GoGo Petshop

Call Website Contact the business

GoGo Petshop Pet Food & Accessories

ကြောင်စာနဲ့ကြောင်သဲ အရောင်းဆိုင် Cat Food & Accessories

25/09/2026

ခွေးချစ်သူတွေနဲ့ ရုပ်ရှင်ကြည့်ဝါသနာရှင်တွေအတွက် စိတ်ဝင်စားဖွယ် ခွေးဇာတ်ဆောင်တွေ အဓိကပါဝင်တဲ့ နာမည်ကြီး ရုပ်ရှင် ၁၀ ကားအကြောင်းကို ပြောပြပေးချင်ပါတယ်။
လူသားတွေထက်တောင် ပိုပြီး အသက်ဝင်တဲ့ သရုပ်ဆောင်စွမ်းရည်ပြသထားတဲ့ ဒီလိုဇာတ်ကားတွေက ငိုစရာကနေသည်းထိတ်ရင်ဖို horror ဇာတ်လမ်းတွေအထိ စုံလင်လှပါတယ်။
ရုပ်ရှင်တစ်ကားစီရဲ့ ထူးခြားချက်တွေကို ခွေးချစ်သူတွေနဲ့ ရုပ်ရှင်ကြည့်ဝါသနာရှင်တွေအတွက် တင်ပြပေးလိုက်ပါတယ်
၁။ Antarctica (၁၉၈၃)
၁၉၅၈ ခုနှစ်တုန်းက ဂျပန်ရဲ့ တောင်ဝင်ရိုးစွန်း သုတေသနစူးစမ်းရေးအဖွဲ့ ရာသီဥတုဆိုးရွားလို့ အရေးပေါ် ဆုတ်ခွာခဲ့ရချိန်မှာ ဆာကာလင် ဟတ်စကီး (Sakhalin huskies) ခွေး ၁၅ ကောင်ကို သံကြိုးနဲ့ချိတ်ပြီး စွန့်ပစ်ခဲ့ရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။
ခွေး ၈ ကောင်က သံကြိုးကနေ လွတ်မြောက်ပြီး ပြင်းထန်လွန်းတဲ့ ရာသီဥတုဒဏ်ကို ဘယ်လို ရုန်းကန်ရင်ဆိုင်ခဲ့ကြလဲဆိုတာ ရိုက်ကူးထားတဲ့ သဲထိတ်ရင်ဖိုဇာတ်ကား ဖြစ်ပါတယ်။ နာမည်ကြီး ဂရိတေးသံရှင် Vangelis ရဲ့ တေးသွားတွေနဲ့အတူ ဂျပန်မှာ အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့ပါတယ်။
၂။ Cujo (၁၉၈၃)
နာမည်ကြီး စာရေးဆရာ စတီဗင်ကင်း (Stephen King) ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားပါ။ ခွေးရူးရောဂါစွဲကပ်ပြီး ရက်စက်ကြမ်းကြုတ်လာတဲ့ စိန့်ဘားနတ် (St Bernard) ခွေးကြီးတစ်ကောင်ရဲ့ ဘေးကနေ လွတ်မြောက်ဖို့ ကားပျက်ထဲမှာ သားအမိနှစ်ယောက် ပိတ်မိနေတဲ့အကြောင်းကို ရိုက်ကူးထားပါတယ်။ တကယ့်ခွေးတွေအပြင် စက်ရုပ်အရုပ်တွေနဲ့ ပေါင်းစပ်ရိုက်ကူးထားခြင်းဖြစ်လို့ နှစ်ပေါင်းများစွာကြာပေမဲ့နာမည်ကြီးနေဆဲပါပဲ။
၃။ Hachiko (၁၉၈၇)
သစ္စာတရားနဲ့ပတ်သက်ရင် ဂျပန်နိုင်ငံက အာကိတာ (Akita) ခွေးလေး ဟာချီကို (Hachiko) အကြောင်းကို မသိသူမရှိသလောက်ပါပဲ။ တိုကျိုမြို့ ရှီဘူယာဘူတာရုံနားမှာ သူ့ရဲ့သခင် ပါမောက္ခကြီးကို နေ့တိုင်းစောင့်ဆိုင်းတတ်ပြီး၊ သခင်ကွယ်လွန်အပြီး ဆယ်စုနှစ်တစ်ခုနီးပါး ဆက်လက်စောင့်ဆိုင်းခဲ့တဲ့ ရင်နင့်စရာ သစ္စာတရားကို ပုံဖော်ထားတဲ့ ရုပ်ရှင်လက်ရာတစ်ခုပါ။ အခုအထိ ရှီဘူယာဘူတာရုံအပြင်ဘက်မှာ သူ့ရဲ့ကြေးရုပ်ကို အမှတ်တရအနေနဲ့ တည်ဆောက်ထားပါတယ်။
၄။ Fluke (၁၉၉၅)
လူ့ဘဝကနေ ခွေးဘဝနဲ့ ပြန်လည်ဝင်စားလာတဲ့ ခွေးပေါက်စလေး "Fluke" ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ မိသားစုဆန်ဆန် စွန့်စားခန်းဇာတ်ကားပါ။ သူ့ရဲ့ မူလမိသားစုဆီ ပြန်သွားပြီး ချစ်ရတဲ့ဇနီးနဲ့ သားလေးကို ရှာဖွေဖို့ ကြိုးစားပုံတွေကို ဟာသနှောပြီး ရိုက်ကူးထားပါတယ်။ မက်သရူ မိုဒင်း (Matthew Modine) နဲ့ ဆန်မြူဝယ်လ် ဂျက်ဆင် (Samuel L. Jackson) တို့က အဓိကဇာတ်ကောင်တွေရဲ့ အသံနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။
