Yangon Equestrian & Country Club

Yangon Equestrian & Country Club Equestrian Country Club. Horse Riding, Dressage & Jumping Training Club.

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏 ယ​နေ့ ၂၄-၀၆-၂၀၂၅ ရက်​နေ့တွင် "ရန်ကုန်မြင်းစီးအသင်း"မှ အားကစားသမား "နန်းကိုဝင်း" ၊ "Mo Riding ...
24/06/2025

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏

ယ​နေ့ ၂၄-၀၆-၂၀၂၅ ရက်​နေ့တွင် "ရန်ကုန်မြင်းစီးအသင်း"မှ အားကစားသမား "နန်းကိုဝင်း" ၊ "Mo Riding Club" မှ အားကစားသမား "သန်းနိုင်​အောင်" ၊ အားကစားသမား "​ကောင်းမြတ်သူ"တို့သည် "မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်"မှ National Coach, "ရန်ကုန်မြင်းစီးအသင်း"မှ ဒုတိယဥက္ကဌ "မအိသက်မွန်"တို့နှင့်အတူ ထိုင်းနိုင်ငံ ထွက်ခွာသွားပြီဖြစ်ပါသည်။ ယခုခရီးစဥ်သည် မြန်မာမြင်းစီးအားကစားသမားများ ထိုင်းနိုင်ငံကို ဒုတိယအကြိမ်သွားရောက်၍ Camp ဝင်လေ့ကျင့်ကြခြင်းဖြစ်ပါသည်။ 2025 December လတွင်ထိုင်းနိုင်ငံတွင်ကျင်းပမည့် Seagames ပြိုင်ပွဲတွင်ပါဝင်မည့် Eventing ပွဲအတွက် လေ့ကျင့်မှုများ ပြုလုပ်မှာဖြစ်ပါသည်။ လေ့ကျင့်မှုများပြီးသွားလျှင် 27th June တွင်ပြုလုပ်မည့် FEI Eventing World Challenge ပြိုင်ပွဲဝင်ခွင့်ရခဲ့လျှင် တစ်ခါထဲ ပြိုင်ပွဲတွင် ပါဝင်ကြမှာဖြစ်ပါတယ်ရှင် 😊😊😊 ။

ယခုကဲ့သို့ မြန်မာနိုင်ငံမြင်းစီးအားကစား​လောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြုလုပ်​​ဆောင်ရွက်ပေး​နေပါ​သော မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်နှင့် အဘက်ဘက်မှပံ့ပိုးကူညီ ​ဆောင်ရွက်​ပေး​နေကြပါ​သော မြင်းချစ်သူဝါသနာရှင် ၊ ပညာရှင်အပါအဝင် တတ်နိုင်သည့်ဘက်မှ ကူညီ​ထောက်ပံ့​ပေး​နေကြပါ​သော တစ်ဦးတစ်​ယောက်ချင်းစီတိုင်းကို ​ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ မြင်းချစ်သူမြင်း​လောကသားများအားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါ​စေလို့ "ရန်ကုန်မြင်းစီးအသင်း" မိသားစုဝင်များမှ ဆု​တောင်း​​ပေးလိုက်ရပါတယ်ရှင် 🙏🙏🙏

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏 မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သည် ဇွန်လအတွင်းကျ​ရောက်မည့် ကမ္ဘာ့အိုလံပစ်အထိမ်းအမှတ် S...
09/06/2025

