YGN ခြံပေါက် ခွေး ရောင်းဝယ်ရေး

YGN ခြံပေါက် ခွေး ရောင်းဝယ်ရေး M Guard Dog K C ( Ygn )

သားကြီး Joy အသားဖွေးသလောက် ညစ်ပတ်တဲ့ ကောင် သဲလူးလာတယ် 😜😀
02/23/2026

သားကြီး Joy

အသားဖွေးသလောက် ညစ်ပတ်တဲ့ ကောင် သဲလူးလာတယ် 😜😀

ဒီနေ့ မနက်စောစောပဲ မဂ်လာဖြစ်ပါတယ် ခင်ဗျ ကလေး နှစ်ကောင် ခြံထိလာရောက်ဝယ်ယူသွားတဲ့ မိသားစု အစစအရာရာ အဆင်ပြေ အောင်မြင်ကြပါစေ...
05/30/2023

ဒီနေ့ မနက်စောစောပဲ
မဂ်လာဖြစ်ပါတယ် ခင်ဗျ ကလေး နှစ်ကောင် ခြံထိလာရောက်ဝယ်ယူသွားတဲ့ မိသားစု အစစအရာရာ အဆင်ပြေ အောင်မြင်ကြပါစေဗျာ ပေါက်ပြီလား သားခွဲပြီလား ယူလို့ရပြီလား နဲ့ ရတာနဲ့ တန်းလာ အမြဲအားပေးနေကြ မိသားစုပါ ကလေးသုံးကောင် ပါ ထပ်ရွေးထားခဲ့ပါသေးတယ် 😍
ကျနော့်မိတ်ဆွေများ အားလုံး ကျေးဇူးတင်ပါတယ် ခင်ဗျာ

05/28/2023

မဂ်လာပါ ခင်ဗျ
ကျနော့်မိတ်ဆွေများ မှာထားသူတွေရော မိတ်သစ်တွေရော အလုပ်လေးနည်းနည်းများသွားလို့ မတင်ဖြစ်တာပါခင်ဗျ
Dobby + Li Li 1 5 mar 23 (11ကောင်) လုံး ဘယ်သူ့မှ မရောင်းရသေးပါဘူးခင်ဗျ မှာထားသူတွေ သေချာပေါက်ရမှာပါ မမေ့ပါဘူး ခင်ဗျ ပထမကြိမ် ကာကွယ်ဆေးပြီးပါပြီ ရန်ကုန် မျက်မြင်ကြည့် စိတ်ကြိုက်ရွေးယူလို့ရပါမယ် ဗျ Sat Sun ပဲ အဆင်ပြေပါမယ် နော် တစ်ကောင်ခြင်းပုံလေးတွေ မရိုက်အားသေးလို့ အဖွဲလိုက်ပဲ ကြည့်ပေးထားကြပါအုန်းခင်ဗျ
အားလုံးကိုလေးစားလျှက် ပါ ဘယ် Kennel ထွက်မှ မဟုတ်ပါဘူး ခင်ဗျ ကျနော့် Kennel ပေါက်စစ်စစ် တွေပါ အဖေအမေ ပုံတွေ တော့ Acc ထဲမှာ အပြည့်အစုံ တင်ပေးထားပါတယ် ကျနော့် အချစ်ဆုံး သားကြီး Dobby နဲ့ လီလီတစ်ရဲ့ ဒုတိယ မျိုးဆက် ပါ မျိုးရိုး အထူးအာမခံပါတယ် မောင်နှမမွေး သားမိမွေး လုံးဝမဖြစ်ရပါ ကျန်းမာရေး စိတ်ချရမှ ခွေးချစ်သူလက်ထဲ ထည့်ပါမယ် ဆေးမစုံပဲ ကားတင်မပေးပါ နီးလို့ လာယူမယ် ရန်ကုန်ထဲကပဲ ဆို နှစ်ကြိမ်ပြီး တစ်ပတ် နေဆေးအောင်ရင် ထည့်ပေးပါမယ် ခင်ဗျ

