Pets' Paradise Pet Shop

Pets' Paradise Pet Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pets' Paradise Pet Shop, No. 352, 5 floor, Mahabandula Street, Kyaukdata Township, Yangon.

19/08/2015

ခွေးစာကို စနစ်တကျ ချက်ပြုတ်နည်း

အိမ်မှာ လူတွေ နဲ့အတူအိပ်အတူစား တဲ့ခွေးလေးတွေ ကိုမွေးမြူတဲ့အခါ သာမန် ခြံစောင့်ခွေးတွေထက် သူတို့လေးတွေရဲ့ တကိုယ်ရည်သန့်ရှင်းရေးကအစ အလှအပအလယ် ကျန်မာရေးအဆုံး ကြီးမားတဲ့ တာဝန်ယူဂရုစိုက်မှူကတော့ ရှိသင့်ပါတယ်။

သူတို့လေးတွေဟာ လူမိသားစုဝင်ကဲ့သို့ နေထိုင်ခွင့်ရပြီးတဲ့နောက်မှာ အုပ်ထိန်းသူ အနေနဲ့ တာဝန်ယူမှူ အပေါ် လိုက်ပြီး သက်တန်းစေ့ နေထိုင်အသက်ရှင်ခွင့် ပိုရရှိနိုင်စေပါတယ်။ဒါမှ ကိုယ့်မိသားစုဝင်လေး စောစီးစွာ ကိုယ့်ဆီက မထွက်ခွာသွားမှာပေါ့။

နေ့စဉ် ဘရပ်ရှပ်လေး တွေနဲ့ ဖီးသင်ပေးသင့်သလို လစဉ်လဲ Front Line ဆိုတဲ့ ပိုးမွှားသေစေတဲ့
ဂုတ်အစက်ချဆေး ကိုလဲ ပုံမှန်မဖြစ်မနေ ချပေးဖို့လိုအပ်ပါတယ်။ ဒါမှ သန်းတွေမွှားတွေ ကင်းစင်မှာဖြစ်ပါတယ်။

တစ်ပါတ်တစ်ခါ သို့မဟုတ် အမွှေးလေးတွေရှည်လျားတဲ့ခွေးအမျိုးအစားကတော့ ၂ ပါတ်တစ်ခါ ရေမှန်မှန်ချိုးပေးသင့်ပြီး ရေချိုးတိုင်း သူတို့အတွက်သီးသန့် ထုတ်လုပ်တဲ့ နားသန့်ဆေးရည် ကို မဖြစ်မနေ ထည့်ပေးရမှာဖြစ်ပါတယ်။ ပြီးလျင် နားကြပ်တံလေးတွေနဲ့ သုတ်သင်ပေးရမှာပါ။ မစိုးရိမ်ပါနဲ့ခွေးလေးတွေရဲ့နားတွင်း ပုံသဏ္လန်ဟာကောက်ကွေ့တာမို့ တော်ရုံ တော့နားစည်ကို တိုက်ရိုက်မထိနိုင်ပါဘူး။

ခွေးလေးတွေ ရဲ့ သွားကျန်းမာရေးဟာ အင်မတန်အရေးကြီးတာမို့ သွားပွတ်တံ နုနုလေးတွေ နဲ့လဲ နေ့စဉ်မှန်မှန် တိုက်ပေးသင့်ပါသေးတယ်။ ခွေးလေးတွေအတွက်သီးသန့်သွားတိုက်ဆေးကို သူတို့လေးတွေအကြိုက်အရသာမျိုးစုံ ထုတ်လုပ် ထားတာရှိပါတယ်။

အဓိက ကတော့အစားအစာ ကျွေးမွေးမှူပုံစံပါ။

ကျွန်မတို့ မြန်မာ မိသားစု အချို့ ခွေးလေးတွေကို မွေးမြူကျွေးမွေးပုံစံတွေဟာ အလွန်ကို မှားယွင်းနေပါတယ်။

