Puppy Island Grooming & Dog Spa

Puppy Island Grooming & Dog Spa dog grooming and spa, pets services, pets accessory

လက်ရှိကုန်သွယ်ရေးအခြေအနေများနဲ့လိုက်လို့မမှီနိုင်သောကုန်စျေးနှုန်းမြင့်တတ်မှုများကြောင့် ကျွန်မတို့ရဲ့ Puppy Island လေးက...
01/10/2025

လက်ရှိကုန်သွယ်ရေးအခြေအနေများနဲ့လိုက်လို့မမှီနိုင်သောကုန်စျေးနှုန်းမြင့်တတ်မှုများကြောင့် ကျွန်မတို့ရဲ့ Puppy Island လေးကိုရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ရပြီဖြစ်ပါကြောင်းဝမ်းနည်းစွာအသိပေးပါရစေရှင့်။ ယခုချိန်ထိ Puppy Island လေးကိုအမြဲယုံကြည်အားပေးကူညီခဲ့ကြတဲ့တန်ဖိုးထားလေးစားရတဲ့ customer တစ်ယောက်ချင်းဆီတိုင်းနှင့်သားသားမီးမီးလေးတွေအားလုံးကိုရင်ထဲကနက်နက်နဲနဲကျေးဇူးတင်နေပါတယ်ရှင့်။ မကြာခင် ပြန်လည်ဆုံတွေ့ကြမယ်လို့ မျှော်လင့်ပါတယ်ရှင်

😔💔🙏

08/03/2025

📣 ဝန်ထမ်းအမြန်အလိုရှိသည်📣

ခွေး/ကြောင် ခန္ဓာကိုယ်အမွှေးပုံသွင်းအလှညှပ်(Styling Haircut), ရေချိုး,အမွှေးရှင်း, အမွှေးရိတ်, နားသန့်, ခြေသည်းလက်သည်းညှပ် ကျွမ်းကျင်စွာလုပ်ကိုင်တတ်သူ လုပ်ကိုင်နိုင်သူ...... ကျား/မ (၁) ဦး

ခွေး/ကြောင် ရေချိုး,အမွှေးရှင်း, အမွှေးရိတ်, နားသန့်, ခြေသည်းလက်သည်းညှပ် ကျွမ်းကျင်စွာလုပ်ကိုင်တတ်သူ လုပ်ကိုင်နိုင်သူ...... ကျား (၁) ဦး

⛔️ကလေးတွေအပေါ် ချစ်ရမည်, စေတနာပါရမည်, ကြင်နာရမည်,သန့်ရှင်းရမည်, ညင်သာစွာကိုင်တွယ်ရမည်, စိတ်ရှည်ရမည်, ကျွမ်းကျင်ရမည်, စည်းကမ်းလိုက်နာရမည် စသည့်အချက်အလက်တွေနှင့်ပြည့်စုံမှသာလျှင် အလုပ်လက်ခံခန့်အပ်ပါမည်။⛔️

ထိုက်သင့်လစာ+လုပ်အား % ဖြင့်ညှိုနှိုင်းခန့်အပ်ပေးမည်။ ကျွမ်းကျင်ပြီးလုပ်ငန်းအတွေ့အကြုံရှိရပါမည်။

📞 𝙋𝙪𝙥𝙥𝙮 𝙄𝙨𝙡𝙖𝙣𝙙 𝙋𝙖𝙜𝙚 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 ထံသို့ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

🙏💜 သီတင်းကျွတ်ဆုတောင်း 💜🙏 🙏ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယလေးမှာ ချစ်ရတဲ့ ဖီဖီမီမီတို့ရော သားသားမီးမီးလေးတို့ရော နိုင်ငံသူ...
17/10/2024

🙏💜 သီတင်းကျွတ်ဆုတောင်း 💜🙏

🙏ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယလေးမှာ ချစ်ရတဲ့ ဖီဖီမီမီတို့ရော သားသားမီးမီးလေးတို့ရော နိုင်ငံသူနိုင်ငံသားအားလုံး ကျန်းမာပျော်ရွှင်တဲ့နေ့လေးကိုပိုင်ဆိုင်နိုင်ပီး စီပွားလာဘ်လာဘတွေ တိုးတက်အောင်မြင်ပါစေ 🙏

❤️စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာချင်းတို့လဲ တစ်လုံးတစ်ဝကြီးပြည့်ဝကျပါစေလို့ Puppy Island pet grooming spa မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် ❤️

မနက်ဖြန် (18.10.2024) နေ့တွင် မနက် 10နာရီမှ ညနေ6နာရီထိ ဆိုင်ပုံမှန်ပြန်လည်ဖွင့်လှစ်သွားပါမယ်ရှင့် 💜


💜ဆိုင်တည်နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်း💜📣လေးစားတန်ဖိုးထားရပါသောချစ် Customer များရှင့် Puppy Island လေးဟာအခုဆိုရင်နေရာသစ...
27/06/2024

