SKY Kennel

SKY Kennel Share knowledge & give update info: abt Sky Kennel

24/05/2026

✅ ကာကွယ်ဆေး+ခွေးရူးကာကွယ်ဆေးပါ ထိုးပြီး

✅ Big Ben ရဲ့ မြေးမလေးကိုမှ ဘယ်မှာမှ မရနိုင်တဲ့ နှုန်း

🔥 15 သိ_န်း

📍ရန်ကုန်၊ မှော်ဘီ

09 77 38 77771
09 26 38 77771




✅ ကာကွယ်ဆေး အစုံပြီး ✅ ခွေးရူးကာကွယ်ဆေးပါ အပြီး ✅ မျိုးရိုးလေးဆက်စာရွက်ပါ ကိုယ့်လက်ထဲရောက်ရင် တစ်နှစ်ပတ်လုံး ဘာကာကွယ်ဆေး...
21/05/2026

✅ ကာကွယ်ဆေး အစုံပြီး
✅ ခွေးရူးကာကွယ်ဆေးပါ အပြီး
✅ မျိုးရိုးလေးဆက်စာရွက်ပါ

ကိုယ့်လက်ထဲရောက်ရင် တစ်နှစ်ပတ်လုံး ဘာကာကွယ်ဆေးမှ ပြန်ထိုးစရာ မလိုတဲ့ အရွယ်လေး

သက်သက်သာသာ နှုန်းနဲ့ ရပါမယ်

09 77 38 77771
09 26 38 77771





✅ ဝယ်ချင်လို့ပါ၊ နယ်က ဖြစ်နေလို့ ❓နယ်မြို့တွေရော ပို့ပေးလား ထိုမေးခွန်းတွေအတွက် ကျွန်တော့် kennel က ပေးတဲ့ ဝန်ဆောင်မှုနဲ...
17/05/2026

✅ ဝယ်ချင်လို့ပါ၊ နယ်က ဖြစ်နေလို့
❓နယ်မြို့တွေရော ပို့ပေးလား

ထိုမေးခွန်းတွေအတွက် ကျွန်တော့် kennel က ပေးတဲ့ ဝန်ဆောင်မှုနဲ့ ဖြစ်ချင်တဲ့ ဆန္ဒလေးကို ပြောပြပါမယ်

ကျွန်တော့် X litter က အထီးလေးကို မြစ်ကြီးနားက ပိုင်ရှင်က တပတ်သားလောက်ကတည်းက reserve လုပ်ပြီး မှာယူထားတာပါ

airline နဲ့ ပို့မယ်၊ မရရင် ကားနဲ့ ရောက်အောင် ကျွန်တော် ပို့ပေးပါမယ်လို့ ပိုင်ရှင်နဲ့ ပြောထားခဲ့ကြပါတယ်

အခုအချိန်ကာလနဲ့ ရန်ကုန်ကနေ မြစ်ကြီးနားကို လေယာဉ်နဲ့ဆိုရင် သိန်း၄၀လောက် ကုန်ကျမှာရယ်၊ လုပ်ရမယ့် process တွေ၊ document တွေ အများကြီး ဖြစ်နေပါတယ်

ပိုင်ရှင်ဘက်ကလည်း ကလေးကို တကယ်ရချင်တဲ့ ဆန္ဒပြင်းပြနေတော့ ကားနဲ့ မရောက်ရောက်အောင် ကွိန်တော် စီစဉ်ပေးလိုက်ပါတယ်

လမ်းခရီးမှာ ၅ ရက်ကြာပြီး မနေ့က ညကတော့ မြစ်ကြီးနားက ပိုင်ရှင်လက်ထဲကို ချောချောမွေ့မွေ့ ကျန်းကျန်းမာမာနဲ့ ရောက်ရှိပြီး ဒီမနက် ပိုင်ရှင်နဲ့ ph ပြောကြတဲ့အခါမှာလည်း အဆင်ပြေတယ်၊ ကျေနပ်တယ်အကြောင်း သိရတဲ့အခါမှာ အလွန် ပီတိဖြစ်ရပါတယ်

