Just For Pet Online Pet Accessories Shop

Just For Pet Online Pet Accessories Shop Basic needs and accessories for yours precious life companions

15/10/2022

🐾လေပြွန်ကျဉ်းတဲ့ကလေးတွေကို အဓိက ဘာဆေးတိုက်နေလဲဆိုတာ Sharing လုပ်တာပါ

🔺လေပြွန်ကျယ် အသက်ရှူချောင်ဆေးဆိုတဲ့ ဆရာဝန် on တဲ့ Deriphylline Re**rd နေ့စဉ်တိုက်ရပါတယ်
သူက စဖြစ်မှန်းသိကတည်းက နေ့စဉ်တိုက်ရတာဖြစ်ပြီး Symptoms တွေသက်သာလို့ ရပ်လိုက်လို့ရတဲ့ဆေးမဟုတ်ပါဘူး အမြဲစွဲပြီး နေ့စဉ်တိုက်ရမှာဖြစ်ပါတယ် ဒါမှ လေပြွန်ကို ပိုပြီး မကျဉ်းသွားအောင် ထိမ်းပေးနိုင်မှာဖြစ်ပါတယ် ကျွန်တော်တို့ နားမလည်ခဲ့လို့ ၃-၄ လ ရပ်ကြည့်ခဲ့ဖူးပါတယ် အတော်အခြေအနေဆိုးသွားတာ ကူကြူးနဲ့ လက်တွေ့ပါ

🔹Joint and Cartilage Supplement တိုက်ပါတယ် လေပြွန်ဟာ အရိုးနုပဲဖြစ်တာကြောင့် အရိုးနုကို သန်မာစေမယ့် ဖြည့်စွက်အာဟာရလိုအပ်ပါတယ်
ဥပမာ... Collagen, Eggshell Membrane (NEM)

🔸Probiotic တမျိုးမျိုး တပတ်ကို အနည်းဆုံး ၃ ကြိမ်တိုက်ပါတယ် အစာအိမ်မကောင်းတဲ့အခါ လေထတဲ့အခါ ရင်ပူတဲ့အခါ လေပြွန်ကို ယားယံစေလို့ ချောင်းဆိုးခြင်းကိုပိုဖြစ်စေလို့ပါ တခါတလေဆို AirX လိုလေဆေးပါလိုအပ်တတ်ပါတယ်

🔹လေပြွန်ကျဉ်းတဲ့ကလေးတွေက နှလုံးပို အလုပ်လုပ်ရတာကြောင့် နှလုံးကို အနည်းနဲ့အများထိခိုက်စေပါတယ် ဒါကြောင့် နှလုံးအတွက် Supplement လိုပါတယ် ဥပမာ... Zesty Paws Cardio Bites

🔸 CT ဖြစ်တဲ့ ခွေးတွေက အဆုတ်က သာမာန်ကလေးတွေလောက် မကောင်းတတ်ပါဘူး ဒါကြောင့်သူတို့က နှာပိတ်ပြီး နှာရည်တွေကျတာ၊ နှာစေးတာ၊ ဖုန်တွေ အနံ့တွေကနေဖြစ်တဲ့ Allergy ကို သိသိသာသာခံရပါတယ် (Reverse Sneezing)
အဲ့လိုချိန် ရက်ဆက်ဖြစ်ရင် Cetrine တိုက်ပါတယ်
Allergy ရော Reverse Sneezing ဖြစ်တာကိုရော သက်သာစေလို့ပါ ရံဖန်ရံခါလောက်ပဲဆိုရင်တော့ Homeopet က Nose Relief (Or) Zesty Paws Aller-Immune တိုက်ပါတယ်

🔹 ဘူကူဂျူက ချောင်းဆိုးခဲပါတယ်
ချောင်းအရမ်းဆိုးတဲ့အခါ လေပြွန်ကိုပိုမိုရောင်ယမ်းစေနိုင်တာကြောင့် ချောင်းဆိုးရင် အရမ်းသတိထားရပါတယ် အဲ့လိုချိန်ဆို Infection ဝင်နေတာအဖြစ်များလို့ ပိုးသတ်ဆေးလိုအပ်တတ်ပါတယ်
အရမ်းဆိုးနေတာမဟုတ်ရင်တော့ Homeopet က Cough နဲ့ပဲ သက်သာသွားပါတယ်

🔸Mullein Leaf Tincture က CT ဖြစ်တဲ့ခွေးတွေအတွက် အတော်ကောင်းပါတယ်
ချောင်းဆိုးတာ အတော်လေးထိမ်းနိုင်ပြီး အဲ့ဆေးနဲ့မှ အသက်ရှူချောင်ပြီး သက်သာတယ်ဆိုတဲ့ Feedback တွေကို ရောင်းထားတဲ့သူတွေဆီက Preorder ထပ်တင်ရင်း သိရပါတယ်
ကျွန်တော်တို့တော့ ဖောက်မယ်လုပ်လိုက် ရောင်းပေးပါဆိုတာနဲ့ ပိုဆိုးတဲ့ ကလေးကို ဦးစားပေးချင်လို့ ရောင်းပေးလိုက်နဲ့ မစမ်းကို မစမ်းရသေးတဲ့ထိပါပဲ

ထပ်ပြီးတော့
🔹Vitamin D3 400 IU ကို တပတ်တကြိမ်တိုက်ပါတယ်
🔸Hemp Oil လည်းတိုက်ပါတယ် အပြင်သွားစရာဘာညာရှိတဲ့အခါ Excitement ကြောင့်ဖြစ်တဲ့ RS ကို ကာကွယ်ချင်လို့ပါ

☢️ထပ်ပြီး သတိပြုဖို့က Reverse Sneezing ဆိုတဲ့ တဂူးဂူးဖြစ်ခြင်းက CT နဲ့ ဆက်စပ်နေတယ်ဆိုပေမယ့် အမြဲတမ်းရေရှည် တနေ့ကို ၄-၅ ကြိမ်ထပ် မနည်းဖြစ်နေတယ်ဆိုရင်တော့ အကြောင်းအရင်းကိုရှာရပါမယ် CT ဖြစ်လို့ RS ဖြစ်တာလို့ပဲ တရားသေမှတ်လို့မရပါဘူး
တဂူးဂူးက Infection ကြောင့်/ Allergy ကြောင့်ဖြစ်သလို၊ Foreign Object တခုခုကြောင့်လည်းဖြစ်နိုင်ကာ Nasal Mite ကြောင့်လည်းဖြစ်နိုင်ပါတယ်
ဘူကူဂျူအတွက်ကတော့ တနေ့ကို ၁-၂ ကြိမ်လောက်ထိက Normal လို့ပြောလို့ရပါတယ်

🙏တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုဖို့
မေတ္တာရပ်ခံပါတယ်
Just for Pet


03/04/2022

😑ယားနာအတွက် ကြိုးစားလို့ရတာတွေ အများကြီးရှိပါလျှက်နဲ့ အလွယ်နည်းတွေလိုက်ပြီး အာဝုတွေကို ရောဂါအပိုတွေ မပေးသင့်ကြောင်း

1. ယားနာဖြစ်ခြင်းအတွက် အဓိက အရေးအကြီးဆုံးက အူလမ်းကြောင်း ကျန်းမာဖို့ပါ
အူလမ်းကြောင်း မကျန်းမာ စားသမျှ အာဟာရမဖြစ်ရင် နောက်ဆုံးအာဟာရရတဲ့ အရေပြားက မကျန်းမာပါဘူး
ဒါကြောင့် ✅သွားနဲ့ခံတွင်းကျန်းမာရပါမယ် ✅သန်ပုံမှန်ချရပါမယ် ✅Guardizen လို Probiotic မျိုး ကျွေးဖို့လိုပါတယ် ✅ဝမ်းမှန် ဝမ်းကောင်းနေရပါမယ်

2. အစားအစာ အရေကြီးပါတယ်
အသားတမျိုးတည်းကို ၂ ပတ်ထပ် ကျော်လွန်ပြီး စွဲကျွေးတဲ့အခါ Protein allergy ရလာပါတယ်
ကြက်သားက အသားတကာ့အသားထဲ Omega 6 အများဆုံးအသားဖြစ်တာကြောင့် omega 3 နဲ့ Balance မညီတဲ့အခါ ရောင်ယမ်းခြင်းကို အားပေးပြီး ယားနာပါ ဆိုးလာပါတယ်
ကြက်သား၊ ဝက်သား၊ ဘဲသား၊ အမဲသား၊ ဆိတ်၊ ငုံး စတာတွေ လှည့်ပတ်ကျွေးဖို့လိုပြီး ငါးက main protein အနေနဲ့အလုပ်မလုပ်တာကြောင့် ငါးချည်းကျွေးရင် တပတ်တကြိမ်ပဲကျွေးသင့်ပါတယ် အကောင်းဆုံးကတော့ နေ့စဉ်နည်းနည်းစီ ထည့်ကျွေးနိုင်ရင်ကောင်းပါတယ်
(ဥအမျိုးမျိုးကျွေးမွေးရာမှာလည်း ရေရှည်ကို အကာတမျိုးတည်းကျွေးတာက Biotin deficiency ဖြစ်စေပါတယ်)

