Aqua Shangri-La - အက်ကွာရှန်ဂရီလာ

  • Home
  • Myanmar
  • Yangon
  • Aqua Shangri-La - အက်ကွာရှန်ဂရီလာ

Aqua Shangri-La - အက်ကွာရှန်ဂရီလာ 💯Premium Quality, Premium Products ONLY✅

ငါး၊အပင်နှင့်ငါးကန်သုံးပစ္စည်းများမှာယူနိုင်ပါတယ်

ပစ္စည်းမှာချင်တယ်၊ အချိန်ကြာကြာမစောင့်ချင်ဘူး၊ ကိုယ့်လက်ထဲအမြန်ရောက်ချင်တယ်ဆိုတဲ့သူတွေအတွက် 𝗔𝗾𝘂𝗮 𝗦𝗵𝗮𝗻𝗴𝗿𝗶-𝗟𝗮ရဲ့ Services ...
27/03/2026

ပစ္စည်းမှာချင်တယ်၊ အချိန်ကြာကြာမစောင့်ချင်ဘူး၊ ကိုယ့်လက်ထဲအမြန်ရောက်ချင်တယ်ဆိုတဲ့သူတွေအတွက် 𝗔𝗾𝘂𝗮 𝗦𝗵𝗮𝗻𝗴𝗿𝗶-𝗟𝗮ရဲ့ Services အသစ် ⚡️𝗦𝗛𝗔𝗡𝗚𝗥𝗜 𝗡𝗘𝗫𝗨𝗦⚡️လေးလာပြီနော်။

⚡️𝗦𝗛𝗔𝗡𝗚𝗥𝗜 𝗡𝗘𝗫𝗨𝗦 ဆိုတာ လွယ်လွယ်နဲ့နားလည်အောင်ပြောရရင် Transhipping Service တစ်ခုပါပဲ။

လတ်တလောမှာ တရုတ်ကနေမြန်မာကိုပစ္စည်းတိုက်ရိုက် ပို့တဲ့အခါ ဘယ်လောက်ကြာမယ်မသိဘူး၊ ဘယ်ချိန်ရမယ်မသိဘူး၊ လမ်းမှာပျောက်ဦးမလား၊ ပျက်စီးဦးမလားဆိုတဲ့ မသေချာမရေရာမှုတွေများနေတာလူတိုင်းသိမှာပါ။

ဒီပြဿနာကိုဖြေရှင်းပေးဖို့ 𝗦𝗛𝗔𝗡𝗚𝗥𝗜 𝗡𝗘𝗫𝗨𝗦 ဆိုတဲ့ Servicesလေးဖန်တီးပေးထားတာဖြစ်ပါတယ်

Services လေးကတော့
🇨🇳တရုတ်ကနေဘာပစ္စည်းမှာချင်ချင်
🇹🇭ထိုင်းနိုင်ငံအိမ်အရောက်ကို
⏰(အလွန်ဆုံး)၂ပတ်အတွင်း
🚚အရောက်ပို့ပေးမှာဖြစ်ပါတယ်။

တရုတ်ကနေထိုင်းကိုပို့ပေးတာဖြစ်တဲ့အတွက်
❌ပစ္စည်းထုတ်မရတာ
❌လမ်းကြပ်တာ
❌လမ်းမှာသောင်တင်တာမျိုးတွေကင်းဝေးလို့

✅သတ်မှတ်ထားတဲ့အချိန်အတိုင်းရောက်မယ်
✅ပုံမှန်ထက် ဈေးနှုန်းလည်းမဟားတရားသက်သာမယ်ဗျာ

ဘယ်လိုလူတွေ 𝗦𝗛𝗔𝗡𝗚𝗥𝗜 𝗡𝗘𝗫𝗨𝗦ကိုသုံးသင့်လဲ❓
ကိုယ်က ထိုင်းကိုအလည်သွားဖို့ရှိမယ်၊ ဒါမှမဟုတ် ကိုယ့်ဆွေမျိုး၊မိတ်ဆွေတစ်ယောက်ယောက်ကထိုင်းကိုအလည်သွားလေ့ရှိတယ်၊ ထိုင်းမှာရှိတယ်ဆိုရင် သူတို့အိမ်အရောက်ပို့ထားပေးပြီး မြန်မာနိုင်ငံပြန်တဲ့အခါ၊ဒါမှမဟုတ် ပစ္စည်းပို့နေကြနီးစပ်ရာ Cargoဖြစ်ဖြစ်သုံးပြီး မြန်မာနိုင်ငံကို ဈေးသက်သက်သာသာနဲ့လျင်လျင်မြန်မြန်ပို့နိုင်မှာဖြစ်ပါတယ်။

