05/24/2025
Hello At Woof Shopping ချစ်သူတို့ရေ🙋🏻♀️
အရင်ဆုံး အခုချိန်ထိသတိတရနဲ့ messages တွေပို့ပေးနေကြတာ ကျေးဇူးတင်ပါတယ်။ စာမပြန်ခဲ့တာ ခွင့်လွှတ်ကြပါ🙇🏻♂️
ကိုယ်အများကြီး Effort ထည့်ပြီး ကြိုးစားခဲ့တဲ့အလုပ်မို့ သံယောဇဉ်အများကြီးရှိတာ ကိုယ်အသိဆုံးပါ(ပစ္စည်းမှာတာ/ ဆိုင်အမည်ပေးတာ/Logo အစ ပစ္စည်းရောင်းတာ/ရောင်းဖို့လိုအပ်တာအကုန်အသေးစိပ်ကအဆုံး ကိုယ်တယောက်တည်းလုပ်ခဲ့တာ အမှတ်တရလိုပါပဲ)။ တနေ့ကျ
Onlineပဲမကဘဲ အပြင်ဆိုင်လေးပြန်ဖွင့်မယ်လို့ပါရည်ရွယ်ခဲ့တာမို့ Exp dateမပါတဲ့ပစ္စည်းတွေကို ခုထိStoreထဲ ထားထားတုန်းပါပဲ😌😌
ဒါပေမဲ့လည်း မနေ့ညက ဆုံးဖြတ်လိုက်တဲ့Decisionကြောင့် At Woof Shopping ကို NEW OWNER ထံ လွှဲပြောင်းချင်ပါတယ်။အဲ့ဒါကြောင့် စိတ်ဝင်စားတဲ့သူများ ဆက်သွယ်ပေးပါ။ ပစ္စည်းလက်ကျန်နဲ့အတူ၊ Pageပါလွှဲပြောင်းပေးချင်ပါတယ်။
(ကိုယ်လိုတကယ်ချစ်တဲ့New ownerမတွေ့ရင်တော့ လက်ကျန်ပစ္စည်းအားလုံးရောင်းပြီးပဲ နှုတ်ဆက်ပါမယ်)။
Ar Woofချစ်သူတွေလည်း စလုပ်ချင်တယ်၊ စိတ်ဝင်စားတယ်ဆို ပြောပေးပါ၊ ပြည်တွင်းဒိုင်တွေ၊ တရုတ်ကဝယ်တဲ့နေရာ/ထိုင်းက ဝယ်တဲ့နေရာတွေ ဘယ်လိုဝယ်ရလဲ၊ ဘယ်လိုသယ်ရလဲပါ အကုန်ပြောပြပေးပါမယ်။ စျေးရောင်းခဲ့တာ ရေရှည်အတွက် အရေးကြီးတဲ့အရာတွေလည်း မျှဝေပေးပါမယ်။
အားလုံးပဲ အမှတ်တရတွေအများကြီးရှိခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘဝရဲ့ Chapter တခုမှာ ဆုံတွေ့ခွင့်၊ စကားပြောခွင့်ရတာ ကျေးဇူးတင်ပါတယ်ရှင့်
AWSရဲ့ချစ်သူများလည်း ဒီPostလေးကိုShareပြီး နောက်ဆုံးအနေနဲ့ချစ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်🙆🏻♀️🙆🏻♀️
Looking for a new owner of At Woof Shopping