Golden Sea Aquarium & Pet Shop

Golden Sea Aquarium & Pet Shop အိမ်မွေးတိရစ္ဆာန်လေးများအတွက် ဆက်စပ်ပစ္စည်းများကိုဈေးနှုန်းချိုသာစွာဖြင့်ရရှိနိုင်ပါသည်။

စစ်တောင်းမြစ်ထဲ ရေချိုငါးမျိုးစိတ်သစ် ရှာဖွေတွေ့ရှိ ၊ “စစ်တောင်းငါးရင်ဘောင်စာ”လို့ အမည်ပေးMyanmar Nature I သတင်း ပဲခူးတိ...
20/05/2026

စစ်တောင်းမြစ်ထဲ ရေချိုငါးမျိုးစိတ်သစ် ရှာဖွေတွေ့ရှိ ၊ “စစ်တောင်းငါးရင်ဘောင်စာ”လို့ အမည်ပေး

Myanmar Nature I သတင်း

ပဲခူးတိုင်း၊ ဖြူးမြို့အနီးက စစ်တောင်းမြစ်ထဲမှာ ရေချိုငါးမျိုးစိတ်အသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး တွေ့ရှိရတဲ့ နေရာဒေသကို အမှီပြုကာ “စစ်တောင်းငါးရင်ဘောင်စာ”လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။

အဆိုပါ Laubuka ငါးမျိုးစိတ်ကို အရှေ့တောင်အာရှ သုတေသနအဖွဲ့က စစ်တောင်းမြစ်မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၁၉ ခုနှစ်က ငါးသယံဇာတစာရင်းကောက်ယူမှုကနေ စတင်တွေ့ရှိခြင်းဖြစ်ပါတယ်။

PhD မြန်မာကျောင်းသူတစ်ဦးက သုတေသနလုပ်ငန်းတွေကနေ ဒုတိယမြောက် နိုင်ငံတကာ သိပ္ပံစာတမ်း (SCI) အဖြစ် မျိုးစိတ်သစ်တွေ့ရှိခြင်းဖြစ်ပြီး ပုံသဏ္ဍန်ဆိုင်ရာ လက္ခဏာတွေနဲ့ မျိုးဗီဇဆိုင်ရာ အထောက်အထားတွေအပေါ် အခြေခံကာ Journal of Fish Biology မှာ ဒီနှစ် ဧပြီလထဲ ရေးသားထုတ်ဝေနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံက လူငယ် ထိန်းသိမ်းရေးသမားတစ်ဦးက “ မျိုးစိတ်အသစ် တွေ့ရှိခြင်းဟာ အရေးပါပါတယ်။ ဇီဝမျိုးစိတ်တွေ ကာကွယ်ထိန်းသိမ်းရာမှာ သိပ္ပံနည်းကျ မှတ်တမ်းတင်ခြင်းဟာ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ ဒီမျိုးစိတ်တွေ တည်ရှိနေမှန်းမသိပဲ မျိုးသုန်းပျောက်ကွယ်ခြင်းကနေ ကာကွယ်လို့မရပါဘူး” လို့ မှတ်ချက်ပေးပါတယ်။

ဇီဝမျိုးစိတ်တွေကို သိပ္ပံနည်းကျ မှတ်တမ်းတင် ဖော်ထုတ်နိုင်ခြင်းဟာ ထိရောက်တဲ့ ဇီဝမျိုးကွဲတွေ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဆင့်ကဲဖြစ်ပေါ်မှုဆိုင်ရာ ဆက်နွယ်မှုတွေနဲ့ မျိုးရိုးဗီဇဆိုင်ရာ ဆင့်ကဲလေ့လာမှုတွေမှာ အခြေခံကျပြီး အရေးကြီးတဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ သိရပါတယ်။

“စစ်တောင်းငါးရင်ဘောင်စာ” Laubuka sittaungensis မျိုးစိတ်အသစ်ကို စစ်တောင်းမြစ်ဝှမ်းထဲမှာ စုဆောင်းရရှိတဲ့ နမူနာ ၂၃ ခုကို အခြေခံပြီး တွေ့ရှိရခြင်းဖြစ်သလို မျိုးဗီဇဆိုင်ရာ ဆန်းစစ်ချက်တွေမှာလည်း မတူညီမှုတွေ ရှိပါတယ်၊ ဒါအပြင် လက္ခဏာ ၆ ခုနဲ့လည်း ခွဲခြားသတ်မှတ်နိုင်တယ်လို့ စာတမ်းမှာ ရေးသားဖော်ပြထားပါတယ်။