ကလေးကို ရောက်သွားအောင် အားတက်သရော ဝိုင်းဝန်း စဉ်းစား ကူညီပေးတဲ့၊ စိတ်ပူပေးတဲ့ ညီကိုတွေ၊ အမတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် 🙏

ထိုနည်းတူပဲ ကျန်ခဲ့တဲ့ ၄ လလောက်က ကျွန်တော့် V litter ကို ၂ ရက်သားကတည်းက စစ်တွေက reserve လုပ် မှာယူတဲ့ ပိုင်ရှင်ဆီကိုလည်း ကလေးကို ယခုလို ခေတ်ကာလ အချိန်အခါကြီးမှာ ကျွန်တော် အောင်မြင်စွာ ပိုင်ရှင်လက်ထဲ အပ်ပေးနိုင်ခဲ့ပါတယ်

ဒီကလေးတွေအကုန်လုံးက ကျွန်တော့် kennel ရဲ့ ပုံမှန်ရောင်းဈေး သင့်တင့်တဲ့ဈေးနဲ့သာ ရောင်းချခဲ့သော ကလေးများသာ ဖြစ်ပါတယ်

ခက်ခဲတဲ့ အဝေးမြို့တွေကို ပို့ပေးရမှာမို့ သွားလာရတဲ့ ဝန်ဆောင်ခတွေ ကျွန်တော် ပိုယူထားခြင်း မရှိပါဘူး

အခုလို ကာလမဟုတ်ခင်တုန်းက မြစ်ကြီးနား၊ ကလေး စတဲ့ ဝေးတဲ့ မြို့တွေကိုတောင် ကျွန်တော် ကိုယ်တိုင် ကလေးတွေကို လိုက်ပို့ပေးခဲ့တာပါ

အခုကတော့ ကျွန်တော် အပြန် လမ်းခရီး ခက်ခဲမှာစိုးလို့သာ ကိုယ်တိုင် မပို့ဖြစ်တော့တာပါ
လမ်းမှာလဲ ရုပ်ချောတဲ့သူတွေ ခေါ်ထားတယ်ကြားလို့ မသွားရဲတာလဲ ပါပါတယ် 😂

ကျွန်တော့်ရဲ့ ပင်ကိုယ်စိတ်နဲ့ ကျွန်တော့် kennel ရဲ့ mission က မြန်မာနိုင်ငံရဲ့ ရှိရှိသမျှ ဧရိယာတိုင်းကို 𝗦𝗸𝘆 𝗞𝗲𝗻𝗻𝗲𝗹 မှ Rottweiler မျိုးတွေကို ရောက်စေချင်တာပါ

✅ ဝယ်ချင်လို့ပါ၊ နယ်က ဖြစ်နေလို့
❓နယ်မြို့တွေရော ပို့ပေးလား ဆိုတော့ ...

ဝယ်သူရဲ့ ပိုင်ဆိုင်ချင်တဲ့ စိတ်ဆန္ဒသာ ပြင်းပြလိုက်ပါ

( လုံးဝ လုံးဝ မဖြစ်နိုင်ဘူးဆိုတဲ့ အခြေအနေကလွဲလို့) ကျွန်တော်က မရောက်ရောက်အောင် လက်ထဲ အရောက် ထည့်ပေးမှာပါ

𝐒𝐤𝐲 𝐊𝐞𝐧𝐧𝐞𝐥 ( 𝒔𝒊𝒏𝒄𝒆 𝟐𝟎𝟎𝟖 )

🔥 𝐒𝐢𝐥𝐞𝐧𝐭 𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡 🔥 ကျွန်တော့် မျက်လုံးထဲမှာတော့ ခုချိန်ထိ ကလေးလေးလိုပဲ 😍အသက် တစ်နှစ် ပြည့်ခဲ့ပြီဆိုတော့ မိတ်ဆက်ပါရစေ 🤝✅...
16/05/2026