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သည် ဇွန်လအတွင်းကျ​ရောက်မည့် ကမ္ဘာ့အိုလံပစ်အထိမ်းအမှတ် Steward Course သင်တန်းအား ၈-၀၆-၂၀၂၅ ခုနှစ်တွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်​(မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ကွင်း၌ ​အောင်မြင်းစွာကျင်ပပြုလုပ်နိုင်ခဲ့ပါသည်။ ပထမဦးစွာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးပြုံး​​​မောင်​​မောင်မှ အဖွင့်အမှာစကား​ပြောကြားပြီး ယခုကဲ့ Steward Course အားဖွင့်လှစ်သင်ကြား​ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ ပြိုင်ပွဲများတွင် Steward များ၏အခန်းကဏ္ဍ အ​ရေးကြီးပုံများ အစရှိသည်တို့ကို ​​အ​သေးစိပ်ပြောကြားခဲ့ပါသည်။ ယခုသင်တန်းသည် ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ်၏ ကြီးကြပ်မှူဖြင့်ဖွင့်လှစ်ခဲ့​သော Level 1 Stewarding သင်တန်းသို့ မြန်မာနိုင်ငံမြင်းစီးအားကစားဖွဲ့ချုပ်မှ တက်​ရောက်ခွင့်ရခဲ့သည့် ဗဟိုအလုပ်အမှူ​​ဆောင် ​ဒေါ်ခင်နှင်းပွင့်ပြုံး ၊ အမှူ​​​ဆောင် ဦးချမ်း​မြေ့ဝင်းနှင့် အမှူ​​ဆောင် ​ဒေါ်ဇွန်ပွင့်​​အောင်တို့မှ စာ​​တွေ့၊ လက်​တွေ့ သင်ကြားပို့ချ​ပေးခဲ့ပါသည်။

Steward Course သင်တန်းတွင် "ရန်ကုန်မြင်းစီးအသင်း"မှ အားကစားသများများ ၊ မြင်းပိုင်ရှင်များ၊ မြင်းပညာရှင်များ ၊ Trainer များ ၊ မြင်းထိန်းများ၊ မြင်းဝါသနာရှင်များ တက်​ရောက်ခဲ့သည့်အပြင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဥက္ကဌများ၊ မြင်းပညာရှင်များ၊ ဝါသနာရှင်များအပြင် Club အသင်းအသီးသီးများမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ ၊ မြင်းနှင့်အသက်​မွေးဝမ်း​ကြောင်းပြုသူများ အစရှိသည်တို့တက်​ရောက်ခဲ့ကြပါသည်။

မြင်းချစ်သူဝါသနာရှင်၊ ပညာရှင်များအားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါ​စေလို့ "ရန်ကုန်မြင်းစီးအသင်း" မိသားစုဝင်များမှ ဆု​​တောင်း​မေတ္တာ ပို့သလိုက်ရပါတယ်ရှင် 🙏🙏🙏

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏 မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် (MEF) မှ ဖွင့်လှစ်သင်ကြားပို့ချ​ပေးမည့် Steward Couers...
07/06/2025

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် (MEF) မှ ဖွင့်လှစ်သင်ကြားပို့ချ​ပေးမည့် Steward Couerse သင်တန်းဖြစ်ပါတယ်ရှင်။ စိတ်ပါဝင်စားပြီး တက်​ရောက်လိုသူများ အ​သေးစိပ်အချက်အလက်များကို ဖတ်ရှူ့ပြီး တက်​ရောက်နိုင်ပါတယ်ရှင် ❤️❤️❤️

မြင်းချစ်သူ မြင်း​လောကသားများအားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါ​စေလို့ "ရန်ကုန်မြင်းစီးအသင်း" မိသားစုဝင်များမှ ဆု​​တောင်း​မေတ္တာ ပို့သလိုက်ရပါတယ်ရှင် 🙏🙏🙏