ခွေးလေးတွေကို သင်တကယ်ချစ်တယ်။ အကြာကြီး အသက်ရှည်ရှည်ကျန်းကျန်းမာမာ ချစ်ချင်တယ် ဆိုရင်တော့ ဒါတွေ ကိုလုံးဝ ရှောင်ကျဉ် ရပါမယ်။

၁ / ဆီကြော် မုန့် / ကြက်ကြော် /ငါးကြော်/ ကိုရီးယားကင် အစရှိတဲ့ လူစာတွေ

၂ / အချို မှုန့် ၊ ဆား ၊ သကြား

၃/ ကြက်အရိုး ငါးအရိုး ပေးကိုက်ခြင်း

၎ / လက်ဖက်ရည် / ကော်ဖီ

၅ / ရေခဲမုန့် ရေခဲချောင်း ( လူတွေစားတဲ့ရေခဲမုန့်ရေခဲချောင်းတွေမှာ သကြားဓါတ် လွန်ကဲစွာပါနေပါတယ်) ကျွေးချင်လျင် ကြက်သားပြုတ်ရည်လေးကို ရေခဲတုံးလေးပြုလုပ်ကျွေး နိုင်ပါတယ်။

၆ / ပေါင်မုန့် / အီကြာကွေး / နံပြား /ပေါက်စီ စသဖြင့် ( ဆော်ဒါတွေပါနေပါတယ် ) ပိစိလေး ကျွေးချင်ကျွေးပါ တကယ့်ပိစိလေး သာ

၇ / လက်ဖက်အကြော်, အသုတ်, စသည့် လူတို့စားနေကျ ပုံမှန် အစာတွေ တစ်ခုမျှ မကျွေးမွေးသင့်ပါဘူး။

၈ / တစ်နေ့ကို ၂ ကြိမ် တစ်ကြိမ်လျင် ၁၀၀g မှ ၁၅၀ g ထက်မပိုသော ခွေးစာ မှ လွဲရင် နေ့လည်နေ့ခင်းအတွက် ခွေးလေးတွေအတွက်သီးသန့် ပြုလုပ်ထားတဲ့ snack အနည်းငယ် သို့မဟုတ် အပျင်းပြေကိုက်ဝါး နိုင်အောင် ထုတ်ပေးတဲ့ Sticks လေးတစ်ချောင်း ( ထို့ထက်မပိုသင့်) ပေးနိုင်ပါတယ်။
အတိုချုပ်ပြောရလျှင် လူတွေစားသမျှ တစ်ခုမျှ မကျွေးသင့်တာပါပဲ။

အရိုးကျွေးချင်ရင်တော့ အမဲဒူးရိုးလိုမျိုး အရိုးကြီး တစ်ခုကို ခွေးလေးတွေ အရွယ်အစားပေါ်မူတည်ပြီး လွှဖြင့် အတုံးခပ်ကြီးကြီး ဖြတ် ကိုင်းခိုင်းနိုင်ပါတယ်။
ကိုက်ပါ့လေ့ တစ်နှစ်ကိုးသီတင်း ။

သင်နည်းနည်းပိုကျွေး မိတာနဲ့ သူတို့လေးတွေကို သင်တစ်နေ့ဒုက္ခရောက်စေအာင် လုပ်သလိုဖြစ်မှာပါပဲ။

ဒါဆိုရင် သူတို့လေးတွေကို လေ့ကျင့်ခန်း အနေနဲ့ ခပ်ဝေးဝေး ပြေးခိုင်း လမ်းလျှောက်ခိုင်းရမှာပါ။ လူတွေလိုပေါ့လေ။

ဒါမှ သင်ချစ်တဲ့ ပါပီလေး ဟာ သင်နဲ့အတူ သက်တမ်းစေ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားခွင့်ရမှာပါ။ သူ့ရဲ့ အိုမင်းတဲ့ကာလ မှာလဲ ပြင်းထန်တဲ့ နာမကျန်းမှုတွေကို သင်စိတ်မကောင်းကြီးစွာ မြင်တွေ့ခွင့်ရဖို့ နည်းပါးပါလိမ့်မယ်။