💜ဆိုင်တည်နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်း💜

📣လေးစားတန်ဖိုးထားရပါသောချစ် Customer များရှင့် Puppy Island လေးဟာအခုဆိုရင်နေရာသစ်လေးမှာပြောင်းရွှေ့ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်ရှင့် ဆိုင်နေရာသစ်ပြောင်းရွှေ့ဖွင့်လှစ်ထားတဲ့အထိမ်းအမှတ်အနေနဲ့ (23.6.2024) ရက်နေ့မှစ၍ ချစ်ရတဲ့သားသားမီးမီးလေးတွေအတွက် Spa စျေးနှုန်းများကို 30% discount လေးရှိမှာဖြစ်ကြောင်းလေးစားစွာအကြောင်းကြားအသိပေးအပ်ပါရစေရှင့် သားသားမီးမီးလေးတို့လှလှချောချောမွှေးမွှေးသန့်သန့်လေးတွေဖြစ်ဖို့အမြန်ဆုံးလှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော် နောက်ပြီးခြံဝန်းကျယ်ကျယ်လေးမှာ Puppy Island လေးဖွင့်လှစ်ထားတာဖြစ်လို့ ဖီဖီမီမီတို့အနေနဲ့ Car Parking အတွက်လဲလုံးဝစိတ်မပူရတော့ဘူးပေါ့ နေ့စဉ်မနက် ၁၀ နာရီမှညနေ ၆ နာရီထိဖွင့်လှစ်ထားပြီးအပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း Puppy Island လေးပိတ်ပါတယ်နော် ကျေးဇူးတင်ပါတယ်ရှင့်🙏🏽

💘သွားရလာရအခက်ခဲရှိတဲ့ Customer များအတွက်လဲ အကြိုအပို့ service လေးလဲရှိပါတယ်နော် 💘

🏠 ခြံအမှတ် 91/J2, သံလွင်လမ်း(ဦးအောင်ကိန်းလမ်းသွယ်), ရွှေတောင်ကြားရပ်ကွက်, ဗဟန်းမြို့နယ်, ရန်ကုန်မြို့

🧭Google Map

📍 https://maps.app.goo.gl/j4zqA3gdd2XrdJUR7?g_st=com.google.maps.preview.copy

☎️ 09400884408 / 09400284200

⏰ 10:00AM to 6:00 PM

❌ Closed Wednesday

💜Always a gentle and loving touch 💜

🙏 ချစ်ခင်လေးစားရပါသော Customer များရှင့် ယခုရက်ပိုင်းအတွင်း ဆိုင်အပြောင်းအရွှေ့နှင့် Maintenance ဆောင်ရွှက်နေချင်းကြောင့...
22/06/2024

🙏 ချစ်ခင်လေးစားရပါသော Customer များရှင့် ယခုရက်ပိုင်းအတွင်း ဆိုင်အပြောင်းအရွှေ့နှင့် Maintenance ဆောင်ရွှက်နေချင်းကြောင့် ဖုန်းခေါ်ဆိုမှုများနှင့် Messenger မှ Reply ပြန်မှုများ ကြန့်ကြာချင်းများအတွက် အနူးအညွတ်တောင်းပန်အပ်ပါတယ်ရှင့် 🙏

❤️ သတင်းကောင်းလေးအနေနဲ့ ယခုပြန်လည် ဖွင့်လှစ်လိုက်တဲ့ ဗဟန်းမြို့နယ်ရွှေတောင်ကြား ရပ်ကွက် တွင် (23.06.2024) မှစပြီး 30% Discount ဖြင့် သားသားမီးမီးတို့ကို ပုံမှန်တိုင်းပြန်လည် Grooming လုပ်လို့ရပါပီရှင့် ❤️

ပြောင်းရွှေ့သွားတဲ့နေရာလေးကတော့ ခြံအမှတ် 91/J2 သံလွင်လမ်း(ဦးအောင်ကိန်းလမ်းသွယ်) ရွှေတောင်ကြားရပ်ကွက် ဗဟန်းမြို့နယ် ရန်ကုန်မြို့

09400884408 / 09400284200

Information အပြည့်အစုံအား Post ပြန်လည်တင်ပေးပါမယ်ရှင့် 🙏

💜Always a gentle & loving touch 💜

💦မြန်မာအတာသင်္ကြန်ပိတ်ရက်ကြေငြာခြင်း💦         လေးစားတန်ဖိုးထားရပါသောချစ် Customers များရှင့် အတာသင်္ကြန်အချိန်ကာလလေးဖြစ်...
13/04/2024

