
24/01/2025
Hi everyone, we would like to welcome ( inform ) each and every fans of the aquascaping world to an event which would be held as the "Aquascaping Show" that would be held for the third time!! So we are welcoming every hobbyist,so make sure u won't miss out this one!!
မင်္ဂလာပါ ရေအောက်အပင်ဝါသနာရှင် ညီအစ်ကိုမောင်နှမများ ခင်ဗျာ …
ရေအောက်အပင်ကန် ပြပွဲများ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားသည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်ပါတယ် ။ ပြပွဲများနားနေသည်နှင့်အတူ ရေအောက်အပင်ကန်ဝါသနာရှင်များ နည်းပါးလာခြင်း ၊ ပစ္စည်းစရိတ်များ မြင့်တက်လာခြင်း ၊ အရင်လို လွယ်ကူစွာ ပစ္စည်းများ ဝယ်ရမလွယ်ကူခြင်း တို့နှင့် ပစ္စည်းသွင်းပေးတဲ့ Supplier များလည်း နည်းပါးလာပါသည်။
ရေအောက်အပင်ကန် Community ကြီး အရင်နှစ်များစွာထက် များစွာ ကျဆင်းလျက်ရှိသည်ကို ဝါသနာရှင်များ သတိမူကြမည်ထင်ပါသည် ။ ထိုနည်းတူစွာ ယခုမှ စတင်ပြုလုပ်ချင်သော ဝါသနာရှင်အသစ်များသည် နည်းမှန်လမ်းမှန် လမ်းညွှန်ပြသမှု ညွှန်ကြားပေးမည့်သူများ မရှိခြင်း ၊ အားကိုးစရာ အပင်ကန်ဂရုများသည်လည်း အရင်လို ပို့စ်တစ်ခုတင်လိုက်သည်နှင့် ဖြေကြားမှုများနည်းလာခြင်းတို့ ကြောင့် မှားယွင်းသော နည်းလမ်းများ ကို ပြုလုပ်ခြင်းတို့ကြောင့် ငွေနှင့် အချိန်သာ ကုန်သွားသော်လည်း လှပသော ကန်များ နည်းစနစ်မှန်သော ကန်များ ဖြစ်ပေါ်လာခြင်းမရှိကြပါ
ဤအခက်ခဲများကို ကျွန်တော်တို့အနေဖြင့် သဲမှုန်တစ်ပွင့်အနေနှင့် ကူညီဖြေရှင်းရန်အတွက် 2025 ခုနှစ် မေလ တွင် ရေအောက်အပင်ကန် ပြပွဲလေးတစ်ခု စီစဉ်နိုင်ရန် ကြိုးစားလျက်ရှိပါသည် ။
လျာထားချက် ရက်မှာ မေလ 2-4 ရက် ၃ ရက်တိုင်တိုင် ရေအောက်အပင်ကန် ပြပွဲနှင့် Workshop လေးတစ်ခုကို Myanmar Plaza တွင်ပြသနိုင်ရန် စီစဥ် နေကြောင်း ဝါသနာရှင်များ ကို သတင်းကောင်းလေးပါးချင်ပါသည်ခင်ဗျာ ။
ဝါသနာရှင်များအနေဖြင့်လည်း အပြုသဘောဆောင်သော ဝေဖန်အကြုံပြုချက်များ ၊ ပြပွဲကို ဝိုင်းဝန်းကူညီပေးမည့် Volunteers များ ၊ ပြပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီမည့် လုပ်ငန်းရှင်များနှင့် Senior Junior မခွဲခြားသော ဝါသနာရှင်များ ကို ဖိတ်ခေါ်ချင်ပါသည်ခင်ဗျာ။
If you are intrested in this fantasting event make sure you contact our chatbox or contact number!!
Contact No. 09265148663