26/07/2025
ကျေးဇူးတင်လွှာ
3rd Myanmar Pet Expo ပွဲတွင် ကူညီပံ့ပိုးပေးကြသော ကုမ္ပဏီများ ၊ လုပ်ငန်းရှင်များ ၊ Pet Shop များ ကို ပထမဦးစွာ ကျေးဇူးတင်ရပါသည်။
မိမိတို့ Petလေးများကို လာရောက်ကူညီပြသပေးသော ကိုထွန်းထွန်း ၊ ညီမလေး ခိုင်ဇာသွယ် ၊ ညီလေး ကောင်းမြတ်သူ ၊ ကိုတေဇယုကြည် တို့ကိုလည်း အထူးကျေးဇူးတင်ရပါသည် ။
International Dog Show ဦးစီးကျင်းပသော Myanmar Kennel Club မှ တာဝန်ရှိသူများနှင့် Judges များကိုလည်း ကျေးဇူးတင်ပါသည်။
မြန်မာနိုင်ငံ၏ အလှပဆုံးသော ခွေးလေးများကို ပွဲထုတ်ပေးခဲ့ကြသော Kennel များ ၊ Breeder များ ၊ ဝါသနာရှင်များကို လည်း ကျေးဇူးတင်ပါသည် ။
Dog Fashion Show လာရောက်ပေးကြသော အစ်ကိုအစ်မများ ၊ ပွဲကိုလာရောက်ကူညီပေးကြသော Volunteers များ ၊ ပွဲကို လာရောက်ဝန်းရံကြသော မိတ်ဆွေသူငယ်ချင်းများကိုလည်း အထူးကျေးဇူးတင်ရပါသည်။
အခက်ခဲများစွာနှင့် ရှေ့ဆက်နေရသော်လည်း မြူတစ်မှုန် သဲတစ်ပွင့်မျှသော ခွန်အားများစွာ နှင့် အတူ ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း တိချစ်သူများကို ပြောကြားရင်း ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ပါသည်။