ပျော်စရာ မင်္ဂလာပါ

ပျော်စရာ မင်္ဂလာပါ . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

European Commission နဲ့ European Research Council တို့ရဲ့ ဒီနေ့ ကြေငြာချက်အရ ဒီနေ့ လူသားမျိုးဆက်ဟာ Black Hole လို့ ခေါ်တဲ...
10/04/2019

European Commission နဲ့ European Research Council တို့ရဲ့ ဒီနေ့ ကြေငြာချက်အရ ဒီနေ့ လူသားမျိုးဆက်ဟာ Black Hole လို့ ခေါ်တဲ့ တွင်းနက်တွေကို ကမ္ဘာ့ သမိုင်းမှာ ပထမဆုံး လက်တွေ့ တွေ့မြင်ရတဲ့ လူသားမျိုးဆက်အဖြစ် သမိုင်းဝင်ခဲ့ပါပြီ။

အရင်တုန်းကတော့ Black Hole ဆိုတာ Theory အရပဲ ရှိတယ်လို့ တွက်ချက်ပြနိုင်ခဲ့ပါတယ်။ တကယ်ဆို black hole ဆိုတဲ့ တွင်းနက်တွေဟာ အလင်းကနေစပြီး အရာအားလုံးကို စုပ်ယူနိုင်စွမ်း ရှိတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ Black Hole ဆိုတာ ဘယ်လို ပုံစံ ဖြစ်တယ် အထဲမှာ ဘာတွေရှိတယ် ဆိုတာ မြင်တွေ့နိုင်ခြင်း ရှိမှာ မဟုတ်ပါဘူး။

ဒါပေမယ့် Black Hole ဆိုတာကြီးက အလင်းတွေကနေစပြီး အရာအားလုံးကို စုပ်ယူလိုက်တဲ့အတွက် အလင်းပျောက်သွားတဲ့ နေရာအဝန်းအဝိုင်းကို ခြေရာကောက် ပုံဖော်ကြည့်ရင် Black Hole ရဲ့ ပြင်ပ ပုံပန်း သဏ္ဍန်ကို ကျွန်တော်တို့ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

ဒီနေ့ ကမ္ဘာ့သမိုင်းမှာ ပထမဆုံးမြင်တွေ့ရတဲ့ Black Hole ဆိုတာကလဲ ကမ္ဘာနဲ့ ကီလိုမီတာ သန်း ဘီလီယံပေါင်းများစွာ အကွာအဝေးမှာ ထူးဆန်းစွာ အလင်းပျောက်သွားတဲ့ နေရာတစ်ခုကို စတွေ့မိတဲ့ သဲလွန်စကလေးကနေ အလင်းပျောက်သွားတဲ့နေရာ အားလုံးကို ပုံဖော်ကြည့်လိုက်တဲ့အခါ နေထက် အဆ ၆.၅ ဘီလီယံ လောက် ပမာဏကြီးတဲ့ Black Hole တစ်ခုကို ပုံဖော် နိုင်ခဲ့တာ ဖြစ်ပါတယ်။ နေရဲ့ အဆ ၆.၅ ဘီလီယံ ဆိုတဲ့ အရွယ်အစားဟာ ကျွန်တော်တို့ အတွက် သိပ်ကြီးမားလွန်းတယ် ဆိုပေမယ့် ဒါဟာ တကယ်တော့ ပုံမှန် Black Hole အရွယ်အစားလောက်သာ ရှိပါတယ်။

ဒီအရာကို ဘာလို့ Black Hole လို့ ပြောရသလဲဆိုတော့ အလင်းတွေ အားလုံးတစ်နေရာထဲမှာ စုပြီး ပျောက်ဆုံးသွားတဲ့ အချက်ရယ်၊ ဒီ ဧရိယာကြီးရဲ့ အစွန်းနှစ်ဖက်မှာ အလင်းတွေပိုထွက်နေတာကို ကြည့်ခြင်းအားဖြင့် ဒီအရာကြီးဟာ လှည့်ပတ်နေတယ်လို့ ယူဆလို့ရပြီးတော့ တကယ်လဲ နာရီရဲ့ လက်တံအတိုင်း လှည့်လည်နေတာ ဖြစ်ပါတယ်။

ဒါဆို ဒီ Black Hole ဆိုတာကြီးကို ပထမဆုံးတွေ့လိုက်ရတဲ့ လူသားတွေအနေနဲ့ ဘာအဓိပ္ပာယ် ရှိသလဲ။ ဒါကနေ ဘာအကျိုးဆက်ကို ရသလဲလို့ မေးလာရင် ဒါက သိပ်အရေးကြီးပါတယ်။

ဘာလို့ဆို Black Hole ဆိုတာ သိပ္ပံရဲ့ သီအိုရီအရ တွက်ချက် ဖော်ထုတ်လိုက်တဲ့ အရာဖြစ်ပေမယ့် ပြင်ပမှာ တကယ်ရှိမရှိ ကျွန်တော်တို့ သေချာမသိခဲ့ပါဘူး။ ဒီနေ့လက်တွေ့ တွေ့လိုက်ရတဲ့ Black Hole က ဘာပြောသလဲဆိုရင် သဘာဝကြီးရဲ့ နိယာမတွေ ဖြစ်ပျက်နေတာတွေကို မမြင်ရပေမယ့်၊ ကျွန်တော်တို့မှာ မြင်နိုင်တဲ့ ဉာဏ်စွမ်းတွေရှိနေတယ်။အတိတ်က ဖြစ်ခဲ့တဲ့ အရာတွေ၊ အနာဂါတ်မှာ ဖြစ်လာမယ့် အရာတွေရဲ့ နိယာမတွေကို သိရှိ တွက်ထုတ်ခြင်းနဲ့ လူသားတွေဟာ သူတို့ ထိတွေ့ဖို့ ခက်ခဲတဲ့ အရာတွေကို ပိုမိုထိတွေ့နိုင်တော့မှာ ဖြစ်တယ်လို့ ကြေငြာလိုက်တာ ဖြစ်ပါတယ်။

ီမှ ကူးယူဖော်ပြပါသည်။

16/04/2018

More missile ships appears to be the cost-effective answer to A2/AD systems developed by China and others.

20/04/2017
31/01/2017
11/01/2017

Address

Yarma
Yangon

Telephone

+959796899375

Website

Alerts

Be the first to know and let us send you an email when ပျော်စရာ မင်္ဂလာပါ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category