သင်တကယ်ပဲ သင့်ခွေးလေးကို ချစ်တယ်ဆိုရင် သင်နည်းနည်းလေး ပိုအလုပ်များ ခံလိုက်ပါနော်။

ကျွန်မ အခု တင်ပေးမယ့် ခွေးစာချက်နည်းလေးဟာ ခွေးလေးတစ်ကောင်အတွက် ၂ ပါတ်စာ ပါ။

အစာခြောက်စားတတ်တဲ့ခွေးလေးတွေ ဆိုလျင်တော့ မနက်ကို50 g နှင့်အတူ အစာခြောက် 50g ရောကျွေးနိုင်ပါတယ်။ ပိုကျွေးလေ ပိုအသက်တိုရောဂါများလေပဲနော့် ။

ကလေးလေးတွေ ဝ တာကို ချစ်စရပိုကောင်းတယ်ထင်ပြီး အစားတွေစွတ်ကျွေး ပြီး အချစ်မှားတဲ့မိဘ လိုမျိုး သင်လဲ တစ်နေ့ ယူကျုံးမရ ဖြစ်ရလိမ့်မယ်။

လိုအပ်သည်များကတော့

၁။ ဆန်လုံးညို (သို့) ဆန်ကြမ်း ၄ ခွက်

၂။ အသီးအနှံ အစုံ 1000g မှ 1200 g

၃။ ကြက်သား ကြိတ်သား (သို့) ငါး အသားချည်း (သို့) ပုဇွန် အခွံမပါ (သို့) အမဲသားကြိတ်သား 800 g

မှတ်ချက် ။ ဝက်သားလုံးဝ မကျွေးရပါ။ အမွှေးအလွန်ကျွတ်တတ်လို့ပါရှင်။

၎ ။ ကြက်ဥ ၂ လုံး

သတိပြု ရမှာက ဆား / အချိုမှုန့် / ငံပြာရည်/ ကြက်သားမှုန့် စသည့် တို့ လုံးဝ အသုံးမပြုရပါ။
ကြက်သွန်ဖြူ အနည်းငယ်ထည့်လိုကထည့်နိုင်ပါတယ်။
ပုံလေးတွေထောက်ကြည့်ပါ။ တစ်ပုံချင်းစီမှာ စာလေးတွေတွဲပါပါတယ်။

သည်Post လေးဟာ ခွေးလေးတွေကိုစနစ်တကျ မွေးမြူ လိုသူတို့အတွက် သိသလောက် မှတ်သလောက် တင်ပြခြင်းသာဖြစ်ပါတယ်။ တကယ်တော့ ကျွန်မ မှာ အလွန်ချစ်ရတဲ့ခွေးလေး မရှိတော့ကထဲက အခုထိ ဘယ်ခွေးလေးကိုမှ အစားထိုးချစ်မရသေးပါဘူး။

နောင်တစ်ချိန် ခွေးလေးတစ်ကောင်မွေးခွင့်ရခဲ့လျင်တော့ ခုလိုပဲ ကျွေးမွေးစောင့်ရှောက်နိုင်မှ မွေးပါတော့မယ်။ သူတို့လေးတွေ အသက်ရှည်ရှည် အနာကင်းကင်း ရှိကြပါစေ။

ပေးသောစေတနာ ယူတတ်သူရပါစေ။

လေးစားချစ်ခင်လျက်

မနတ်သမီး

13/08/2015
13/08/2015
09/08/2015
Code: Dogclothes09410124Price: 4500 KyatsSize - XXS, XS, S, M, L. XL, XXLPet's Paradise Viber  09448018096
06/08/2015