ကျနော့် လုပ်ဆောင်ချက်နဲ့ ကျနော့်မိတ်ဆွေ တွေအပေါ်ထားတဲ့ ကျနော့်မူပါ ဘယ်သူ့မှ မထိခိုက်စေလိုပါဘူး အဆင်ပြေသလိုရောင်းဝယ်ကြတာ လဲ လက်ခံထားပြီးသားပါ ဗျ မိထားတဲ့ ဂျင်းတွေလဲ မညီးပြပါဘူး 😅 တစ်ပဲခြောက်ပြား မဟုတ်လို့ ကျနော့်လို မခံရစေချင်ယုံနဲ့အာမခံရောင်းပေးတာပါ အားလုံး Peace ပါ

https://www.facebook.com/profile.php?id=100086372537200&mibextid=ZbWKwL

03/15/2023

လှိုင်းဘုန်း သွားတဲ့သားကြီး မင်းအဆင်ပြေမှာပါကွာ

ကိုအန်းကူ (ZYT)
YGN 7 1/2 Mile
09 4430 477 07

စျေးလဲ လျှော့ပေးတယ် လိုအပ်တာ လဲ လိုက်ဝယ်ပေးလိုက်ပါတယ် ခြင်း ဆေး အစာ ကြိုး ကအစ နယ်ဖက် ဆိုတော့ ခက်ခဲနေမှာစိုးလို့ စေတနာ တွ...
03/12/2023

စျေးလဲ လျှော့ပေးတယ် လိုအပ်တာ လဲ လိုက်ဝယ်ပေးလိုက်ပါတယ်

ခြင်း ဆေး အစာ ကြိုး ကအစ နယ်ဖက် ဆိုတော့ ခက်ခဲနေမှာစိုးလို့ စေတနာ တွေပါ ထည့်ပေးလိုက်ပါတယ် 😁

ကိုအန်းကူ ZYT
MKC (YGN)
09 443047707

5 လဝန်းကျင် အထီး လေးရော အမလေးပါ ထည့်ပေးလိုက်ပါတယ် ယုံကြည်မှူ့နဲ့ စရံတန်းချပေးတဲ့ ညီလေး ကျေးဇူးပါ လာရှိုးသို့ . . . . 7 လ...
03/07/2023

5 လဝန်းကျင် အထီး လေးရော အမလေးပါ ထည့်ပေးလိုက်ပါတယ် ယုံကြည်မှူ့နဲ့ စရံတန်းချပေးတဲ့ ညီလေး ကျေးဇူးပါ
လာရှိုးသို့ . . . .

7 လကျော် M1 F1 ကျန်အုန်းမယ် နော် ရုပ်ထွက် ကျန်းမာရေး ရှယ် ပါ
ရက်သားလေးတွေ ကလဲ မကြာမှီ လာပါတော့မယ်

ကိုအန်းကူ YGN
7 မိုင်ခွဲ 09443047707

03/05/2023

မဂ်လာပါ ဗျာ
ဒီနေ့ 5 Mar 23
Dobby + Li Li (1)
ကလေးတွေ ပေါက်ပါတယ်
အချိန်တန် အရွယ်ရောက်တဲ့ခါ အရောင်းတင်ပေးပါမယ်

ကိုအန်းကူ ygn
7 မိုင်ခွဲ မှာ 09443047707 ကို ဖုန်းဆက်ပြီး စိတ်ကြိုက် ကြည့်လို့ရပါတယ် မျိုးရိုး နဲ့ ကျန်းမာရေး အထူးအာမခံပါတယ် ☺

1 Malinois အဲ့ကောင်က ကဲတယ် ဒါပေမယ့် ပြောရင် ရတယ် 2 DOGOဒီကောင်က ငြိမ်တယ် ဒါပေမယ့် ပြောရင် မရဘူး 😁
02/23/2023

1 Malinois
အဲ့ကောင်က ကဲတယ် ဒါပေမယ့် ပြောရင် ရတယ်

2 DOGO
ဒီကောင်က ငြိမ်တယ် ဒါပေမယ့် ပြောရင် မရဘူး 😁

ခြံလေးထပ်ချဲ့ နေပါတယ် ဗျာ သတ်သတ်ရပ်ရပ်လေး ပြန်လာခဲ့ပါ့မယ် Ko Anku (YGN)BG Malinois
02/20/2023

ခြံလေးထပ်ချဲ့ နေပါတယ် ဗျာ သတ်သတ်ရပ်ရပ်လေး ပြန်လာခဲ့ပါ့မယ်

Ko Anku (YGN)
BG Malinois

02/05/2023
  လေးတွေအကြောင်းစိတ်ဝင်စားသူများအတွက်ပါDogo Argentino ကို Argentine Mastiff လို့လည်းခေါ်ကြပါတယ်။ သူတို့ဟာ ကြီးမားတောင့်တ...
02/05/2023