------------------------------------------------

(pencil)(pencil)[STEWARDING WORKSHOP](pencil)(pencil)
------------------------------------
အားလုံး မင်္ဂလာပါ။
လာမည့် ဇွန်လ ၈ ရက် တနင်္ဂနွေနေ့တွင်
Steward Course သင်တန်း ပို့ချရန်
စီစဉ်ထားပါသည်။ Steward ပညာရပ်နှင့်
ပတ်သက်ပြီး စိတ်ဝင်စားသူများ၊ လက်ရှိ
Steward အဖြစ် လုပ်ကိုင်ဆောင်ရွက်နေသူများ၊
အထူးသဖြင့် ပြိုင်ပွဲဝင်မြင်းပိုင်ရှင်များ အနေဖြင့်
စိတ်ပါဝင်စားပါက တက်ရောက်နိုင်ကြောင်း
သတင်းကောင်းပါးအပ်ပါသည်။
အဆိုပါ ပုဂ္ဂိုလ်များအပြင် အခြား
စိတ်ဝင်စားသူ မည်သူမဆို
တက်ရောက်နိုင်ပါသည်။
တက်ရောက်လိုသူများအနေဖြင့်
ဦးစိုးထွန်းထံတွင် စာရင်းသွင်းနိုင်ပါသည်။

နေ့ရက် - ၈-ဇွန်လ- ၂၀၂၅
သင်တန်းချိန် - မနက် ၁၀ နာရီ မှ
ညနေ ၄ နာရီအထိ
သင်တန်းပို့ချမည့်သူများ -
ဦးချမ်းမြေ့ဝင်း၊ ဒေါ်ခင်နှင်းပွင့်ပြုံး၊ ဒေါ်ဇွန်ပွင့်အောင်

သင်ကြားမည့် အကြောင်းအရာများ -

- HORSEMANSHIP
(မြင်းများ ဘေးကင်းလုံခြုံရန်၊
နှိပ်စက်ညှင်းပန်းခံရခြင်းမှ
ကင်းဝေးစေရန် ကာကွယ်ခြင်း)

- INTRODUCTION TO STEWARDING DUTIES
(Steward တစ်ဦး၏ တာဝန်များကို မိတ်ဆက်ရှင်းပြခြင်း)

- THE FLOW OF COMMUNICATION
(Steward နှင့် ပြိုင်ပွဲအတွင်းရှိ အခြား
တာဝန်ရှိသူများကြားမှ
ဆက်သွယ်မှုလမ်းကြောင်းများ)

- HORSE INSPECTION PROTOCOLS
(ပြိုင်ပွဲမစခင် မြင်း၏ ကျန်းမာရေး
စစ်ဆေးရာတွင် စီစဉ် /
လိုက်နာရမည့် လုပ်ငန်းစဉ်များ)

- VET INSPECTION PROTOCOLS
(ပြိုင်ပွဲမစခင် မြင်းများ၏
တားမြစ်ဆေးအသုံးပြုမှုဆိုင်ရာ
စစ်ဆေးခြင်းများနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ)

- STABLE PROTOCOLS
(ပြိုင်ပွဲတွင် အသုံးပြုသည့် မြင်းဇောင်းအတွင်း
လိုက်နာရမည့် လုပ်ငန်းစဉ်များ)

- WARM UP/ SCHOOLING / TRAINING PROTOCOLS
(လေ့ကျင့်သည့်နေရာ၊ သွေးပူလေ့ကျင့်ခန်းနေရာများနှင့်
သက်ဆိုင်သော လုပ်ငန်းစဉ်များ)

- PRE - COMPETITION PROTOCOLS
(ပြိုင်ပွဲမစခင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ)

-COMPETITION PROTOCOLS
(ပြိုင်ပွဲအတွင်း လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ)

- POST - COMPETITION PROTOCOLS
(ပြိုင်ပွဲအပြီးတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ)

- EMERGENCY / BLOOD PROTOCOL
(အရေးပေါ်အခြေတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ)

- FURTHER STUDIES, CONCLUSION
(ဆက်လက်လေ့လာနိုင်ရန်
လမ်းညွှန်ချက်များနှင့် သင်ခန်းစာ နိဂုံး)
(pencil)(pencil)++++(pencil)(pencil)

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏 ၂၀၂၅ ခုနှစ် ၊ ​မေလ(၃၁)ရက်​နေ့တွင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ MEF CUP နိုင်ငံတကာ...
06/06/2025