3. တကိုယ်ရည်နဲ့ ပတ်ဝန်းကျင်သန့်ရှင်းဖို့
🔹နားချေးပိုးရှိနေရင် နားချေးပိုးကို မသတ်တဲ့အခါ အဲ့ကနေ ခန္ဓာကိုယ်ပေါ်ရောက်ချလာပြီး နားချေးပိုးရှိနေသမျှ ယားနာက တဖန်ပြန်ပြန်ကြွလာပါတယ်
🔸အိမ်နဲ့ပတ်ဝန်းကျင် ပိုးသတ်နည်းမမှန်တာမျိုး Dettol နဲ့ ပိုးသတ်တယ် အဲ့အာဝုတွေနဲ့မတည့်တဲ့ Chemical အပြင်းတွေပါတဲ့ ပိုးသတ်ဆေးရည်တွေကြောင့် ယားနာတွေကပိုဆိုးလာတဲ့အပြင် တခြား အသက်ရှူလမ်းကြောင်းရောဂါတွေပါရလာပါတယ်
🔹သဲနဲ့ မြေကြီးရှိတာမျိုးဆို ပိုးတွေက ကိုယ်ပေါ်မှာသေလိုက် မြေကြီးထဲဆင်းအောင်းလိုက် ကိုယ်ပေါ်ပြန်တက်လာလိုက်နဲ့ မပြီးတော့ပါဘူး
🔸သန်းမွှားတွေလည်း ထိုနည်းအတိုင်းပါပဲ
ကိုယ်ပေါ်မှာရှာ ကိုယ်ပေါ်ကဆင်းပြေး အပင်နဲ့ မြေကြီးထဲဥချထား ၂ ပတ်နေအကောင်ပေါက် ခွေးပေါ်ပြန်တက်

4. ရေချိုးတဲ့အခါ
🔸ရေချိုးဆပ်ပြာရွေးချယ်မှု အရမ်းအရေးကြီးပါတယ်
Puppy အရွယ်ကို adult shampoo တွေသုံးပြီး Skin ပျက်စီးတာမျိုး၊ sensitive ဖြစ်တဲ့ ခွေးကို ဆေးပြင်းတွေနဲ့ချတာမျိုး
🔹သုံးတဲ့ သဘက် ဘီး စတာတွေကို သေချာပိုးသတ်မဆေးကြောတာမျိုး
🔸ရေချိုးပြီး လေခြောက်သွေ့အောင်မမှုတ်တာမျိုး
🔹လူသုံး Dryer အပူတွေနဲ့ အချိန်ကြာမြင့်စွာမှုတ်ပေးတာမျိုး
🔸ရေအေးတွေနဲ့ချိုးပေးတာမျိုးက အဆီထွက်နည်းတဲ့ ခွေးတွေ Skin ကို ပိုခြောက်သွေ့စေကာ ယားနာပိုဆိုးစေပါတယ်

5. ရောဂါအခံရှိနေတာမျိုး
သိုင်းရွိုက်ဟော်မုန်းမညီမျှတာ ၊ ဆီးချို ရောဂါ၊ အဝလွန်ရောဂါ ရှိနေတာတွေကို ယားနာဖြစ်ပြီး အပေါ်ကနည်းတွေနဲ့ ကုသလို့မပျောက်တာ ၂-၃ လကြာနေပြီဆိုရင် ရောဂါအခံရှာဖို့မမေ့သင့်ပါဘူး
နောက်မျိုးရိုးမကောင်းတဲ့ကလေးတွေ ၊ mix breed တွေဆိုရင် အရေပြားနဲ့ အမွှေးကျန်းမာရေးက မကောင်းတတ်ပါဘူး ဒါကြောင့် မျိုးမတူတာတွေကို မစပ်ကြဖို့ အရေးကြီးပါတယ်

အရေပြားယားနာဖြစ်နေတာကို
❗❗❗ငါးညှီရေတွေ၊ ရေနံချေးတွေ၊ အင်ဂျင်ဝိုင်တွေ၊ ငပိရည်တွေ၊ steriod ပါမှန်းမသိတဲ့ လိမ်းဆေးတွေ၊ ပရုပ်လုံးအမှုန့်ကြိတ်အရေဖျော်တွေ၊ ခြင်ဆေးဖြန်းတာတွေက ခွေးကိုသတ်နေတာပါပဲ
ရေတိုမှာယားနာပျောက်မပျောက်မသိပေမယ့် နောက်ပိုင်းမှာ နာတာရှည် ကုသလို့မပျောက်ကင်းတဲ့ရောဂါတွေ ပုံအောလာမှာပါ

❗အဲ့အတိုင်းပဲ ဘာမဟုတ်တဲ့ ယားနာလေးအတွက်နဲ့ Simparica တွေ Bravecto တွေအလွယ်တိုက်နေတာကလည်း အမှားကြီးမှားပါတယ်
ပြောရရင် အဲ့ဆေးတွေက Side effect ပက်ပက်စက်စက်များလို့ လုံးဝမနိုင်တာမျိုးနဲ့ ကိုင်တွယ်ပြုစုရခက်တဲ့ကောင်တွေလောက်ပဲ အသုံးပြုသင့်တဲ့ဆေးဝါးတွေပါ
Simparica, Bravecto, Nexgard အစရှိတဲ့ဆေးတွေက သောက်ပြီးချက်ချင်း Side effect ရတာမျိုးမဟုတ်ဘဲနဲ့ လတွေကြာလာတဲ့အခါမှ အတက်ရောဂါတွေ/ သွေးတွင်းဓာတ်တွေမညီညွတ်တာတွေ/ ကျောက်ကပ်ပျက်စီးတာတွေနဲ့ တခြားများစွာသော Side effcct တွေပြတာကြောင့် ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်ယူအသုံးပြုညွှန်ကြားနေကြတာသာဖြစ်ပါတယ်
အဲ့လိုဆေးမျိုးက ပိုင်ရှင်မဲ့လေလွင့်ခွေးမျိုးလေးတွေနဲ့ တခြား သောက်ဆေး၊ထိုးဆေး၊လိမ်းဆေးအကုန် စမ်းပြီးလို့ မရတဲ့ကလေးတွေ၊ အိမ်ပတ်ဝန်းကျင်အလွန်ကျယ်ပြီး မြက်ခင်းနဲ့ သစ်ပင် မြေကြီး၊ တခြားလေလွင့်ခွေးကြောင်တွေကြောင့် မွှားတွေတအားမနိုင်တဲ့အခါမျိုး၊ နောက်ပြီး သေချာ Diagnose လုပ်ထားတဲ့ ဝဲပိုးအပြင်းစားတမျိုး ရှိမှသာ အသုံးပြုသင့်ပြီး တလတကြိမ် ဆက်တိုက်သုံးရင် ၃ လထိပဲသုံးပြီး ဆေးကို ၂-၃ လခန့်နားပြီးမှ ပြန်တိုက်ရတာမျိုးပါ

❗အကောင်သေးမျိုး ရေချိုးလည်း ခြောက်လွယ်၊ မျက်လုံးနဲ့ရှာလည်း တွေ့လွယ်၊ ဆေးလိမ်းဖို့လည်း သေချာ ယားနာကိုရှာလို့ရတာမျိုးဆို လုံးဝ မတိုက်ကျွေးသင့်တဲ့ဆေးတွေထဲပါပါတယ်
နိုင်ငံခြားမှာဆို အဲ့ Bravecto နဲ့ Simparica တွေက Kill the dogs ဆိုပြီး group တွေတောင်ရှိပါတယ်