လေးတွေအကြောင်း
စိတ်ဝင်စားသူများအတွက်ပါ

Dogo Argentino ကို Argentine Mastiff
လို့လည်းခေါ်ကြပါတယ်။ သူတို့ဟာ ကြီးမား
တောင့်တင်းတဲ့ ခွေးဖြူတွေဖြစ်ပြီး Argentina ကနေ စတင်ပေါ်ပေါက်လာခဲ့တာပါ။ သူတို့ကို အဓိကအားဖြင့် တောဝက်လို ကြီးမားတဲ့ တိရစ္ဆာန်တွေကို အပျော်တမ်း အမဲလိုက်တဲ့အခါ အသုံးများကြပါတယ်။
Dogo တွေကို စတင် မျိုးဖောက်ခဲ့သူ Antonio Nores Martnez ဟာ ဒီခွေးလေးတွေကို လျင်မြန်ဖျက်လတ်ပြီး ရဲရင့်တည်ကြည်တဲ့ဗီဇပါတဲ့ အပြင် သူတို့ရဲ့ ပိုင်ရှင်ကို အသက်နဲ့ရင်းပြီး ကာကွယ်စေတဲ့ ဗီဇပါစေဖို့အတွက် ကြိုးပမ်းခဲ့ပါတယ်။

၁၉၂၈ခုနှစ်မှာ Dogo Argentino လေးတွေကို Cordoba Fighting Dog ကို အခြေခံပြီး တခြား breed တွေ ဖြစ်တဲ့ Great Dane တို့နဲ့ မျိုးစပ်ပြီး ဖောက်ခဲ့တာဖြစ်ပါတယ်။
သူတို့လေးတွေကို FCI မှာ Group 2 ရဲ့ Section 2.1 Molossian: Mastiff အမျိုးစား #291 အဖြစ်
မှတ်တမ်းတင်ထားပါတယ်။
AKC မှာတော့ Miscellaneous အဖြစ် သာထည့်ထားပြီး AKC ရဲ့ မှတ်တမ်းတင်ခံရဖို့စောင့်ဆိုင်းနေဆဲ breed ဖြစ်ပါတယ်။ showing တွေမှာ ဝင်ပြိုင်လို့မရသေးပါဘူး။
UKC မှာ Guradian Dog အဖြစ်
အသိမှတ်ပြုထားပါတယ်။

Dogo Argentino တွေဟာ Large breed ဖြစ်ပြီး
အမွှေးတို အမျိုးစားဖြစ်ပါတယ်။ ကိုယ်လုံးတောင့်တင်းပြီး အစက်အပြောက်တွေ ပါခဲပါတယ်။ (အမွှေးမှာ အစက်အပြောက်တွေ ပါလာပါ က အပြစ်အနာဆာ အဖြစ်သတ်မှတ်ခံရပါတယ်)

Breed Standard အရ အမတွေဟာ အရပ်အမြင့် ၂၄-၂၆လက်မထိရှိပြီး အထီးတွေက
၂၄-၂၇လက်မထိမြင့်ပါတယ်။
ကိုယ်အလေးချိန်မှာဆို ၈၈-၉၉ပေါင်ထိ
လက်ခံကြပါတယ်။
ကိုယ်လုံး အရှည်အလျားဟာ အရပ်အမြင့် ထက်ပို
ရှည်ပါတယ်။ ဦးခေါင်းဟာ ကျယ်ပြီး ဦးခေါင်းရိုးဟာ အနည်းငယ်ခုံးပြီး ဘေးတိုက်ကြည့်ပါက နှုတ်သီးဟာ အနည်းငယ်မြင့်ပါတယ်။ အမြီးဟာ နိမ့်နေပြီး အရင်းမှာ ထူကာ အဖျားရောက်လာတဲ့အခါ
တစ်ဖြည်းဖြည်းရှူးသွားပါတယ်။
Dogo လေးတွေကို American Bulldog နဲ့ဆင်တူတယ်လို့ ပြောကြပါတယ်။ တချို့ကျတော့လည်း American Pit Bull Terrier နဲ့ တူတယ်လို့ ပြောကြပါတယ်။
သို့ပေမယ့် American Pit Bull Terrier က Dogo နဲ့
ယှဉ်ရင်ပိုသေးပါတယ်။

Dogo Argentino လေးတွေမှာ အရောင်တခုတည်းပဲရှိပါတယ်။ အဖြူရောင်ပြောင် ပါ အစက်အပြောက်တွေ ပါတယ်ဆိုပါက အပြစ်အနာဆာလို့ ယူဆပြီး ပြိုင်ပွဲတွေမှာ လက်မခံကြပါဘူး။

