Golden Puppy Pet Spa, Grooming & Hotel

Golden Puppy Pet Spa, Grooming & Hotel Our Patient and Kind Pet Sitters Give Your Pets the Respect and Attention They Deserve.

23/04/2021

🫁

🄶🄿 ᴘᴇᴛ sᴘᴀ & ᴘᴇᴛ ʜᴏᴛᴇʟသားသားမီးမီးတို့တွက် စတိုင်ထုတ်လို့ရအောင်လွယ်အိတ်လေးနဲ့ဖိနပ်လေးရှာတွေ့ထားလို့ အိမ်က သူဌေးဘောစိကို ...
28/01/2021

🄶🄿 ᴘᴇᴛ sᴘᴀ & ᴘᴇᴛ ʜᴏᴛᴇʟ

သားသားမီးမီးတို့တွက် စတိုင်ထုတ်လို့ရအောင်လွယ်အိတ်လေးနဲ့ဖိနပ်လေးရှာတွေ့ထားလို့ အိမ်က သူဌေးဘောစိကို မှာပေးရင်း လိုချင်တဲ့သူရှိမလားလို့တင်ပေးတာပါ...
လွယ်အိတ်လေးနဲ့ ဖိနပ်လေးပေါင်းဝမ်းဆက်မှ ၁၈၅၀၀ ပဲကျပါမယ်နော်...
သက်သက်စီခွဲယူလဲရပါတယ်..

ǫᴜᴀʟɪᴛʏ ကတော့ စိတ်ပူစရာမလိုဘူးနော် ... Thai နာမည်ကြီး 𝑩𝒓𝒂𝒏𝒅 တခုပါ ...

𝘽𝙖𝙘𝙠𝙥𝙖𝙘𝙠 - 12500 ( 𝗼𝗻𝗹𝘆 𝗼𝗻𝗲 𝘀𝗶𝘇𝗲 ) 2 ᴄᴏʟᴏᴜʀ
𝙎𝙝𝙤𝙚 -8500 ( 𝗫𝘀 𝗧𝗼 𝗫𝗟 )

𝗣𝗿𝗲𝗼𝗿𝗱𝗲𝗿 မို့ 2𝒘𝒆𝒆𝒌 တော့စောင့်ပေးရပါမယ်...

𝑶𝒏𝒆𝒔𝒆𝒕 ယူတဲ့ သားသားမီးမီးတို့အတွက် ᴍɪɴɪ ᴘʜᴏᴛᴏ ᴏʀ ɴᴀᴍᴇ ғʀᴀᴍᴇ လေး လက်ဆောင်ထည့်ပေးမယ်နော် ... 🅶🅸🅵🆃 ရမယ့် ပစ္စည်းလေးနောက်ဆုံးမှာ တင်ထားပေးတယ်နော် ...

Golden Puppy Pet Hotel ရဲ့ မင်းသမီးလေး Baby ဆုံးသွားပါပီ ... လွန်ခဲ့တဲ့ ၁နှစ်ကျော်က သခင်ပစ်သွားလို့ မွေးစားမယ့် သူရှာပေး...
08/01/2021

Golden Puppy Pet Hotel ရဲ့ မင်းသမီးလေး Baby ဆုံးသွားပါပီ ...
လွန်ခဲ့တဲ့ ၁နှစ်ကျော်က သခင်ပစ်သွားလို့ မွေးစားမယ့် သူရှာပေးခဲ့ဘူးတယ် .. အသက်ကလေးကလဲ အရမ်းကြီးနေပီဆိုတော့ တော်ရုံတန်ရုံသူကို ပေးမမွေးချင်လို့ ရန်လုပ်ခံ ဆဲခံခဲ့ရတဲ့ အချိန်တွေကျော်လွန်ပီး သမီးကို စိတ်မချလို့ ကိုယ်တိုင်ပဲ မွေးခဲ့တယ် ... သခင်ပစ်ခံရတဲ့ အကြီးဆုံးသမီးလေးမို့ အချစ်ပိုပီး လိုအပ်သမျှဖြည့်ဆည်း အများကြီးဂရုစိုက်စောင့်ရှောက်ပေးခဲ့တယ် ...
ဆိုင်လာသမျှ ဧည့်သည်တော်တော်များများရဲ့ အချစ်တွေလဲ သမီးလေးဘေဘီပိုင်ဆိုင်ရပါတယ် .. တွေ့တဲ့သူတိုင်း လာသမျှဧည့်သည်တိုင်းကို အပြုံးလေးနဲ့ အမြဲ ကြိုဆိုတတ်တဲ့ သမီးလေး အခု သက်တမ်းကုန်လို့ ဘဝကူးသွားပီ ... သမီးလေး ဘဝကူးကောင်းပါတယ် ဘာရောဂါမှမရှိမခံစားရပဲ တနေကုန်ချစ်တဲ့ သူတွေကို လိုက်နှုတ်ဆက် ချီခိုင်း ထမင်းစား အီးပါပီး အိပ်လိုက်တာ အသံလေးတချက်ပဲကြားလို့ သွားကြည့်တာ ပြန်မနိုးလာတော့ဘူး .. သမီးလေး ဘေဘီ ကောင်းရာဘုံဘဝရောက်ပီး ဘဝကူးကောင်းအောင် ဆုတောင်းပေးကြပါဦးရှင့် ... 😢😢😢😢

19/11/2020

Golden Puppy Pet Spa & Hotel က​နေ ဒီ covid ကာလကြီးမှာ သားသားမီးမီးတို့အတွက် အပြင်ထွက်လှလှပြင်ဖို့ အခက်အခဲ တွေ က​နေ ကင်းလွတ်​အောင်ရယ် အိမ်မှာ နည်းစတစ်ကျကျ ရေချိုး​ပေးရတာအဆင်မ​ပြေလို့ spa အမြဲသွား​နေရရပီး ၁လ၁လ ထွက်​ငွေ​တွေများလို့စိတ်ညစ်နေတဲ့ က​လေး​လေး​တွေရဲ့ ပိုင်ရှင်တွေအတွက် အိမ်မှာပဲ မိမိက​လေး​တွေကို spa တွေလို ဘယ်လို သန့်ရှင်း​ရေး နဲ့ ပြုစု​စောင့်​​ရှောက်ရင်အဆင်​ပေမယ့် အစီအစဥ်​လေးတခု စဥ်းစားထားတယ်ရှင့် ...

