NorthDagon Betta Shop

NorthDagon Betta Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NorthDagon Betta Shop, Pet Supplies, Yangon.

07/10/2024

ပုံရိုက်ပါမယ်ဆိုမှအငြိမ်ကိုမနေ 🥲

မူရင်းpostကို Crdပေးပါတယ်ဗျ 🙏ပြန်လည်ကူးယူတင်ခြင်းဖြစ်ပါသည်Betta Fish Care GuideBetta Fish ကို အများစုက Fighter ငါးလို့ လ...
28/09/2024

မူရင်းpostကို Crdပေးပါတယ်ဗျ 🙏
ပြန်လည်ကူးယူတင်ခြင်းဖြစ်ပါသည်

Betta Fish Care Guide

Betta Fish ကို အများစုက Fighter ငါးလို့ လဲ ခေါ်ဝေါ်ကြပါတယ်
ဘာကြောင့်လဲဆိုတော့ Fighter ဆိုတဲ့ နာမည်အတိုင်း မျိုးတူငါးအချင်းချင်းရော အခြားငါးအမျိုးအစားများကိုပါ ရန်လိုမှုပြင်းထန်တဲ့အတွက်ကြောင့် Fighter ဆိုတဲ့ ဂုဏ်ပုဒ်ကိုရရှိလာတာပဲဖြစ်ပါတယ်
ဒီ Betta Fish လေးတွေ ခုနောက်ပိုင်းမှာဆိုရင် အရမ်းကို ခေတ်စားပြီးလူကြိုက်များလာတဲ့ငါးအမျိုးအစားလဲဖြစ်ပါတယ်
သူ့ရဲ့အရောင်အသွေးနဲ့ လှပတဲ့ရေယက်များ ပုံစံစုံလင်မှုနဲ့ အရွယ်အစားသေးငယ်မှုကြောင့် ထိန်းသိမ်းဂရုစိုက်ရလွယ်ကူမှု
နေရာအနည်းငယ်ရှိယုံနဲ့မွေးမြူနိုင်မှု စတဲ့ ငါးမွေးသူကို အခက်အခဲလျော့ပါးစွာ မွေးမြူနိုင်မှုကြောင့် လူကြိုက်များတဲ့ အလှမွေးငါးတစ်မျိုးဖြစ်လာပါတယ်
ဒါဆိုရင် ဒီလို ထိန်းသိမ်းဂရုစိုက်လွယ်တဲ့ငါးလေးကို ဘယ်လိုမျိုးနည်းနဲ့မွေးမြူသင့်လဲဆိုတဲ့ အချက်အလက်များကို လေ့လာကြည့်ရအောင်ဗျာ 😊

* မူလဇာတိ = ဒီ Betta Fish လေးတွေ ထိုင်းနိုင်ငံရဲ့ မဲခေါင်မြစ်ဝကျွန်းပေါ်တွေမှာရှိတဲ့ လယ်ကွင်း / ရွံအိုင်‌ေတွ‌ စတဲ့ တိမ်ပြီး ရေစီးဆင်းမှု နှေးတဲ့ နေရာတွေမှာ စတင်တွေ့ရှိခဲ့ကြတာပဲဖြစ်ပါတယ်
* ဒါပေမဲ့အခုချိန်မှာဆိုရင် အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ လာအို / မြန်မာ / ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေမှာပါ တွေ့ရှိနိုင်ကြပါတယ်

* ရေအမျိုးအစား = သူတို့ဟာ 5° – 20° dh ရှိတဲ့ ရေချိုအမျိုးအစားမှာ ကောင်းစွာမွေးမြူနိုင်ပါတယ်
* အပူချိန် / ph = 75 – 80 °F ရှိတဲ့အပူချိန် နဲ့ 6 – 7.5 ph ရှိတဲ့ ရေအမျိုးအစား လိုအပ်ပါတယ်
* ကန်အရွယ်အစား = Betta fish တွေဟာ ကိုယ်ပိုင်နေရာ သတ်မှတ်ချက်နဲ့ နေထိုင်ကြတဲ့ ငါးလေးတွေပဲဖြစ်ပါတယ်
* အကောင်လေးတွေက သေးငယ်တော့ နေရာအကျယ်အဝန်းကလဲ သိပ်မလိုအပ်ပါဘူး ဒါကြောင့် သူတို့ကို 1 – 5 gal ဒါမှမဟုတ် 4″ × 4″ × 8″ အကျယ်ရှိတဲ့ မှန်ပုံး နဲ့ မွေးမြူနိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်

