Posh Paws by Mochi & Misty

Posh Paws by Mochi & Misty Your grooming and lifestyle pals. Always a gentle and loving touch!

Gooby X harness လေး အနီနဲ့ ပန်းရောင်လေး Small Size အပိုထွက် လာလို့ လိုချင်ရင် မှာလို့ ရပါတယ်။ နောက်ထပ်သွင်းဖို့ $ ဈေးနဲ့...
07/20/2023

Gooby X harness လေး အနီနဲ့ ပန်းရောင်လေး Small Size အပိုထွက် လာလို့ လိုချင်ရင် မှာလို့ ရပါတယ်။ နောက်ထပ်သွင်းဖို့ $ ဈေးနဲ့ မသေချာတော့ အခု ဈေးသက်သာတုန်း ယူထားကြပါနော်။

အနီလေး ကုန်

Gooby နဲ့ လှနေကြတဲ့ ကလေးတွေ Gooby Harness လေးနဲ့ Fur Bébé ကကြိုးလေးတွေနဲ့ ချစ်စရာလေးတွေ။ Harness ကပေါ့ပေ့ါ့ပါးပါးပါးနဲ့ ...
06/07/2023

Gooby နဲ့ လှနေကြတဲ့ ကလေးတွေ

Gooby Harness လေးနဲ့ Fur Bébé ကကြိုးလေးတွေနဲ့ ချစ်စရာလေးတွေ။

Harness ကပေါ့ပေ့ါ့ပါးပါးပါးနဲ့ တချို့ အမွှေးထူတဲ့ ကလေးတွေဆို ဝတ်ထားတယ် လို့တောင် မထင်ရအောင် သက်တောင့်သက်သာ ရှိတယ် ကြားရလို့ ပျော်ပြီလေ။

Hello Gooby Harness လေးတွေ ပထမ အသုတ် ပို့ပေးလိုက်တာ ရကြပြီ ထင်ပါတယ်။ ဒုတိယ အသုတ်က ဒီရက်ပိုင်းထဲ ရောက်ပါမယ်ရှင်။ ဝတ်ပြီး ...
05/12/2023

Hello Gooby Harness လေးတွေ ပထမ အသုတ် ပို့ပေးလိုက်တာ ရကြပြီ ထင်ပါတယ်။ ဒုတိယ အသုတ်က ဒီရက်ပိုင်းထဲ ရောက်ပါမယ်ရှင်။

ဝတ်ပြီး အဆင်မပြေတာ ရှိရင် cb ကိုလာခဲ့ပါနော်။ သူက ကြိုးလေးဘက်လုံးက ‌adjust လုပ်လို့ ရပါတယ်။ လေးဘက်လုံး adjust လုပ်ပြီးတာတောင် ကြီးနေ၊ သေးနေ သေးရင် ပြန်လာပြော ပေးပါရှင်။

အားပေးတဲ့ အတွက် ကျေးဇူးတင် ပါတယ်ရှင်။ ❤️

05/09/2023

ဒါလေးက Level 1 Hide & Seek Puzzle လေးပါ။ တစ်ခါမှ မဆော့ဖူးတဲ့ အာဝု small to medium breed တွေ အတွက် သင့်တော်ပါတယ်။ သူ့မှာ ပါတဲ့ အရိုးအဖြူတုံး လေးတွေက အကောင်ကြီးမျိုး အတွက်ဆို ကစားရင်း မြိုချမိမှာ စိုးလို့ မရောင်းပေး ပါဘူး။ အသေးနဲ့ အလတ် အတွက်ကျ အလွယ်တကူ မမြိုချ နိုင်ပါဘူး။

ပထမ စစချင်းဆို အာဝုက ဘာက စလုပ်ရမလဲ မသိ ဖြစ်နေတတ် ပါတယ်။ သခင်က ဒီအတုံးလေး ဖယ်ပြီး အောက်မှာ အစာရှိတယ် ဆိုတာ တစ်ခေါက်လောက် ပြလိုက်ရုံပါပဲ။ ကျန်တာက သူတို့ ဘာသာ သူတို့ ကြံဆပြီး ရအောင် စားပါလိမ့်မယ်။

အစာ ထည့်တဲ့ အခါ အမဲသားခြောက် အသားခြောက် ဂျာကီ တွေက ပိုသင့်တော်ပါတယ်။ freeze dried တွေကျ အမှုန်ကျ တတ်တာမလို့ သန့်ရှင်းရေး လုပ်ရတာ ပိုခက်ပါတယ်။ ဂျာကီက အနံ့လည်း ပိုပြင်းတော့ စားရဖို့ သူတို့ ပိုအားထုတ် ပါတယ်။

Instock now.