ချစ်ရတဲ့ က​လေး​တွေနဲ့ customer ​တွေအတွက် Golden Puppy Pet Spa & Hotel ​လေး တာ​မွေ lockdown ကာလက လွတ်​ေြမာက်လို့ ြပန်လဲဖွ...
17/06/2020

ချစ်ရတဲ့ က​လေး​တွေနဲ့ customer ​တွေအတွက် Golden Puppy Pet Spa & Hotel ​လေး တာ​မွေ lockdown ကာလက လွတ်​ေြမာက်လို့ ြပန်လဲဖွင့်လစ်ပါပီရှင့် ...
​စျေးနှုန်း​တွေလဲ အရင်အတိုင်းမ​ေြပါင်းလဲပါဘူးရှင့် ....

ကလေးတွေကိုထားခဲ့ရမှာစိတ်မချတဲ့ သူတွေအတွက် ဆိုင်ကို အရင်ဆုံးလာရောက်လေ့လာနိုင်ပါတယ် ...

Hotel ကလေးတွေကို လှောင်အိမ်နဲ့ထားခြင်း ကြိုးချည်ထားခြင်း မရှိတဲ့အတွက် မိမိ ကလေးတွေ အိမ်မှာနေသည့်အတိုင်း လွတ်လွတ်လပ်လပ် ဆော့ကစားနိုင်ပါပီ အဖော်မရှိကြောက်တတ်တဲ့ ကလေးလေးတွေအတွက်လဲ Teamwork လေးတခုအနေနဲ့ နေတတ်အောင် ထမင်းမစားနေမကောင်းရမရှိအောင် ထမင်းခွံ့ကျွေးချော့ကျွေးခြင်း 24 hours aircon နဲ့ ရင်အုပ်မကွာအနီးကပ်စောင့်ရှောက်ပေးတာမို့ မပျော်မှာ ထမင်းမစားမှာတော့ စိတ်ပူစရာလိုပါဘူးရှင့် ...

Ps:ကိုက်တတ်တဲ့ကလေးလုံးဝလုံးဝလက်မခံပါဘူးရှင် ...

မအားလပ်တဲ့ သူတွေအတွက် Ferry အကြိုအပို့လဲ မြို့နယ်အလိုက်သက်သာတဲ့ Transportation fees တွေစီစဉ်ပေးထားပါတယ် ..

Hotel ခက လဲ သားသားမီးမီးတို့အစာဖိုးပဲ ရှိပါတယ် ...

Toy 4000
small 5000 &
medium size ဆို တရက် 7000 ပါ 🐻🐻🐻
Large size 11000
Extra large 12000 ပါ ရှင့် 🐻🐻🐻

ရုံးပိတ်ရက်တွေများတဲ့ ဒီလမှာ ချစ်ရတဲ့ သားသားမီးမီးတို့ကို ရင်အုပ်မကွာ ဂရုစိုက်စောင့်ရှောက်ပေးဖို့ Golden puppy ရဲ့တာဝန်ထားနော် အကောင်ရေလဲ သတ်မှတ်ထားတယ် သားသားမီးမီးတို့ အတွက် အစားစားချိန် ၃ ကြိမ်ရှိပီး snack time လဲထားပေးထားတယ် .. ကြေးအိုး အသီးစုံ ဘာညာလဲ ကျွေးသေးတာ ဘယ်လောက်သဘောကောင်းတဲ့ မမတွေလဲဆို Hotel တည်းလို့ ပြန်တော့မယ့် ကလေးလေးတွေကိုလဲ ၅ ရက်ပြည့်ရင် ရေချိုးသန့်စင်ပီး Free မွှေးကြိုင်နေအောင် လုပ်ပေးပီးမှ ပြန်လွှတ်ပေးတတ်လို့ သန့်ရှင်းရေးလဲ စိတ်ပူစရာမလိုပါဘူး ...

အော် .. တခုကျန်သေးတယ် ကိုယ့်ကို ဖက်တက်တဲ့ အခါ လက်သည်းလေးတွေ စူးနေတယ်ဆိုရင် nail လေးတွေ ဆိုင်မှာ ပိုက်ဆံ တပြားမှပေးစရာမလိုဘူး Free လာညှိပါနော် 🐻🐻

Ps: ကလေးလေးတွေ ဒီမှာနေတာ ပျော်လို့ အိမ်ရောက်ရင် စည်းကမ်းပျက်သောင်းကျန်းတာ တာဝန်မယူပါဘူးရှင့် 😬😬😬

🏢🏢🏢 No(42.44), 157 Street , 1st floor, Behind of Tamwe Fire station Near Tarmwe plaza and Mega Ace cinema, Tamwe Township, Yangon.
☎️☎️☎️Contact-

Hello Dear 🐻🐻🐻For Our New Customer 🐻🐻🐻Right now, we need to do everything we can to prevent ourselves from COVID-19( Cor...
31/03/2020

Hello Dear 🐻🐻🐻

For Our New Customer 🐻🐻🐻

Right now, we need to do everything we can to prevent ourselves from COVID-19( Coronavirus ). We will close Golden Puppy Pet Spa & Hotel for temporary until further notice. If something change, we will announce from our page again.

We wish everyone healthy and hope everyone stay home, stay safe. Let’s support each other and Obey Our Government and Ministry of Health and Sports Orders.

Do what we need to Do…and Start Protect Ourselves before happened... 🐻🐻
1. Don’t Forget Wash your hands with soaps at least 20 seconds and Be Clean and Careful.
2. Don’t touch your face and avoid touching nose, mouth, eyes.
3. Don’t stay close with someone more than 15 minutes and stay away from sneezes at least 1 meter away.

See You Again Soon…!

COVID-19 နဲ့ ပတ်သက်တဲ့ အရေးအကြီးတဲ့ (၂၁) ချက်ကို ရှာဖွေတင်ပြပေးလိုက်ပါတယ်။၁။ Coronavirus ဆိုတာဘာလဲ?Coronavirus ဆိုတာ လူတ...
31/03/2020

COVID-19 နဲ့ ပတ်သက်တဲ့ အရေးအကြီးတဲ့ (၂၁) ချက်ကို ရှာဖွေတင်ပြပေးလိုက်ပါတယ်။

၁။ Coronavirus ဆိုတာဘာလဲ?

Coronavirus ဆိုတာ လူတွေမှာရော တိရိစ္ဆာန်တွေမှာပါ ဖျားနာစေတဲ့ ဗိုင်းရပ်စ် အမျိုးနွယ်တစ်ခုပဲဖြစ်ပါတယ်။
Coronavirus ဟာ လူတွေမှာ Middle East Respiratory Syndrome (MERS) နဲ့ Severe Acute Respiratory Syndrome ( SARS) တို့ကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေပါတယ်။ နောက်ဆုံးတွေ့ရှိထားတဲ့ ဒီဗိုင်းရပ်စ် မျိုးနွယ်ဝင်ကတော့ COVID-19 ပဲဖြစ်ပါတယ်။

၂။ Covid-19 ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?