* အကြီးဆုံးရောက်နိုင်သောဆိုဒ် = အကြီးဆုံးအရွယ်အစားကတော့ 2.5″ – 3″ အထိပဲကြီးထွားနိုင်ပါတယ်
* သက်တမ်း = ကောင်းစွာဂရုစိုက်မှုပေးနိုင်မယ်ဆိုရင်တော့ 2 နှစ်ထက်ပိုတဲ့ သက်တမ်းအထိနေနိုင်ကြပါတယ်
* အစားအစာ = အသားစားသတ္တဝါဖြစ်ပေမဲ့ အစာခြောက် အစာစိုအားလုံး ကျွေးလို့ရပါတယ်
*ကျွေးရန်သင့်တော်သော အစာတံဆိပ် = sakura က ထုတ်တဲ့ betta အစာခြောက် / အခြား ကုမ္ပဏီကြီးများဖြစ်တဲ့ tera / hikari စတဲ့အစာခြောက်များနှင့် ရေတီခြောက် / frozen bloodworm / artemia / moina စတဲ့ အစာစိုများကိုလဲ ကျွေးနိုင်ပါတယ်
* အုပ်စုဖွဲ့နေထိုင်မှုရှိမရှိ = Betta Fish အထီးတွေက ကိုယ်ပိုင်နေရာမှာ တစ်ကောင်ထဲ သီးသန့်နေရတာ ကြိုက်ပါတယ်
* အမတွေကတော့ ‌ကန်ကျယ်ကျယ်မှာ အုပ်စုလိုက်ထားနိုင်ပါတယ်
* Tankmates = ရန်လိုမှုများတဲ့ Betta Fish အထီးတွေအတွက်တော့ tankmateရွေးချယ်ရာမှာ အခက်အခဲရှိနိုင်ပါတယ် အထူးသဖြင့် အမြှီးအတောင်ရှည်တဲ့ Guppy / goldfish/ angel fish / စတာတွေက betta ငါးတွေနဲ့ တွဲမွေးဖို့အဆင်မပြေပါဘူး
* ထိန်းသိမ်းဂရုစိုက်မှု = Betta Fish တွေက ရေအပူချိန်နဲ့ ရေ‌အရည်အသွေးကို အထူးဂရုပြုပေးရပါမယ်
* တစ်ကောင်ထဲနေပြီးအစားနဲတဲ့အတွက် ရေက ခဏနဲ့တော့ မနှောက်ပါဘူး
* ဒါပေမဲ့ အချိန်ကြာလာတာနှင့်အမျှ အညစ်အကြေးများ မသန့်ရှင်းမိတဲ့အခါ ammoniaအဆိပ်က ငါးကို မျက်လုံးရောဂါနဲ့ အမြှီးအတောင် ရောဂါများဖြစ်စေနိုင်ပါတယ်
* ဒါကြောင့် 3 ရက်တစ်ကြိမ် or 5 ရက်တစ်ကြိမ်ခန့် ရေတစ်ဝက်လဲပေးရပါမယ်

* ကန်အပြင်အဆင် = Betta Fish တွေက ရေအရမ်းနက်ရင်လဲမကြိုက်ပါဘူး အရမ်းတိမ်လွန်းရင်လဲအဆင်မပြေပါဘူး
* ဒါကြောင့် ရေ 8″ – 10″ အမြင့်က အကောင်းဆုံးဖြစ်ပါတယ်
* နောက်ပြီး betta တွေက ပုံးခိုနေရတာကိုလဲ ကြိုက်ပါတယ် ဒီပုံးခိုစရာလေးတွေက ငါးတွေကို စိတ်ဖိစီးမှု သက်သာစေဖို့အထောက်အပံ့ပေးပါတယ်
* တချို့ကျွမ်းကျင်သူတွေကတော့ betta လေးတွေကို nano planted tank လေးတွေနဲ့အတူ တွဲဖက်မွေးမြူကြပါတယ်
* အထီးအမခွဲနိုင်ခြင်း = Betta အထီးလေးတွေက အမတွေထက် ပိုပြီး အရောင်ပိုလှပြီး အမြှီးအတောင်များကလဲ ကြီးမားပါတယ်

* သားဖောက်ခြင်း = Betta တွေက မွေးမြူရလွယ်ကူပါတယ်
* ဒါပေမဲ့ သားဖောက်ဖို့အတွက်ဆိုရင်တော့ Professionalသမားတွေပဲ ကောင်းစွာ ထိန်းကျောင်းနိုင်တာကိုတွေ့ရပါတယ်
* အခြားမျိုးများ = Halfmoon / crown / plakat / dumbo etc…..

* အခြားအရောင်များ = Betta တွေက အရောင်အသွေး စုံလင်စွာ ရှိနိုင်ပါတယ်
* အဖြူ အပြာ အနီ အနက် / koi စသဖြင့် မျိုးစုံတွေ့ရှိရပါတယ်

* ဆောင်ရန်ရှောင်ရန် = Betta တွေကအခြားငါးတွေထက်ပိုပြီး အကြမ်းခံပါတယ် ဒါပေမဲ့ ရေအပူချိန် ph ကိုတော့အထူးဂရုပြုပေးရပါမယ်
* နောက်တစ်ချက်က betta လေးတွေကို အရမ်းကျဉ်းမြောင်းတဲ့ ဖန်ပုလင်းတွေနဲ့မွေးတာ လုံးဝမသင့်တော်ပါဘူး
* အစာကိုလဲ တစ်ခါကျွေး မနက်/‌ေန့/ည ၆ – ၁၀ လုံး လောက်ဆိုအဆင်ပြေတယ် သူစားနိုင်သလောက်စားပြီး ကျန်တာကို ချက်ချင်းဖယ်ထုတ်ပေးပါ

*မွေးမြူလျှင်လိုအပ်သောပစ္စည်းများ = အဓိကလိုအပ်ချက်က 4″×4″×8″ မှန်ကန်တစ်ကန်နဲ့ ဗန်ဒါရွက်ခြောက် ရှိရင် မွေးလို့ရပါပြီ
*
#မှတ်ချက် ။ ။ Betta Fish လေးတွေက Beginners သမားတွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when NorthDagon Betta Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category