10/11/2026
အာဝုလေးတွေ အိမ်မှာ ဒုစရိုက်မှုတွေ လုပ်ပြီးသွားရင် လုပ်တတ်တဲ့ အမူအရာများ 😂
အိမ်မှာ ပစ္စည်းတွေကိုက်ဖျက်ပြီးသွားတာ၊
အမှိုက်ပုံးမွှေပြီးသွားတာ၊
ကိုယ်မလုပ်စေချင်တာတွေ လုပ်ပြီးသွားတဲ့အခါ အိမ်က ဆရာကြီးတွေက ဒီလိုပုံစံလေးတွေ လုပ်တတ်ကြတယ်နော် 🤣
🐾 ခေါင်းလေးငုံ့ထားတယ်၊ ဘာမှမသိသလိုနဲ့ မြေကြီးကိုပဲ စိတ်ဝင်တစားကြည့်နေတယ်။
🐾 မျက်လုံးချင်းမဆုံဘူး၊ မေမေ၊ ဖေဖေတို့နဲ့ မျက်လုံးချင်းဆုံမိရင် အမှုမှန်ပေါ်တော့မယ်ဆိုတဲ့ပုံစံမျိုး။
🐾 နားရွက်လေးနောက်ပို့ထားတယ်၊ အပြစ်မရှိတဲ့ မျက်နှာလေးနဲ့ သနားစရာပုံစံ ဖမ်းနေတယ်။
🐾 အမြီးလေးလှုပ်ပြီး အနားလာတယ်၊ ဘာမှမဖြစ်ခဲ့သလို ချစ်စရာလေးလာလုပ်နေပြန်ရော။
🐾 ဗိုက်လေးလှန်ပြတယ်၊ “မေမေရေ… စိတ်မဆိုးပါနဲ့တော့နော်” ဆိုတဲ့ပုံစံလေးနဲ့။
အိမ်မှာ အမှုအခင်းတွေ ဖန်တီးတဲ့သူကလည်း သူ၊
အမှုဖြစ်ပြီးရင် ချစ်စရာမျက်နှာလေးနဲ့ ပြန်ချော့တဲ့သူကလည်း သူပဲနော် 😂💙
အိမ်တိုင်းမှာ အဲ့လို ဆရာကြီးတွေတော့ ရှိတတ်ကြတယ်ဗျ
ကိုယ့်အိမ်က ဆရာကြီးအခြေအနေလေးရော comment မှာ ပြောခဲ့ပါဦးဗျာ 👀😂