မျိုးစိတ်သစ်ဟာ တင်ရေယပ်တောင် (Pelvic-fin) ရှည်လျားပြီး စအိုသို့ ရောက်ရှိခြင်း၊ ထိန်းသိမ်းထားတဲ့ နမူနာတွေရဲ့ ကိုယ်ခန္ဓာဘေးဘက်မှာ ဒေါင်လိုက်အစင်းတွေ ရှိခြင်း၊ ကျောရေယပ်တောင် (Dorsal fin) ရှေ့ပိုင်းရှိ အကြေးခွံ ၁၈–၂၀ ခု ရှိခြင်း၊ စအိုရေယပ်တောင် (A**l fin) ရဲ့ ဆူးတောင့် ၁၇½–၂၀½ ခု ရှိခြင်း၊ အမြှီးရှေ့ ကျောရိုး (Precaudal vertebrae) ၁၅–၁၆ +အမြှီး ကျောရိုး (Caudal vertebrae) ၁၈–၂၀ ခု ရှိခြင်း နဲ့ အောက်မေးရိုး (Lower jaw) ချောမွေ့နေခြင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

သုတေသနလုပ်ငန်းမှ ရရှိထားတဲ့ ဒေတာတွေကို GenBank ရဲ့ https://submit.ncbi.nlm.nih.gov/subs/genbank/ မှာ မှတ်တမ်းတင်ထားမှာဖြစ်တဲ့အတွက် ဇီဝပထဝီ(Biogeography)၊ ဆင့်ကဲဖြစ်စဉ် (Evolution)၊ ရေချိုငါးမျိုးစိတ်တွေ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းနဲ့ မျိုးရိုးဗီဇ (Phylogeny) ဆိုင်ရာ သုတေသနတွေမှာ သုတေသီတွေ အသုံးချနိုင်လိမ့်မယ်လို့ သိရပါတယ်။

■ Myanmar Nature ၏ သတင်းဆောင်းပါးများကို အောက်ဖော်ပြပါ ချန်နယ်များတွင် ဖတ်ရှုနိုင်ပါပြီ။
■ Website: https://myanmarnature.com/
■ Telegram: https://t.me/myanmarnaturemedia
■ YouTube: https://www.youtube.com/
■ TikToK: http://www.tiktok.com/
■ Facebook: https://www.facebook.com/MyanmarNatureMedia

#စစ်တောင်းမြစ် #ရေချိုငါးမျိုးစိတ်သစ် #စစ်တောင်းငါးရင်ဘောင်စာ #ငါးမျိုးစိတ်

Crd Myanmar Nature

Just for fun 😁Credit
17/01/2026

Just for fun 😁

Credit

25/12/2025
17/12/2025

How the catfish species originated 😁

Hello 📢---🐢✨ Okiko Turtle Stick – လိပ်လေးတွေအတွက် အားကောင်းအာဟာရပြည့် အစာလေး ✨🐢လိပ်လေးတွေ ကြီးထွားကောင်းမွန် ဖို့ Protei...
23/08/2025

Hello 📢
---

🐢✨ Okiko Turtle Stick – လိပ်လေးတွေအတွက် အားကောင်းအာဟာရပြည့် အစာလေး ✨🐢

လိပ်လေးတွေ ကြီးထွားကောင်းမွန် ဖို့ Protein 38% အထူးအာဟာရနဲ့ Okiko Turtle Stick လာပါပြီ! 😍

💚 အထူးအကျိုးကျေးဇူးများ:
✔ Protein 38% – ကြီးထွားကောင်းမွန်ဖို့ အဓိကအာဟာရ
✔ High Calcium + Vitamin D3 – အရိုးခိုင်မာ စေဖို့ အထူးထည့်သွင်း
✔ Fish Meat Formula – သန့်ရှင်းသော ငါးအသားနဲ့ ပြုလုပ်ထားပြီး အရသာကောင်းမွန်
✔ Probiotics ပါဝင် – အူကျန်းမာရေးအတွက် အကောင်းဆုံး

🐢 Okiko Turtle Stick နဲ့ သင့်လိပ်လေးတွေ ကျန်းမာ သန်မာပြီး လုံးဝချစ်စေမယ်။

📦 အထုပ်: 100g – အရည်အသွေးမြင့် Premium Quality

သင့်လိပ်လေးအတွက် အမြန်ဆုံး စမ်းသပ်ကြည့်လိုက်ပါ😍

29/04/2025

ဒီပို့စ်မှာ တင်ထားတဲ့ ငှက်လေးအကြောင်းနဲ့ သူ့ကို ဘယ်လို ဓာတ်ပုံရိုက်ခဲ့လည်းဆိုတာကို နည်းနည်းပြောပြချင်ပါတယ်။