အဖျားတက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း နဲ့ ချောင်းခြောက်ဆိုးခြင်းတို့ ဖြစ်ပါတယ်။ တစ်ချို့ကူးစက်ခံရသူတွေမှာ ကိုက်ခဲခြင်း၊ နာကျင်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာရေယိုခြင်း၊ လည်ချောင်းနာခြင်း သို့မဟုတ် ဝမ်းလျှောခြင်းတွေပါ တွေ့ရတတ်ပါတယ်။

ဒီလက္ခဏာတွေဟာ များသောအားဖြင့် ပျော့ပျောင်းစွာ စတင်ပြီး တစ်ဖြည်းဖြည်း ဖြစ်ပေါ်လာတတ်ပါတယ်။

တစ်ချို့လူတွေဟာ ရောဂါကူးစက်ခံနေရပေမယ့် ဖျားနာခြင်းလည်း လုံးဝမဖြစ်၊ နေမကောင်းတာ ရောဂါလက္ခဏာ တစ်ခုမှ မပြတာလည်း ဖြစ်နိုင်ပါတယ်။

လူအယောက် ၁၀၀ ကူးစက်ခံရရင် အယောက် ၈၀ လောက်က ဘာကုသမှုမှ မလိုဘဲ ပြန်လည်နေကောင်းသွားကြပါတယ်။ လူ၆ ယောက်မှာ ၁ ယောက်လောက်က အထူးပြုစုစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီလူတွေဟာ အပြင်းအထန် ဖျားကြပြီး အသက်ရှုရ အလွန်ခက်ခဲတဲ့ အခြေအနေကို ကြုံတွေ့ရနိုင်ပါတယ်။

အသက်ကြီးသူတွေ၊ အထူးသဖြင့် သွေးတိုးရှိသူ၊ နှလုံးရောဂါရှိသူ၊ သို့မဟုတ် ဆီးချိုရောဂါရှိသူကဲ့သို့ ရောဂါအခံရှိသူတွေဟာ ပိုမိုအပြင်းအထန် ဖျားနိုင်ခြေရှိပါတယ်။

အဖျားရှိသူတွေ၊ ချောင်းဆိုးသူတွေ၊ အသက်ရှုရတာ ခက်ခဲလာတဲ့သူတွေဟာ ဆေးရုံမှာ အထူးကြပ်မတ် ကုသမှု ခံယူသင့်ပါတယ်။

၃။ Covid-19 ဟာ ဘယ်လိုမျိုး ကူးစက် ပျံ့နှံ့တတ်သလဲ?

Covid-19 ဟာ ဗိုင်းရပ်စ် ရောဂါပိုးရှိသူ တစ်ဦးထံမှ နောက်တစ်ဦးထံသို့ ကူးစက်ပါတယ်။ ရောဂါပိုးရှိသူဟာ ချောင်းဆိုးလိုက်ရင်ပဲဖြစ်ဖြစ် အသက်ပြင်းပြင်းရှူထုတ်လိုက်ရင်ပဲဖြစ်ဖြစ် ပါးစပ်နဲ့ နှာခေါင်းမှ အရည်အမှုန်လေးတွေ ထွက်လာပါတယ်။

အဲ့ဒီအရည်မှုန်လေးတွေဟာ ရောဂါပိုးရှိသူရဲ့ဘေးမှာရှိတဲ့ ပစ္စည်းတွေပေါ်မှာ ကျရောက်သွားပါတယ်။ ဥပမာ စာအုပ်၊ စားပွဲ၊ လက်ရန်း၊ တံခါးလက်ကိုင် အစရှိသဖြင့် ပစ္စည်းတွေပေါ်ကျပါတယ်။

အခြားလူတွေဟာ အဲ့ဒီ ပစ္စည်းတွေကို ကိုင်မိတဲ့အခါ လက်ပေါ်မှာ ရောဂါပိုးတွေပါသွားပြီး လက်နဲ့ မိမိမျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်တို့ကို တို့မိ ကိုင်မိတဲ့အခါ ရောဂါပိုး ကူးစက်ခံရပါတော့တယ်။

ရောဂါပိုးရှိသူ ဘေးမှာချောင်းဆိုးခဲ့ရင် ထွက်လာတဲ့ အဲ့ဒီအရည်အမှုန်လေးတွေကို တိုက်ရိုက် ရှူသွင်းမိရင်လည်း ကူးစက်ပါတယ်။ အဲ့ဒါကြောင့် ဖျားနာနေတဲ့သူနဲ့တွေ့ရင် အနည်းဆုံး (၃) ပေအကွာမှာ နေဖို့ အထူးဂရုပြုသင့်ပါတယ်။

အခြားကူးစက်နည်းတွေကို သုတေသနပြုလုပ်လျှက်ရှိပြီး ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၄။ Covid-19 ဟာ လေထဲကနေ ကူးစက်နိုင်ပါသလား?

ယခုလက်ရှိအချိန်အထိ သုတေသနတွေအရ လေထဲကနေထက် ထိတွေ့မိသော ပစ္စည်းတွေကနေသာ ကူးစက်တာဖြစ်ပါတယ်။

၅။ ရောဂါလက္ခဏာ လုံးဝမပြသော ကူးစက်ခံထားရသူထံမှ ကူးစက်နိုင်ပါသလား?

ရောဂါအဓိက ကူးစက်သောနည်းလမ်းမှာ ချောင်းဆိုးခြင်းမှ ထွက်ပေါ်လာသော အရည်မှုန်လေးများမှ ကူးစက်တာဖြစ်ပါတယ်။

ချောင်းဆိုးခြင်း သို့မဟုတ် အခြားရောဂါလက္ခဏာ မပြသော လူတစ်ယောက်ထံမှ ကူးစက်နိုင်ခြေဟာ အရမ်းနည်းပါတယ်။

ဒါပေမယ့် Covid-19 ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာ လုံးဝမပြခြင်း သို့မဟုတ် အနည်းငယ်သာ ပြပါတယ်။

ဒါ့ကြောင့် လုံးဝမဖျားပေမယ့် အနည်းငယ်သော ချောင်းဆိုးခြင်းဟာ ကူးစက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

အခြားသော ကူးစက်ပုံများကို သုတေသနအသစ်တွေ တွေ့ရှိလာရင် ထပ်မံကြေငြာပေးမှာဖြစ်ပါတယ်။

၆။ မိမိကိုယ်ကို Covid-19 ဗိုင်းရပ်စ်ကနေ ကာကွယ်ဖို့ ဘာတွေလုပ်ဆောင်ရမလဲ?