သူတို့လေးတွေရဲ့ သမိုင်း အကြောင်း ပြောရမယ်ဆိုရင်
၁၉၂၈ခုနှစ် က Antonio Nores Martinez ဆိုတဲ့ ခွဲစိတ် ပါမောက္ခ ဆရာဝန်တဦးဟာ အမဲလိုက် ကစားပွဲတွေမှာ သုံးနိုင်မယ့် သစ္စာရှိတဲ့ အမဲလိုက်နိုင်တဲ့ guard dog အမျိုးစားကို မျိုးဖောက်ဖို့ ပြင်းပြခဲ့ပါတယ်။ Antonio Martinez ဟာ မျိုးဖောက်ဖို့အတွက် Cordoba Fighting Dog တွေကို အခြေခံအရင်းမြစ် breed အဖြစ် ရွေးချယ်ခဲ့ပါတယ်။ Cordoba Fighting Dog တွေဟာ ယခုမျိုးသုဉ်းသွားကြပြီဖြစ်ပါတယ်။ သို့ပေမယ့် သူတို့ဟာ အရင်တုန်းက ကြီးမားသန်မာပြီး အမဲလိုက်တော်တဲ့ ခွေးတွေ အဖြစ် နာမည်ကြီးခဲ့ကြပါတယ်။ Martinez ဟာ ၎င်းခွေးတွေကို
Great Dane
Boxer
Spanish Mastiff
Old English Bulldog
Bull Terrier
Great Pyrenees
Pointer
Irish Wolfhound နဲ့ Dogue de Bordeaux စတဲ့ ခွေး အမျိုးစား အမျိုးမျိုးနဲ့ မျိုးစပ်ခဲ့ပြီး သူ့စိတ်ကြိုက် ခွေး ရအောင် အကောင်ထည်ဖော်ခဲ့ပါတယ်။ Nores Martinez ဟာ ရလာတဲ့ breed ကို selective breeding နည်းစနစ်ဖြင့် ထပ်မံ မျိုးဖောက်ခဲ့ပြီး လိုချင်တဲ့ ဗီဇတွေရသည်အထိ စီစစ် မျိုးဖောက်ခဲ့ပါတယ်။

Dogo လေးတွေကို ကြီးမာတဲ့တိရစ္ဆာန်တွေကို အပျော်တမ်း အမဲလိုက်တဲ့ ကစားပွဲတွေ အတွက် အထူးမျိုးဖောက်ခဲ့သော်လည်း သူတို့လေးတွေဟာ ဥာဏ်ကောင်းပြီးသစ္စာရှိလွန်းတာကြောင့်
search and rescue dog ရဲခွေး
service dog နဲ့ မျက်မမြင်လမ်းပြခွေး တွေ အဖြစ် လေ့ကျင့်ပြီး သုံးလာခဲ့ကြပါတယ်။
ဒါ့အပြင် သူတို့လေးတွေကို
နာခံမှု ပြိုင်ပွဲ Schutzhund နဲ့ စစ်တပ်တွေမှာပါ သုံးဖို့ထိပါ ရည်ရွယ်လာ ကြပါပြီ။

Dogo Argentino လေးတွေကို လူတွေနဲ့ ခင်မင်ပြီး တခြားခွေးလေးတွေနဲ့ ပါအဆင်ပြေစေဖို့ သေချာစီစစ်မျိုးစပ်ထားခဲ့ရုံမက တိုက်ခန်း ခြံကျယ် မြို့့ထဲ မြိုပြင် ဘယ်နေရာတွေမှာ မဆို အသားတကျနေထိုင်တတ်စေဖို့ပါ မျိုးစပ်ထားခဲ့ပါတယ်။ အမွှေးတိုဖြစ်တာကြောင့် grooming မလိုအပ်ပါဘူး သူတျို့လေးတှကေို ရန်လိုတတ်တဲ့ ဗီဇ မပါအောင် အထူးတလည် မျိုးဖောက်ထားတာမို့ လူတွေကို ကိုက်တယ် အခြားတိရစ္ဆာန်လေးတွေကို တိုက်ခိုက်တယ် ဆိုတာ တော်တော်လေးကို ရှားပါးပါတယ်။ သေချာ လူတွေနဲ့ ထိတွေ့ဆက်ဆံတတ်စေဖို့ သင်ပေးထားပါက သူတို့လေးတွေဟာ လူတွေ နဲ့ ခင်မင်တတ်ပြီး ကလေးလေးတွေနဲ့ပါ စိတ်ချလို့ရတဲ့ ခွေးလေးတွေဖြစ်ပါတယ်။ သန်မာပြီး ယုံကြည်ချက်ပြည့်ဝတဲ့ခွေးလေးတွေ ဖြစ်တာကြောင့် တကောင်တည်း နေတတ်ပြီး အဖော်မမက်တတ်ပါဘူး။