ယားနာအတွက်ဆို
1. Probiotic နဲ့ Prebiotic ပါတဲ့ Guardizen လို Petbac လို အူလမ်းကြောင်းအားဖြည့်ဆေးအစာတွေကျွေးနိုင်တယ်
2. အရေပြားကို သွေးလည်ပတ်မှုမှန်ကန်စေဖို့ Stimulate လုပ်တဲ့ နှိပ်နယ်ခြင်း ဒါမှမဟုတ် ဘီးနဲ့ တနေ့ တကြိမ် ၁၅ မိနစ်ခန့်ဘီးဖြီးရမယ်
3. ငါးကြီးဆီ ကောင်းမွန်တဲ့တံဆိပ်တွေ ကျွေးမွေးနိုင်တယ်
4. ရေချိုးကာနီးကို ရေပုံးထဲမှာ ခြေဖဝါးမြှုပ်ရုံ ရေနွေးနဲ့ ဆားခါး ဒါမှမဟုတ် ရေနွေးထဲ Betadine ဆေးရည်ထည့်ပြီး ဝင်ထိုင်ခိုင်း ၁၀ မိနစ်လောက် အဲ့ရေနဲ့ တကိုယ်လုံး (မျက်နှာမပါ) ကို လောင်းပြီး နှိပ်နယ်ပေးနိုင်တယ်
5. ခြေဖဝါးလက်ဖဝါးကြား အမွှေးလေးတွေရိတ်ပေးပြီး နေ့စဉ်သေချာသန့်စင်အောင်ထားပေးနိုင်တယ်
6. Private area ဖြစ်တဲ့ ရှူးရှူးပေါက်တဲ့နေရာနားတဝိုက်ကို ပိုးမွှားတွေ မပေါက်ဖွားနိုင်အောင် အမွှေးရိတ်ပေးနိုင်တယ်
7. A**l Gland ကျန်းမာရေးကလည်း အရေပြားကျန်းမာရေးအတွက် အရေးကြီးပါတယ်

နောက်ထပ်ပြုစုနည်းနဲ့ သတိထားရမယ့်အချက်တွေကို ဒီ Link https://www.facebook.com/justforpetsince2015/photos/a.2106383989612393/2659917654259021/?type=3 မှာဖတ်နိုင်ပါတယ်



21/03/2022

🧐ဝိတ်ချဖို့လိုနေပြီလား

အဝလွန်ရင် အဓိက အရိုးအဆစ်ပြသနာဖြစ်ပြီး
အရိုးအဆစ်နာကျင်မှုကြောင့် လှုပ်ရှားမှုနည်းလာလို့
ခန္ဓာကိုယ် Fit မဖြစ်တော့ဘဲ တခြားရောဂါတွေလည်း အလွယ်တကူဝင်ရောက်လာနိုင်ပါတယ်

လည်ပင်းနဲ့ ဂုတ်က အဆီပိုတွေကြောင့် လေပြွန်ပိမိပြီး လေပြွန်ကျဉ်းတာနဲ့ ရုတ်တရက် အသက်ရှူခက်ပြီး သေဆုံးတာတွေဖြစ်နိုင်တယ်

အဝလွန်နေလား စစ်ကြည့်နိုင်ရန်
https://www.facebook.com/2105038133080312/posts/2186425824941542/

ကျန်းမာစွာ Weight ကျစေဖို့ဆိုရင် တပတ်တကြိမ် Weight ချိန်ပေးရပြီး တပတ်ကို နဂိုရှိနေတဲ့ဝိတ်ရဲ့ အာဝုဆို 2% အောက်၊ ပူစီဆို 1% အောက်ကျရင်ကိုရပါပြီ
အဲ့ဒါထပ်ပိုကျရင် အန္တရာယ်ရှိပါတယ်

🔥ဝိတ်ချချိန်မှာ အဆီပိုတွေကျသွားဖို့ကို လုပ်ဆောင်ပေးရမှာဖြစ်ပြီး ကျွေးမွေးပုံမမှန်ဘူးဆို Muscle တွေကျသွားနိုင်တာကိုလည်း သတိပြုရပါမယ်
Muscle တွေကျသွားလေ နာကျင်နေတဲ့ အရိုးအဆစ်တွေအတွက် ဝန်ပိုပိလေဖြစ်စေပြီး အခြေအနေကိုပိုမိုဆိုးရွားစေပါတယ်

❤️ဝိတ်ချမယ်ဆို အရေးကြီးအဆုံးက အစားအစာနဲ့ Exercise ဖြစ်ပြီး အစားအစာကို calorie နဲ့တွက်ချက်ကျွေးမွေးမှသာ မှန်ကန်တဲ့ weight ကျစေရာရောက်ပါတယ်

❗တနေ့ကို ၅ ဇွန်းစာပဲကျွေးတယ်ဆိုပေမယ့် အာလူးကြော် ၅ ဇွန်းနဲ့ အသီးအနှံ ၅ ဇွန်းက calorie အကွာကြီး ကွာပါတယ်

😅ဝိတ်ကျဖို့ အစာခြောက်တွေ အစာစိုတွေရှိနေပေမယ့် အဲ့ဟာတွေက ထပ်မတက်သွားဖို့ကိုသာ ထိမ်းပေးနိုင်ပြီး ဝိတ်တကယ်မကျစေတာကိုတော့ Buddy တကောင်နဲ့ လက်တွေ့သိခဲ့ရပြီမို့ အိမ်မှာပဲ အကြမ်းဖျင်းတွက်ချက်ပြီးတော့ ကျွေးတာ ၁၀ လ အကြာမှာ 1.9 kg ကျသွားပါတယ်

🐾🐾🐾 🐾🐾🐾 🐾🐾🐾

😇ကျန်းမာစွာကျွေးမွေးခြင်းအတွက် အကြမ်းဖျင်းအချိုးအစားက အသားအစစ် 50-60% ကလီစာ 15% အသည်း 5% နဲ့ ဟင်းသီးဟင်းရွက်အသီးအနှံ 20-30% ဖြစ်ပါတယ်

🐶Chihuahua တကောင်ရဲ့ ပုံမှန်တရက်လိုအပ်တဲ့ Calorie က 200 ကျော်သာဖြစ်ပြီး အာလူးကြော်တဖက်မှာ Calorie 100 နီးပါး ပါတယ်
ဒါကြောင့် Calorie နည်းတဲ့အစာကို ပမာဏများများကျွေးမလား? Calorie များတဲ့ အာလူးကြော်လိုအစာကိုပဲ တရက် ၂ ချပ်ပဲကျွေးမလား? ရွေးကြရမယ်ဆိုရင် ပထမဟာကိုပဲရွေးကြမယ်မဟုတ်လား

1️⃣အဲ့တော့ ပထမဆုံးသိဖို့က ကိုယ့်ကောင်ရဲ့ ဝိတ်ကျဖို့ဆို တရက်လိုအပ်တဲ့ Calorie ပမာဏသိဖို့လိုပါတယ်
အဲ့ Calorie ပမာဏကို Google မှာရှာလို့ရပါတယ်
(ဥပမာ How much calorie does 2 kg Chihuahua needs)
ဒီ Link https://petobesityprevention.org/pet-caloric-needs မှာတော့ ယေဘူယျ အိမ်တွင်းမွေး သင်းထား အားအိမ်ထုတ်ထားတဲ့ အာဝုပူစီတွေရဲ့ Calorie လိုအပ်ချက်ကို တွေ့မြင်ရမှာပါ

2️⃣ဒုတိယသိဖို့က ကိုယ်ကျွေးမယ့် အစာရဲ့ Calorie ပါဝင်မှုပါ... ဒါလည်း google မှာရှာလို့ရပါတယ်
(ဥပမာ calorie content in 100 g of beef liver)

🐾🐾🐾 🐾🐾🐾 🐾🐾🐾

Calorie တရက်ကို 300 ကျွေးရမယ်ဆိုရင် တရက်လုံးကျွေးသမျှ Snack က အစ ကျွေးမိတဲ့ သင်စားနေတဲ့ ပေါင်မုန့်တဖတ်အဆုံး အကုန်ထည့်တွက်ရမှာပါ

Calorie တရက် 300 လိုတယ်ဆိုရင်
Snack ကျွေးချင်ရင် တရက်ရဲ့ 10% ဖြစ်တဲ့ Calorie 30 စာလောက်ကျွေးလို့ရပြီး

ကျန်တဲ့ 275 calorie မှာ
✔️50% အသားစစ်ဖြစ်ရမှာမို့ အသားကို 140 calorie
✔️20% ကကလီစာနဲ့ အသည်းမို့ 55 Calorie
✔️30% က အသီးအရွက်မို့ 80 Calorie ကျွေးနိုင်တယ်

ပြီးတော့မှ
✔️အမဲမိုးခိုသား 100 g မှာဆို 150 calorie ပါတာမို့
140 calorie ရအောင် တရက်ကို အမဲမိုးခိုသား 93 g