Code: Dogclothes09410124
Price: 4500 Kyats
Size - XXS, XS, S, M, L. XL, XXL

Pet's Paradise Viber 09448018096

Preorder Items များဖြစ်တဲ့အတွက် စောင့်ဆိုင်းကာလ နှစ်ပတ်မှ သုံးပတ်ဖြစ်ပါတယ်။

မှာယူလိုသူများအနေနဲ့

မှာယူလိုသော product ၏ ဓာတ်ပုံ

မှာယူလိုသူ၏နာမည်

ဖုန်းနံပါတ်

နေရပ်လိပ်စာအပြည့်အစုံ

မှာယူလိုသော size/color တို့ကို ပြည့်စုံစွာ ရေးသားပြီး Pet's Paradise Online Shop ၏ facebook message box သို့လည်းကောင်း၊viber:09448018096 သို့လည်းကောင်းပေးပို့မှာယူနိုင်ပါတယ်ရှင်…

နယ် customer များအနေနဲ့ order မှာယူပါက ကျသင့်ငွေကို ကြိုတင်ပေးချေရမှာဖြစ်ပါတယ်...

KBZ (ဗိုလ်တထောင်ဘဏ်ခွဲ)

အကောင့်နာမည် = ကိုထွန်းအောင်ဖြိုး

အကောင့်နံပါတ် = 04510104501356501

(သို့မဟုတ်)

CB (လသာ) ATM အ ကောင့်

အကောင့်နာမည် = ကိုထွန်းအောင်ဖြိုး

အကောင့်နံပါတ် = 0010100100021318

သို့ ငွေလွှဲပေးရမှာဖြစ်ပါတယ်ရှင်.. နယ် customer များငွေလွှဲပြီးပါက Pet's Paradise Online Shop သို့ငွေလွှဲပြီးကြောင်း အကြောင်းကြားမှသာ order confirm ဖြစ်ပါမယ်နော်.

order မှာပြီး cancel လုပ်လိုပါက မှာယူပြီး 24 နာရီအတွင်းသာ Fashion City Online Shop သို့အကြောင်းကြားပြီး order cancel လုပ်နိုင်ပါတယ်..

မှာယူသော ပစ္စည်းတွင် ချို့ယွင်းချက် တစ်စုံတစ်ရာ ပါရှိခြင်း၊ဒီဇိုင်းမှားယွင်းနေခြင်း၊size အဆင်မပြေခြင်းများဖြစ်မှသာ ပစ္စည်းရရှိပြီး 3ရက် အတွင်း Fashion City Online Shop သို့ အကြောင်းကြားပြီး ပြန်လည်လဲယူနိုင်ပါတယ်ရှင်....

Pet's Paradise Online Shop မှ မှာယူအားပေးသော ရန်ကုန်မြို့တွင်း customer များအားလုံးအတွက် Free Delivery Service ဖြစ်တာကြောင့် product ရောက်သည်နှင့် အိမ်တိုင်ရာရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

နယ် customer များကိုလည်း သက်သာသော နယ်ပို့ခနှုန်းထားဖြင့် နယ်ဂိတ်အရောက်ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။

Fashion City Online Shop ကို အစဉ်အမြဲအားပေးကြသော customer များအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်… ^_^

31/07/2015
26/07/2015

အိမ်မွေးတိရိစ္ဆာန်တွေနဲ့ အချိန်ကုန်ဆုံးခြင်းဟာ စိတ်ဖိစီးမှု ပမာဏ တွေကို လျော့ကျစေနိုင်

သင့်ရဲ့ အိမ်မွေးခွေးလေး ဟာ ကြမ်းပြင်ပေါ်လူးလိမ့်ပြီး ဆော့ကစားနေတာကို ကြည့်ရတာဟာ သင့်ကို ရယ်မောစေနိုင်ပါတယ်။ သင်ဟာတစ်ယောက်ထဲမဟုတ်ဘူးဆိုတဲ့ ခံစားမှုကိုလည်း ရရှိစေနိုင်ပါတယ်။

အခုချိန်မှာတော့ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ အချိန်ကုန်ဆုံးခြင်းဟာ စိတ်ဖိစီးမှု ပမာဏ တွေကို လျော့ကျစေနိုင်ပြီး သင့်ကို ကျန်းမာရေး ကောင်းမွန်စေနိုင်တယ်လို့ သုတေသန တစ်ခုက ပြသလိုက်ပါတယ်။