05/08/2023

ညဆို ဆော့ရပြီ။ အမိုကျ အစီလောက် မသွက်တော့ အလွယ် အဆင့်ကနေ တဖြေးဖြေး အခက်ကို ကျင့်ပေး ရပါတယ်။ ပထမ အရိုးအဖြူတုံး လေးနဲ့ လောခ် မလုပ်ထားဘဲ အရင်ပေး ဆော့ပါတယ်။ လှည့်ရတာ အထာသိပြီ ဆိုမှ အရိုးတုံး လေးနဲ့ lock လုပ်ပေးပြီး ထပ်ဆော့ ခိုင်းပါတယ်။

Slicker ဘီး အသေးတွေ ပြန်ပါလာတယ်ရှင်။ နားရွက် နောက်က အထုံးဖြေ မလား၊ undercoat အမွှေးတွေ အကုန် ဖယ်ထုတ်မလား၊ အမှိုက်တွေ ဖုန...
05/08/2023

Slicker ဘီး အသေးတွေ ပြန်ပါလာတယ်ရှင်။

နားရွက် နောက်က အထုံးဖြေ မလား၊ undercoat အမွှေးတွေ အကုန် ဖယ်ထုတ်မလား၊ အမှိုက်တွေ ဖုန်‌တွေ ဖယ်မလား။ အကြမ်းခံ လုံးဝ မဆူးတဲ့ ဆူးဘီး တွေပါ။

သတိပြု ရမှာက Pom ဆိုရင် ပေါင်၊ တင်ပါးနဲ့ အမြီး နားဆို အရမ်းဆွဲ မဖီးစေချင် ပါဘူး။ ဒီနောက်ပိုင်း နေရာက အရေပြားက ပိုဆန်းဆန်းတင့် ဖြစ်ပါတယ်။ ဒါကြောင့် Black Skin Disease ဖြစ်ရင် ကိုယ်အနောက်ပိုင်း နားကနေ စဖြစ်တာ များပါတယ်။ အသာအယာပဲ Line Brushing နည်းနဲ့ ဖီးပေး ပါနော်။

ဈေးနှုန်း 25000 ကျပ်

Outward Hound Puzzles Puzzles လေးတွေ ဘာပါသလဲ မေးနေသူများ အတွက် Puzzle ၅မျိုး ပါလာပါတယ်ရှင်။ အများကြီး မပါပါဘူး။ သူက ဝန်ပ...
05/07/2023

Outward Hound Puzzles

Puzzles လေးတွေ ဘာပါသလဲ မေးနေသူများ အတွက်
Puzzle ၅မျိုး ပါလာပါတယ်ရှင်။ အများကြီး မပါပါဘူး။ သူက ဝန်ပေါ့ပြီး နေရာယူတဲ့ ပစ္စည်း ဆိုတော့ သယ်ရတာ အတော် လက်ဝင်တယ်။ ဒါပေမယ့် မကြာခင် လာတော့မယ့် မိုးရာသီမှာ အာဝုတွေ energy burn ဖြစ်ဖို့ အရေး တို့အရေး ဆိုတော့ 😆😆😆

Level 1 နဲ့ Level 2 လေးတွေ အရင် ရပါမယ်။ Level 1 ထဲမှာ Hide & Seek က လိမ္မော်ရောင်နဲ့ အညိုရောင်လေး နှစ်မျိုး ရပါမယ်ရှင်။ ‌သူကတော့ beginner တွေအတွက် သင့်တော်ပါတယ်။ သူက အတုံးလေးတွေကို လက်နဲ့ တွန်းထုတ်၊ ဖယ်ထုတ်ရတဲ့ game မျိုး ဖြစ်ပါတယ်။ Puzzle မှာပါတဲ့ အရိုးတုံးလေး တွေက မြိုချမိမှာ စိုးလို့ အကောင်ကြီးမျိုးတွေကို မရောင်းပေး ပါဘူးရှင်။ Safety is the priority ပါ။ အသေးမျိုးနဲ့ အလတ် small & medium size breed တွေအတွက်ပဲ သင့်တော်ပါတယ်။
ဈေးနှုန်း ၄၀၀၀၀ ကျပ်

Out of Stock❗❗Level 2 Dog Maze ပန်းကန်ပြားပျံ
ဒီဟာက အစီရဲ့ လက်ရှိ favorite puzzle ပါ။ အဲ့တာ ဆော့ပြီးရင် တန်းအိပ်တာ ကလေးက 😆။ သူက နှစ်ပိုင်းခွဲ ထားပါတယ်။ အပေါ်က အပေါက်လေး ထဲကို အစာ ထည့်လိုက်ပြီး ဘေးဘက် အပေါက်ကနေ အစာကို ရအောင် ပန်းကန်ပြားပျံကို လှန်လိုက်၊ ကုတ်လိုက်နဲ့ ထွက်အောင် လုပ်ရပါတယ်။ အတော် ခေါင်းရော၊ လက်ရော သုံးရတဲ့ puzzle ဆိုတော့ ခက်ခက်ခဲခဲ ဖြေရှင်းရတာ ကြိုက်တဲ့ အာဝုတွေ အတွက် သင့်တော်ပါတယ်။ breed ပေါင်းစုံ အတွက် သင့်တော်ပေမယ့် မကိုက် chew အောင်စောင့်ကြည့် ရပါမယ်။
ဈေးနှုန်း ၄၅၀၀၀ ကျပ်

