Ai Man

Ai Man Dairy cattle fram & Conduction a hybrid busines without cows mating

23/07/2023
23/07/2023

နွားတွေရဲ့အရောင်
++++++++++++

နွားအရောင်အုပ်စု တခုစီတွင် အရောင်ကွဲကိုလိုက်၍ သတ်မှတ်ကြ သည်။ နွားပြာအုပ်စုကို မြန်မာနွား စစ်စစ်ဟု မသတ်မှတ်ပါ။
နွားပြာအုပ်စုသည် ဝေသာလီနွားမျိုးမှ ယှက်နွယ် ပေါက်ပွားခြင်းဖြင့် အရောင်ကွဲများ ဖြစ်ပေါ်လာရသည်။ရွှေနန်းရှင်တို့၏ တော်ဝင်နွားမှာ နွားဖြူ (စာဥ) အရောင် ဖြစ်ပြီး ကျေးလက်ပြည်သူများက နွား ရွှေနီကို အသုံးပြုကြကြောင်း အဆိုမိန့်တရပ် ရှိခဲ့ပြီး ယခုအခါ နွားပြာအုပ်စုကို မြန်မာ့နွားဟု တညီတညွတ်တည်း ယူဆနေပါကြပါသည်။

နွားနီအုပ်စု
နွားပြာအုပ်စု
နွားနက်အုပ်စု
နွားဖြူ (သို့)စာအု အုပ်စု

နွားနီအုပ်စု
---------
နွားနီ|နွားရွှေနီ|နွားကျစ်|နွားကျစ်နီ| နွားကျစ်ကြား|
နွားနီထိပ်ကွက်|နွားနီ မြီးစွပ်|နွားနီကြား|နွားနီရဲရဲတောက်| နွားဝါနီ|ချိပ်နီ|ပုဇွန်ဆီ|အုန်းခွံ|ဇော်| နွားနီ ကွမ်းသွေး|ဇော်နီကွမ်းသွေး | နွားဝါ | နွားဝါဖွဲနု|နွားဝါခြောက်။

နွားပြာအုပ်စု
----------
နွားပြာစိမ်း| နွားပြာနီ|နွားပြာခြောက်| နွားပြာဝါ| နွားပြာညို|နွားပြာဖြူ| နွား ပြာကြား|နွားပြာထိပ်ကွက်|နွားပြာ သံရောင်|နွားပြာနှမ်း|နွားပြာနီကွမ်း သွေး|နွားနှမ်း။

နွားနက်အုပ်စု
---------
နွားနက်|သြဇာချိပ်| သံရောင်ချိပ်| နွားနက်ကြား|နွားနက်စွပ်| နွားနက်ထိပ်ကွက်| နွားညိုသံရောင်| နွားပြေ|နွားပြေညို|နွားပြေနီ|နွားပြေထန်းသီး|နွားပြေသံရောင်။
နွားဖြူ အုပ်စု(သို့)စာအုအုပ်စု
စာအု|စံပယ်ဖြူ|စံပယ်|စာအုဝါ|စာအုဝါကြား|စာအုနီ ထိပ်ကွက်|စာအုပြာ|စာအု အုန်းခွံ| စာအု နှာပြောက်|စာအုမြီးတန်ကြောင် |စာအု မြီးစွပ်|စံပယ်နီ။

နွားအမွှေးအရောင် ရှင်းလင်းချက်
နွားနီအုပ်စု
------------
နွားနီ
နွားအရောင် တကိုယ်လုံးနီ|နုတ်သီး မြီးဆန် နက်ရမည်။မျက်ခွံ၊နွားဘို့ အနီစပ်။

နွားနီ ရဲရဲတောက်
တကိုယ်လုံး အနီ ခွါနီ လျှာနီ အာနီ နုတ်သီးနီ မျက်ခွံနီ

နွားရွှေနီ
ရင်ထူးတွင် အဖြူစင်းပါသည်။ နွားတကိုယ်လုံးအနီဖြစ်သည့်အပြင် ခွါနီ အာနီ လျှာနီ ဖြစ်ပြီးဦးရေစပ်တွင် အဝါရောင် ရွှေရေးလုစွက် နေဟန်ရှိ။

နွားကျစ် (နဂျစ်)
နွားနီ အရောင်သည် အညိုဘက်လုပြီး အရောင်ရင့်
သည့် နွားမျိုးဖြစ်သည်။