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏

၂၀၂၅ ခုနှစ် ၊ ​မေလ(၃၁)ရက်​နေ့တွင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ MEF CUP နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲအား ​အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။ MEF CUP တွင် Show Jumping new horse competation 40-60 cm (art 239 Table C) , Show Jumping 60-80 (art 269 accumulator) နှင့် Dressage competation 2025 FEI Eventing CCI 1* dressage Test A ပြိုင်ပွဲတို့ကို ထည့်သွင်းကျင်းပပြုလုပ်ခဲ့ကြပါသည်။ ပြိုင်ပွဲတွင် "ရန်ကုန်မြင်းစီးအသင်း"အပါအဝင် မြင်းစီး Club များမှပါဝင်ယှဥ်ပြိုင်ကြပြီး ဆုအသီးသီးတို့ကို ရရှိခဲ့ကြပါသည်။

မြင်းချစ်သူ​မြင်း​လောကသားများအားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါ​စေလို့ ရန်ကုန်မြင်းစီးအသင်း" မိသားစုဝင်များမှ ဆုမွန်​​ကောင်း​တောင်း​​ပေးလိုက်ရပါတယ်ရှင် 🙏🙏🙏

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏 မြင်းများတွင် **ဝဲယားနာ (Mange)** ဖြစ်ပွားခြင်းသည် အရေပြားယားယံပြီး အနာဖြစ်စေနိုင်သော အလွန်ကူ...
27/05/2025

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏

မြင်းများတွင် **ဝဲယားနာ (Mange)** ဖြစ်ပွားခြင်းသည် အရေပြားယားယံပြီး အနာဖြစ်စေနိုင်သော အလွန်ကူးစက်လွယ်သည့် အရေပြားရောဂါတစ်မျိုးဖြစ်သည်။ ဝဲယားနာကို **အမျိုးအစား ၂ မျိုး** ခွဲထားနိုင်ပြီး၊ ဖြစ်စေသော ကပ်ပါးကောင်အလိုက် ကုသမှုနည်းလမ်းများ ကွဲပြားနိုင်သည်။

---

# # # **၁။ ဖြစ်ရခြင်းအကြောင်းရင်း**
ဝဲယားနာကို **ကပ်ပါးကောင် (Mites)** များက အရေပြားအတွင်းတွင် ဝင်ရောက်နေထိုင်ပြီး ဖြစ်စေသည်။ အဓိကကပ်ပါးကောင် ၂ မျိုးမှာ -
- **Sarcoptic Mange (Sarcoptes scabiei)** – အရေပြားအတွင်းတွင် တူးဖော်နေထိုင်ကာ ပြင်းထန်သောယားယံမှုနှင့် အနာဖြစ်စေသည်။
- **Demodectic Mange (Demodex spp.)** – ဆံခြည်မျှင်အိတ် (hair follicles) ထဲတွင် နေထိုင်ပြီး ယားယံမှုနည်းသော်လည်း အမွေးကျွတ်ခြင်း၊ အရေပြားထူခြင်းများ ဖြစ်စေနိုင်သည်။

**ကူးစက်ပုံ**
- ရောဂါပိုးရှိသော မြင်းမှ တိုက်ရိုက်ထိတွေ့ခြင်း (ပစ္စည်းမျှဝေသုံးစွဲခြင်း၊ ကုတင်ချင်း ထိခြင်း)
- ပတ်ဝန်းကျင်မှ ကပ်ပါးကောင်များ ကူးစက်ခြင်း

---

# # # **၂။ လက္ခဏာများ**
- အရေပြားယားယံခြင်း (မြင်းများ ကုတ်ဖဲ့ခြင်း၊ နံရံနှင့်ပွတ်ခြင်း)
- အမွေးကျွတ်ခြင်း၊ အရေပြားအကွက်များဖြစ်ခြင်း
- အရေပြားတွင် အနီကွက်များ၊ အနာဖေးများ၊ ပိုးဝင်ခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်း (နာတာရှည်ဖြစ်ပါက)

