Happy Paws Vet Clinic

Happy Paws Vet Clinic အိမ်မွေးအချစ်တော်လေးများကျန်းမာရေ?

28/04/2025

ဆေးခန်းပိတ်ချိန်ရောက်နေသော်လဲ ဆရာမက စကားပြောမပြီးသေးသောအခါ🥹

10/04/2025

🤤🤤🤤သင်္ကြန် စတုဒီသာအလှူ

(10 April 2025 ရက်နေ့)တွင်Happy Paws Vet Clinic ၏ Branch အားလုံးတွင် စတုဒီသာ မုန့်လက်ဆောင်း အလှူပြုလုပ်မည်ဖြစ်ပါကြောင်း Customer များ အားလုံးကို အသိပေးအပ်ပါတယ် ရှင့်.....

Happy Paws Vet Clinic Team 😍😍😍

🥳 နှစ်သစ်ကူး သင်္ကြန်ပိတ်ရက် ကြေငြာခြင်း 🥳 နှစ်သစ်အခါသမယ မင်္ဂလာရက်မြတ်တွင် Happy Paws Vet Clinic ၏ သင်္ကြန်ပိတ်ရက်အား (12.4.2...
06/04/2025

🥳 နှစ်သစ်ကူး သင်္ကြန်ပိတ်ရက် ကြေငြာခြင်း 🥳

နှစ်သစ်အခါသမယ မင်္ဂလာရက်မြတ်တွင် Happy Paws Vet Clinic ၏ သင်္ကြန်ပိတ်ရက်အား (12.4.2025 ရက်နေ့ မှ 19.4.2025) ရက်နေ့အထိ (Thaketa Branch), (Thanlyin Branch- 2), (Thanlyin Branch -3) သုံးခုလုံး ပိတ်မည်ဖြစ်ကြောင်း လေးစားချစ်ခင်ရပါသော Customer များအား အသိပေးအကြောင်းကြားအပ်ပါသည် .....🥳

(20.4.2025) ရက်နေ့တွင် ဆေးခန်းအချိန်အား ပုံမှန်အချိန်တ်ုင်း ပြန်လည် ဖွင့်လှစ် ပေးသွားမည် ဖြစ်ပါသည် 🥳🥳🥳

Volvulus ( အူလိမ်ခြင်း/ ခွေခေါက်ခြင်း)________________________________အသက် 4 နှစ် ရှိတဲ့ သမီးလေး Yuki က 10/2/2025 ရက်နေ့...
10/03/2025

Volvulus ( အူလိမ်ခြင်း/ ခွေခေါက်ခြင်း)
________________________________

အသက် 4 နှစ် ရှိတဲ့ သမီးလေး Yuki က 10/2/2025 ရက်နေ့မှာ အန်တယ်ဆိုပြီး ဆေးခန်းစရောက်လာပါတယ်။

History မေးကြည့်တဲ့အခါ
Yuki က 9/2/2025 နေ့က ညစာ ( ထမင်းနဲ့ကြက်သား) စားပြီးပြီးချင်း ရုတ်တရက်ဝေါခနဲ စအန်ပါတယ်။

အန်ပေမဲ့ သူက နုံးခြင်း မှိုင်ခြင်း စတဲ့လက္ခဏာတွေမရှိသေးပါဘူး။ဒါ့ကြောင့် ဆေးခန်းစရောက်တဲ့ 10/2/2025 မှာပဲ လိုအပ်တဲ့ ဆေးကုသမှုပေးပြီး အစာ ရေ ခဏဖြတ်ထားဖို့ မှာလိုက်ပါတယ်။

အအန်သက်သာဆေးတွေပေးပြီး အစာရေဖြတ်ထားပေမဲ့ Yuki က အရှင်းပျောက်သွားတာမျိုး မဟုတ်ဘဲ ဆက်ပြီး 11/2/2025 မှာလည်း အန်နေသေးတာကြောင့် ဖြစ်နိုင်ခြေရှိတဲ့ ရောဂါတွေ ( Differential Diagnosis )စ စဥ်းစားရပါတော့တယ်။

ပထမဆုံးအနေနဲ့ Yuki ရဲ့ ဗိုက်ကို Abdominal palpation စမ်းသပ်ကြည့်တဲ့အခါ နာကျင်မှု Painလည်းမရှိသလို စိတ်ဆိုးဒေါသဖြစ်တဲ့ Aggressive Behaviour လဏ္ခဏာလည်းမတွေ့ရပါဘူး။

အစာရေဖြတ်ပြီး ဆေးပေးထားတာတောင် ဆက်အန်နေသေးတာကြောင့် ဖြစ်နိုင်ခြေများတဲ့ရောဂါတွေကို စဥ်းစားကြည့်တဲ့အခါ

- Foreign bodies အရာဝတ္တုတခုခု မျိုချထားခြင်း?

