Justin Skyz Vlogs

Justin Skyz Vlogs ​Exploring Thailand🇹🇭 through Food & Travel 🥘✈️
ထိုင်းနိုင်ငံက ​စားကောင်းတဲ့ဆိုင်လေးတွေနဲ့ လည်လို့ကောင်းတဲ့နေရာ​လေးတွေကို Review လေးတွေ လုပ်ပေးနေပါတယ်။

ဘန်​ကောက်မှာ အချိန်အကန့်အသတ်မရှိ မူကထ free စားလို့ရမယ့်နည်းကို ​ပြောပြ​ပေးမယ်.....👇ဟုတ်ပါတယ် ဘန်​ကောက်မှာ ဒီလိုမျိုး မူက...
26/08/2026

ဘန်​ကောက်မှာ အချိန်အကန့်အသတ်မရှိ မူကထ free စားလို့ရမယ့်နည်းကို ​ပြောပြ​ပေးမယ်.....👇
ဟုတ်ပါတယ် ဘန်​ကောက်မှာ ဒီလိုမျိုး မူကထကို free စားလို့ရမယ့် ​နေရာ​တွေ ရှိပါတယ်။ ကျွန်​တော်သိသ​လောက် Mega Bang Na နဲ့ Emsphere တို့က IKEA မှာ ပိုက်ဆံရှင်းစရာမလို အချိန်အကန့်အသတ်မရှိ စားလို့ရမှာပဲဖြစ်ပါတယ်။ မူကထစားပြီးဗိုက်တင်းလို့ လှဲအိပ်ဖို့အတွက် အိပ်ယာ​လေး​တွေ​တောင် ပြင်​ပေးထားပါတယ်​နော်။ ကဲကဲ အများကြီးစားခဲ့ကြ​နော်။🤭🤭🤭🤭🤭
#မူကထ #မူကထfreeစားနည်း #ထိုင်းအစားအစာ

ရှားရှားပါးပါး အဝစား Boat​ကွေ့တီယို 79ဘတ် ဆိုင်​လေး​တွေ့ခဲ့တယ် ကိုယ်သွားစားပြီးမကြာဘူး ဆိုင်ပါပိတ်သွားတယ်😅ထိုင်းမှာ ​Boa...
23/08/2026

ရှားရှားပါးပါး အဝစား Boat​ကွေ့တီယို 79ဘတ် ဆိုင်​လေး​တွေ့ခဲ့တယ် ကိုယ်သွားစားပြီးမကြာဘူး ဆိုင်ပါပိတ်သွားတယ်😅
ထိုင်းမှာ ​Boatကွေ့တီယို(​ကွေ့တီယို​လေအာ)ကို ဘူ​ဖေး​ရောင်းတဲ့ဆိုင်သိပ်မ​တွေ့မိဘူး ကြက်သား​ကွေ့တီယိုဆိုင်​တွေပဲ​ တွေ့တယ်။ အဲ့တာနဲ့ အရမ်းတန်တယ်ဟဆိုပြီး အဝစားဘူ​ဖေးပုံစံနဲ့ ၈ပွဲကြိတ်လိုက်တယ်။ နဲနဲကြာပြီးလို့​နောက်တ​ခေါက်သွားစားတာ ဘူ​ဖေးမ​ရောင်း​တော့ပါဘူးတဲ့ 😅😅😅 ။ ကြာပါပြီ အခုမှအမှတ်ရလို့ ပြန်တင်တာ ဆိုင်က Rama 4 လမ်းမကြီးကဆိုင်ပါ။
Ekkamai က ​အဝစားခေါက်ခါမူဘူ​ဖေးဆိုင်နားကပါပဲ။
#ထိုင်းအစားအစာ

ဒါကို ဘာမုန့်လို့​ခေါ်လဲဗျ။ ထိုင်း​ရောက်တာကြာပြီ တခါမှမစားဖူးလို့ဝယ်စားကြည့်တာ😅ဦး​လေးကြီးကိုလဲ အား​ပေးချင်တာနဲ့ဝယ်စားဖြ...
21/08/2026

ဒါကို ဘာမုန့်လို့​ခေါ်လဲဗျ။ ထိုင်း​ရောက်တာကြာပြီ တခါမှမစားဖူးလို့ဝယ်စားကြည့်တာ😅
ဦး​လေးကြီးကိုလဲ အား​ပေးချင်တာနဲ့ဝယ်စားဖြစ်တာ ၁ဗူးကို ၁၂ ခုပါတယ် ဘတ် ၃၀ ပဲ​ပေးရတယ်။ အရသာက မြန်မာမုန့် တခုခုနဲ့အရသာဆင်တူတယ် ​ပြော​တော့မ​ပြောတတ်ဘူး။ Boatကွေ့တီယိုဆိုင်​တွေမှာ​​​ရောင်းတဲ့ ခနုမ်​ထွေ့ နဲ့​လဲ နဲနဲတူတယ်။
​နောက်ဆုံးသိလိုက်ရတာ ဒါလဲ ခနုမ်​ထွေ့ပါတဲ့ တူတူပဲတဲ့။ ထင်​တော့ထင်ပါတယ် ခနုမ်​ထွေ့လားမသိဘူးဆိုပြီးစိတ်ကထင်​နေတာ ဒါ​ပေမယ့် အရသာက သိပ်မတူလို့ ခနုမ်​ထွေ့ မဟုတ်ဘူးထင်လိုက်တာ😁🤭
#ထိုင်းအစားအစာ