နွားကျစ်နီ
နွားအရောင်သည် ညိုမှိုင်းရာမှ အနီဘက်လုသည်။ အမဲရောင် မပါတတ်ပေ။

နွားကျစ်ကြား
နွားကျစ်တွင် အဖြူရောင်များ ဆီး ရင် ကြားသည်ကို ခေါ်သည်။

နွားနီ ထိပ်ကွက်
နွားနီသည် ဦးကင်းထိပ်၌ ကြာ (သို့) အဖြူရောင် အကွက်ပါရှိသည်။

နွားနီမြီးစွပ်
နွားနီမြီးဆံ အရင်း၌ အနက်ရောင် မဟုတ်ဘဲ အဖြူရောင်ပါရှိသည်။

နွားနီကြား
နွားနီတွင် ဆီးရင် ကိုယ်လုံး ကြား သည်ကို ခေါ်သည်။

နှားဝါ
နွားအရောင်သည် ကိုယ်လုံးပိုင်း နှင့် ဖင်ပိုင်းတွင် အဝါရောင်ရှိပါသည်။ ခြေလက် မျက်နှာနှင့် ကျန်အပိုင်းတွင် အနီရောင်လုသည်။နွားဝါ အစစ် ဖြစ် ရန် မြီးဆံကြောင် ရမည်။နှာကြားရ မည်။မျက်ထောက်နီရမည်။နှာပျောက် ရမည်။

ချိပ်နီ
အနီရောင် ရင့်သည်။

ပုဇွန်ဆီ
အနီနှင့် အဝါစပ်ကြားဖျော့ရောင်ကို ခေါ်သည်။ အချို့ကအဝါရင့်ရောင်ဟု ခေါ်သည်။နှင်းဆီရောင်ဟုလည်း ခေါ်သည်။

အုန်းခွံ
အဝါနှင့် အညိုမွှေးတို့သည် အုန်းခွံ ရောင် ဘက်သို့ နွယ်သည့် အရောင် ဖြစ်သည်။

ဇော်
နီဝါရောင်ဖျော့သည်။ အသားရောင် ဖြစ်သည်။မျက်ခုံး မျက်လုံးကြီး၍ ဦးခေါင်း အနေထား ကျော့မော့သည်။

နွားနီ ကွမ်းသွေး
နွားအနီရောင် အချို့အမွှေးကွက်များ တွင် ကွမ်းသွေးထွေးထားသကဲ့သို့ အကွက်လိုက်စွေးစွေးနီနေသည်။

ဇော်ရောင် ကွမ်းသွေး
ဇော်နီရောင်တွင် အကွက်လိုက် ကွမ်း သွေးသဏ္ဍာန် အနီကွက်များ ပါသည်။

နွားပြာ အုပ်စု
--------------
နွားပြာနီ
အမွှေးမှာ အနီမှိုင်း အရောင်ဖြစ်ဖြစ် သည်။ တခါတရံ အနီရင့်ရောင်ဖြစ် သည်။ခြေ|လက်|နှာ|မျက်လုံးနှင့် လက်ပြင်များတွင် အနက်ရောင်များ ကွပ်ထားသည် ကို ခေါ်သည်။မြီးဆံ မည်းရမည်။နွားပြာနီ ကို နွားနီအုပ်စု တွင်လည်း ထည့်သွင်းနိုင်သည်။

နွားပြာစိမ်း
နွားပြာ အုပ်စုတွင်အထူး ပါဝင်သော နွားမျိုး ဖြစ်သည်။နွားမွှေး အပြာရောင်တွင် အမွှေးစိမ်းရောင် စိမ်းဖန့်ဖန့် (သို့)အနက်မွှေးများ ထွန်း နေသည်။မျက်နှာ|ခြေလက်တို့တွင် အနက်ရောင်များ ပါနေတတ်သည်။

နွားပြာခြောက်
နွားပြာ အရောင်နှင့် အဝါရောင်သည် ရွှန်းရွှန်းစို မနေဘဲ မွဲခြောက်သော အသွင်ကို ဆောင်သည်။

နှားပွာဝါ
နွားအရောင် အပြာခံတွင် အဝါမွှေးများ စွတ်နေသည်။

နွားပြာညို
နွားအရောင်အပြာခံတွင် ‌‌ရှေ့ပိုင်းနှင့် ဖင် ပိုင်းများ၌ အညိုရောင်အမွှေးများ ပါရှိသည်။