- Liver Dysfunction အသည်းနဲ့ပတ်သက်တဲ့ ရောဂါတခုခုဖြစ်နေခြင်း?

- Gastritis အူရောင်ရမ်းခြင်း?

- Gastric ulcer/ Duodenal ulcer ( အစာအိမ်နဲ့အူလမ်းကြောင်းတစ်နေရာရာမှာ အနာဖြစ်နေခြင်း?

- Pancreatitis ဆိုတဲ့ မုန့်ချိုအိတ်ရောင်ရမ်းခြင်းလား?

စတဲ့ Differential diagnosis တွေ စတင်စဥ်းစားရပါတော့တယ်။

ဒါ့ကြောင့် ဆေးကုသမှုပေးတဲ့အချိန်မှာ တိကျသေချာဖို့အတွက် များစွာသော Lab test တွေထဲကမှ GHP/ X Ray စတာတွေကို 11/2/2025 မှာ Crown Lab ကို သွားစစ်ခိုင်းပါတယ်။

ဓာတ်ခွဲခန်း စစ်ဆေးချက်အရ Intestinal contents တွေဖြစ်တဲ့ ကိုယ်တွင်းအင်္ဂါတွေကို ရှင်းလင်းစွာမမြင်ရဘဲ အူလမ်းကြောင်းတနေရာမှ အစာချေရည်တွေ ဝမ်းခေါင်းထဲသို့ ယိုစိမ့်နေခြင်းနဲ့Gas တွေ ရှိနေကြောင်း သိရပြီး ချက်ခြင်းOperation လုပ်ဖို့ ဆုံးဖြတ်ရပါတော့တယ်။

ဒါ့ကြောင့် Yuki လေးရဲ့ဖေဖေ မေမေတွေကို အစာအိမ်နဲ့အူလမ်းကြောင်း တနေရာရာမှာ အနာရှိနေခဲ့ရင်လည်း အစာချေရည်ယိုစိမ့်နိုင်ကြောင်းနဲ့ GI tract တစ်လျှောက် ဖြစ်နိုင်ခြေရှိတတာတွေအသေးစိတ်ရှင်းလင်းပြောပြပြီး 12/2/2025 ရက်နေ့မှာပဲ ခွဲစိတ်ကုသမှု လုပ်ပေးလိုက်ပါတယ်။

Yukiလေးရဲ့ ဗိုက်ကို ဖွင့်ဖွင့်ချင်းမှာပဲ ပုံမှန်မဟုတ်တဲ့ နီညိုရောင် အူတွေကို စတင်တွေ့ရပြီး ဝမ်းဗိုက်တခုလုံးကို စစ်ဆေးကြည့်တဲ့အခါ Volvulus အူတွေရစ်ပတ်လိမ်နေတဲ့ တွေ့ခဲ့ရပြီး အကောင်းဆုံး ခွဲစိတ်ကုသမှုပြုလုပ်ပေးခဲ့ပါတယ်။

ပုံလေးတွေကတော့ ခွဲစိတ်နေတုန်း တွေ့ရတဲ့ အူအစိတ်ပိုင်းတချို့နဲ့ ခွဲစိတ်မှုပြီး 3 ရက်မြောက် ကျန်းမာပျော်ရွှင်နေတဲ့ သမီးလေး Yuki ရဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။

တိပိုင်ရှင်ဖေဖေမေမေတို့ရဲ့ ဆရာဝန်တွေအပေါ် ယုံကြည်အားကိုးမှု/ အတူတူပူးပေါင်းပါဝင်မှုတို့နဲ့အတူ Happy Paws Vet Team ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် အသိမှတ်ပြုရင်း ဒီ Case လေးကို မျှဝေပေးလိုက်ပါတယ်။

[[[ Yuki ပိုင်ရှင်တွေက ကလေးဟာ အရေပြားပြဿနာတွေကြောင့် Steroids ဆေးတမျိုးကို အမြဲသောက်မှ သက်သာတယ်ဟု ယူဆပြီး ရေရှည် Steriod စွဲသောက်ဖူးတဲ့ ကလေးတစ်ယောက်လည်း ဖြစ်သလို အစာစားပြီးတိုင်း လူလိမ့်တက်တဲ့အကျင့်ရှိတဲ့ ကလေးတစ်ယောက်လည်း ဖြစ်ပါတယ် ]]]



#အူခေါက်ခြင်း

12/02/2025

13.2.25 ရက်နေ့တွင် Major Operation Case ရှိပါသောကြောင့် Happy Paws (Thaketa Branch) & (Thanlyin Branch) မနက်ပိုင်းဆေးခန်းဖွင့်ချိန် (9:00Am to 1:00Pm) အချိန်တွင် ပြင်ပလူနာကြည့်ချိန် ခေတ္တခဏရပ်တန့်ထားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်....