---

# # # **၃။ ကုသနည်းများ**
# # # # **(က) ဆေးဝါးဖြင့်ကုသခြင်း**
- **Ivermectin (သို့) Doramectin** – ထိုးဆေး/လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပြီး Sarcoptic Mange အတွက် ထိရောက်သည်။
- **Selamectin (Revolution)** – အရေပြားပေါ်တွင် လိမ်းရသော ဆေးဖြစ်သည်။
- **ပိုးသတ်ဆေးရည် (Mitaban, Lime Sulfur Dip)** – မြင်းကို ရေချိုးပေးခြင်းဖြင့် ကပ်ပါးကောင်များကို သေစေနိုင်သည်။

# # # # **(ခ) ပတ်ဝန်းကျင်သန့်ရှင်းရေး**
- မြင်းခြံ၊ အိပ်ရာခင်း၊ ကုန်းတိုက်တံများကို ပိုးသတ်ဆေးဖြင့် သန့်စင်ပါ။
- ရောဂါရှိသော မြင်းကို သီးသန့်ခွဲထားပါ။

# # # # **(ဂ) အာဟာရဖြည့်တင်းခြင်း**
- ကိုယ်ခံအားကောင်းစေရန် ဗီတာမင်နှင့် အာဟာရပြည့်ဝသော အစာများ ကျွေးပါ။

# # # # **(ဃ) သဘာဝနည်းလမ်းများ**
- **အုန်းဆီ (သို့) သံလွင်ဆီ** – အရေပြားယားယံမှုကို သက်သာစေသည်။
- **ကြက်သွန်ဖြူနှင့် သံပရာရည်** – ပိုးမွှားများကို ဖယ်ရှားရန် အရေပြားပေါ်တွင် လိမ်းပေးနိုင်သည် (သို့သော် မြင်းအရေပြားနှင့် ဓာတ်မတည့်မှုရှိမရှိ စမ်းသပ်ပါ)။

---

# # # **၄။ ကာကွယ်ရန်**
- မြင်းအသစ်များကို ခြံထဲသို့ မဝင်မီ ကျန်းမာရေးစစ်ဆေးပါ။
- အခြားမြင်းများနှင့် ပစ္စည်းမျှဝေသုံးစွဲခြင်းကို ရှောင်ပါ။
- ပုံမှန်အရေပြားစစ်ဆေးမှုပြုလုပ်ပါ။

ဝဲယားနာသည် စောစီးစွာကုသပါက အလွယ်တကူပျောက်ကင်းနိုင်သော်လည်း၊ နာတာရှည်ဖြစ်ပါက မြင်း၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်။ ထို့ကြောင့် လက္ခဏာတွေ့ပါက နီးစပ်ရာ မွေးကုဆရာဝန်နှင့် ပြသပါ။

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏 "ရန်ကုန်မြင်းစီးအသင်း"ရှိ သင်တန်းအချိန်များကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်ပါပြီရှင် ...
21/05/2025

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏

"ရန်ကုန်မြင်းစီးအသင်း"ရှိ သင်တန်းအချိန်များကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်ပါပြီရှင် 🐎🐎🐎

မြင်းချစ်သူ မြင်း​လောကသားများအားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါ​စေလို့ "ရန်ကုန်မြင်းစီးအသင်း" မိသားစုဝင်များမှ ဆု​​တောင်း​မေတ္တာ ပို့သလိုက်ရပါတယ်ရှင် 🙏🙏🙏

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏 "ရန်ကုန်မြင်းစီးအသင်း"တွင် လာ​ရောက်မြင်းစီးမည်ဆိုပါက ​​လိုအပ်သည့်ပစ္စည်းများဖြစ်ပါတယ်ရှင် 🐎🐎🐎...
20/05/2025

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏

"ရန်ကုန်မြင်းစီးအသင်း"တွင် လာ​ရောက်မြင်းစီးမည်ဆိုပါက ​​လိုအပ်သည့်ပစ္စည်းများဖြစ်ပါတယ်ရှင် 🐎🐎🐎