နွားပြာဖြူ
နွားအပြာရောင်နှင့် အဖြူရောင် အမွှေး များရောယှက်နေသည်။

နွားပြာ သံရောင်
နွားပြာ အမွှေးအရောင်၌ ကျောကုန်း နှင့် ရှေ့ပိုင်းများတွင် သံရောင်အမွှေးများ ထွန်းနေသည်။

နွားပြာဖြူကြောင်
နွားပြာတွင် အဖြူရောင် အမွှေးများ ပေါင်းစပ်ခြင်းသည် လိုက်ဖက်မှု့မရှိ ဘဲ ကွက်တိ ကွက်ကြား ဖြစ်နေခြင်းကို ခေါ်သည်။

နွားပြာကြား
နွားပြာမွှေးတွင် အဖြူစင်း အကြားများ ပါရှိခြင်းကို ခေါ်သည်။

နွားပြာနီ ကွမ်းသွေး
နွားပြာမွှေးတွင် အကွက်လိုက် ကွမ်းသွေး ရောင် အမွှေးများပါသည်။

နွားနှမ်း
အဖြူ အနီ အနက် အမွှေးစုံပါရှိ၍ အမွှေးရော နွားဖြစ်သည်။

နွားနက်အုပ်စု
------------
နွားနက်
နွားတကိုယ်လုံး အနက်ရောင်ဖြစ်သည်။မြီးဆံ နှာ ခြေလက် မျက်နှာတို့တွင် အဖြူ (သို့) အခြားအရောင်
မရောနှောရ။အနက် အစစ် ဖြစ်သည်။

သြဇာချိပ်
နွားနက်တွင် နက်မှောင်နေသော အရောင်ကို ခေါ်သည်။

သံရောင်ချိပ်
အနက် အစစ်မဟုတ် တင်ပါးနှင့် လည်ပင်း ပိုင်းတွင် သံ ရောင်ဖြစ်သည်။

နွားနက်ထိပ်ကွက်
နွားနက် အရောင်တွင် ထိပ်၌ အဖြုကွက်ပါရှိသည်။

နွားနက်မြီးစွပ်
နွားနက်၏ မြီးဆံ သည် အဖြူရောင်ဖြစ်သည်။

နှားညို
နွားအရောင်ညိုသည်။

သံရောင်
အညို မမည် အနက်မမည် သံရောင် ရှိသည်။နွား၏ တကိုယ်လုံး သံရောင်သန်းနေပြီး ဦးချို နက်ရမည်။ နှာခေါင်းနက်ရမည်။ နားတွင် ဖွေးပြာရမည်။ မြီးဆံနက်ရမည်။ခွါမျက်တောင်မွေး မျက်ခမ်းနက်ရမည်။

နွားပြေ
နွား၏ အရောင်သည် သပြေသီးမှည့် ရောင်ရှိသည်။

နွားပြေညို
နွားပြေအရောင် အညိုဘက်လုသည်။

နွားပြေနီ
နွားပြေ အရောင်တွင် အနီမွှေးများ စွတ်သည်။

နွားပြေထန်းသီး
နွား၏တင်ပါးပိုင်းညို၍ရှေ့ပိုင်း အနီရောင် ရှိသည်။

နွားပြေ သံရောင်
နွားအရောင် အနီနင့် အနက် ရောနှောသည်။

စာဥ အုပ္စု
-------
စာအု
အဖြူရောင်ရှိသောနွား| သို နှင့်နှာ မြီးဆံတို့ အဖြူ ရောင်မဟုတ်ပါ။

စာအုဝါ
အဖြူရောင်တွင်အဝါမွှေးများ သန်းနေသည်။

စာအုဝါကြား
စာအုဝါတွင် အဖြူကြား များပါသည်။

စာအု ထိပ်ကွက်
ထိပ်တွင် အဖြူကွက်(သို့)အဖြူကြားပါသော စာအု နွားဖြစ်သည်။

စာအုပြာ
အဖြူရောင်တွင် အပြာမွှေးများ ပါရှိသည်။

စာအု အုန်းခွံ
စာအု အရောင်တွင် အုန်းခွံရောင် အမွှေး ပါရှိသည်။

စာအု နှာပြောက်
စာအုနွားတွင် နှာ၌လည်းကောင်း နှာယောင်၌ လည်းကောင်း အနီအစက်ပြောက်များ ပါသည်။