မိမိကိုယ်ကို Covid-19 ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်အောင် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ပါတယ်။

၆-၁။ မိမိရဲ့လက်တွေကို အရက်ပျံပါတဲ့ လက်ဆေးရည် Hand Gel တစ်မျိုးမျိုးနဲ့ဖြစ်စေ၊ လက်ဆေးဆပ်ပြာနဲ့ဖြစ်စေ ပြောင်စင်အောင် မကြာခဏ ဆေးကြောပါ။

ဘာ့ကြောင့်လဲ? အဲ့လိုဆေးကြောလိုက်ရင် လက်မှာ ကပ်နေနိုင်တဲ့ Virus တွေကို သေစေနိုင်ပါတယ်။

၆-၂။ ချောင်းဆိုးနေသူ (သို့မဟုတ်) နှာချေနေသူ အနားမှာရှိခဲ့ရင် အနည်းဆုံး (အနည်းဆုံး) (၃) ပေအကွာမှာနေပါ။

ဘာ့ကြောင့်လဲ? လူတစ်ယောက်ဟာ နှာချေ သို့မဟုတ် ချောင်းဆိုးလိုက်ရင် သူတို့ရဲ့ နှာခေါင်းနဲ့ ပါးစပ်က အရည်မှုန်လေးတွေကို ဖြန်းထွက်လိုက်သလို ဖြစ်စေပါတယ်။

အဆိုပါလူက ဗိုင်းရပ်စ် ကူးစက်ခံထားရရင် အဲ့ဒီ ပိုးတွေဟာ အဲ့ဒီအရည်မှုန်လေးတွေထဲမှာ ပါလာမှာဖြစ်ပါတယ်။ သင်ဟာ အဲ့ဒီလူနဲ့ အရမ်းနီးကပ်နေရင် ဗိုင်းရပ်စ်တွေပါတဲ့ အရည်မှုန်လေးတွေကို ရှုရှိုက်မိမှာဖြစ်ပါတယ်။

၆-၃။ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကို လက်နဲ့ မထိပါနဲ့

ဘာ့ကြောင့်လဲ? လက်ဟာ အချိန်တိုင်း နေ့တိုင်း အရာများစွာကို ထိတွေ့ကိုင်တွယ်နေရတာဖြစ်ပါတယ်။ ဗိုင်းရပ်စ် ရှိနေတဲ့ အရာတွေနဲ့ လက်ဟာ ထိမိထားရင် လက်မှာရောက်ရှိနေတဲ့ ဗိုင်းရပ်စ်တွေဟာ လက်နဲ့ မျက်လုံး၊ နှာချောင်း၊ ပါးစပ် တို့ကို ထိတဲ့အချိန်မှာ အဲ့ဒီနေရာတွေဟာ ဗိုင်းရပ်စ်အတွက် ခန္ဓာကိုယ်ကို ဝင်ပေါက်တွေ ဖြစ်ပြီး ကူးစက်စေပါတယ်။

၆-၄။ သင်နဲ့ သင့်ပတ်ဝန်းကျင်ကလူတွေကို အခြေခံ ကျန်းမာရေး အသိတွေကို ဝေမျှပါ။ ဘယ်သူမဆို ချောင်းဆိုးတဲ့အချိန်မှာ လက်ထဲမှာ ဘာမှမရှိရင်တောင် လက်မောင်းမှာရှိတဲ့ အင်္ကျီနဲ့ ပါးစပ်ကို ပိတ်ပြီး ချောင်းဆိုးတယ်ဆိုရင် ဘေးကလူတွေကို ကူးစက်နိုင်ခြေ အထူးလျော့နည်းစေနိုင်ပါတယ်။ တစ်သျှူးနဲ့ အုပ်ပြီး ချောင်းဆိုးတယ်ဆိုရင် အဲ့ဒီတစ်သျှူးစကို ချက်ချင်း အမှိုက်ပုံးထဲကို စွန့်ပစ်ရမှာဖြစ်ပါတယ်။ နှာချေချောင်းဆိုးနေရင် လူကြားသူကြား သွားလာစရာရှိရင် Mask ဝတ်သွားပါ။ Mask ထဲမှာပဲ ချောင်းဆိုး နှာချေပါ။

ဘာ့ကြောင့်လဲ? အဲ့လို ပါးစပ်နဲ့ နှာခေါင်းကို ကို အဝတ် သို့မဟုတ် Tissue နဲ့ အုပ်ထားရင် အဲ့ဒီကထွက်လာတဲ့ ဗိုင်းရပ်စ်ပါနိုင်တဲ့ အရည်အမှုန်လေးတွေဟာ တစ်ခြားသူဆီ ရောက်နိုင်ခြေ အရမ်းနည်းပါးသွားပါတယ်။

၆-၅။ နေမကောင်းရင် အိမ်မှာပဲနေပါ။ ဖျားရင်၊ ချောင်းဆိုးရင်၊ အသက်ရှုကျပ်လာရင်တော့ သက်ဆိုင်ရာ အနီးဆုံး အစိုးရဆေးရုံဆေးပေးခန်း ကိုသွားရောက်အကြောင်းကြားပါ။ သွားတဲ့အချိန်မှာလည်း Mask ရှိရင် ဝတ်သွားပါ။

တစ်ကယ်လို့ မိမိဟာ စောင့်ကြည့်လူနာစာရင်းဝင်သွားခဲ့ရင်လည်း စိတ်မပူပါနဲ့။ အစိုးရ တာဝန်ရှိသူတွေဟာ ဒီရောဂါအတွက် အကောင်းဆုံးပြင်ဆင်ထားတဲ့ နေရာကိုပဲ မိမိကို ပို့ဆောင်ပေးမှာဖြစ်သလို မိမိဘေးမှာရှိတဲ့ မိသားစု သူငယ်ချင်းတွေကိုလည်း ရောဂါကူးစက်ခြင်းကနေ ကာကွယ်ပြီးသား ဖြစ်သွားမှာပဲဖြစ်ပါတယ်။ အထူးစောင့်ကြည့် ကုသမှုတွေ လိုအပ်ခဲ့ရင်လည်း လိုအပ်တဲ့ ပစ္စည်းကိရိယာတွေရှိတဲ့နေရာကို အသိဆုံးက အစိုးရဆေးရုံကြီးတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မပျက်မကွက် အကြောင်းကြားဖို့ လိုပါတယ်။