✔️ကလီစာအနေနဲ့ ဦးနှောက်/နှလုံး/ Fighting Ball/ အသည်း/ ကျောက်ကပ်/ သရက်ရွက်/ အူကြမ်း စတာတွေကျွေးမွေးနိုင်ပြီး အမဲဦးနှောက် 100 g မှာ 150 Calorie ပါပါတယ်
ဒါကြောင့် 55 calorie ရဖို့ အမဲဦးနှောက်ကို 35 g ခန့်ကျွေးမွေးနိုင်တယ်

✔️ဟင်းသီးဟင်းရွက်မှာတော့ ရွှေဖရုံ/ ကန်စွန်းရွက်/ ဂေါ်ဖီတွေက Calorie နည်းပြီး ဥနီ 100 g မှာ 41 Calorie ပါဝင်လို့ Calorie 80 အတွက် ဥနီ 200 g ကျွေးနိုင်ပါတယ် ဟင်းသီးဟင်းရွက်ကို တနေ့ကို ၂ မျိုးအနည်းဆုံးရောကျွေးတာပိုကောင်းပါတယ်

🐾🐾🐾 🐾🐾🐾 🐾🐾🐾

ပထမ ၃-၄ ကြိမ်ကို သေချာတွက်ပြီးကျွေးလိုက်ရင် နောက်ပိုင်းတွေမှာ အလိုလိုချိန်ဆတတ်လာပါလိမ့်မယ်

😇Calorie နည်းတာရွေးကျွေးနိုင်လေ ပမာဏများများစားရလေမို့ အမြဲဗိုက်ဆာနေတတ်တဲ့ ကလေးတွေဆို စစဝိတ်ချခြင်းမှာ Calorie နည်းတာကို ပိုရွေးကျွေးလို့ရပါတယ်

တရက်တာကျွေးရမယ့် Calorie ကို အနည်းဆုံး ၂ ကြိမ် ခွဲကျွေးနိုင်ပြီး အကြိမ်ရေပိုခွဲကျွေးလေ calorie ပို burn နိုင်လေဖြစ်လို့ ဝိတ်ကျဖို့ ပိုအားပေးရာရောက်ပါတယ်

အကျွေးများတဲ့ ဟင်းသီးဟင်းရွက်/ အသီးအနှံတွေနဲ့ အသားတွေရဲ့ 100 g မှာပါဝင်တဲ့ Calorie ပမာဏ ခန့်မှန်းခြေကို ဇယားလေးလုပ်ပြီး တင်ပေးထားလို့ ချိန်ဆကျွေးမွေးရင်း အောင်မြင်ကျန်းမာစွာ ဝိတ်ချပေးနိုင်ကြပါစေခဗျာ 🙏

❗တလလောက် Try ကြည့်လို့မှ ဝိတ်ကလုံးဝမကျဘူးဆိုရင် ဆီးချိုရောဂါရှိမရှိ/ Thyroid ဟော်မုန်း ညီညွတ်မှုရှိမရှိ စစ်ဆေးကြည့်သင့်ပါတယ်
ဒီရောဂါအခံရှိနေရင် ဝိတ်ကျဖို့ ခက်ခဲပါတယ်
ဝိတ်မကျရခြင်းနဲ့ အဝလွန်ရခြင်း အကြောင်းအရင်းတွေကို ဒီ https://www.facebook.com/justforpetsince2015/photos/a.2106383989612393/2599483460302441/?type=3 မှာဖတ်နိုင်ပါတယ်

😅 ဘူးဒီကတော့ ထွေထွေထူးထူး
Exercise ရယ် မရှိခဲ့ပါဘူး
ခုပြထားသလို Calorie တွက်ပြီး ကျွေးတယ်
တကယ့် Calorie အတိုင်းဆို ဟင်းရွက်က အများကြီး ကျွေးရတဲ့အထိတောင်ဖြစ်ပါတယ်
ဒါကြောင့် လျော့တောင်ကျွေးရပါတယ်

အစာကို ၃ ကြိမ်ခွဲကျွေးတယ်
Treat နေရာမှာ အစာခံတဲ့ ဒိန်ချဉ်လို Coconut Oil လိုမျိုးကျွေးတယ်
အစာစားပြီးတာနဲ့ တန်းအိပ်မနေအောင် လမ်းလေးဘာလေးလျှောက်ခိုင်းတယ်
အစာကျွေးမွေးပုံ မှန်ကန်တာနဲ့တင် ဝိတ်ကျဖို့က အတော်လေး များပါတယ်

🙏အမှန်တော့ ဒီ Post က 2021 6 လပိုင်းကတည်း တင်ဖို့ စာစီထားတာပါ
ခုမှ မတင်ရသေးမှန်းသိလို့ ပြန်လည် မွမ်းမံဖြည့်စွက်ပြီးတင်တာပါခဗျာ

အဓိကကတော့ ဂျူနျာမမွေးခင် ၄ လပိုင်းအစက ဘူးဒီက 8 kg ရှိပါတယ်
ခုတော့ 5.5 kg ပဲကျန်ပါတယ်
ပိုပြီးပေါ့ပါးလာ ပိုပြီး အသက်ရှူရချောင်လာ
ခြေတွေထော့တာ သက်သာလာတာကို မြင်ရလို့ ဝိတ်ချပေးခဲ့မိတာကို ဝမ်းသာရပါတယ်

❗သတိရဖို့က တပေါင်ကျလည်း အဲ့တပေါင်က
အရိုးအဆစ်ပြသနာနဲ့ လေပြွန်ပြသနာရှိတဲ့ ခွေးတွေအတွက် သိသာပါတယ်
စိတ်ဓာတ်မကျဖို့ ချနိုင်သမျှချပေးဖို့ လိုအပ်ပါတယ်

တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုဖို့ မေတ္တာရပ်ခံပါရစေခဗျာ


08/03/2022

😔ရာသီဥတု အရမ်းပူလို့ လေပြွန်ကျဉ်းတဲ့ကလေးတွေ အတော်ဒုက္ခများပါတယ်

မီးကလည်း မလာတော့ ညဘက်တွေတောင် Heat Stroke ရနိုင်တဲ့အခြေအနေတွေဖြစ်နေကြလို့

ဘူကူဂျူကို ဒီတလောပြုစုတဲ့ နည်းလေးတွေပြောပြပါရစေ

❗ အမှိုက်တွေ မီးရှို့တာကနေ ဝေးအောင်ထားပါ
သစ်ရွက်ခြောက်တွေက တအားကြွေတော့ မီးတွေ အရမ်းရှို့ကြပါတယ်
အဲ့မီးခိုးတွေက ရှို့ပြီးသည့်တိုင် အမှုန်အဖြစ်နဲ့ပြောင်းလဲပြီး လေထဲမှာ လွင့်နေတာကြောင့် ရှူမိတဲ့ နှာတိုခွေးကြောင်အမျိုးအစားတွေနဲ့ အဆုတ်အားနည်းတဲ့ကောင်တွေ အရမ်းအန္တရာယ်ရှိပါတယ်
အိမ်မှာ သစ်ရွက်ခြောက်တွေ မီးရှို့မယ့်အစား ပီနံအိတ်နဲ့ ကျုံးပြီးပစ်ပါ
ပတ်ဝန်းကျင်က ပြောမရတဲ့အခါ ရှို့နေစဉ်မှာ အိမ်ပတ်ဝန်းကျင်ကို ရေဖြန်းပါ
ရှို့ပြီးပြီထင်တဲ့အခါ တအိမ်လုံး (အထူးသဖြင့် သူတို့နေတဲ့အခန်း) ကို နံရံပါမကျန် ရေစိုဝတ်နဲ့ ပြန်သုတ်ပါ

❗ တတ်နိုင်သလောက် ဗိုက်နဲ့ ခြေဖဝါးကြားတွေက အမွှေးတွေကို ရိတ်ထားပါ
အရမ်းပူနေတယ်ထင်ရင် ဒါမှမဟုတ် မီးပျက်နေရင် မကြာခဏ မိနစ် ၃၀ တခါလောက် ဗိုက်နဲ့ ခြေဖဝါး လက်ဖဝါးလေးတွေ နားရွက်အတွင်းပိုင်းလေးတွေကို ရေပတ်တိုက်ပေးလို့ရပါတယ်