🔥 𝐒𝐢𝐥𝐞𝐧𝐭 𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡 🔥

ကျွန်တော့် မျက်လုံးထဲမှာတော့ ခုချိန်ထိ ကလေးလေးလိုပဲ 😍

အသက် တစ်နှစ် ပြည့်ခဲ့ပြီဆိုတော့ မိတ်ဆက်ပါရစေ 🤝

✅ 𝘿𝙤𝙪𝙗𝙡𝙚 𝙄𝙁𝙍 𝙒𝙤𝙧𝙡𝙙 𝘾𝙝𝙖𝙢𝙥𝙞𝙤𝙣 ; 𝟐𝟎𝟎𝟗 & 𝟐𝟎𝟏𝟐

💥 𝑩𝒖𝒓𝒏𝒊𝒏𝒈 𝒅𝒆𝒔 𝒑𝒓𝒊𝒏𝒄𝒆𝒔 𝒅'𝑨𝒓𝒂𝒈𝒐𝒏𝒆 💥

ကျွန်တော် သိပ်ကြိုက်ခဲ့တဲ့ 𝗥𝗼𝘁𝘁𝘄𝗲𝗶𝗹𝗲𝗿 𝗟𝗲𝗴𝗲𝗻𝗱𝗮𝗿𝘆 ကြီး တစ်ကောင်မို့ ကျွန်တော့် သားကို 𝗕𝘂𝗿𝗻𝗶𝗻𝗴 လို့ နာမည် ပြန်ပေးထားပါတယ်

သူ့လိုတော့ ကမ္ဘာကျော် မဖြစ်ပေမယ့် ကျွန်တော့်သားက အခုအချိန်ထိ Rottweiler တစ်ကောင်မှာ ရှိသင့်ရှိရမယ့် စံနှုန်းတွေ မလျော့ဘူးဆိုတာတော့ အသေအချာပါပဲ

အာသီးရောင်နေတဲ့ ချာတိတ်တွေကို ပြောချင်ပါသေးတယ်

ကိုယ်မွေးထားတဲ့ အရာတွေကို သွားဖုံးတွေကို လှန်ကြည့်၊ မျက်လုံးတွေကို မှန်ထောင်ကြည့်၊ အမွှေးတွေကို သပ်ကြည့်၊ အမြီးလေးကို ဆန့်ကြည့်ပါဦးဗျာ 😁

ဒီတခါလည်း ကျွန်တော် knowledge sharing တစ်ခု လုပ်လိုက်ပြန်ပါပြီ

Double World Champion ကြီးရဲ့ ပုံကို comment မှာတင်ထားပေးပါတယ်
လေ့လာကြည့်ပါဦးဗျာ 😊

15/05/2026

ကလေးတွေရဲ့ မျိုးရိုး နဲ့ ရုပ်ထွက် ကောင်းဖို့က ကျွန်တော့် တာဝန်ထားပါ 😍

နှလုံးသား ကြီးကြီးနဲ့ ရေရှည် ချစ်တတ်ဖို့က မိတ်ဆွေတို့ တာဝန်ပါ





14/05/2026

😍 ဝယ်သူတွေအတွက်တော့ အရမ်းတန်ပါတယ်

အိမ်ရောက်ရင် ကြိုးတပ် လမ်းလျှောက် ရပ်ကွက် ပတ်ကြွယ်ဗျာ 😁

✅ဒီလိုအရွယ် ၊ ဒီလို size ၊ ဒီလို မျိုးရိုးနဲ့

✅ကာကွယ်ဆေးဆိုလဲ ၂ ကြိမ်ပြီး/ ၃ ကြိမ်ပြီး/ ခွေးရူးကာကွယ်ဆေးပါပြီးတဲ့ Rottweiler puppy လေးတွေ