၆-၆။ Covid-19 ဖြစ်နေတယ်လို့ အစိုးရက တရားဝင် ထုတ်ပြန်ထားတဲ့ နေရာတွေကို သွားရောက်ခြင်းကို ရှောင်ကြဉ်ပါ။ ဖြစ်နိုင်ရင် ခရီးမထွက်ပါနဲ့။ အထူးသဖြင့် သင့်မှာ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ အဆုတ်ရောဂါတစ်ခုခု အခံရှိတယ်ဆိုရင် ခရီးထွက်ခြင်းကို ရှောင်ပါ။

ဘာ့ကြောင့်လဲ? အဲ့လို Covid ဖြစ်နေတဲ့နေရာတွေမှာ ကူးစက်ခံနိုင်ခြေ များစွာ ပိုများပါတယ်။

၇။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ Mask (မျက်နှာဖုံးစွပ်) ဝတ်သင့်သလား?

သင်ကိုယ်တိုင် Covid-19 ကူးစက်ခံနေရပြီး ရောဂါလက္ခဏာတွေ ပြနေတဲ့အခါ (အထူးသဖြင့် ချောင်းဆိုးနေတဲ့အခါ) သို့မဟုတ် Covid-19 ကူးစက်ခံနေရတဲ့သူတစ်ယောက်ကို ပြုစုနေတဲ့အချိန်မှသာလျှင် ဝတ်ဆင်ရမှာဖြစ်ပါတယ်။ တစ်ခါသုံး မျက်နှာဖုံးတွေဟာ တစ်ကြိမ်သာလျှင် အသုံးပြုရမှာဖြစ်ပါတယ်။ ထပ်မသုံးရပါ။

မိမိကိုယ်တိုင်မဖျားဘဲ Mask တပ်ထားသည်ဖြစ်စေ၊ Covid-19 ကူးစက်ခံနေရသူကို ပြုစုနေရခြင်းမဟုတ်ဘဲ Mask တပ်ထားရင် Mask တွေကို ဖြုန်းတီးနေတာသာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ Mask တွေ ပြတ်လပ်လျှက်ရှိပါတယ်။ ဒါ့ကြောင့် WHO ဟာ Mask တွေကို အမျှော်အမြင်ရှိစွာ အသုံးချကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အထက်ပါ အကြောင်း (၂) ချက်ကြောင့် မဟုတ်ခဲ့ရင် မိမိကိုယ်ကို ကာကွယ်ဖို့ လက်ရေမကြာခဏ ဆေးကြောခြင်း၊ ချောင်းဆိုးနှာချေတဲ့အချိန်မှာ ပါးစပ်နဲ့နှာခေါင်းကို အုပ်ပြီး ဆိုးခြင်း နဲ့ ချောင်းဆိုးနှာချေနေတဲ့သူမှ အနည်းဆုံး (၃) ပေအကွာမှာ နေခြင်းတို့ဟာ Mask တပ်ခြင်းထက် အဆများစွာ ပိုမိုထိရောက်တဲ့ ကာကွယ်မှုပဲဖြစ်ပါတယ်။

၈။ Mask (မျက်နှာဖုံး) ကို ဘယ်လို စနစ်တကျ ဝတ်ဆင်ရမလဲ?

၈-၁။ Mask မတပ်ခင် Mask ဆိုတာ ကျန်းမာရေး ဝန်ထမ်းတွေ၊ သူနာပြုနဲ့ ဘေးမှာ စောင့်ရှောက်နေသူတွေ၊ အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း စတဲ့ ရောဂါလက္ခဏာတွေ ပြနေသူတွေအတွက်သာ ဝတ်ဆင်သင့်တယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။

၈-၂။ Mask ကို လက်နဲ့မထိခင်မှာ လက်ကို Alcohol ပါတဲ့ Hand Gel သို့မဟုတ် ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောပါ။

၈-၃။ Mask ကို ယူပြီး အပေါက်အပြဲတွေ ပါ မပါ စစ်ဆေးကြည့်ပါ။

၈-၄။ သတ္တုအပြားလေး ပါတဲ့ဘက်ခြမ်းကို အပေါ်မှာထားပါ။

၈-၅။ အရောင်ပါတဲ့ ဘက်ခြမ်းကို အပြင် မှာထားပါ။

၈-၆။ Mask ကိုကြိုးမှ ကိုင်တပ်ပြီး သတ္တုပြားလေးကို နှာခေါင်းနဲ့ ကွက်တိဖြစ်အောင် ဘေးနှစ်ဘက်ကနေ ဖိချလိုက်ပါ။

၈-၇။ Mask နဲ့ အောက်ခြေကို ပါးစပ်နဲ့ မေးစေ့ပါ လုံအောင် အောက်ကို အနည်းငယ် ဆွဲချပါ။

၈-၈။ အသုံးပြုပြီးတဲ့ Mask ကို ဖြုတ်တဲ့အခါ ကြိုးမှပဲ ဖြုတ်ပါ။ မိမိရဲ့ အသုံးအဆောင် အဝတ်အစားတွေနဲ့ Mask ရဲ့ ညစ်ပေနေနိုင်တဲ့ အပြင်ဘက်မျက်နှာပြင်နဲ့ မထိမိစေရန် ဂရုပြုပါ။

၈-၉။ အသုံးပြုပြီးသော Mask ကို အဖုံးပါတဲ့ အမှိုက်ပုံးအတွင်းကို ချက်ချင်း စွန့်ပစ်ပါ။

၈-၁၀။ Mask ကို စွန့်ပစ်ပြီးတဲ့အခါ သို့မဟုတ် အပြင်ဘက်အပိုင်းကို ထိတွေ့မိတဲ့အခါ လက်ကို Hand Gel သို့မဟုတ် ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောပါ။

၉။ Covid-19 ဟာ အရာဝတ္ထု မျက်နှာပြင်တွေပေါ်မှာ အချိန်ဘယ်လောက်ကြာ ရှင်သန်နေနိုင်ပါသလဲ?