❗လေအဝင်အထွက် ရှိပါစေ
အလုံပိတ်မဟုတ်ဘဲ လေအဝင်အထွက်ရှိတဲ့နေရာမျိုးဆိုရင် ပူနေရင်တောင် အသက်ရှူရချောင်ပါတယ်
အလုံပိတ် လုံးဝ ထားလို့မရပါဘူး
အိမ်မှာ မီးလာတဲ့အချိန်မျိုး ဒါမှမဟုတ် အားသွင်းပန်ကန်ရှိရင် ပန်ကာလေးဖွင့်ပြီး အခန်းတွင်း Air flow ရအောင်လုပ်ပေးတာကလည်း အစဉ်ပြေပါတယ်

❗နေပူတဲ့အချိန် မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိကို အပြင်ခေါ်ထုတ်တဲ့အခါ မြေကြီးပေါ်မချ လမ်းလျှောက်မကျောင်းသင့်ပါ
Concrete လမ်းတွေ ကတ္တရာလမ်းက နေ့လည် ၁ နာရီကနေ ညနေ ၅-၆ နာရီအထိကို မတရားအပူထွက်ပါတယ်
လမ်းလျှောက်မယ့်နေရာကို ကိုယ့်လက်ဖဝါးနဲ့ 7 sec ကြာအောင် ဖိပြီးစမ်းလို့ မပူမှ ပေးလျှောက်သင့်ပါတယ်

❗အေးစက်နေတဲ့ ရေခဲရေမျိုးမတိုက်သင့်ပါဘူး
ရေခွက်ကို ရေအမြဲရှိအောင်နဲ့ ရေသန့်နေဖို့ သတိထားရပါမယ်
ရေပိုသောက်စေဖို့ ရေခွက်ထဲကို ရေခဲတုံး ၃-၄ တုံးခန့် ထည့်ပေးနိုင်ပါတယ်
အသက် ၄ လအောက် ပါပီတွေ Kitten တွေဆိုရင် ဓာတ်ဆားရည်မကြာခဏတိုက်ပါ

❗ ဓာတ်မတည့်တာကို အားပေးတဲ့ အနံ့ရှိတဲ့ပစ္စည်း Handgel ကအစ သူတို့အနားမှာ အသုံးပြုတာကိုရှောင်ပါ (Scented Candle, Perfumes, Lotion, ခြင်ဆေး, ဆေးလိပ်, etc)
သူတို့ရဲ့ အသုံးအဆောင် အဝတ်အထည် အရုပ်တွေကို လူအတွက်ထုတ်ထားတဲ့ ပန်းကန်ဆေးဆပ်ပြာဆီနဲ့သာလျှော်ပါ

❗လေပြွန်ကျဉ်းတဲ့ကောင်တွေ လေပြွန်ကျယ် အသက်ရှူချောင်ဆေးနေ့တိုင်းတိုက်ပါ
ချောင်းဆိုးရင် ချောင်းဆိုးသက်သာဆေးပါတိုက်ပါ
Heat Stroke အန္တရာယ်က ညဘက်တွေတောင်ဖြစ်နေနိုင်တဲ့ အပူချိန်မျိုးမှာ လေပြွန်ကျဉ်းတဲ့ကောင်တွေက Risk အရမ်းများပါတယ်

❗အလုံပိတ် အဲကွန်းမဖွင့်ထားတဲ့ ကားပေါ်တင်မကဘူးနော် ပြတင်းပေါက်လေးတွေဖွင့်ထားတဲ့ကားပေါ်ကိုပါ ခွေးကြောင်ကို တင်မထားရပါဘူး
ကားပေါ်က Temperature က အပြင်ထပ် အများကြီး ပိုပူပါတယ်
Brain Dead တာ Heat Stroke ရတာ ဖြစ်နိုင်ပါတယ်

❗ဒီပူအိုက်နေတဲ့ ကာလမှာ အာဝုပူစီတွေကို အတတ်နိုင်ဆုံး အပြင်မခေါ်ပါနဲ့
အဲကွန်းအေးတဲ့ ကားပေါ်လည်း စိတ်လှုပ်ရှားတာနဲ့ ရေမသောက်ဖြစ်တာနဲ့ ပူတာနဲ့က စကားမပြောတတ်တဲ့သူတို့အတွက် အစဉ်မပြေပါဘူး အဓိကက နှာတိုမျိုးပါ

❗အတတ်နိုင်ဆုံး စိတ်မလှုပ်ရှားအောင်ထားပါ
h**p seed oil က စိတ်ငြိမ်စေပါတယ်

❗ရေရှိတဲ့ နေရာတွေ ဝပ်တတ်တဲ့ကလေးတွေရှိရင် သတိထားပါ
အဆုတ်အအေးပတ်တာ
အပူရှပ်တာဖြစ်တတ်ပါတယ်
ရေကန်တွေ ငါးကန်တွေကို တတ်နိုင်သမျှ တခုခုနဲ့ ကာထားအုပ်ထားပါ နေအရမ်းပူချိန် ငါးကန်ထဲ ရေဝင်စိမ်ပြီး အပူရှပ်သေသွားတဲ့ ခွေးတွေရှိပါတယ်

အစာအာဟာရပြည့်ဝအောင်ကျွေးပါ
ကောင်းစွာ အိပ်စက်အနားယူနိုင်ခွင့်ကိုပေးပါ
ရေချိုးချိန် အပူရှပ်ခြင်းမဖြစ်အောင်
သတိနဲ့ ချိုးပေးပါ

ဒီ Post ကနေ အကူအညီတခုခုဖြစ်ခဲ့လို့ ကုသိုလ်အကျိုးများရရှိခဲ့မယ်ဆိုရင် ၇ ရက်နေ့ ည ၈:၂၀ မှာ ဘဝတပါးကို ကူးပြောင်းလို့ ဝေဒနာတွေကနေ ကင်းလွတ်သွားတဲ့ Pomeranian အမလေး မီချီတကောင် အေးချမ်းရာ ကောင်းရာမွန်ရာရောက်နိုင်ပါစေလို့ပဲ ဆုတောင်းပါရစေ😔

ဒီလို ပြသနာတွေရဲ့ အစဖြစ်တဲ့
အချိန်မရွေး သွားရလာရ မလွယ်ကူခြင်း
အသက်နဲ့ စည်းစိမ် လုံခြုံစိတ်ချရမှု မရှိခြင်း
လျှပ်စစ်မီး ပုံမှန်မရရှိခြင်းတွေ
မဖြစ်တော့အောင်လည်း ကြိုးစားပါဝင်ကြပါ 😑

Heat Stroke အကြောင်း ထပ်မံဖတ်ရှူလိုပါက

https://www.facebook.com/2105038133080312/posts/2820379578212827/?d=n

တိလေးတွေ အားလုံး
ဝေဒနာတွေ ကင်းစင်လို့
ကျန်းမာရွှင်လန်းနိုင်ကြပါစေ 🙏


07/12/2021

🙏ဟိုတလောက ဘူးဒီလေပြွန်အခြေအနေတအားဆိုးတာ Post တင်လို့ သိပြီးကြမှာပေါ့

အဲ့ဒီမှာလူလည်း ညမအိပ်ရလို့ လေပြွန်နဲ့ပတ်သက်ပြီး
ထပ်ရှာ ထပ်ဖတ်နဲ့ ရမ်းကုတယောက်နီးပါးဖြစ်လာပါရောလား

အဲ့ဒါလေးတွေကို အခုပြန်လည်မျှဝေပါရစေ
ကလေးအခြေအနေပေါ်မူတည်ပြီး
ဆရာဝန်နဲ့ အရင်တိုင်ပင်ကြဖို့ မမေ့ပါနဲ့ခဗျာ 🙏

1. နှလုံးရောဂါကြောင့် လေပြွန်ပြသနာဖြစ်နိုင်သလိုပဲ လေပြွန်ကျဉ်းတာကြောင့် နှလုံးရောဂါကဖြစ်လာနိုင်ပါတယ်

ဒါကြောင့် လေပြွန်ကျဉ်းတယ်ဆိုရင် နှလုံးအတွက် အားဖြစ်မယ့် Supplement တွေတိုက်ထားဖို့လိုပါတယ်

2. လေပြွန်ကျဉ်းတာမှာ XRay ကနေလည်း သိနိုင်ပေမယ့် XRay ထပ်ပိုမိုတိကျတဲ့ အစာအိမ်မှန်ပြောင်းကြည့်သလိုဟာနဲ့ ထပ်ကြည့်ကြပါတယ်
(XRay မှာကြည့်ရင် လေပြွန်က အသက်ရှူသွင်း ရှူထုတ်နဲ့ တစက္ကန့်အတွင်းရိုက်ယူထားတဲ့ ပုံရိပ်ကြောင့် လေပြွန် အခြေအနေကို အတိအကျ မသိရတာမျိုးပါ... အဲ့လို Scope နဲ့ကြည့်ဖို့ကျလည်း ဒီနိုင်ငံမှာ မရှိပါ)