12.2.25 (ပြည်ထောင်စုနေ့) ရက်နေ့တွင် Happy Paws Vet Clinic (Thanlyin Branch)  & (Thaketa Branch) ဆေးခန်း နှစ်ခုလုံးအား ပံ...
10/02/2025

12.2.25 (ပြည်ထောင်စုနေ့) ရက်နေ့တွင် Happy Paws Vet Clinic (Thanlyin Branch) & (Thaketa Branch) ဆေးခန်း နှစ်ခုလုံးအား ပုံမှန်အချိန်တိုင်း ဖွင့်လှစ်ထားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်....


06/02/2025
Happy Paws Vet Clinic တွင် တာဝန်ထမ်းဆောင်ရန် ဝန်းထမ်းသစ် ခေါ်ယူခြင်း 📢📢📢📢📌👩‍⚕️🩺👨‍⚕️- Senior or Junior vet ( 2 ) ဦး ( ကျာ...
27/01/2025

Happy Paws Vet Clinic တွင် တာဝန်ထမ်းဆောင်ရန် ဝန်းထမ်းသစ် ခေါ်ယူခြင်း 📢📢📢📢

📌👩‍⚕️🩺👨‍⚕️- Senior or Junior vet ( 2 ) ဦး ( ကျား/မ )
Experience ပေါ်မူတည်ပြီး လစာ ညှိနှိုင်းပေးမည်။ နေစရာ စီစဉ်ပေးမည်။

📌Vet assistant (2 )ဦး ( အထက်တန်း အောင်မြင်)
သန်လျင်နေသူ ဦးစားပေးမည်။ အမြန် အလိုရှိသသည်။

🥳🥳🥳 နှစ်သစ်ပိတ်ရက် ကြေငြာခြင်း 1.1.2025 ရက်နေ့ နှစ်သစ်အခါရက်မြတ်တွင် Happy Paws Vet Clinic (Thaketa Branch) (Thanlyin Br...
31/12/2024

🥳🥳🥳 နှစ်သစ်ပိတ်ရက် ကြေငြာခြင်း

1.1.2025 ရက်နေ့ နှစ်သစ်အခါရက်မြတ်တွင် Happy Paws Vet Clinic (Thaketa Branch) (Thanlyin Branch) နှစ်ခုလုံးအား မနက်ပိုင်း (9:00AM to 12:30PM) အထိ ပိတ်မည်ဖြစ်ကြောင်း နှင့် နေ့လည် (1:00 PM to 6:00PM) တွင် ပြန်လည် ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်..... 🥳🥳🥳

P. S ပုံမှန်ဆေးခန်းချိန် ညနေပိုင်း (3:30PM to 6:00PM) 😊😊😊

24/12/2024

📯📯📯 Attention Please.... ☃️☃️☃️

Happy Paws Vet Clinic (Thanlyin Branch) & (Thaketa Branch) ဆေးခန်း 2ခုလုံးအား (28.12.24 to 29.12.24) ရက်နေ့အထိ ပိတ်မည်ဖြစ်ကြောင်း Happy Paws Vet Clinic ၏ လေးစားချစ်ခင်ရပါသော Customer များကို အသိပေး အကြောင်းကြား အပ်ပါသည်......


23/12/2024

25.12.24 (Merry Christmas) ရက်နေ့တွင် Happy Paws Vet Clinic (Thanlyin Branch) & (Thaketa Branch) ဆေးခန်း နှစ်ခုလုံး ပုံမှန်အချိန်တိုင်း ဖွင့်ပါကြောင်း အသိပေးအပ်ပါသည်.... 😊😊😊


Address

No(90), Nawarat 10 Street, (8)Ward, Tharkata Township
Yangon
11231

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Sunday 10:00 - 19:00

Telephone

+959446092463

Website

Alerts

Be the first to know and let us send you an email when Happy Paws Vet Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Happy Paws Vet Clinic:

Share

Category