Out of Stock❗❗Level 2 Hide & Slide
သူကတော့ puzzle ထဲက အစိတ်အပိုင်း တွေက အကုန် တပ်ထားတာ ဆိုတော့ ဝါးစားမိမှာ၊ မြိုချမှာ မပူရတဲ့ puzzle ပါ။ အပေါ်က အပေါက်လေး ထဲမှာ အစာထည့်မယ်။ ‌ဘေးက အကွက်လေးထဲမှာ အစာထည့်မယ်။ အပေါ်က ငါးဆူးတောင် flipper လေးနဲ့ ပိတ်လိုက်ပါမယ်။ အာဝုက ကါးဆူးတောင်လေးကို အရင် ရွှေ့ပြီးမှ အကွက်ထဲက အစာကို စားရပါမယ်။ ပြီးရင် အတုံးလေးကို အကွက်ဆီ တွန်းပို့မှ အကွက်ထဲ အစာကျပြီး စားလို့ ရပါမယ်။ အဆင့် ၂ဆင့် လုပ်ဆောင် ရတဲ့ ဂိမ်းမျိုး ဖြစ်ပါတယ်။ မြိုချမယ့် အစိတ်အပိုင်း တွေမပါတော့ အကောင်ကြီးမျိုး အတွက်ပါ သင့်တော်ပါတယ်။
ဈေးနှုန်း ၆၀၀၀၀ ကျပ်

Level 2 Tornado
Tornado က puzzle အပြင် Slowfeeder အနေနဲ့ပါ သုံးလို့ ရပါတယ်။ Tornado မှာပါတဲ့ အဆင့် ၃ဆင့်လုံးကို လှည့်ပြီး အစာကို စားရပါမယ်။ ဒါပေမယ့် အဆင့်တွေကို အရိုးတုံးလေး တွေနဲ့ lock လုပ်ထား ပါတယ်။ အာဝုက လှည့်စားဖို့ အဖြူတုံးကို အရင်ဖယ်ရ ပါမယ်။ သူ့ရဲ့ အစာထည့်ထားတဲ့ အကွက်က ကြီး‌ေတာ့ တချို့က အဲ့အထဲမှာ ဒိန်ချဉ်လို၊ ဆိတ်နို့ လိုမျိုး ထည့်ပြီး ခဲပါတယ်။ တချို့ကျ အစာခြောက် ထည့်ပြီး ကျွေးပါတယ်။ သန့်ရှင်းရေးလုပ် ရတာလည်း လွယ်ပါတယ်။
ဈေးနှုန်း ၆၀၀၀၀ ကျပ်

In stock. Limited Quantity.

05/07/2023

အသစ် ထပ်ရောက်တာလေးတွေ ဒီနေ့ update လာမယ်နော်။ အများကြီး မပါလို့ ဦးသူယူ ပါနော်။ Stay Tuned

Gooby Harness လေးတွေ ရောက်ပြီ ဆိုတော့ confirm ထားပြီးသား သူတွေကို ဒီနေ့ လိုက်ဆက်သွယ် ပေးပြီး ဒီအပတ်ထဲ ပို့ပေး ပါမယ်ရှင်။...
05/07/2023

Gooby Harness လေးတွေ ရောက်ပြီ ဆိုတော့ confirm ထားပြီးသား သူတွေကို ဒီနေ့ လိုက်ဆက်သွယ် ပေးပြီး ဒီအပတ်ထဲ ပို့ပေး ပါမယ်ရှင်။

❤️

အမြည်းလေး လာပြ 😛😛 သင့်အာဝု စိတ်ရော ကိုယ်ပါ ကျန်းမာဖို့
04/30/2023

အမြည်းလေး လာပြ 😛😛

သင့်အာဝု စိတ်ရော ကိုယ်ပါ ကျန်းမာဖို့

Edited: Sold out Super Snouts Joint Powder 1 ဘူးရပါမယ်ရှင်။ 2.64 oz ဘူးက 25ပေါင် အောက်ဆိုရင် တစ်ရက် ၁ဇွန်းပဲ ကျွေးဖို့ လ...
03/30/2023

Edited: Sold out

Super Snouts Joint Powder 1 ဘူးရပါမယ်ရှင်။ 2.64 oz ဘူးက 25ပေါင် အောက်ဆိုရင် တစ်ရက် ၁ဇွန်းပဲ ကျွေးဖို့ လိုပါတယ်။ တစ်ဘူးဆို ၈လ အထိ ခံပါတယ်။

Why Super Snouts?
100% New Zealand Green Lipped Mussel Powder ဖြစ်ပါတယ်။ အာနိသင် မပျက်ပြယ်အောင် သေချာ ပြုလုပ်ထားတဲ့ တံဆိပ် တစ်ခုပါ။
Boost to Mobility
Boost to Immunity
Boost to Overall Health

Price 98000 Ks
တစ်ဘူးကို ၈လ နှုန်းနဲ့ တွက်ရင် တစ်လမှ ၁၃၀၀၀ ရယ်ပါ။

Address

Woodbridge, VA

Alerts

Be the first to know and let us send you an email when Posh Paws by Mochi & Misty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Posh Paws by Mochi & Misty:

Share

Category