မြင်းချစ်သူ မြင်း​လောကသားများအားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါ​စေလို့ "ရန်ကုန်မြင်းစီးအသင်း" မိသားစုဝင်များမှ ဆု​​တောင်း​မေတ္တာ ပို့သလိုက်ရပါတယ်ရှင် 🙏🙏🙏

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏၁၈-၅-၂၀၂၅ ရက်​နေ့ (Sunday) တွင် "ရန်ကုန်မြင်းစီးအသင်း"၌ June လ (၁)ရက်​နေ့တွင်ကျင်းပပြုလုပ်မည့်...
19/05/2025

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏

၁၈-၅-၂၀၂၅ ရက်​နေ့ (Sunday) တွင် "ရန်ကုန်မြင်းစီးအသင်း"၌ June လ (၁)ရက်​နေ့တွင်ကျင်းပပြုလုပ်မည့် "ရန်ကုန်မြင်းစီးအသင်း (YECC)" ၏ အလုပ်အမှူ​ဆောင်များ​ရွေးချယ်တင်​မြှောက်ခြင်းအခမ်းအနားအား ပြုလုပ်ရန်အတွက် အစည်းအ​ဝေးတစ်ခု ပြုလုပ်ခဲ့ပါသည်။ အစည်းအ​​ဝေးတွင် နာယကကြီး "ဦး​ဇော်လွင်ဦး" မှ ဦးဆောင်၍ "ရန်ကုန်မြင်းစီးအသင်း"၏ ယာယီဥက္ကဌ "ဦး​ကျော်မြင့်သန်း"နှင့် CEC, EC အဖွဲ့ဝင်များမှ တိုင်ပင်ညှိနှိုင်း​ဆွေး​နွေးခဲ့ကြပါသည်။

မြင်းချစ်သူ မြင်း​လောကသားများအားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါ​စေလို့ "ရန်ကုန်မြင်းစီးအသင်း" မိသားစုဝင်များမှ ဆု​​တောင်း​မေတ္တာ ပို့သလိုက်ရပါတယ်ရှင် 🙏🙏🙏

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏၂၀၂၅ ခုနှစ်မေလ (၃၁)ရက်​နေ့တွင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် MEF...
17/05/2025

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏

၂၀၂၅ ခုနှစ်မေလ (၃၁)ရက်​နေ့တွင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် MEF CUP နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲအား ​​အောက်ပါပွဲစဥ်အချိန်ဇယားအတိုင်းကျင်းပမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်လိုသည့်အားကစားသမားများ ပူးတွဲပါ​​လျှောက်လွှာပုံစံများကို ​သေချာစွာဖတ်ရှူ​လေ့လာပြီး မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သို့ ၂၀၂၅ ခုနှစ်၊ ​မေလ (၂၅)ရက်​နေ့​နောက်ဆုံးထားပြီး ​ပေးပို့နိုင်ပါတယ်ရှင် 🐎🐎🐎

မြင်းချစ်သူမြင်း​လောကသားများအားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါ​စေ​ရှင် 🙏🙏🙏

16/05/2025

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏

၁၄.၅.၂၀၂၅ (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမျိုးသားအားကစားရုံ(၁)၊ သုဝဏ္ဏမြို့နယ်ရှိ ပတ္တမြားခန်းမ၌ကျင်းပခဲ့သော ရန်ကုန်မြင်းစီးအသင်း ပြန်လည်ဖွဲ့စည်းရေးနှင့် မြင်းစီးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံညှိနှိုင်းသည့်အစည်းအဝေးတရပ် ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ့်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့်တကွ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်များ၊ ရန်ကုန်မြင်းစီးသင်းမှတာဝန်ရှိသူများ တက်ရောက်ကြပါသည်။