𝗦𝗛𝗔𝗡𝗚𝗥𝗜 𝗡𝗘𝗫𝗨𝗦 ကြောင့် ကျွန်တော်တို့ Pageရဲ့ motto“ပစ္စည်းချင်းတူရင်တောင်ဈေးသက်သာစေရမယ်”ဆိုတဲ့အတိုင်း ဆက်လက်ထိန်းထားနိုင်ပြီဖြစ်ပါတယ်။

ဈေးသက်သာလားမသက်သာလား မယုံရင် page chat boxသာလာမေးကြည့်လိုက် 🙂‍↔️(သတ္တိရှိရှိသာလာခဲ့လိုက်ဗျာ)

Aqua Shangri-La - အက်ကွာရှန်ဂရီလာ

ပစ္စည်းအနည်းငယ်ရောက်ရှိကန်ဖျက်ပစ္စည်းမို့ဈေးသက်သာမည်သို့သော် လမ်းကြပ်၊ဆီဈေးတက်လို့ တန်ဆာခဈေးများတာမို့ final priceအလစ်တဲ...
23/03/2026

ပစ္စည်းအနည်းငယ်ရောက်ရှိ
ကန်ဖျက်ပစ္စည်းမို့ဈေးသက်သာမည်
သို့သော် လမ်းကြပ်၊ဆီဈေးတက်လို့ တန်ဆာခဈေးများတာမို့ final priceအလစ်တဲလေးတက်မည်(ပထမပုံမှာမြင်တဲ့အတိုင်းပါပဲ😁)

နောက်ဆိုဈေးပိုတက်ဖို့ပဲရှိ😁 လိုအပ်ရင် cb အမြန်လာပါဗျာ

Aqua Shangri-La - အက်ကွာရှန်ဂရီလာ

ပစ္စည်းလေးတွေပြန်ရောက်ထားပါတယ် နဂိုစျေးနဲ့ဘဲရပါမယ်၊ အရေအတွက်လေးနည်းပါမယ်🥳
09/03/2026

ပစ္စည်းလေးတွေပြန်ရောက်ထားပါတယ် နဂိုစျေးနဲ့ဘဲရပါမယ်၊ အရေအတွက်လေးနည်းပါမယ်🥳

ရေငံသမားတွေအတွက် ဆားထုပ် ၃ဖာ instock ရပါမယ်

6.7 kg တစ်ထုပ် - ALL SOLD🥳

လိုအပ်ရင် cb

Aqua Shangri-La - အက်ကွာရှန်ဂရီလာ

NETLEA Basement Powderဆိုတာဘာလဲ (သို့) အပင်ကန်စမယ့်သူတွေအတွက်Cheat codePage cbမှာ အမေးများတဲ့မေးခွန်းများ- အပင်ကန်မြေဩဇာ...
18/02/2026

NETLEA Basement Powderဆိုတာဘာလဲ (သို့) အပင်ကန်စမယ့်သူတွေအတွက်Cheat code
Page cbမှာ အမေးများတဲ့မေးခွန်းများ
- အပင်ကန်မြေဩဇာလား?
- ဘယ်လိုသုံးရတာလဲ?

Netlea Basement Powderဆိုတာ အခုမှကန်စချင်တဲ့သူတွေသုံးတဲ့ပစ္စည်းတမျိုး။ သူများတွေကန်စတဲ့အချိန်ဖြစ်တဲ့ရေညှိပြဿနာ၊Stableမဖြစ်တာတွေ၊အပင်တွေအာဟာရမညီမျှတာ၊pHအပြောင်းအလဲကြောင့်အပင်တွေလှသင့်သလောက်မလှတာတွေကိုခေါင်းစားနေတဲ့အချိန် ကိုယ်ကcheat codeသုံးပြီးအဆင့်ကျော်လိုက်သလိုသုံးတဲ့ပစ္စည်းတမျိုး။