စာအု မြီးဆံကြောင်
စာအု မြီးဆံသည် အဖြူ အနက် လုံးလုံး မဟုတ်ဘဲ အရောင်မျိုးစုံ ပါရှိသည်။

စာအု မြီးစွပ်
စာအု နွား၏မြီးဆံသည် အနီ ဖြစ်နေသည်။

စံပယ္နီ
ဖြူဖွေးနေသည့် နွားအရောင်တွင် အနီမွှေးများ အနည်းငယ် ပါရှိနေသည်။

စံပယ်
နွားတကိုယ်လုံး အမွှေးအရောင်သည် ဖြူနေရမည်။ နှာခေါင်းနီရမည်။ ခွါနီရမည်။ လျာမျက်ခမ်း နီရမည်။
မျက်ခုံးမွှေး မြီးဆံဖြူရမည်။ထိုသို့မဟုတ်ဘဲ အစက်ပြောက်ပါ နေပါက စံပယ်ဟု မခေါ်နိုင်ပါ။

စံပါယ်ဖြူ
အဖြူစွတ်စွတ်ပေါ်တွင် နွားအရောင်တောက်သည်။ နွားကို တင်စားခေါ်ခြင်းဖြစ်သည်။

Winn Aung-Rancher
ရှာဖွေပြုစုသူ
ဒေါက်တာ ဝင်းမြင့်
ညွှန်ကြားရေးမှုး
တိရိစ္ဆာန်မွေးမြူရေးနှင့် ဖွံ့ဖြိုးရေးဌါနခွဲ
မွေးမြူရေးနှင့်ကုသရေးဦးစီးဌါန
Photo

နွားများ  ၏ အသက် ခန့်မှန်းနည်း များ
22/07/2023

နွားများ ၏ အသက် ခန့်မှန်းနည်း များ

နွားခြံ ဆောက်လုပ်ပုံများ
22/07/2023

နွားခြံ ဆောက်လုပ်ပုံများ

ူဒီနေ့မှာတော့ ကျွဲနွားဆိတ်ဝက်ဘဲကြက်တို့ရဲ့အစာအတွက် နေဗီယာမြက်နဲ့မြက်ချဉ်ဖတ်ပြုလုပ်နည်းကိုတင်ပြပေးပါ့မယ် မွေးမြူရေးကိုစီး...
22/07/2023

ူဒီနေ့မှာတော့ ကျွဲနွားဆိတ်ဝက်ဘဲကြက်တို့ရဲ့အစာအတွက် နေဗီယာမြက်နဲ့မြက်ချဉ်ဖတ်ပြုလုပ်နည်းကိုတင်ပြပေးပါ့မယ် မွေးမြူရေးကိုစီးပွားဖြစ်လုပ်ကိုင်နေကြတဲ့ညီအကို
မောင်နှမများနဲ့အပူပိုင်းဒေသ မွက်ြဲ နွား ဆိတ် ဝက် ဘဲ ကြက်မွေးမြူကြသူများအတွရည်ရွယ်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်
ဒါကထိုင်းနိုင်ငံမှာပြုလုပ်သုံးစွဲနေသောနည်းဖြစ်ပြီး
တစ်နှစ်ထိထားလို့ရတာကြောင့်မွေးမြူရေးသမားများအနေဖြင့်များစွာအကျိုးရှိပါလိမ့်မယ်

ဒီနည်းကတော့မြက်ချဉ်ဖတ်ကိုအချိန်တနှစ်အထိသိမ်းလို့ရပါတယ်
ဒီမျက်မြက်ချဉ်ဖတ်ကိုပြုလုပ်ပြီးအရွက်စားတိရိစ္ဆာအကုန်လုံးကျွေးလို့ရပါတယ်
ဆားမြက်ချဉ်ဖတ်လုပ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့
က်များ
အရွက်များ
ကိုလည်းအသုံးပြုလို့ရပါတယ်)
2.ဆား-1kg

3. လီတာ200 ဆန့်သောပလတ်စတစ်ပုံး တစ်လုံး
(ပုံးအစားရေတိုင်ကီစွပ်ပလယ်စတစ်အိပ်နှစ်အိပ်ထပ်ပြီးအပြင်က 4တင်းဝင်ပီနံအိပ်ကိုစိပ်ပြီးအသုံးပြုလို့ရပါတယ် )