🩷🩵 အထီးရော ၊ အမပါ ၊ မျိုးရိုးမတူတဲ့ တစ်စုံ လိုချင်သူများပါ မျက်မြင်ကြည့်လို့ရချင်တယ်ဆိုရင်

📍ရန်ကုန်၊ မှော်ဘီ

Sky Kennel
09 77 38 77771
09 26 38 77771





မိတ်ဆက်ပေးပါရစေ သူ့ရဲ့ နာမည်က Big Ben Timit Tor ပါ ကျွန်တော် လေ့လာမိသလောက်နဲ့ သိရသလောက်ကတော့ Big Ben ရဲ့ မျိုးဆက်က မြန်မ...
12/05/2026

မိတ်ဆက်ပေးပါရစေ

သူ့ရဲ့ နာမည်က Big Ben Timit Tor ပါ

ကျွန်တော် လေ့လာမိသလောက်နဲ့ သိရသလောက်ကတော့ Big Ben ရဲ့ မျိုးဆက်က မြန်မာပြည်မှာ တိုက်ရိုက် import သွင်းထားတာ ၂ကောင်လောက်ပဲ ရှိတယ်လို့ သိရပါတယ်

ကျွန်တော့် မိတ်ဆွေကတော့ ကြွယ်လိုက်တယ်

Big Ben ရဲ့ မျိုးကို လိုချင်ရင်တောင် Serbia မှာ မရတော့ဘူး
ကူဝိတ်က သူဌေးဆီ ရောက်သွားပြီတဲ့

အခု ကျွန်တော့်ဆီမှာ ရှိတဲ့ ကလေးတွေထဲက ကလေးတစ်ချို့က မြန်မာပြည်မှာ ရှိတဲ့ ရှားရှားပါးပါး Big Ben ရဲ့ သမီးလေးက ပြန်ပေါက်ထားတာတွေ ပါပါတယ်

ကာကွယ်ဆေး စုံတာမှ လိုချင်ပါတယ်ဆိုတဲ့ မိတ်ဆွေတွေအတွက် ..
6 in 1 ကာကွယ်ဆေးအပြင် ခွေးရူးကာကွယ်ဆေးပါ ထိုးပြီးပြီဆိုတော့ ဘာလိုသေးလဲ 😍

ဝယ်သူတွေ မေးမေးနေကျလေးလဲ တခါတည်း ဖြေပေးလိုက်ပါမယ်

ဒါမျိုးကြီးရဲ့ မျိုးဆက်တွေကို မွေးရင် ဒါမျိုးကြီး ဖြစ်လာမှာလားဆိုတော့..
ဒါမျိုး ဖြစ်တဲ့ offspring ကို မွေးမှ ဒါမျိုးဖြစ်နိုင်ချေရှိတဲ့ chance များတာပါ

Rotweiler ကောင်းကောင်းလေး မွေးချင်တယ်ဆိုမှ စည်သူထက်ကို သတိရပေးပါ 😀

မျိုးရိုးတွေကို ကြွယ်ပြပြီး ကျော်အောင်ညာနေတာ မဟုတ်ပါဘူးနော်

ရှားပါးတွေကို ရစေချင်တဲ့ စေတနာနဲ့ သိတာလေးတွေကို knowledge sharing လုပ်ပေးတာပါ

07/05/2026

ဒီရုပ်ဒီရည် ဒီမျိုးရိုး ဒီအရွယ် ဒီအနေအထားကိုမှ ➊➋ ဆိုတော့ အရမ်းတန်နေပြီ 😄

✅ ၂လခွဲ
✅ ကာကွယ်ဆေး ၂ ကြိမ်ပြီး
✅ သန် ၄ကြိမ်ချပြီး
✅ Female puppy

6 မယ်ဆိုရင် ..
🚫 hi လဲ မလုပ်ပါနဲ့
🚫 Ph လဲ မဆက်ပါနဲ့

03/05/2026

❤️ Arapin Timit Tor ရဲ့ သမီးလေးပါ ❤️

post တခုနဲ့တခုက အလှလေးတွေချည်းပဲ ဖြစ်နေတော့ ...
တကောင်တည်း ပုံပဲ တင်နေတယ် ထင်နေမှာစိုးလို့ပါ