ဘာလို့လဲဆိုတာဆက်ပြောပြမယ်။အထဲမှာအထုပ်၅ထုပ်ပါတယ်။
✅ Humicအက်ဆစ်အမှုန့်
✅ကာဗွန်နိတ်သတ္ထုမှုန့်
✅စီလီကိတ် သတ္ထုမှုန့်
✅မီးစုန်းဓာတ်ပါတဲ့အကျိုးပြုဘတ်တီးရီးယား
✅ပြုပြင်ထားတဲ့မီးတောင်ကျောက်အမှုန့်

ဘာတွေများကောင်းလို့လဲ?
✅ Humicအက်ဆစ်အမှုန့်-ဒီကောင်ကအပင်တွေကို ကာဗွန်ဓာတ်ပေးတယ်၊သဘာဝဟော်မုန်းတမျိုးလိုပဲ အပင်တွေကိုအာဟာရစုပ်တာအားပေးတယ်၊အမြစ်ဆင်းမြန်စေတယ်၊အမြစ်ဆင်းသန်စေတယ်။အမြစ်ပုပ်တာ၊ရိတာတွေကိုကာကွယ်ပေးတယ်။
✅ ကာဗွန်နိတ်သတ္ထုမှုန့်-ဒီကောင်ကျတော့SoilထဲကpHကိုထိန်းပေးတယ်။အဖြစ်များတဲ့SoilထဲမှာpHအက်ဆစ်ဆန်ပြီး Soilတွေခဲသွားတာ၊စုသွားတာကိုတားပေးတယ်။
✅ စီလီကိတ် သတ္ထုမှုန့်-ဒီကောင်ကျတော့Aqua Soilရဲ့သက်တမ်းကိုပိုကြာကြာခံစေတယ်။အမြစ်တွေကိုအဆိပ်တောက်ဖြစ်စေတဲ့ ဟိုက်ဒြိုဂျင်ဆာလ်ဖိုဒ်ကိုစုပ်ယူပေးတယ်။
✅မီးစုန်းဓာတ်ပါတဲ့အကျိုးပြုဘတ်တီးရီးယား-သာမန်အကျိုးပြုဘတ်တီးရီးယားတွေလိုပဲ Nitrogen cycleလည်ဖို့အထောက်အကူပြုတယ်၊ အညစ်အကြေးတွေကထွက်တဲ့ အမိုးနီးယားလိုအဆိပ်အတောက်တွေကိုချေဖျက်ပေးတယ်။ ဒါပေမယ့်သူလုပ်တာတခြား၂ခုပိုသေးတယ်။ Soilဆွေးမြေ့တာကိုတားပေးပြီးငါးကန်စလုပ်တဲ့သူတွေအရမ်းကြောက်တဲ့ စိမ်းပြာရေညှိမပေါက်အောင်ကာကွယ်ပေးတယ်။ (စိမ်းပြာရေညှိဆိုတာရေညှိလို့သာခေါ်ပေမယ့် ဘတ်တီးရီးယားတမျိုး၊အသေးစိတ်ကိုနောက်တခါအားမှရေးပေးမယ်)
✅ပြုပြင်ထားတဲ့မီးတောင်ကျောက်အမှုန့်-ရေထဲမှာပါတဲ့မလိုလားအပ်တဲ့သတ္ထုဓာတ်တွေကိုစုပ်ပေးပြီးရေကိုကြည်စေတယ်၊အနံ့အသက်တွေစုပ်ယူပေးတယ်။Aqua Soilထဲမှာပါတဲ့ အာဟာရတွေကိုဖြည်းဖြည်းချင်းထုတ်ပေးအောင်ထိန်းသိမ်းပေးတဲ့အတွက် algae outbreaks တွေကိုကာကွယ်ပေးတယ်။

ဆိုတော့ဒီကောင်က ဟိုအရင်ခေတ်တုန်းက ဘုမသိဘမသိအပင်ကန်လုပ်ချင်တဲ့သူတွေ အမြဲကြုံရတတ်တဲ့ ပြဿနာသောင်းခြောက်ထောင်ကိုချက်ချင်းကျော်ချပေးလိုက်တဲ့cheat codeလိုပဲ။ ခေတ်မှီပြီးနည်းပညာလည်းမြင့်လာတော့အခုခေတ်အပင်ကန်လုပ်ချင်တဲ့သူတွေကံကောင်းတယ်လို့ပြောလို့ရတယ်။