ဘယ်လောက်ထိ ရှင်သန်နိုင်လဲဆိုတာကို အတိအကျတော့ အဖြေမရှိသေးပါဘူး။ ဒါပေမယ့် သုတေသနတွေအရ မျက်နှာပြင် အမျိုးအစားနဲ့ ပတ်ဝန်းကျင်အပူအချိန် စိုထိုင်းဆတို့အပေါ် မူတည်ပြီး နာရီအနည်းငယ်ကနေ ရက်အနည်းငယ်အထိ ကြာကြာရှိနေနိုင်ပါတယ်။

ဒါ့ကြောင့် အရာဝတ္တုတစ်ခုရဲ့ မျက်နှာပြင်ပေါ်မှာ ရောဂါပိုး ရှိနေနိုင်တယ်ထင်ရင် ချက်ချင်း အရက်ပြန် သို့မဟုတ် Hand Gel နဲ့ ပိုးသတ်လိုက်ပါ။ ပြီးရင် ချက်ချင်း လက်ကို Hand Gel နဲ့ ပိုးသတ်ပါ။ သို့မဟုတ် ဆပ်ပြာနဲ့ လက်ဆေးလိုက်ပါ။

၁၀။ လက်ရှိအချိန်မှာ Covid-19 ကို ကုသနိုင်တဲ့ ဆေးတွေ ကုထုံးတွေ ရှိနေပြီလား?

အချို့အနောက်တိုင်းနဲ့ တိုင်းရင်းဆေးတွေဟာ Covid-19 ကြောင့်ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေကိုပဲ သက်သာစေနိုင်ပါတယ်။ ဗိုင်းရပ်စ်ကို ကုသနိုင်တဲ့ ဆေးတော့ မရှိသေးပါဘူး။ Covid-19 ကိုကာကွယ်ဖို့ ပဋိဇီဝဆေးတွေကို ကြိုမသောက်သင့်ပါဘူး။ လက်ရှိအချိန်မှာ စမ်းသပ်နေတဲ့ကုထုံးတွေ ဆေးတွေတော့ ရှိပါတယ်။

၁၁။ Covid-19 အတွက် ကာကွယ်ဆေးရှိပါသလား?

မရှိသေးပါ။ ဒါပေမယ့် ကူးစက်ခံရသူတွေအတွက် ခံစားရတဲ့ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။ အဖျားပြင်းထန်သူတွေဟာ ဝေဒနာလျော့နည်း သက်သာစေဖို့ ဆေးရုံမှာပဲ ကုသမှုခံယူရမှာဖြစ်ပါတယ်။ အများစုကတော့ ပြန်ကောင်းလာကြပါတယ်။

ကာကွယ်ဆေးတွေကို လက်ရှိသုတေသနပြု ထုတ်လုပ်လျှက် ရှိပါတယ်။ WHO ဟာ ကာကွယ်ဆေးထုတ်လုပ်ရာမှာ ပူးပေါင်းဆောင်ရွက်လျှက် ရှိပါတယ်။

လက်ရှိအချိန်မှာ အကောင်းဆုံး ကာကွယ်ဆေးကတော့ လက်ရေမကြာခဏ ဆေးကြောခြင်း၊ နှာချေချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို တစ်ခုခုနဲ့ အုပ်ပြီးမှသာ ဆိုးခြင်း၊ နှာချေချောင်းဆိုးတဲ့သူနဲ့ အနည်းဆုံး (၃) ပေအကွာမှာ နေခြင်းတို့ပဲ ဖြစ်ပါတယ်။

၁၂။ ပဋိဇီဝဆေး Antibiotics တွေ (Amoxicillin, Azithromycin အစရှိသဖြင့်) ဆေးတွေဟာ Covid-19 ကို ကုသပေးနိုင်သလား?

မပေးနိုင်ပါ။ ပဋိဇီဝဆေးတွေဟာ ဗိုင်းရပ်စ်တွေကို ဘယ်လိုမှ ကုသမပေးနိုင်ပါဘူး။ အဲ့ဒီဆေးတွေဟာ ဘက်တီးရီးယားရောဂါတွေကိုသာ ကုသပေးနိုင်ပါတယ်။ Covid-19 ဟာ ဗိုင်းရပ်စ် အမျိုးအစားဖြစ်လို့ ပဋိဇီဝဆေးနဲ့ ကုသလို့မရပါဘူး။ အခြားဘက်တီးရီးယားကူးစက်မှု တွဲပါလာမှသာ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သင့်ပါတယ်။

၁၃။ စတင်ကူးစက်ချိန်ကနေ ရောဂါလက္ခဏာ ပြချိန်အထိ အချိန်ဘယ်လောက်ကြာသလဲ?

စတင်ကူးစက်ချိန်ကနေ ရောဂါလက္ခဏာပြဖို့ ၁ ရက်မှ ၁၄ ရက်အထိ ကြာနိုင်ပါတယ်။ အများစုအတွက် ရောဂါလက္ခဏာပြဖို့ ကြာချိန်ကတော့ ၅ ရက်ဝန်းကျင်ဖြစ်ပါတယ်။
အချက်အလက်အသစ်တွေ ရရှိတဲ့အခါ update လုပ်ပေးမှာဖြစ်ပါတယ်။

၁၄။ မိမိနေရာမှာ Covid-19 စဖြစ်လာပြီဆိုရင် ဘယ်လိုလုပ်မလဲ?

၁၄-၁။ အပေါ်မှာပြောထားတဲ့အချက်တွေအားလုံးကို လိုက်နာပါ။

၁၄-၂။ နေမကောင်းစဖြစ်လာပြီဆိုရင် သက်ဆိုင်ရာပြည်သူ့ဆေးရုံကို သတင်းပို့ပါ။ ဆေးရုံက ညွှန်ကြားချက်ကို လိုက်နာပါ။ ကိုယ့်ကိုယ်ကို အခြားသူများနဲ့ ထိတွေ့မှု တတ်နိုင်သမျှ ရှောင်ပါ။ ခေါင်းကိုက်လာရင်၊ ငွေ့ငွေ့လေး ဖျားရင်၊ နှာရည်အနည်းငယ် ယိုရင် နေကောင်းတဲ့အထိ အိမ်မှာပဲနေပါ။

အပြင်ထွက်ပြီး စားစရာတစ်ခုခု မဖြစ်မနေ ထွက်ဝယ်ရတော့မယ်ဆိုရင် အခြားသူတွေကို မကူးစက်စေရန် Mask တပ်သွားပါ။

ဘာ့ကြောင့်လဲ? မိမိနေရာမှာ Covid-19 များစွာဖြစ်လာပြီး ကူးစက်ရောဂါ အထူးကုဆေးရုံမှာလည်း လူနာတွေ ပြည့်နေပြီဆိုရင် မိမိကိုယ်တိုင် အသက်ရှုကျပ်ခြင်း၊ ချောင်းဆိုးနှာချေခြင်း၊ အပြင်းအထန်ဖျားခြင်း မရှိရင် အခြားလိုအပ်တဲ့လူတွေအတွက် ဆေးရုံက ပိုမိုအာရုံစိုက်ကုသပေးဖို့ အဆင်ပြေပါတယ်။