3. လေပြွန်ကျဉ်းတာနဲ့ လေပြွန်ကိုဖုံးတဲ့ အပွင့်အပိတ်အဖုံးလေး အလုပ်မလုပ်တာ (၂) ခုက လက္ခဏာအရမ်းဆင်တူပါတယ်
(ဒုတိယ ရောဂါကတော့ ဒီမှာ Scope မရှိတာကြောင့် အဖြေရှာမရဘဲ ခွဲစိတ်ကုသခြင်းတမျိုးပဲကုသနိုင်လို့ ဒီမှာကုသမရပါဘူး... မျိုးရိုးဗီဇကဖြစ်တဲ့ ရောဂါမို့ မျိုးကောင်းမျိုးသန့်တာ ရွေးဝယ်ပါ... ရောဂါဖြစ်နေတဲ့ ခွေးတွေ သားမဖောက်ပါနဲ့)

4. လေပြွန်အကြောင်း အဓိကစပြောပါမယ်

လေပြွန်က အရိုးနုကွင်းလေးတွေအများကြီးကို လျှာအနောက်ကနေ အဆုတ်ထိဆက်ထားတာဖြစ်ပြီး အပေါ်ကနေ အမြှေးပါး တလွှာအုပ်ထားကာ အရိုးနုကွင်းတွေက ပစောက် 'ပ' ပုံသဏ္ဌာန်ရှိပါတယ်
အမြှေးပါးအုပ်လိုက်တော့ ဗထပ်ချိုင့် 'ဗ' ပုံဖြစ်သွားပါတယ်

အဲ့အရိုးနုလေးတွေထဲက တကွင်းဖြစ်ဖြစ် ၄-၅-၆ ကွင်းဖြစ်ဖြစ် အားနည်းလို့ ချိုင့်ဝင်သွားတဲ့အခါ 'ဗ' ပုံအပေါ်က အမြှေးပါးက အောက်က အရိုးနုကိုသွားကပ်ပါတယ်
အဲ့အချိန်မှာ လေမဝင်တော့တဲ့အတွက် ချောင်းဆိုးပြီး အဆုတ်ထဲကလေကို ပြန်ထုတ်ကြတာ / reverse sneezing လုပ်ပြီး လေကိုရှူသွင်းတာမျိုး လုပ်ကြရင်း လက္ခဏာတွေပေါ်လာပါတယ်
(အဓိက ချောင်းဆိုးကြပါတယ်... Reverse sneezing က ချောင်းဆိုတာလောက်မဖြစ်ပါ)

5. အဲ့လိုလေဝင်တဲ့ လေပြွန်မှာ ပြသနာတက်လို့ အဆုတ်လည်း ဝန်ပိပါတယ်

အဆုတ် Infection ဝင်လွယ်ပါတယ်
ဒါကြောင့် ချောင်းဆိုးတာကို အသေအချာဖိနှိမ်ထားနိုင်ဖို့ လိုပါတယ်... ချောင်းဆိုးလေ လေပြွန်ယောင်လေ၊ လေပြွန်နဲ့အဆုတ်ယောင်လေ ချောင်းဆိုးလေဖြစ်မှာပါ
(ချောင်းဆိုးပျောက်ဆေး လိုပါတယ်... ချောင်းဆိုးတာရှည်နေရင် ပိုးသတ်ဆေးလိုပါတယ်... ပိုးသတ်ဆေးနဲ့မှ မနိုင်သေးရင် Steroid ခဏပေးဖို့လိုပါတယ်)

6. လေပြွန်ကျဉ်းတာက ပြန်ကောင်းနိုင်တဲ့ရောဂါမဟုတ်ဘဲ အချိန်ကြာလေ ဆိုးသွားလေမဖြစ်ရအောင်နဲ့ Quality of Life ကောင်းမွန်ဖို့သာ ကိုယ်တတ်စွမ်းသလောက်ကူရမှာဖြစ်ပါတယ်

ဒါကြောင့် ဆေးတွေဆိုလည်း Natural Remedies တွေ၊ မနုန်းတဲ့ အိပ်မငိုက်စေတဲ့ဆေးတွေ၊ ရင်မတုန်စေတဲ့ဆေးတွေနဲ့ ထိမ်းပေးရပါတယ်

7. သွားနဲ့ ခံတွင်း ကျန်းမာရေး အလွန် (အလွန်) အရေးကြီးပါတယ်

သွားကို ချေးတွေ မတက်အောင်၊ မဝါအောင်၊ ကျောက်မတက်အောင် သေချာဂရုစိုက်ရပါမယ်
ပိုးတွေပေါက်ပြီး အဲ့ပိုးတွေ လေပြွန်မှာ ဒုက္ခပေးနိုင်လို့ပါ

လေပြွန်အတွက်အထောက်အကူဖြစ်ဖို့ဆို
✅အရိုးနုကို အားဖြည့်တဲ့ ဆေး/အစာ
✅Allergy အတွက် ဆေး/အစာ
✅ချောင်းဆိုးသက်သာစေဖို့ ဆေး/အစာ
✅နှလုံးအတွက် ဆေး/အစာ
✅ကိုယ်ခံအားမြှင့်တင်ပေးမယ့် ဆေး/အစာ
စတာတွေ အဓိကလိုအပ်ပြီး

အရံအနေနဲ့က
✅အူလမ်းကြောင်းအတွက် ဆေး/အစာနဲ့
✅ ကျောက်ကပ်အတွက် ဆေး/အစာ လိုအပ်ပါတယ်
ကျောက်ကပ်မှာရှိသင့်တဲ့ ဓာတ်တွေ ပမာဏမညီတဲ့ ခွေးအတော်များများမှာ လေပြွန်ပြသနာကို ပိုဆိုးစေတတ်ပါတဲ့

😳 အရမ်းအံ့သြဖို့ကောင်းတာနောက်တခုက
Lomotil ဆိုတဲ့ ဝမ်းပျက်ချိန်တိုက်ရတဲ့ ဆေးကို လေပြွန်ကျဉ်းတဲ့ခွေးတွေကို တိုက်ကျွေးရင်း ကောင်းမွန်တဲ့ ရလာဒ်တွေ ရလာတယ်ဆိုတဲ့ဟာပါ

ထပ်မံပြီးတော့ သတိထားရမှာက
❗မီးခိုးနဲ့ ဖုန်ကင်းအောင်ထားရပါမယ်
(အမှိုက်မီးရှို့ခြင်း၊ ဆေးလိပ်အနံ့၊ ဆေးလိပ်ပြာ၊ ဖယောင်းတိုင်၊ အမွှေးတိုင်)
❗Allergy မဖြစ်အောင် ခန္ဓာကိုယ် သန့်ရှင်းရေးသေချာလုပ်ရပါမယ်
❗အနံ့ပြင်းတဲ့ ဘယ် Product ကိုမှ လူရော ခွေးပါ မသုံးရပါဘူး (Scented Candle, ပရုတ်ခဲ, အမွှေးခဲ, အမွှေးတိုင်, ရေမွှေး, Lotion, Hand Gel, Hand Spray, ...)
❗ရောင်ယမ်းမှု အားပေးတဲ့ Omega 6 များတဲ့ ကြက်သားချည်း တာရှည်မကျွေးရပါဘူး
❗အပင်တွေနဲ့ အပင်ပိုးသတ်ဆေး မသုံးရပါဘူး
❗လည်ပတ် လုံးဝ မသုံးရပါဘူး
(Spa သွားတဲ့အချိန်သုံးတဲ့ Grooming Loop ပါ မသုံးရပါဘူး)
❗ကိုယ်အလေးချိန် လုံးဝ (လုံးဝ) မတက်စေရပါဘူး
❗ခန္ဓာကိုယ် ကြံ့ခိုင်အောင် fit ဖြစ်အောင် ကိုယ်လက်လှုပ်ရှားမှုလိုအပ်သလို စိတ်အရမ်းမလှုပ်ရှားစေဖို့လည်း သင်ထားရပါမယ်
❗Air flow မရှိတဲ့ အလုံပိတ်အခန်းနဲ့ ကားထဲ လုံးဝမထားရပါဘူး
❗လေပြွန်ကျဉ်းတဲ့ကောင်တွေက အပူဓာတ်ကို လုံးဝ (လုံးဝ) မခံနိုင်တာကိုလည်း သတိပြုရပါမယ်