ဒါသုံးမှမင်းရဲ့အပင်ကန်ပိုလှမှာ၊ပိုကြာကြာခံမှာလို့ပြောတာမဟုတ်ဘူးနော်၊ ကိုယ့်ထိန်းသိမ်းနိုင်စွမ်း၊စောင့်ရှောက်နိုင်စွမ်းနဲ့အများကြီးဆိုင်တယ် အပင်ကန်ဆိုတာ။ ဒါပေမယ့် အနည်းနဲ့အများတော့ပိုကျန်းမာသန်စွမ်း၊ပိုလှတဲ့အပင်တွေရနိုင်မယ်၊ Aqua Soilလည်းပိုကြာကြာခံမယ်ဆိုတော့ တကူးတကFertilizerတွေ/Mineralsတွေထပ်ထည့်နေစရာမလိုဘူးပေါ့၊ အပင်မလှလို့ဆိုပြီး fertilizer နင်းကန်ထပ်ထည့်လို့Doseမှားပြီး ရေညှိကန်ဖြစ်ခြင်းကနေဝေးမယ်ပေါ့။

ဒီလောက်ပါပဲ။ တယောက်ချင်းဖြေရတာလက်ညောင်းလာလို့ပိုစ့်တင်ပေးလိုက်ပါတယ်။
ထိထိရောက်ရောက်အသုံးပြုနည်းအသေးစိတ်ကိုတော့cbမှာဆက်ရှင်းပြမယ်။

အခုလို၅ထုပ်ပါတဲ့NETLEA Basement Powderလိုအပ်ရင်တော့ chat boxကိုလာပါဗျာ (၆ထုပ်ပဲရှိလို့ လက်နှေးရင်တော့ခွက်ဆေးရပါမယ်😁)

P.S - စာခိုးကူးပြီးတင်တဲ့သူဖင်နူ

Aqua Shangri-La - အက်ကွာရှန်ဂရီလာ
“ပစ္စည်းချင်းတူရင်တောင် ဈေးသက်သာစေရမယ်”

မနက်ခင်းလေးမှာနိုးလာတယ်…ပစ္စည်းလေးတွေရောက်ပါတယ် 🎶🎵😘✅ Nature Logic Tool၁၀မျိုးSet✅ Aqua Pro Thermometer/ CO2ပိုက်/Filterခ...
10/02/2026

မနက်ခင်းလေးမှာနိုးလာတယ်…ပစ္စည်းလေးတွေရောက်ပါတယ် 🎶🎵😘

✅ Nature Logic Tool၁၀မျိုးSet
✅ Aqua Pro Thermometer/ CO2ပိုက်/Filterခေါင်း
✅NETLEA Prefilter
✅ 36V/2.8~3A Adapter
✅ S2Mini Light + Shade

ဘာလိုလို အကုန်မှာလို့ရတယ်နော် အာစိတို့😘
Aqua Shangri-La - အက်ကွာရှန်ဂရီလာမှာ မရတာမရှိ။

⏰ကြာချိန် - ၁လဝန်းကျင် (ပိုမြန်နိုင်)
🧧🐉မှတ်ချက် - တရုတ်နှစ်သစ်ကူးပိတ်ရက်တွေကြားမှာရင်တော့ ဆိုင်တွေကော၊ ကာဂိုတွေကောနားကြတဲ့အတွက်အနည်းငယ်ကြန့်ကြာနိုင်ပါတယ်။

“ပစ္စည်းချင်းတူရင်တောင် ဈေးသက်သာစေရမယ်”

Pre-order secured ✅ ဘာလေးတွေလဲမသိပါဘူး😁လိုချင်တာအကုန်ရမယ်နော်အားမနာတမ်းcbလာမေးပါလက်နှေးရင်ခွက်ဆေးရမယ်နော်😜Aqua Shangri-L...
03/02/2026