ကျန်းမာရေးပြဿနာ အရ
Dogo လေးတွေဟာ
Dalmatian
Boxer အဖြူ နဲ့ Bull Terrier အဖြူတွေမှာ ဖြစ်တတ်လေ့ရှိတဲ့ ရောင်ခြယ်ဆဲလ်တွေနဲ့ ဆိုင်တဲ့ မျိုးရိုးလိုက်တတ်တဲ့ နားပင်းခြင်း ပြဿနာဖြစ်တတ်ပါတယ်။ နားပင်းခြင်း ဟာ ၁၀% လောက်ဖြစ်တတ်ပြီး တချို့ dogo တွေဟာ နားတဖက် တည်း မကြားရတာမျိုးလည်း ဖြစ်တတ်ပါတယ်။

Dogo Argentino လေးတွေကို မျိုးသုဉ်းသွားပြီဖြစ်တဲ့ Cordoba Fighting Dog တွေကနေ အခြေခံပြီး အမဲလိုက်ခွေးတွေ မျိုးဖောက်ခဲ့သော်လည်း တခြားခွေးတွေကို ရန်မလိုပဲ အတူပူးပေါင်း အမဲလိုက်တတ်စေဖို့ Cordoba တို့ရဲ့ရန်လိုတတ်တဲ့ ဗီဇကို ဖျောက်ဖျက်ပြီး စနစ်တကျ မျိုးဖောက်ခဲ့ကြပါတယ်။
သို့ပေမယ့်လည်း သူတို့ရဲ့ သန်မာ ဖျက်လက်မှု တွေကြောင့် တချို့နေရာတွေမှာ Dogo Argentinoတွေကို တိုက်ခွေးအဖြစ်တရားမဝင် အသုံးပြုကြဆဲဖြစ်ပါတယ်။

ထိုသို့မှားယွင်းစွာ အသုံးပြုမှုတွေကြောင့်Dogo Argentino တွေကို
Ukraine, Denmark, Iceland, Fiji, Australia, Singapore နဲ့ Cayman Island တွေမှာ မွေးခွင့်မပြုပါဘူး။ United Kingdom မှာလည်း Dangerous Dogs Act 1991 အရ Dogo Argentinoကို တရားဝင် ထောက်ခံမှု လက်မှတ်တွေ မရှိပါက မွေးခွင့်မရှိပါဘူး။

လူအများစု အဖို့ Dogo လေးတွေရဲ့ အသွင်အပြင်နဲ့ သူတို့ရဲ့ အခြေခံအရင်းမြစ်ဖြစ်တဲ့ Cordoba Fighting Dog တို့ကို တွေးပြီး ကြောက်ရွ ံ့ပြီး မမွေးရဲကြသော်လည်း တကယ် မွေးဖူးတဲ့သူတွေ အဖို့ သူတို့လေးတွေ ဘယ်လောက် သခင်တွေ အပေါ် သိတတ်လဲ ချစ်တတ်လဲ ကာကွယ်လိုလဲဆိုတာ သိကြမှာဖြစ်ပါတယ်။
Morocho ဆိုတဲ့ ခွေးလေး ဟာ ကလေး ၂ယောက်ကို အမေရိကန်ကျားသစ် လက်ထဲကနေ လွတ်မြောက်အောင် တိုက်ခိုက်ကာကွယ်ပေးခဲ့တဲ့ ခွေးလေးဖြစ်ပါတယ်။

Dogo လေးတွေနဲ့ ပတ်သက်ပြီး ပြောချင်တာကတော့
"Do not judge by appearances
A rich heart may be under a poor coat"

သူတို့လေးတွေ ရဲ့ ရုပ်အသွင်ပြင်ဟာ ကြောက်ဖို့ကောင်းပြီး အန္တရာယ်ရှိတဲ့ ပုံပေါ်နေပေမယ့် အမှန်တော့ မွေးကြည့်မယ်ဆိုရင် Dogo လေးတွေ အဖို့ ချစ်ဖို့ကောင်းပြီး ခင်မင်တတ်ကာ သခင်တွေ ကို နတ်ဘုရားလို ဘုရင်တပါးလို အမြဲ ကိုးကွယ် ကာကွယ်ပေးမယ့် အချစ်ကြီးတဲ့ ခွေးကောင်းလေးတွေပဲဖြစ်ပါတယ်နော်။
Credit; Elanor Charm





Address

Nutley, NJ

Alerts

Be the first to know and let us send you an email when YGN ခြံပေါက် ခွေး ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to YGN ခြံပေါက် ခွေး ရောင်းဝယ်ရေး:

Share

Category