😑ကဲ... ရောဂါတမျိုးတည်းနဲ့ ရှိသမျှ ဆေး/အစာပါ ကျွေးရတဲ့ ရောဂါမျိုးဆိုတာ လေပြွန်ကျဉ်းတဲ့ရောဂါပဲ မဟုတ်လား

🤧Pomeranian တွေနဲ့ နှာတိုခွေးမျိုးတွေ ပက်ပက်စက်စက် အဖြစ်များတဲ့ရောဂါ (အသက်ရှုကြပ်ပြီး oxygen ပြတ်လပ်ကာ သေနိုင်တဲ့ရောဂါ) မို့ အဲ့လိုခွေးတွေမွေးထားရင် နှစ်တိုင်း XRay ရိုက်ပြီး ငယ်စဉ်ကတည်းက ဖြည့်စွက်စာတွေ ကျွေးထားဖို့လိုပါတယ်

လေပြွန်ကျဉ်းတဲ့ အာဝုတွေရှိရင် အခြေအနေကို အမြဲသိရအောင် အနည်းဆုံး တနှစ်တခါ XRay ရိုက်ထားကြည့်ဖို့လိုပြီးတော့ အသက်ရှူရခက်တယ် လျှာတွေ နီရဲပြီး ခရမ်းပြာတွေဖြစ်လာတယ်ဆိုရင် ဆေးရုံဆေးခန်းကို Urgent ပြေးဖို့လိုပါတယ် ⚠️⚠️⚠️

တိုက်ကျွေးသင့်တဲ့ ဆေး/အစာတွေကို နောက်ထပ် Post နဲ့ တင်ပြပါမယ်
ထပ်မံသိချင်သေးတယ်ဆိုရင် Page ကို See first လုပ်ထားပေးပါခဗျာ

တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုဖို့ မေတ္တာရပ်ခံပါတယ်ခဗျာ 🙏

#ဘူကူဂျူ

01/12/2021
06/11/2021

😍Edit: ဆို့အောက်

သားက ၇ လပိုင်း ၂၀ ရက်နေ့ ကမွေးတဲ့
ချစ်စရာကောင်းတဲ့ဂျပုလေးပါခညာ

🙂၃ လကျော်အကောင်ကသာ ပုနေတာပါ
မျိုးရိုးတော့အမြင့်ကြီးမှာပါနော်

❤️ပီးတော့ ပုလေ နုလေ
ချစ်စရာကောင်းလေ မဟုတ်လားဗျ

🥺သားကို အပိုင်ဝယ်ယူမွေးစားမယ့်
အလိုလိုက် ချစ်ချင်ယုယပေးမယ့်
တီတီမမ ဦးဦးကိုကိုတို့ကို
လာမျှော်နေတာပါဗျ

😁သားရဲ့ကျန်းမာရေးအခြေအနေနဲ့
စားတဲ့အစာကအစ ပါတဲ့အီအီးတုံးကအဆုံး
သိချင်တာ CB မှာအကုန်မေးပြီး
မွေးစားဖို့ ခေါ်နိုင်ပါတယ်ခညာ

🥰ဒီ Photo လေးနဲ့တင် ချစ်မဝဘူးဆို
သားကစားနေတဲ့ Video လေးတွေနဲ့
အချစ်တွေ ချူပါရစေ

မြန်မာနိုင်ငံမှာမွေးတဲ့ ရန်ကုန်သားမို့
ဒီကရာသီဥတုနဲ့ Adapt ဖြစ်ပြီးသားပါနော် 😊

04/11/2021

🐶အာဝုတွေကို အာဟာရမျှတအောင် အတတ်နိုင်ဆုံး
✅အသား 50%
✅အသည်း 5%
✅ကလီစာ 5%
✅ဟင်းသီးဟင်းရွက် 30%
✅အရိုး 10% ဆိုပြီး ကျွေးရပါတယ်

🔹အသား 50% မှာ
ကြက်သား /အမဲသား /ဆိတ်သား / ဘဲသား / ငုံး / ဥအမျိုးမျိုး / ငါး အမျိုးမျိုးပါဝင်နိုင်ပါတယ်

🐾ငါးကတော့ အသား50% ထဲထည့်တွက်လို့ရပေမယ့် နေ့စဉ် main protein အနေနဲ့ကျွေးလို့မရဘူး... ဒါပေမယ့် Omega 3, Vitamin E စတာတွေ ရရှိဖို့ ငါးကို နေ့စဉ်ပမာဏအနည်းငယ်ထည့်ကျွေးဖို့လိုပြီး နေ့စဉ်မကျွေးနိုင်ဘူးဆိုရင် အနည်းဆုံး ၂ပတ်တကြိမ်တော့ ငါးကျွေးသင့်ပါတယ်

🐾ကြက်သားက Omega 6 အလွန်များတဲ့အတွက် Omega 3 ကို ထည့်ကျွေးနိုင်မှရပါမယ်
Omega 3 နဲ့ 6 ကအချိုးမမျှဘဲ Omega 6 အရမ်းများနေရင် ယောင်ယမ်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်
ဒါကြောင့် ကြက်သားကို တော်ရုံယားယံတတ်တဲ့ကလေးတွေဆိုမကျွေးဖို့ ဆရာဝန်တွေက တားမြစ်ခြင်းဖြစ်ပါတယ်

🔸အသည်း 5% မှာ ကြက်အသည်း/ ဆိတ်အသည်း/ အမဲအသည်းရပါတယ်

🔹ကလီစာ 5% က စွန့်ထုတ်ကလီစာ Secreting Organ ဖြစ်ရပါမယ်
ကျောက်ကပ် / အဆုတ် / ဦးနှောက် / သားအိမ် / Fighting Ball / သရက်ရွက် စတာတွေရပါတယ်
(နှလုံး/ အမြစ်/ လျှာ စတာတွေက ဒီကလီစာ 5% ထဲထည့်မတွက်ဘဲ အသား 50% ထဲပဲထည့်တွက်ကျွေးရပါမယ်)

🔸ဟင်းသီးဟင်းရွက် 30% ကျွေးတဲ့အခါ
🐾 အသီးအရွက်ကို အာဝုတွေက သိပ်ပြီးအစာမချေနိုင်တာကြောင့် ဒီတိုင်းကျွေးရင် အမျှင်ဓာတ် Fiber အနေလောက်နဲ့ပဲအလုပ်လုပ်ပြီး
🐾 အာဟာရရရှိဖို့ဆိုရင် ချက်ပြုတ်ထားတာကိုချေပြီးကျွေးတာ ဒါမှမဟုတ် အစိမ်းကို Blender နဲ့ ကြိတ်ပြီးကျွေးတာကပိုသင့်တော်ပါတယ်
🐾 ကစီဓာတ်များတဲ့ အသီးအရွက်တွေဖြစ်တဲ့ ဥနီ/ ရွှေဖရုံ/ ကန်စွန်းဥကျွေးမယ်ဆိုရင် ကစီဓာတ်နည်းတဲ့ ဟင်းသီးဟင်းရွက်ထပ် ပမာဏလျော့ကျွေးရပါမယ်
🐾 ထမင်းနဲ့ပဲအမျိုးမျိုးက ကစီဓာတ်များလွန်းတာကြောင့် ဟင်းသီးဟင်းရွက်ရဲ့ 30% ထဲက 5% ခန့်သာ ကျွေးမွေးသင့်ပါတယ်
🐾ဟင်းသီးဟင်းရွက် 25% နဲ့ အစေ့အဆံ 5% ကျွေးနိုင်ရင် ပိုလို့ကောင်းပါတယ် (Almond, Chia Seed, Flax Seed, ect..)