မြင်းချစ်သူမြင်း​လောကသားများအားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါ​စေလို့ ရန်ကုန်မြင်းစီးအသင်း မိသားစုဝင်များမှ ဆု​တောင်း​မေတ္တာပို့သလိုက်ရပါတယ်ရှင် 🙏🙏🙏

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏 ၁၄.၅.၂၀၂၅ ရက်​နေ့၊ သုဝဏ္ဏမြို့နယ်ရှိ ပတ္တမြားခန်းမ၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)တွင် ရန်ကု...
15/05/2025

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏

၁၄.၅.၂၀၂၅ ရက်​နေ့၊ သုဝဏ္ဏမြို့နယ်ရှိ ပတ္တမြားခန်းမ၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)တွင် ရန်ကုန်မြင်းစီးအသင်း ပြန်လည်ဖွဲ့စည်း​ရေးနှင့် မြင်းစီးအားကစားနည်းဖွံ့ဖြိုးတိုးတက်​ရေးအတွက် မြန်မာနိုင်ငံအိုလံပစ်​ကော်မတီ ဒုတိယဥက္ကဌ၊ အားကစားနှင့်လူငယ်​ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၊ ရန်ကုန်မြင်းစီးအသင်းတို့နှင့် ​တွေ့ဆုံညှိနှိုင်းအစည်းအ​ဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအ​​ဝေးတွင် ဒုတိယဝန်ကြီး ဦးထိန်လင်းမှ အဖွင့်အမှာစကား​ပြောကြားပြီး မြန်မာနိုင်ငံမြင်းစီးအားကစား​လောကတိုးတက်​ရေးအတွက် ဦး​ဆောင်​ဆွေး​နွေး ​ပြောကြားခဲ့ပါသည်။ ထို့​နောက် သက်ဆိုင်ရာတာဝန်ရှိသူတို့မှလည်း မြန်မာ့မြင်းစီး​လောက ဖွံ့ဖြိုး​ရေး၊ နိုင်ငံဂုဏ်​​ဆောင်နိုင်​ရေးတို့နှင့်ပက်သက်ပြီး ကဏ္ဍအလိုက် ​ဆွေး​​နွေးတင်ပြညှိနှိုင်းခဲ့ကြပြီး အစည်းအ​ဝေးအား ​အောင်မြင်စွာရုပ်သိမ်းလိုက်ကြပါသည် 👏👏👏

မြင်းချစ်သူမြင်း​လောကသားများအားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါ​စေလို့ "ရန်ကုန်မြင်းစီးအသင်း" မိသားစုဝင်များမှ ဆု​တောင်း​မေတ္တာပို့သလိုက်ရပါတယ်ရှင် 🙏🙏🙏

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏 "ရန်ကုန်မြင်းစီးအသင်း"နှင့်ပက်သက်ပြီး ဆက်သွယ်စုံစမ်း​​မေးမြန်းလိုပါက ဖုန်းနံပါတ်...မြင်းချစ်သ...
13/05/2025

အားလုံးပဲမင်္ဂလာပါရှင် 🙏🙏🙏

"ရန်ကုန်မြင်းစီးအသင်း"နှင့်ပက်သက်ပြီး ဆက်သွယ်စုံစမ်း​​မေးမြန်းလိုပါက ဖုန်းနံပါတ်...

မြင်းချစ်သူ မြင်း​လောကသားများအားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါ​စေလို့ "ရန်ကုန်မြင်းစီးအသင်း" မိသားစုဝင်များမှ ဆု​​တောင်း​မေတ္တာ ပို့သလိုက်ရပါတယ်ရှင် 🙏🙏🙏

Address

Corner Of Pyi Htaung Su Road & Pin Lone Road; 29 Quarter, North Dagon Tsp. , Yangon. (Landmark: Beside Golden Park Spa; Bus Stop: MaWaTa Lang Sone)
Yangon
11421

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Telephone

+959261691062

Website

Alerts

Be the first to know and let us send you an email when Yangon Equestrian & Country Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Equestrian & Country Club:

Share