ဒီကလေးလေးက တခါမှ ပုံမတင်ဖူးသေးပါဘူးဗျာ 😍

❤️ Rottweiler ❤️ လေးတကောင်ကို ပြုစုပျိုးထောင်ပေးရတာ ကလေးလေးတယောက်ကို ပြုစုပျိုးထောင်ပေးရသလိုပါပဲ။ဘာလို့လဲဆိုတော့ ကလေးတယေ...
03/05/2026

❤️ Rottweiler ❤️ လေးတကောင်ကို ပြုစုပျိုးထောင်ပေးရတာ ကလေးလေးတယောက်ကို ပြုစုပျိုးထောင်ပေးရသလိုပါပဲ။

ဘာလို့လဲဆိုတော့ ကလေးတယောက်မှာ စကားမပြောတတ်ခင်ကတည်းက မြင်ရတဲ့ အပြုအမူ အပြောအဆိုတွေဟာ မိဘဆီက လက်ဆင့်ကမ်း အမွေပေးလိုက်တဲ့ ဗီဇအမူအကျင့်တွေပါ။

နောက်ပိုင်းမှသာ ပတ်ဝန်းကျင်ရဲ့ ပြုပြင်ပြောင်းလဲမှုပေါ်လိုက်ပြီး ကလေးတယောက်ရဲ့ အနေအထိုင် အပြောအဆို အပြုအမူ ဗီဇအမူအကျင့် ကောင်းခြင်းဆိုးခြင်းတွေဟာ တစနဲ့တစ ပြောင်းလဲလာတတ်တာပါ။

ထိုနည်းတူစွာပဲ Rottweiler တကောင်မှာလည်း အဖေ အမေ မျိုးရိုးစဉ်ဆက်ဆီက ဆင်းသက်လာတဲ့ ဗီဇကောင်းခြင်း ဆိုးခြင်း၊
ပတ်ဝန်းကျင်ဖြစ်တဲ့ သခင်ရဲ့ ပုံသွင်းလိုက်ခြင်း စတာတွေပေါ် အခြေခံပြီး ဗီဇ အကောင်းအဆိုးက ပိုမိုပြီး ပီပြင်လာတာပါ။

👉 ရဲတာနဲ့ ရိုင်းတာ မတူသလို
Rottweiler မှာ aggressive ဖြစ်တာနဲ့ temperament ကောင်းတာ မတူပါဘူး။

ကျွန်တော့်အတွက်ကတော့ အလွယ်ပြောရမယ်ဆိုရင် ရဲရင့်တဲ့ Rottweiler တကောင်ပဲ ပိုင်ဆိုင်ချင်တာပါ။
မဲမဲမြင်ရာ ရန်လိုပြီး ကိုက်ချင်တဲ့ ရိုင်းစိုင်းတဲ့ Rottweiler မလိုချင်ပါဘူး။

Rottweiler breed ဟာ guard dog ဖြစ်တဲ့အတွက် သခင်ကို ကာကွယ်တတ်တဲ့ ဗီဇကောင်းကတော့ ပါလာပြီးသားပါ။

ပါလာတဲ့ အဆိုပါ ဗီဇကောင်းလေးကို သခင်ဖြစ်သူက မိဘနဲ့ သားသမီးလိုမျိုး အကောင်းဆုံး ကိုင်တွယ်ထိန်းကျောင်းပြီး control လုပ်ပေးရမှာ ဖြစ်ပါတယ်။