အချက်အလက် နဲ့ ဆိုရမယ်ဆိုရင်တော့ အိမ်မွေးတိရိစ္ဆာန် တွေ နဲ့ အချိန်ကုန်ဆုံးစေခြင်းဟာ သင့်အတွက် မိသားစုဝင်တစ်ယောက်ရဲ့ လူမှုရေး အထောက်အပံ့ တစ်ခုကို ရလိုက်သလိုပဲ ကောင်းမွန်စေနိုင်တယ်လို့ လူသား-အိမ်မွေးတိရိစ္ဆာန် ဆက်စပ်မှု ကျွမ်းကျင်သူ Mia Cobb ကဆိုပါတယ်။

ဒါ့အပြင် Monash တက္ကသိုလ်ကနေ PhD ဒေါက်တာဘွဲ့ရရှိထားတဲ့ Mrs Cobb က ပြောကြားခဲ့တာကတော့ သင့်ရဲ့ အိမ်မွေးကြောင်လေးကိုဖက်ထားခြင်းဟာ သင့်ကို Oxytocin ဆိုတဲ့ ပျော်ရွှင်မှု ဟော်မုန်းတွေကို ထုတ်လွှတ်ပေးနိုင်တယ်လို့ သိရပါတယ်။ ထို ဟော်မုန်းတွေကတော့ သင့်ကို စိတ်ဖိစီးမှု တွေ လျော့ကျအောင် နဲ့ သင့်ရဲ့ နှလုံးခုန်နှုန်းတွေ ပုံမှန်ပြန်ဖြစ်လာအောင် အရှိန်အဟုန်မြှင့်ပေးနိုင်တယ်လို့လည်း Mrs Cobb က ဆိုပါတယ်။

လူတွေဟာ လူမှုရေးအရေ ပစ်ပယ်ခံထားရချိန် (သို့) ဝေးကွာနေတယ်လို့ ခံစားနေရချိန်တွေမှာ သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေအကြောင်း စာများ ရေးသားခြင်းဟာ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေအကြောင်း ရေးရသလိုပဲ စိတ်ခံစားချက်တွေကို ပြန်လည်ကောင်းမွန်စေနိုင်တယ်လို့လည်း လေ့လာမှု တစ်ခုက ပြသလိုက်ပါတယ်။ ဒါပေမယ့်လည်း လူတစ်ချို့အတွက် တော့ အိမ်မွေးတိရိစ္ဆာန် နဲ့ အနီးကပ်နေခြင်းဟာ စိတ်ထဲမှာ ကသိကအောက် ဖြစ်တဲ့ ခံစားမှု မျိုးကိုခံစားနေရရင်တော့ မိမိ နဲ့ အဆင်ပြေမယ့် အခြား အိမ်မွေးတိရိစ္ဆာန် တစ်မျိုးကို ပြောင်းလဲ မွေးမြူဖို့လိုပါလိမ့်မယ်။

ဒါ့အပြင် Mrs Cobb ရဲ့ တိုက်တွန်း အကြံပေးချက်အရ အိမ်မွေးတိရိစ္ဆာန် တစ်ကောင်ကို အိမ်မှာမွေးထားတာက သာ လူတွေအတွက် ကောင်းကျိုးရှိတာမဟုတ်ပဲ အလုပ်ထဲမှာ အိမ်မွေးတိရိစ္ဆာန်တွေ မွေးမြူထားခြင်းဟာလည်း ၀န်ထမ်းတွေကို တစ်ဦးနဲ့ တစ်ဦး ပိုမို ရင်းနှီးသွားစေနိုင်တယ်လို့လည်း သိရပါတယ်။

( Mario )

Credit: သစ်ထူးလွင်

>.www.facebook.com/fashioncitymm>www.fashioncitymm.com

Address

No. 352, 5 Floor, Mahabandula Street, Kyaukdata Township
Yangon
111186

Telephone

9448018096

Website

Alerts

Be the first to know and let us send you an email when Pets' Paradise Pet Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share