Pre-order secured ✅ ဘာလေးတွေလဲမသိပါဘူး😁

လိုချင်တာအကုန်ရမယ်နော်
အားမနာတမ်းcbလာမေးပါ
လက်နှေးရင်ခွက်ဆေးရမယ်နော်😜

Aqua Shangri-La - အက်ကွာရှန်ဂရီလာ

ရေငံပစ္စည်းတွေ လိုချင်တာအကုန်ရမယ်နော် Aqua Shangri-La - အက်ကွာရှန်ဂရီလာမှာ မရတာမရှိ😜✅ကြာချိန် - ၁လဝန်းကျင် (ပိုမြန်နိုင်...
02/02/2026

ရေငံပစ္စည်းတွေ လိုချင်တာအကုန်ရမယ်နော်
Aqua Shangri-La - အက်ကွာရှန်ဂရီလာမှာ မရတာမရှိ😜

✅ကြာချိန် - ၁လဝန်းကျင် (ပိုမြန်နိုင်)
✅Half Prepaid Pre-Order Only

သိတဲ့သူတွေကတော့ မှာကုန်ပြီနော် 🤓
Pre-Orderဆိုသက်သာမယ်၊ Instockရောက်မှဆိုရင်တော့ ဈေးမသိမသာလေးပိုတတ်ပါမယ်ဗျ🤏

ပစ္စည်းသယ်ရကြပ်လို့ဆိုပြီးဈေးတွေ ၂ဆတက်နေပေမယ့် သယ်ရမကြပ်ခင်ဈေးအတိုင်း မထင်မှတ်ထားတဲ့ဈေးနဲ့ရမယ်🤓Instockပါ ချက်ချင်းရမယ်၊ ...
31/01/2026

ပစ္စည်းသယ်ရကြပ်လို့ဆိုပြီးဈေးတွေ ၂ဆတက်နေပေမယ့် သယ်ရမကြပ်ခင်ဈေးအတိုင်း မထင်မှတ်ထားတဲ့ဈေးနဲ့ရမယ်🤓
Instockပါ ချက်ချင်းရမယ်၊ လိုအပ်ရင်cb

✅Voonline ဘတ်တီးရီးယားဆေးရည်
✅Netlea Media
✅Netlea Basement Powder
✅ငါးကန်မီးချောင်းကြိုးချိတ်လို့မရတဲ့သူတွေအတွက်ရအောင်ဖန်တီးပေးမယ့်ချိတ်
✅Check Valve

မကြာခင်Pre-orderထားတဲ့ပစ္စည်းတွေထပ်ဝင်ပါဦးမယ်
ကြာချိန် - ၁၃ရက်နဲ့ရောက်လာတဲ့ပစ္စည်းတွေပါ😜

နောက်လဝက်လောက်ကျရင်တော့ တရုတ်နှစ်သစ်ကူးပိတ်ရက်တွေနဲ့မို့ကြန့်ကြာနိုင်ပါတယ်၊ လိုအပ်ရင်ယခုပိုစ့်တင်ပြီး ၅ရက်လောက်အတွင်း အမြန်မှာကြပါ။

ဈေးနှုန်းကတော့ ဆိုင်တွေရောင်းနေတဲ့ပေါက်ဈေးတွေထက် အများကြီးသက်သာမယ်။

Aqua Shangri-La - အက်ကွာရှန်ဂရီလာ

စိတ်မရှည်ဘူး ခပ်ပြတ်ပြတ်ပဲ ဒါမှာမယ် ရော့ အင့် ဇွတ်ပဲ 😂ပိုက်ဆံတောင်မှားလွှဲကုန်ပြီAqua Shangri-La - အက်ကွာရှန်ဂရီလာ ကိုအခ...
29/01/2026

စိတ်မရှည်ဘူး ခပ်ပြတ်ပြတ်ပဲ
ဒါမှာမယ် ရော့ အင့် ဇွတ်ပဲ 😂
ပိုက်ဆံတောင်မှားလွှဲကုန်ပြီ

Aqua Shangri-La - အက်ကွာရှန်ဂရီလာ ကိုအခုလိုယုံကြည်ပေးတဲ့အတွက်ကျေးဇူးပါဗျာ

ဆားတွေInstockကုန်တော့မယ်နော်၊ Pre-orderပဲလက်ခံပါတော့မယ်ဗျ။

သွင်းဖို့ရှိတုန်း ရေငံဆား Pre-Orderပါဗျာ✅Pre-orderမှာရင် Instockရောက်ပြီးဈေးထက် 💵100000 ပိုသက်သာပါမယ်ဗျ🤓လိုသလောက်ရပါမယ်၊...
28/01/2026