ဥပမာ။ ။ ကိုယ့်ရဲ့ သားသမီးကို တခြားသူတွေက ရိုင်းလိုက်တာလို့ ပြောတာနဲ့ ရဲရင့်လိုက်တာလို့ ပြောတာ ကိုယ့်အတွက် ဘယ်အရာက ပီတိဖြစ်နိုင်မလဲ စဉ်းစားကြည့်ပါ။

ကျွန်တော်က ဒီ breed ကို ချစ်တော့ rottweiler ဆိုးတဲ့ပုံတွေကို ကိုယ်တိုင်လည်း မမြင်ချင်သလို ဒီ breed အကြောင်းကို ဂဃဏန မသိသေးတဲ့သူတွေကိုလည်း အမြင်မမှားစေချင်ပါဘူး။

ကိုယ်ချစ်တဲ့ Rottweiler breed ကို ဆိုးသွမ်းပြီး ရန်လိုရိုင်းစိုင်းတဲ့ breed တခုအဖြစ် နာမည်ဆိုးနဲ့ မကျော်ကြားစေချင်ပါဘူး။

သခင်နဲ့ မိသားစုကို ရဲရင့်ပြီး ကာကွယ်စောင့်ရှောက်လိုစိတ်အပြည့်ရှိတဲ့ နှစ်လိုဖွယ်ကောင်းတဲ့ breed တခုအဖြစ်သာ ကောင်းသတင်းနဲ့ နာမည်ကြီးစေချင်တာပါ။

ကျွန်တော့်ကို breed အကုန်လုံးကို ချစ်တဲ့သူလို့ ပြောတာထက် Rottweiler တမျိုးတည်းကို နှစ်နှစ်ကာကာ ချစ်တဲ့သူလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။

သာဓကအားဖြင့် ကောင်မလေးလှတာ မြင်ရင်တော့ သဘောကျတဲ့စိတ်နဲ့ ကြည့်မိမှာအမှန်ပါ။
ဒါပေမယ့် ကိုယ့်အိမ်က ဇနီးလောက်တော့ နှစ်နှစ်ကာကာ မြတ်နိုးပြီး အသက်ထက်ဆုံး ပေါင်းသင်းနိုင်မှာ မဟုတ်ပါဘူး။

ဆိုးသွမ်းတဲ့ breed ဆိုတာ မရှိပါဘူး။
ထိန်းကျောင်းသူရဲ့ ညံ့ဖျင်းမှုကြောင့်သာ ဆိုးသွမ်းသွားရတာပါ။

🗣 မိတ်ဆွေ
သင်ရော ရဲရင့်ပြီး ကာကွယ်ချင်စိတ် အပြည့်ရှိတဲ့ rottweiler ကို ပိုင်ဆိုင်ချင်ပါသလား?

ဆိုးသွမ်းရိုင်းစိုင်းတဲ့ rottweiler ကို ပိုင်ဆိုင်ချင်ပါသလား?

ကိုယ့်ရဲ့ ရွေးချယ်မှုဟာ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုနဲ့ အောင်မြင်မှုပါပဲ။
My choice is my satisfaction and my success.

အချုပ်အားဖြင့် ဒီ Post ထဲကလို မျိုးလည်းကောင်း၊ သေချာ ပြုစုပျိုးထောင်မှုအားလည်း ကောင်းတဲ့ ကလေးလေးတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့
𝐒𝐤𝐲 𝐊𝐞𝐧𝐧𝐞𝐥 ကို အခုပဲ ဆက်သွယ်လိုက်ပါ 😊

𝑺𝒊 𝑻𝒉𝒖 𝑯𝒕𝒆𝒕
𝐒𝐤𝐲 𝐊𝐞𝐧𝐧𝐞𝐥 (𝒔𝒊𝒏𝒄𝒆 𝟐𝟎𝟎𝟖)

01/05/2026

ဒီရင်မှာအချစ်များ.. သူမြင်နိုင်ပါ့မလား ❤️

Address

Hmawbi
Yangon

Telephone

+959773877771

Website

Alerts

Be the first to know and let us send you an email when SKY Kennel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category