၁၄-၃။ ဒါပေမယ့် မိမိကိုယ်တိုင် အသက်ရှုကျပ်၊ ချောင်းဆိုး နှာချေ၊ အဖျားတက်လာရင်တော့ သက်ဆိုင်ရာ ဆေးရုံကို ချက်ချင်း သတင်းပို့ပြီး အထူးသီးသန့်စောင့်ကြည့်ခြင်း ကုသမှုခံယူခြင်းတွေ လုပ်ရမှာဖြစ်ပါတယ်။ ပြီးရင် မိမိမကြာခင်က သွားရောက်ခဲ့တဲ့နေရာတွေ၊ ထိတွေ့မှုရှိခဲ့တဲ့လူတွေအားလုံးကို သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေကို အကုန်အစင် အသိပေးရမှာဖြစ်ပါတယ်။

၁၅။ ပြည်သူတစ်ဦးချင်းစီအနေနဲ့ Covid-19 ကူးစက်နိုင်ခြေ ဘယ်လောက်ရှိသလဲ?

လက်ရှိအခြေအနေမှာ တစ်ဦးချင်းစီအတွက် Covid-19 ကူးစက်နိုင်ခြေဟာ နည်းနေပါသေးတယ်။ ဒါပေမယ့် ကူးစက်ပြန့်နှံ့နေတဲ့မြို့တွေကို သွားမိရင် ကူးစက်နိုင်ခြေအရမ်းများပါတယ်။ ဒါ့ကြောင့် အစိုးရ ထုတ်ပြန်ချက်တွေကို တိတိကျကျ လိုက်နာဖို့ အထူးအရေးကြီးပါတယ်။ ခရီးမထွက်ရ မသွားရ နေရာတွေ သတ်မှတ်ထားတယ်ဆိုရင် အဲ့ဒီနေရာတွေ မသွားပါနဲ့ လိုက်နာလိုက်ပါ။

ပွဲလမ်းသဘင်တွေ မလုပ်ပါနဲ့၊ မသွားပါနဲ့လို့ ကန့်သတ်လိုက်ရင် မသွားပါနဲ့ မလုပ်ပါနဲ့။ ရှောင်လိုက်ပါ။ အဲ့ဒီ ထုတ်ပြန်ချက်တွေ ညွှန်ကြားချက်တွေကို လိုက်နာလိုက်ရင် Covid-19 ကူးစက်နိုင်ခြေဟာ အထူးလျော့နည်းသွားပါတယ်။

Covid-19 ဟာ လုံး၀ ထိန်းချုပ် ရပ်တန့်လို့မရတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ တရုပ်ပြည်မှာဆိုရင် ထိန်းချုပ်ရပ်တန့်နိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ တစ်ခြားနိုင်ငံ နေရာတွေမှာ လူအများအပြား တရှိန်ထိုး ကူးစက်တာကိုလည်း တွေ့နေရပါတယ်။

ဒါ့ကြောင့် အစိုးရရဲ့ Official သတင်းမီဒီယာတွေကို စောင့်ကြည့် လိုက်နာဖို့ အရေးကြီးပါတယ်။

မြန်မာနိုင်ငံမှာ ခိုင်လုံတဲ့ သတင်းရင်းမြစ်ကတော့ Ministry of Health and Sports, Myanmar page ဖြစ်ပါတယ်။ အပြာရောင် အမှတ်ကလေး ပါပါတယ်။

၁၆။ Covid-19 ကို တိရိစ္ဆာန်တွေကတဆင့် လူတွေဆီကို ကူးစက်နိုင်ပါသလား?

ဒီဗိုင်းရပ်စ်အမျိုးအစားတွေဟာ တိရိစ္ဆာန်တွေမှာ ပုံမှန်ဖြစ်လေ့ရှိတဲ့ ရောဂါပိုးအမျိုးအစားတွေဖြစ်ပါတယ်။ လူတွေဟာ မကြာခဏဆိုသလို တိရိစ္ဆာန်တွေက တဆင့် စတင်ကူးစက်ပြီး တစ်ခြားလူတွေကို ထပ်မံကူးစက်စေပါတယ်။

SARS တုန်းက ကြောင်ကတိုး ကတဆင့် လူတွေဆီကို ကူးစက်တာဖြစ်ပြီး MERS တုန်းက ကုလားအုပ်တွေဆီကနေတဆင့် လူတွေဆီကို ကူးစက်ခဲ့တာဖြစ်ပါတယ်။ Covid-19 အတွက် လူတွေကို ကူးစက်စေခဲ့တဲ့ အရင်းအမြစ်ကိုတော့ အတည်မပြုရသေးပါဘူး။

တိရိစ္ဆာန်တွေ ရောင်းတဲ့ ဈေးတွေကို သွားတဲ့အခါ လူနဲ့ တိုက်ရိုက် ထိတွေ့ခြင်း သို့မဟုတ် တိရိစ္ဆာန်နဲ့ ထိတွေ့ထားတဲ့ မျက်နှာပြင်တွေ ထိတွေ့ခြင်းကို ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။

အသားစိမ်းငါးစိမ်း၊ နွားနို့စိမ်း တို့ကို ကိုင်တွယ်တဲ့အခါ ဂရုတစိုက် ကိုင်တွယ်ရမှာဖြစ်ပါတယ်။ အစားအစာကို အစိမ်းစားခြင်း၊ မကျက်တကျက် ချက်စားခြင်းတို့ကို ရှောင်ကျဉ်သင့်ပါတယ်။

၁၇။ အိမ်မွေးတိရိစ္ဆာန်တွေကတဆင့် လူတွေဆီကို ကူးစက်နိုင်ပါသလား?

အခုထိ ဟောင်ကောင်မှာ ခွေးတကောင်ဆီမှာ Covid-19 ကူးစက်ခံရကြောင်း တစ်ကြိမ်သာ တွေ့ရှိထားပါတယ်။ ခွေး၊ ကြောင် သို့မဟုတ် အခြား အိမ်မွေး တိရိစ္ဆာန် ကတဆင့် ကူးစက်ခြင်းကိုတော့ သက်သေ အထောက်အထား မတွေ့ရှိရသေးပါဘူး။

Covid-19 အဓိက ပြန့်ရတဲ့အကြောင်းအရင်းကတော့ ချောင်းဆိုး၊ နှာချေခြင်း သို့မဟုတ် စကားပြောတဲ့အချိန်မှာ ထွက်တဲ့ အရည်မှုန်တွေက တဆင့်ပဲ ကူးစက်တာဖြစ်ပါတယ်။

၁၈။ ရောဂါရှိသူ၏ မစင်မှတဆင့် ကူးစက်နိုင်ပါသလား?