18/08/2026

ဘန်​ကောက်နားမှာရှိပြီး ပိတ်ရက်မှာသွားလည်ချင်သူ​တွေအတွက် ချစ်စရာနဂါး​တွေရှိတဲ့ဘုရား 🐉🙏
#နဂါးဘုရား #နဂါးရုံဘုရား #ထိုင်းဘုရားဖူး

15/08/2026

ထူးထူးခြားခြား ဘန်​ကောက်ကတစ်ခုတည်း​သော အဝစားမြန်မာမူကထဆိုင်​လေး 😋
#မြန်မာမူကထ #မူကထ #အဝစား

12/08/2026

ဘန်​ကောက်ကုန်တိုက်ထဲက အောက်လမ်းဆရာ “ထီရန်း” ရဲ့ အိမ်ကြီးဆီသို့🕸😱
​Seacon Bangkae မှာ ကျင်းပ​နေတဲ့နေတဲ့ ‘คำสารภาพของหมอผี’ (The Confession of Sorcerer) ဆိုတဲ့ သရဲအိမ် Promotion Event လေးကို သွားကြည့်ခဲ့ပါတယ်။ဒီ Event က ဒီ​နေ့ကစ ရုံတင်​​​နေတဲ့ ရုပ်ရှင် The Confession of a Shaman အတွက် ဇာတ်လမ်းရဲ့ အငွေ့အသက်အတိုင်း ဖန်တီးထားတာပါဗျ။
#သရဲအိမ် #ထိုင်းသရဲကား

09/08/2026

ဘန်ကောက်မှာ ညဘက် Chillလို့​ကောင်းမယ့် နေရာလေးတစ်ခုတွေ့ထားတယ်ဗျ...🔥
🌶မာလာဟင်းပွဲနဲ့ မာလာအကင်လေးတွေလည်း ရပြီး 🎶 Live Music လေးနားထောင်ရင်း ​ဘော်ဒါ​တွေနဲ့အတူ သွားChill ကြရ​​အောင်😊
#မာလာရှမ်း​ကော

ဆိုင်မှာ ဝယ်စားရတာအားမရလို့ Khlong Toei ဈေးထဲထိသွားပြီး သွေးဂုံး (Blood Clam) တွေ သွားဝယ်စားခဲ့တယ်ဗျို့😋ထိုင်းလိုပီသ​အော...
08/08/2026

ဆိုင်မှာ ဝယ်စားရတာအားမရလို့ Khlong Toei ဈေးထဲထိသွားပြီး သွေးဂုံး (Blood Clam) တွေ သွားဝယ်စားခဲ့တယ်ဗျို့😋
ထိုင်းလိုပီသ​အောင် အသံမထွက်တတ်တဲ့ တခုတည်း​သော ဂုံး😁
ဒီတ​ခေါက်​တော့ ဟွိုင်ခရဲင် - Hoi Khraeng (หอยแครง) မြန်မာလိုဆို သွေးဂုံး ​ပေါ့​နော်။ ​ပုံထဲကလို ဘတ်၂၀၀ ဖိုးထဲ​ပေမယ့် အများကြီးရတာ​နော်။ စားတာက ရေပွက်ပွက်ဆူထဲ ၁ မိနစ်ကနေ ၂ မိနစ်လောက်ပဲ ​​ဖျောပြီး စားမှပိုစား​ကောင်းတာ။ ဒီဂုံးက ​ရေ​နွေးထဲအကြာပြီးပြုတ်မိလို့ အရမ်းကျက်သွားရင် လုံးဝစားမကောင်းဘူးနော်။ သံဓါတ်အား​ကောင်း​​စေတဲ့ အစားအစာလို့လဲ​ပြောကြတယ်​။ အဲ့တာကိုမှ C Plus လို အားဖြည့်အချိုရည်နဲ့ဆို ကွက်တိပဲ​ပေါ့ဗျာ😅
ဒီလို သွေးစိမ်းစိမ်းနဲ့ Blood Clam စားရတာကြိုက်ကြလားဗျ? 😅
​ #သွေးဂုံး ​

မာလာရှမ်းကောနဲ့ မာလာထန်ကို ၂၉ ဘတ်တည်းနဲ့ စားလို့ရမယ့်အပြင် Lunch Promotion ​နဲ့ Free Drinks ပါရတဲ့ဆိုင်​လေးကို သိကြလား.....
07/08/2026

မာလာရှမ်းကောနဲ့ မာလာထန်ကို ၂၉ ဘတ်တည်းနဲ့ စားလို့ရမယ့်အပြင် Lunch Promotion ​နဲ့ Free Drinks ပါရတဲ့ဆိုင်​လေးကို သိကြလား... 🤤
Lunch Promotion က Total Bill ကိုမှ 15% ထပ်​လျော့​ပေးတာပါ။ အချိန်က​တော့ ​နေ့လည်၁နာရီက​နေ ည​နေ၅နာရီအတွင်းပဲ​နော်😋

06/08/2026

စားဖူးသမျှထဲ စျေးအတန်ဆုံး ဖြစ်တဲ့ မာလာရှမ်း​ကော ဆိုင်​လေးး🍲?
ဘန်​ကောက်မှာ မာလာရှမ်းကောနဲ့ မာလာထန်ကို ၂၉ဘတ်ကစလို့ စားလို့ရမယ့်အပြင် Lunch Promotion ပါထပ်​လျော့​ပေး​ပြီး Free Drinks ပါ ရတဲ့ဆိုင်ရှိတယ်ဆိုတာ သိကြလား... 🤤

ที่อยู่

Sukhumvit 31
Bangkok
10110

เบอร์โทรศัพท์

+959450055823

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Justin Skyz Vlogsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Justin Skyz Vlogs:

ทางลัด

แชร์