ပြုလုပ်နည်း
စိမ်းတွေဖြစ်တဲ့နေဗီယာ မြက်(ဒါမှမဟုတ်) ရှာလို့ရတဲ့အစာစိမ်းတွေကို
နုတ်နုတ်စင်းပါ။
2. ဆား-1kg ကို အညီအမ်ွ လေးပုံ ပုံပါ
3.လီတာ200ဆန့်တဲ့ပလတ်စတစ်ပုံး ထဲကို
ပုံထားတဲ့ဆား လေးပုံထဲက တစ်ပုံကိုယူပြီးပုံးအောက်ခြေကို
နှံ့အောင်ဖြူးပေးပါ။
4.ပြီးတော့ ပုံးထဲကိုစဉ်းထားတဲ့အစာစိမ်းတွေအပြည့်ထည့်ပြီး
လူကပုံးထဲဝင်ပြီးတက်နင်းပေးပါ။အစာစိမ်းတွေပုံးတဝက်လောက်အထိဝပ်ကျသွားအောင်နင်းပေးပါ
5.ဆားဒုတိယအပုံကိုယူပြီး ပုံးထဲက အစာစိမ်းတွေပေါ်နှံ့အောင်ဖြူးပေးပါ။
6.ကျန်တဲ့စဉ်းထားတဲ့အစာစိမ်းတွေအကုန်ထပ်ထည့်ပြီး
လူတက်နင်းပေးပါ။
7.ကျန်တဲ့ ဆားနှစ်ပုံကို အပေါ်ကဖြူးပြီး
ပုံးအဖုံးကိုလုံအောင်ပိတ်ပေးပါ။
ပြုလုပ်ပြီး21ရက်မှာစတင်အသုံးပြုနိုင်ပါတယ်။
ဆားနဲ့လုပ်တဲ့မြက်ချဉ်ဖတ်ကအချိန်တနှစ်အထားခံပါတယ်။
#အသုံးပြုပုံ
နွားကို တနေ့နှစ်ကြိမ်ကျွေးနိုင်ပြီးကျွေးတဲ့နွားရဲ့အလေးချိန် ဆယ်ပုံတစ်ပုံဖြစ်ပါတယ် အကယ္လို့
ဆိတ္ကိုတေန့ကို ကျွေးမယ်ဆိုရင်မနက်-ညစာ နှစ်နှပ်ကျွေးလို့ရပါတယ်
ဆိတ္က သူ့ခန္ဒာကိုယ် အလေးချိန်ရဲ့ 3-6% နဲ့ညီမျှတဲ့အစာပမာဏစားသုံးပါတယ်။

ဆားနဲ့လုပ်တဲ့မြက်ချဉ်ဖတ်က
လုပ်ရလွယ်ကူပြီး အချိန်တနှစ်အထိသိမ်းလို့ရပါတယ်
မွေးမြူရေးစားရိတ်ကိုလျော့ချနိုင်ပါတယ်
အရေးကြီးတာက ဆားနဲ့လုပ်တဲ့မြက်ချဉ်ဖတ်ဟာဖြည့်စွက်စာနဲ့ညီမျှတဲ့
ပရိုတင်းပါဝင်တယ်ဆိုတာ
ထိုင်းနိုင်ငံ
ဆလပူရီ()ပြည်နယ်မှ
တနိုင်ငံလုံးမှာအကောင်းဆုံးမွေးမြူရေးသမားဆုရထားတဲ့
ချောင်ဝရတ် အမ်းဖို( )
ကတွေ့ရှိထားပြီး လက်ရှိအသုံးပြုနေပါတယ်

အခုလိုစိတ်ဝင်တစားဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဒီနည်းကိုသိရှိကြတဲ့ပညာရှင်ညီအကိုမောင်နှမများအနေနဲ့
ဖြည့်စွက်ပေးကြပါရန်မေတ္တာရပ်ခံအပ်တယ်
နေဗီယာမြက်နဲ့ပတ်သက်ပြီးအသေးစိတ်သိလိုသူများနဲ့မြက်မျိုးလိုအပ်သူများအနေဖြင်လည်းအောက်ပါအတိုင်းဆက်သွယ်နိုင်ကြပါသည်
Crd ,စာရေးသူ . photo

14/07/2023

Rural Based Animal Husbanry and Health

14/07/2023

Address

Hlegu

Website

Alerts

Be the first to know and let us send you an email when Ai Man posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category