ရောဂါရှိသူ၏ မစင်မှတဆင့် ကူးစက်နိုင်ခြေဟာ အရမ်းနည်းပါတယ်။ ကနဦး စမ်းသပ်ချက်တွေအရ အချို့အခြေအနေတွေမှာ ဗိုင်းရပ်စ်ဟာ မစင်မှာ ရှိနေနိုင်တယ်လို့ တွေ့ရှိရပေမယ့် မစင်မှတဆင့် ကူးစက်ခြင်းဟာ အဓိကကူးစက်နိုင်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ ဒါပေမယ့် မစင်မှာလည်း ရှိနေနိုင်တဲ့အတွက် အိမ်သာအသုံးပြုပြီးရင်ပဲဖြစ်ဖြစ် အစားမစားခင်ပဲဖြစ်ဖြစ် လက်ဆေးဖို့ အထူးအရေးကြီးပါတယ်။

၁၉။ Covid-19 ဖြစ်နေတဲ့ နိုင်ငံ/နေရာကနေ ပို့လိုက်တဲ့ ပါဆယ်ပစ္စည်းကို လက်ခံဖို့ အန္တရာယ်ရှိနိုင်ပါသလား?

အန္တရာယ် မရှိပါဘူး။ ကူးစက်ခံထားရတဲ့ လူတစ်ယောက်ကနေပြီး ထုတ်ကုန် ပစ္စည်းတစ်ခုပေါ်ကို ရောဂါပိုး ပြန့်စေဖို့ ရာခိုင်နှုန်းက နည်းသလို၊ တစ်နေရာကနေ တစ်နေရာကို ရွှေ့ပြောင်း၊ သယ်ပို့၊ မတူညီတဲ့ အပူချိန်တွေကို အချိန်တစ်ခုကြာအောင် ဖြတ်သန်းလာရတဲ့ ပစ္စည်းတစ်ခုထံမှလည်း ရောဂါပိုး ကူးစက်နိုင်ခြေက အင်မတန် နည်းပါးပါတယ်။

၂၀။ Covid-19 က SARS နဲ့ အတူတူပဲလား?

မတူပါဘူး။ 2003 ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ SARS နဲ့ Covid-19 တို့ဟာ မျိုးရိုးဗီဇအရ ဆက်နွယ်နေပါတယ်။ ဒါပေမယ့် သူတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါကတော့ အတော်ကွဲပြားပါတယ်။

SARS က Covid-19 ထက် ပိုပြီးအသေအပျောက်နှုန်း ပိုများပါတယ်။ Covid-19 က အသေအပျောက်နှုန်း ပိုနည်းပြီး ကူးစက်နိုင်စွမ်း ပိုများပါတယ်။ SARS က 2003 ခုနှစ်ကတည်းက ထပ်မဖြစ်တော့ပါဘူး။

၂၁။ မလုပ်သင့်တာတွေရှိလား?

ရှိပါတယ်။
၂၁-၁။ ဆေးလိပ်မသောက်သင့်ပါ
၂၁-၂။ Mask တွေ အထပ်လိုက် (၂ ထပ် ၃ ထပ် ၄ ထပ်) ဝတ်တာ
၂၁-၃။ ပဋိဇီဝဆေးတွေ ကြိုသောက်တာ
ဒါတွေက ရှောင်ကျဉ်ရမည့် အရာတွေဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဖျားနာရင်၊ ချောင်းဆိုးရင်၊ အသက်ရှုကျပ်ရင် သက်ဆိုရင်ရာ ဆေးရုံကို အမြန်ဆုံး သတင်းပို့ရမှာဖြစ်ပါတယ။်

အမျိုးတွေအားလုံး ကျန်းမာချမ်းသာပြီး Covid-19 ဘေးအန္တရာယ်ကနေ ကင်းဝေးနိုင်ကြပါစေ။

သတင်းရင်းမြစ်ကို World Health Organization ကနေ တိုက်ရိုက် ယူပြီး ဘာသာပြန်ပေးထားတာမို့ စိတ်ချယုံကြည်နိုင်ပါတယ်။ အောက်မှာ သတင်း Source Link ကိုလည်း ဖော်ပြပေးထားလို့ Original English Version ကိုလည်း ဖတ်ရှုနိုင်ပါတယ်။ ပညာရှင်များအနေနဲ့ ဘာသာပြန်ဆိုခြင်း လွဲမှားမှုရှိပါက အများသူငါ အကျိုးအတွက် ထောက်ပြဖို့လည်း မေတ္တာရပ်ခံအပ်ပါတယ်။



Source:
World Health Organization: Q&A on Coronavirus (Covid-19) 16 Mar 2020

WHO is continuously monitoring and responding to this outbreak. This Q&A will be updated as more is known about COVID-19, how it spreads and how it is affecting people worldwide. For more information, check back regularly on WHO’s coronavirus pages. https://www.who.int/emergencies/diseases/novel-c...

ချစ်ရတဲ့ ကလေးတွေအတွက် 🐻🐻🐻🐻
20/03/2020

ချစ်ရတဲ့ ကလေးတွေအတွက် 🐻🐻🐻🐻

ကလေးတွေအတွက် Spa အကြမ်းဖျင်းအချိန်တွေပါရှင် မငြိမ်ရင်မငြိမ်သလို ဒီထက်လဲပိုကြာနိုင်ပါတယ်နော် 🐻🐻🐻 Hotel ကလေးတွေများနေရင် S...
13/03/2020

ကလေးတွေအတွက် Spa အကြမ်းဖျင်းအချိန်တွေပါရှင် မငြိမ်ရင်မငြိမ်သလို ဒီထက်လဲပိုကြာနိုင်ပါတယ်နော် 🐻🐻🐻
Hotel ကလေးတွေများနေရင် Spa လက်ခံလို့အဆင်မပြေတဲ့အတွက်ကြောင့် ဖုန်းကြိုဆက်ပေးပါရှင့်

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959402501041

Website

Alerts

Be the first to know and let us send you an email when Golden Puppy Pet Spa, Grooming & Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Puppy Pet Spa, Grooming & Hotel:

Share

Category