ဒီအချိန်မှာ ငှက်ငယ်တော်တော်များများ မိတ်လိုက် အသိုက်လုပ်လေ့ ရှိပါတယ်။ ဒီပုံထဲက ငှက်လေးကို Black-naped Monarch (စာမဲ) လို့ ခေါ်ပီး မျိုးစိတ်ဖြစ်ပါတယ်။​

သူတို့ အသိုက်လုပ်တဲ့ ပုံစံက သစ်ကိုင်းခွကြားလေးထဲမှာ ရေခဲမုန့် ခွက်လိုကတော့ပုံစံမျိုး လုပ်တတ်ကြတယ်။ သဘာဝက ပေးတဲ့အသိအနေနဲ့ သူတို့ရဲ့ အသိုက်ကို အခြား အသားစားငှက်တွေရန်က ကာကွယ်ဖို့ အရိပ်ကောင်းကောင်းရှိတဲ့ သစ်ပင်တွေအောက်နဲ့ သစ်ကိုင်းခပ်ရှုပ်ရှုပ်နေရာတွေမှာ တွေ့ရနိုင်တယ်။​ မြေပြင်ကနေ ၄-၅ ပေထက် မမြင့်တဲ့နေရာမျိုးတွေမှာ လုပ်လေ့ရှိတာကို တွေ့ရတယ်။

ဥဥ တဲ့အချိန် များသောအားဖြင့် ၂-၃ လုံး ထိ ဥတတ်ကြတယ်။ ဥဥ ပီးတဲ့အချိန် အကောင်ပေါက်ဖို့ ငှက်မက အချိန်အများဆုံး အသိုက်မှာ ဝပ်တတ်ကြတယ်။ တခါတရံ ငှက်ထီးက ကူပီး ဝပ်ပေးတတ်တယ်။ (အခု ပုံထဲမှာ ငှက်မ က အသိုက်ထဲ ဝပ်နေတာကို မြင်နိုင်ပါတယ်။) ဥ ဥတာကနေ အကောင်ပေါက်ဖို့ ၁၂-၁၄ ရက်ထိ ကြာတတ်ပီး သားပေါက်တဲ့အခါ ငှက်အထီးရော ငှက်အမပါ ငှက်သားပေါက်တွေကို အစာရှာကျွေးတဲ့ အလေ့အထိ ရှိတယ်။

ငှက်ငယ်လေးတွေဟာ သားပေါက်တဲ့အချိန်ကနေ ရေတွက်လို့ ၂ ပတ်လောက်ကြာရင် လောကကြီးကို စူးစမ်းလေ့လာဖို့ အသိုက်ကို စွန့်ခွာ ပျံသန်း သွားတတ်ကြတယ်။ ဒါက သူတို့ရဲ့ ဓလေ့သဘာဝ။

ငှက်ငယ်လေးတွေ အသိုက်လုပ်တဲ့ ရာသီချိန်ဆိုရင် ငှက်မိဘတွေကို မသတ်ဖို့ မပစ်ဖို့ လိုတယ်။ သားပေါက်နေတဲ့ ငှက်မိဘတွေကို သတ်လိုက်မိရင် သူတို့ရဲ့ ရင်သွေးတွေပါ အစာငတ်ပီး အသက်ဆုံးရှုံးနိုင်တဲ့အတွက် အခုလိုမျိုး ရာသီမှာ သူတို့ရဲ့ အသက်ရှင်ရပ်တည်မျိုးပွားဖို့အတွက် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုတယ်။

အပေါ်မှာ ရေးခဲ့သလိုပဲ သူတို့ အသိုက်ကို အရိပ်ကောင်းကောင်းရတဲ့ နေရာတွေမှာ လုပ်တဲ့အတွက် သူတို့ကို ဓာတ်ပုံရိုက်တဲ့အချိန် လိုအပ်တဲ့ အလင်းရောင် ကောင်းကောင်းမရတတ်ပါဘူး။​ ဒါ့အပြင် သူတို့ အသိုက်လုပ်နေတာကို အနှောက်မယှက် မဖြစ်စေဖို့အတွက် Safe Distance လို့ခေါ်တဲ့ သတ်မှတ်ထားတ့ အကွာအဝေးကနေပဲ ဓာတ်ပုံရိုက်ယူရပါတယ်။