🔹အာဝုတွေက Calcium လိုအပ်တာကြောင့်
Calcium အတွက် ရေခဲ ၃ ပတ်ခဲပြီး ပိုးသေအောင်ထားထားတဲ့ အသားပါတဲ့အရိုးအစိမ်း 10% ကျွေးရပါတယ် (အပူလုံးဝမထိထား မချက်မပြုတ်မပေါင်းထားဘဲ body weight ကိုထမ်းတဲ့ ပေါင်ရိုးလို အရိုးမျိုးမဖြစ်ဖို့ သတိထားရပါမယ်)
မကျွေးနိုင်ဘူးဆိုရင် Calcium ရမယ့် Bone Meal တွေ Eggshell Powder တွေ ကျွေးပေးရပါတယ်
နို့နဲ့ Cheese မှာ Calcium ပါပေမယ့် လိုအပ်တဲ့ Calcium ပမာဏရအောင်ထိ နို့နဲ့ Cheese ကိုပမာဏအများကြီးကျွေးလို့မရတဲ့အတွက်ပါ

🐾အသားဖြစ်ဖြစ် 🐾အသည်းဖြစ်ဖြစ်
🐾ကလီစာဖြစ်ဖြစ် 🐾ဟင်းသီးဟင်းရွက်ဖြစ်ဖြစ်
အမြဲတမ်း တမျိုးစီလှည့်ပတ်ကျွေးဖို့နဲ့
တတ်နိုင်သလောက် အပူချိန်ကြာကြာထိမထားတဲ့ Lightly cooked လေးတွေကျွေးရင် ပိုကောင်းတယ်ဆိုတာလေး သတိပြုပါခဗျာ⚠️

🙏ဘူကူဂျူတို့အတွက် လေ့လာရသလောက်ကို အလွယ်ရေးပြီး ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်
သင်တို့ရဲ့ တိကုဆရာဝန်ညွှန်ကြားချက်ကို အစားထိုးနိုင်စွမ်းမရှိသေးပါဘူး

#ပုံနှင့်စာများပြန်လည်ကူးယူအသုံးပြုခြင်းမပြုရ

19/07/2021

🥚 ဥ/ ဥ အခှံနဲ့ အာဝုပူစီ

ဘူကူဂျူကို ကျွေးတဲ့ထဲ ငုံးဥအစိမ်းအခွ့ပါပါတာနဲ့ ပတ်သက်ပြီး အမေးများကြလို့ တယောက်စီမဖြေနိုင်တာကြောင့် Post တင်လိုက်ပါတယ်

😇ကြက်ဥ/ ဘဲဥ/ ငုံးဥ တွေက အာဝုပူစီတွေရဲ့
အရိုးအဆစ်၊ အရေပြား၊ ဦးနှောက်နဲ့ နှလုံး အတွက်ကောင်းမွန်တဲ့ Vitamin A, B, D, Zinc, Omega 3 fatty acid, Omega6, Biotin နဲ့ အခြား Amino Acid တွေများစွာပါဝင်ပါတယ်

😋​ဥအခွံတွေက Calcium ဓာတ်ကြွယ်ဝစွာပါဝင်ပြီး
ဥအခွံထဲက အမြှေးပါး Eggshell membrane က အရိုးအဆစ်နဲ့ အရွတ်၊အရိုးနု တွေကို သန်မာစေတယ်

🙏ဒါကြောင့် လေပြွန်ကျဉ်းတဲ့ကလေးတွေဆိုရင် eggshell membrane နဲ့ထုတ်တဲ့ဆေးတွေ ဝယ်ကျွေးကြတယ်

⚠️ဥတွေက Protein ကြွယ်ဝစွာပါဝင်တာကြောင့် ဝိတ်တက်စေနိုင်လို့ အာဝုတကောင်ကို တရက်ကို ဥတလုံးထပ်ပိုမကျွေးသင့်ပါဘူး
(တပတ်ကို ၂-၃ ရက်လောက်ပဲကျွေးတာက ကောင်းပါတယ်)
⚠️ဥကို အဓိက အစာအနေနဲ့လည်းမကျွေးရပါဘူး
⚠️အသားငါး ဟင်းသီးဟင်းရွက်နဲ့ ကလီစာ၊ အသည်း မျှတအောင်ကျွေးရပါမယ်

❤️ဥတွေကို ချက်ပြုတ်ကျွေးတာထပ် အစိမ်းကျွေးခြင်းက အာဟာရဓာတ်ပိုမိုပြည့်ဝကောင်းမွန်ပြီး အစိမ်းမကြိုက်တဲ့ကလေးဆို အကာကို မကျက်တကျက်နဲ့ အနှစ်ကတော့ အစိမ်းနီးပါးပြုတ်ထားတာကလည်း ကောင်းမွန်ပါတယ်

🐱ကြက်ဥအစိမ်းစားလေ့စားထမရှိတဲ့ကောင်တွေဆို ပထမဆုံးအကြိမ်မှာ ဝမ်းပျက်ဝမ်းလျောတာဖြစ်နိုင်လို့

🐶အစိမ်းလည်း ကျွေးချင်တယ်လို့တွေးရင်
✅အကျက်ပြုတ်ရာကနေ မကျက်တကျက်
✅မကျက်တကျက်ကနေ ရေနွေးဖျော
✅ရေနွေးဖျောရာကနေ အစိမ်း
အဆင့်ဆင့် တက်ပြီး စစကျွေးကျင့်တဲ့ရက်မှာ ပမာဏနည်းနည်းစီစကျွေးကြည့်ပါ

🥴ဥအခွံတွေက ကြက်ခြံတွေကလာတဲ့အခါ ကြက်ချေးတွေ ကပ်နေနိုင်တာကြောင့် သေချာပြောင်အောင် ဆားရေနဲ့ပိတ်စအသန့်နဲ့ ပွတ်ပြီး ဆေးကြောရပါတယ်
⚠️ဆပ်ပြာနဲ့ မဆေးရပါဘူး ဥအခွံကစုပ်ယူနိုင်လို့ပါ

💪ဥအခွံက အပူမထိရသေးတဲ့ဟာဆိုရင် ကြွပ်ဆတ်ပေမယ့် ပျော့တာကြောင့်ရယ်၊ အာဝုတို့ရဲ့ အစာအိမ် အက်ဆစ်က လူထပ် ၆ ဆပိုပြင်းတာရယ်ကြောင့် အစာကိုသေချာဝါးစားတတ်တဲ့ကလေးတွေဆို ဒီတိုင်းအစိမ်းကျွေးလို့ရပါတယ်

🌞မဟုတ်ရင်တော့ ဥအခွံကို ရေဆေး ရေခဲသေတ္တာထဲ သေချာဖြန့်ပြီး တညထားလိုက်ရင် ရေခြောက်ပါတယ်
နေရောင်ရရင်တော့ နေရောင်ပြလို့ရပါတယ်

🔥လုံးဝခြောက်သွေ့သွားပြီဆိုရင် Oven နဲ့ 200 degree Fahrenheit မှာ 15 minutes ခန့်ဖုတ်လိုက်ပြီး ကြိတ်စက်နဲ့ မှုန့်နေအောင် ကြိတ်လိုက်ပါ
ပြီးရင်တော့ ရေခြောက်အောင်သုတ်ထားတဲ့ လေလုံဖန်ပုလင်းလေးထဲ ထည့်ပြီး ရေခဲသေတ္တာထဲထည့်လို့ နေ့စဉ်အစာကျွေးတဲ့အပေါ်မှာ ဥအခွံအမှုန့်ကို အနည်းငယ် ဖြူးပြီးကျွေးလို့ရပါတယ်

⚠️သေချာခြောက်သွေ့သွားအောင်လုပ်ပြီးမှ အမှုန့်လုပ်ပြီး ခြောက်သွေ့တဲ့ ရေခဲသေတ္တာထဲသိမ်းကျွေးရပါမယ် ရေသေချာမခြောက်တာ ရေဓာတ်ကျန်နေတယ်ဆို မှိုတက်နိုင်တာကို အထူးသတိပြုရပါမယ်

⚠️ဖြစ်ခဲပေမယ့် ကြက်သား Allergy ရှိတဲ့ကောင်တွေဆို ကြက်ဥကိုလည်း allergy ဖြစ်တတ်တာကြောင့် ပထမဆုံးကျွေးတဲ့သူတွေအနေနဲ့ အာဝုပူစီရဲ့စားပြီးအခြေအနေနဲ့ ဝမ်းအခြေအနေကို စောင့်ကြည့်သင့်ပါတယ်

😇မေတ္တာဖြင့် Just for Pet

🙏စိတ်ကြိုက် Share နိုင်ပါတယ်
တဆင့်ပြန်လည်ကူးယူဖော်ပြခြင်း မပြုဖို့ မေတ္တာရပ်ခံပါတယ်

16/07/2021
Instock ရနိုင်မယ့် Cat Tree လေးတွေပါခဗျာ 🙏
15/06/2021

Instock ရနိုင်မယ့် Cat Tree လေးတွေပါခဗျာ 🙏

Address

No. 23, Aung Zay Ya Road, Yankin
Yangon
11081

Website

Alerts

Be the first to know and let us send you an email when Just For Pet Online Pet Accessories Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Just For Pet Online Pet Accessories Shop:

Share

Category