သွင်းဖို့ရှိတုန်း ရေငံဆား Pre-Orderပါဗျာ

✅Pre-orderမှာရင် Instockရောက်ပြီးဈေးထက် 💵100000 ပိုသက်သာပါမယ်ဗျ🤓

လိုသလောက်ရပါမယ်၊ ရောက်ရင်တော့ခွဲထုတ်တွေနဲ့လည်းရအောင်စီစဉ်ပေးပါမယ်

ကြာချိန် - ၁လဝန်းကျင်(ပိုမြန်နိုင်)

“ပစ္စည်းချင်းတူရင်တောင် ဈေးသက်သာစေရမယ်”

Aqua Shangri-La - အက်ကွာရှန်ဂရီလာ

ရေငံProtein Skimmer ကန်သေးကစလို့ ကန်အကြီးတွေထိBubble Magmus MiniQ ၊ New QQ ၊ QQ1 ၊ QQ2 ၊ QQ3 ၊ Curve 3 , 5 , 7 ၊ Curve 3...
28/01/2026

ရေငံProtein Skimmer ကန်သေးကစလို့ ကန်အကြီးတွေထိ
Bubble Magmus MiniQ ၊ New QQ ၊ QQ1 ၊ QQ2 ၊ QQ3 ၊ Curve 3 , 5 , 7 ၊ Curve 3,5,7 Extreme ၊ Curve A3,A5,A8,A9,B9,B10, C3.5,C5.5,C7,C9+ လိုချင်တာအကုန်ရမယ်ဗျာ 😎😎

Bubble Magmusဆိုတာနဲ့ Qualityကတော့အထူးတလည်ရှင်းပြဖို့တော့မလိုဘူးထင်ပါတယ်။

✅Half Prepaid Pre-Order
✅ကြာချိန် - ၁လဝန်းကျင် (ပိုမြန်နိုင်)

Page cbမှာ orderလေးတွေများလို့ စာပြန်တာနည်းနည်းနောက်ကျရင် သည်းခံပေးကြပါလို့ ကြိုပြီးတောင်းပန်ပါတယ်ဗျာ၊ ယုံကြည်ပြီးမှာယူပေးတဲ့အတွက် အမြဲကျေးဇူးတင်ပါတယ်ဗျာ။ 🙏🏻🙏🏻

“ပစ္စည်းချင်းတူရင်တောင် ဈေးသက်သာစေရမယ်”

Aqua Shangri-La - အက်ကွာရှန်ဂရီလာ

ရေငံပစ္စည်းတွေကောရမလား ဆိုတဲ့ကာကာတွေအတွက်ဖန်တီးပေးလိုက်ပြီနော်✅Half prepaid Pre-order ပါ ✅ဈေးနှုန်းကတော့ထုံးစံအတိုင်း တခ...
27/01/2026

ရေငံပစ္စည်းတွေကောရမလား ဆိုတဲ့ကာကာတွေအတွက်ဖန်တီးပေးလိုက်ပြီနော်

✅Half prepaid Pre-order ပါ
✅ဈေးနှုန်းကတော့ထုံးစံအတိုင်း တချို့ပစ္စည်းတွေဆို ဈေးကွက်ထဲကပေါက်ဈေးတွေရဲ့ထက်ဝက်လောက်နဲ့ရမယ်🤓
✅ကြာချိန် - ၁လဝန်းကျင်(ပိုမြန်နိုင်)

စောင့်နိုင်မှ မှာပေးပါဗျ။ လမ်းအခြေအနေတွေက အပြောင်းအလဲရှိလို့ပါ။

ပစ္စည်းကတော့ လိုသလောက်ရပါမယ်

“ပစ္စည်းချင်းတူရင်တောင် ဈေးသက်သာစေရမယ်”

Aqua Shangri-La - အက်ကွာရှန်ဂရီလာ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Aqua Shangri-La - အက်ကွာရှန်ဂရီလာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share