ဒီပုံကို ရိုက်တုန်းကဆိုရင် ကျနော့ကင်မရာရဲ့ Shutter Speed ကို 100 ထိ လျော့ချလိုက်ပါတယ်။ Aparture ကိုတော့ F4 မှာထားပီး ISO ကို 2500 မှာ ထားပါတယ်။ Tripod ကို အသုံးပြု ရိုက်ထားတာဖြစ်ပီး Low Shutter Speed ကြောင့် Shutter Button ကို နှိပ်လိုက်တဲ့အချိန် ဖြစ်လာတဲ့ တုန်ခါမှုကို ရှောင်ချင်တဲ့အတွက် Camera ကို Timer ပေးပီး ရိုက်ပါတယ်။ (Bluetooth Shutter Release မပါသွားတာလည်းပါပါတယ်။​)

ရိုက်ပီးရလာတဲ့ RAW file ကိုတော့ Photoshop နဲ့ အလင်းအမှောင် စသည်ဖြင့် processing လုပ်ပီးတဲ့အချိန်မှာတော့ အောက်က ပုံ ထွက်လာတာပါပဲ။​

သူ့ကို ဓာတ်ပုံ ရိုက်တဲ့အချိန် ကျနော် အသုံးပြုတဲ့ ကင်မရာကတော့ Sony Alpha 1 ဖြစ်ပီး Sony 600mm F4 Lens နဲ့ တွဲပီး ဓာတ်ပုံရိုက်ခဲ့တာပါ။




10/10/2024
Lego Betta Tank လေးတွေရောက်ပါတယ်ခင်ဗျာ အရောင်ကတော့ အနီ၊အဖြူ၊အပြာ၊အမဲ ဆိုပြီး၄ရောင်ရပါမယ်ခင် Betta သာမက လိပ်၊ခရု၊ပင်ကူအပြ...
07/06/2024

Lego Betta Tank လေးတွေရောက်ပါတယ်ခင်ဗျာ အရောင်ကတော့ အနီ၊အဖြူ၊အပြာ၊အမဲ ဆိုပြီး၄ရောင်ရပါမယ်ခင် Betta သာမက လိပ်၊ခရု၊ပင်ကူအပြင်တခြား ကိုစိတ်ကူးတည့်ရာ အရုပ်ကလေးတွေထည့်ပြီး မိမိတို့ရဲ့ရုံးခန်း၊အိပ်ယာ ဘေးမှာအလှထားလို့လဲရပါတယ်ခင်ဗျာ😁ဪ ကျန်သေးတယ် ဗျာ GUPPY ဆရာကြီးတွေအတွက်လဲ Photo tank လုပ်လို့ရတယ်ဗျာ😁

Price: Betta Tank ကန်သီးသန့် မီးမပါ (16cm)=10000ks
Betta Tank with Led lamp ကန်+မီး=18000ks

Size အသေးပိစိလေးမဟုတ်ပဲ ဖိုက်တာတစ်ကောင်အဆင်ပြေပြေနေလို့ရတဲ့ 16cm*10.5cm*13.5cmH size အကြီးပါခင်ဗျ

ကန်တစ်ခုနဲ့တစ်ခုလဲအလွယ်တကူဆင့်ထားလို့ရပါတယ်

မှန်မဟုတ်ပဲ ပလပ်စတစ်သားမို့ ပေါ့ပါးအကြမ်းခံပါတယ်

သူ့အတွက်မီးကလဲ အရောင် 7ရောင် remote နဲ့ ပြောင်းလို့ရတော့ ငါးနဲ့ကိုက်တဲ့အရောင် ထားလို့ရပါတယ်ဆိုတော့မိုက်ပြီးသားဘဲဗျာ 👍
ကဲ့လိုအပ်ရင်တော့ ဆက်သွယ်မှာယူနိုင်ပါတယ် 09791063872 ကိုဆက်သွယ်လို့လဲရသလို Page Cb ကနေလဲဆက်သွယ်လို့ရပါတယ် မြန်မာပြည်အနှံပို့ဆောင်ပေးပါတယ်ခင်ဗျာ😍

23/05/2024

ဈေးမေးပြီးမဝယ်လို့တဲ့ဗျာ

ပူလောင်အိုက်စပ်နေတဲ့ရာသီမှာ ဘေဘီလေးတွေအတွက် အေးအောင်ထားမယ်😊
06/05/2024

ပူလောင်အိုက်စပ်နေတဲ့ရာသီမှာ ဘေဘီလေးတွေအတွက် အေးအောင်ထားမယ်😊

Address

Golden Sea Aquarium & Pet Shop
Yangon
11031

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959421091744

Alerts

Be the first to know and let us send you an email when Golden Sea Aquarium & Pet Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Sea Aquarium & Pet Shop:

Share