💦မြန်မာအတာသင်္ကြန်ပိတ်ရက်ကြေငြာခြင်း💦

လေးစားတန်ဖိုးထားရပါသောချစ် Customers များရှင့် အတာသင်္ကြန်အချိန်ကာလလေးဖြစ်သော (13.4.2024) မှ (17.4.2024) ထိ 𝙋𝙪𝙥𝙥𝙮 𝙄𝙨𝙡𝙖𝙣𝙙 လေး(၅) ရက်တိတိပိတ်မှာဖြစ်ပြီး (18.4.2024) နှစ်ဆန်းနှစ်ရက်နေ့ တွင်ပုံမှန်ချိန် (10:00AM to 6:00PM) တိုင်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း လေးစားစွာကြိုတင်အသိပေးအပ်ပါတယ်ရှင် သားသားမီးမီးလေးတွေနဲ့ဖီဖီမီမီတို့အားလုံးအတာသင်္ကြန်အချိန်ကာလလေးကိုဘေးအန္တရာယ်ကင်း၍စိတ်ချမ်းသာစွာဖြတ်သန်းနိုင်ကြပါစေလို့ ကျွန်မတို့ 𝙋𝙪𝙥𝙥𝙮 𝙄𝙨𝙡𝙖𝙣𝙙 မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့် ယုံကြည်အားပေးကြပါသောချစ် Customers များအားအစဉ်လေးစားကျေးဇူးအထူးတင်ရှိလျှက်💜🙏🏽💦💦💦

🐾💜`Always a gentle and loving touch’💜🐾

Hello "မင်္ဂလာပါရှင့်" 💜သားသားမီးမီးတို့အတွက် Puppy Island မှ အထူးဝန်ဆောင်မှုလေးတစ်ခုစီစဉ်ပေးထားပါတယ်ရှင့်  💌အဲ့တာလေးကတေ...
19/02/2024

Hello "မင်္ဂလာပါရှင့်" 💜

သားသားမီးမီးတို့အတွက် Puppy Island မှ အထူးဝန်ဆောင်မှုလေးတစ်ခုစီစဉ်ပေးထားပါတယ်ရှင့် 💌
အဲ့တာလေးကတော့ သားသားမီးမီးတို့ကို အိမ်တိုင်ရာရောက်အကြိုအပို့လုပ်ပေးတဲ့ဝန်ဆောင်မှုလေးပဲဖြစ်ပါတယ်ရှင့် 💖

စက်သုံးဆီဈေးကြီးလို့ပဲဖြစ်ဖြစ် လာရတာဝေးလို့ပဲဖြစ်ဖြစ် အာဝုလေးတို့အတွက်အချိန်မပေးနိုင်လို့ပဲဖြစ်ဖြစ် ကားငှားရတာအခက်ခဲဖြစ်တာမျိုးတွေအတွက်စိတ်ပူစရာမလိုတော့ဘူးနော် 💜

🚗 သားသားမီးမီးလေးတို့ကို ဆိုင်ကဆရာကိုယ်တိုင်လာခေါ်ပေးတာဖြစ်တဲ့အတွက်စိတ်ချလက်ချ ထည့်ပေးလို့ရပါတယ်ရှင့် 🚗

✅ Pick up service ခ လေးကတော့ မြို့နယ်ပေါ်မူတည်ပီး ဆီဖိုးလေးပဲယူပါတယ်ရှင့် ✅

Ph. 09400884408 / 09400284200

💘 ကဲသားသားမီးမီးတို့အတွက် အလှပဆုံး Grooming လုပ်ဖို့အတွက် Puppy Island လေးကို Hello လေးလုပ်လိုက်နော် 💘

⚠️ဗုဒ္ဓဟူးနေ့တိုင်းဆိုင်ပိတ်ပါသည်

⏰ 10:00AM to 6PM

လိပ်စာ🏠
တိုက်(၂၁၃)အခန်း(၆)မြေညီ, ရန်နိုင်(၇)လမ်း,ရန်ကင်းလမ်းမကြီးပေါ်(မဟာရန်ကုန် လက်ဖက်ရည်ဆိုင်ဘေး)- ရန်ကင်းစာတိုက်မှတ်တိုင်

💜 Styling hair cut 💜
01/12/2023

💜 Styling hair cut 💜

🐶 သားသား Lucky လေး 🐶💜Styling hair cut(B4 & After) 💜
06/11/2023

🐶 သားသား Lucky လေး 🐶

💜Styling hair cut(B4 & After) 💜

💜 သားသားလေးနှစ်ယောက် 💜🐶 Louis & Alvin 🐶Styling hair cut (B4 / After)
05/11/2023

💜 သားသားလေးနှစ်ယောက် 💜

🐶 Louis & Alvin 🐶

Styling hair cut (B4 / After)

Address

No. 91/J2, Thanlwin Rd( U Aung Kain Street Lane), Shwe Taung Kyar Ward, Bahan Township
Yangon
11201

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Telephone

09400884408

Website

Alerts

Be the first to know and let us send you an email when Puppy Island Grooming & Dog Spa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share