️🐾
#ကြောင်တုပ်ကွေး #ကြောင်ကျန်းမာရေး #မိုးရာသီနှင့်အိမ်မွေးတိရစ္ဆာန်

🐶🐱 ခွေးလေးတွေရော ကြောင်လေးတွေပါ စားလို့ရတဲ့ Okashi Pet Snack လေးကတော့ Repack ထုတ်လေးတွေရော အထုတ်ကြီးတွေပါအကုန် Sold Out ...
15/05/2026

🐶🐱 ခွေးလေးတွေရော ကြောင်လေးတွေပါ စားလို့ရတဲ့ Okashi Pet Snack လေးကတော့ Repack ထုတ်လေးတွေရော အထုတ်ကြီးတွေပါအကုန် Sold Out ဖြစ်သွားပါပြီရှင့် 💖

Repack လေးတွေဝယ်သွားတဲ့ ကာကာတိုင်း အထုတ်ကြီးပြန်လာဝယ်ရလောက်အောင် အထိအာဝုလေးတွေ အရမ်းကြိုက်ကြတဲ့ Snack လေးပါနော် 😋✨

တခဲနက်အားပေးပြီး ယုံယုံကြည်ကြည် ဝယ်ယူပေးကြတဲ့ Customer တစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ပါတယ်ရှင့် 🙏💛

PETOPiA - Every pet deserves the best🐾

🐾 မိုးဦးကျမှာ ကိုယ့်ရဲ့အချစ်တော်လေးတွေအတွက် ဘာတွေသတိထားရမလဲ? 🌧️🐕မိုးစက်မိုးပေါက်လေးတွေနဲ့အတူ အေးမြတဲ့အရသာကို ခံစားရပေမယ့...
15/05/2026

🐾 မိုးဦးကျမှာ ကိုယ့်ရဲ့အချစ်တော်လေးတွေအတွက် ဘာတွေသတိထားရမလဲ? 🌧️🐕

မိုးစက်မိုးပေါက်လေးတွေနဲ့အတူ အေးမြတဲ့အရသာကို ခံစားရပေမယ့် ဒီလိုရာသီအကူးအပြောင်းမှာ ကျွန်တော်တို့ရဲ့ အချစ်တော် ခွေးလေးတွေမှာလည်း ကျန်းမာရေးပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။ မေမေ၊ ဖေဖေတို့အနေနဲ့ ကြိုတင်ကာကွယ်နိုင်ဖို့ ဒါလေးတွေကို ဖတ်ကြည့်ပေးပါဦးနော်။
🤒 မိုးရာသီမှာ အဖြစ်များတဲ့ လက္ခဏာများ
• အရေပြားပြဿနာ: စိုထိုင်းဆများတာကြောင့် မှိုစွဲတာ (Fungal Infection) နဲ့ ယားယံတာတွေ ဖြစ်တတ်ပါတယ်။
• အစာအိမ်နဲ့ အူလမ်းကြောင်း: မသန့်ရှင်းတဲ့ ရေအိုင်ထဲကရေတွေကို သောက်မိရင်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်ပါတယ်။
• အအေးမိခြင်း: နှာစေး၊ ချောင်းဆိုးပြီး ကိုယ်ပူတာမျိုးတွေ ကြုံရတတ်ပါတယ်။
• ခြေဖဝါးနာကျင်ခြင်း: အစိုဓာတ်ကြောင့် ခြေသည်းကြားတွေ နီမြန်းပြီး ရောင်ရမ်းတာမျိုး ဖြစ်တတ်ပါတယ်။
________________________________________
✅ ဆောင်ရန် (Do's)
1. အမြဲခြောက်သွေ့နေပါစေ: အပြင်ကပြန်လာရင်ဖြစ်ဖြစ်၊ ရေချိုးပြီးရင်ဖြစ်ဖြစ် အမွှေးအမျှင်တွေကို ခြောက်သွေ့အောင် သေချာသုတ်ပေးပါ။ (Hair dryer အေးအေးလေးနဲ့ မှုတ်ပေးတာ ပိုကောင်းပါတယ်)
2. သန့်ရှင်းသောသောက်ရေ: မိုးရေတွေ၊ လမ်းဘေးက ရေအိုင်တွေကို မသောက်မိပါစေနဲ့။ သန့်ရှင်းတဲ့ သောက်ရေကိုပဲ တိုက်ကျွေးပေးပါ။
3. ခြေဖဝါးလေးတွေကို ဂရုစိုက်ပါ: အပြင်ကပြန်လာပြီးတိုင်း ခြေဖဝါးကို ရေစင်အောင်ဆေးပြီး ခြောက်အောင်သုတ်ပေးပါ။
4. ကာကွယ်ဆေးနဲ့ သန်ချဆေး: ရာသီမပြောင်းခင် ကာကွယ်ဆေးတွေ စုံမစုံနဲ့ အူလမ်းကြောင်းသန်ချဖို့ကို ဂရုစိုက်ပေးပါ။
❌ ရှောင်ရန် (Don'ts)
1. မိုးရေထဲ အကြာကြီးမထားပါနဲ့: မိုးမိရင် ဖျားနာရုံတင်မကဘဲ အရေပြားရောဂါပါ ရနိုင်ပါတယ်။
2. စိုစွတ်တဲ့ နေရာမှာ မအိပ်ပါစေနဲ့: သူတို့အိပ်တဲ့ အိပ်ရာလေးတွေ စိုထိုင်းမနေဖို့ အမြဲစစ်ဆေးပေးပါ။
3. အစာဟောင်းတွေကို မကျွေးပါနဲ့: မိုးရာသီမှာ အစာတွေက မှိုတက်လွယ်၊ သိုးလွယ်တာကြောင့် အစားအစာ လတ်ဆတ်မှုကို အမြဲစစ်ဆေးပေးပါ။
________________________________________
✨ ကိုယ်တိုင် ဆုံးဖြတ်ရခက်တဲ့ လက္ခဏာတွေ (ဥပမာ- အစား လုံးဝမစားတော့တာ၊ မှိန်းနေတာ) တွေ့ရရင်တော့ နီးစပ်ရာ တိရစ္ဆာန်ဆေးကုခန်းကို အမြန်ဆုံး ပြသပေးဖို့ မမေ့နဲ့ဦးနော်။
ချစ်တဲ့ အချစ်တော်လေးတွေအားလုံး ဒီမိုးရာသီမှာ ကျန်းမာပျော်ရွှင်ကြပါစေ။ 🐶❤️


________________________________________

Address

Insein

Website

Alerts

Be the first to know and let us send you an email when PETOPiA Pet Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share