၅။ White God (၂၀၁၄)
ဟန်ဂေရီနိုင်ငံက ထွက်ရှိခဲ့ပြီး ကန်းရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တဲ့ ဇာတ်ကားပါ။ မျိုးစပ်ခွေးတွေကို အခွန်ကောက်မဲ့ကာလတစ်ခုမှာ အိမ်ရှင်ကစွန့်ပစ်လိုက်တဲ့ ဟေဂျန် (Hagen) ဆိုတဲ့ ခွေးလေးက လမ်း‌ပေါ်မှာ ရုန်းကန်ရင်း လူတွေကို ပြန်လည်တော်လှန်တဲ့ ခွေးမျိုးစုံရဲ့ တော်လှန်ရေးအကြောင်းကို ထူးထူးဆန်းဆန်း တင်ဆက်ထားပါတယ်။
၆။ A Dog’s Purpose (၂၀၁၇)
ဘဝပေါင်းများစွာ ကူးပြောင်းပြီး မွေးဖွားလာတဲ့ ခွေးတစ်ကောင်ရဲ့ ဘဝခရီးလမ်းမှာ မူလပိုင်ရှင်လေး အီသန် (Ethan) ကို ပြန်လည်ရှာဖွေရင်း ခွေးဘဝရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲဆိုတာ ရှာဖွေပုံကို ရိုက်ကူးထားပါတယ်။ ကြည့်ရှုသူတွေကို မျက်ရည်ကျစေတဲ့ စိတ်နှလုံးကို ထိရှစေမဲ့ ရုပ်ရှင်တစ်ကားပါပဲ။
၇။ Little Q (၂၀၁၉)
မျက်မမြင်လမ်းပြခွေးလေး "Little Q" နဲ့ စိတ်ဓာတ်ကျနေတဲ့ စားဖိုမှူးတစ်ဦးတို့ရဲ့ ခိုင်မာတဲ့မေတ္တာတရားကို ပုံဖော်ထားပါတယ်။ ဂျပန်ဇာတ်ကားဟောင်း Quill ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားခြင်းဖြစ်ပြီး မျက်မမြင်လမ်းပြခွေးတွေရဲ့ လေ့ကျင့်ရေးအကြောင်းအရာတွေကို အသေးစိတ်တင်ပြထားပါတယ်။
၈။ 777 Charlie (၂၀၂၂)
အိန္ဒိယကန်နာဒါဘာသာနဲ့ ထွက်ရှိခဲ့တဲ့ နာမည်ကြီး ရုပ်ရှင်ပါ။ ရက်စက်တဲ့သား‌ဖောက်ခြံကနေ ထွက်ပြေးလာတဲ့ လာဘရာဒို ခွေးမလေးကို စိတ်လက်မပါဘဲ မွေးစားမိတဲ့ တစ်ကိုယ်တည်းသမား စက်ရုံလုပ်သားတစ်ဦး၊ အဲဒီနောက် ဟိမဝန္တာ တောင်တန်းတွေဆီ သူတို့နှစ်ဦးရဲ့ စွန့်စားခန်းခရီးစဉ်တွေကို တင်ဆက်ထားပြီး တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုကို ဆန့်ကျင်တဲ့ အသိပညာလည်း ပေးထားပါတယ်။
၉။ Black Dog (၂၀၂၄)
၂၀၁၈ခုနစ် အိုလံပစ်ပွဲတော်မတိုင်မီ တရုတ်နိုင်ငံ ဂိုဘီသဲကန္တာရဘက်က မြို့ငယ်လေးတစ်ခုမှာ ထွက်ပြေးနေတဲ့ ခွေးဆိုးတစ်ကောင်ကို ဖမ်းဆီးဖို့ တာဝန်ပေးခံရတဲ့ အကျဉ်းသားဟောင်း လန်း (Lang) နဲ့ အဲဒီခွေးတို့ရဲ့ ထူးခြားတဲ့သံယောဇဉ်ကို ရိုက်ကူးထားပါတယ်။ သရုပ်ဆောင် အက်ဒီပင်း (Eddie Peng) က ရိုက်ကူးရေးပြီးဆုံးချိန်မှာ အဲဒီခွေးလေးကို မွေးစားခဲ့ပါတယ်။
၁၀။ Good Boy (၂၀၂၅)
ဒါရိုက်တာ ဘန်လီယွန်ဘတ် (Ben Leonberg) က သူ့ရဲ့ခွေးလေး အင်ဒီ (Indy)ကို ခေါင်းဆောင်အဖြစ် ပါဝင်ခိုင်းထားတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ပါ။ နယူးယောက်ကနေ တောတွင်းအိမ်လေးတစ်လုံးကို ပြောင်းလာကြပြီး ပိုင်ရှင်ဖြစ်သူ ကျန်းမာရေးချို့တဲ့လာချိန်မှာ အိမ်ထဲက ထူးဆန်းတဲ့ သဘာဝလွန် ဖြစ်ရပ်တွေကို ခွေးလေးအင်ဒီက ရင်ဆိုင်ကာကွယ်ပုံကို ရိုက်ကူးထားပါတယ်။ အဲဒီဇာတ်ကားနဲ့ အင်ဒီက Astra Film Awards မှာ သဲထိတ်ရင်ဖိုဇာတ်ကားတွေအတွက် "အကောင်းဆုံးသရုပ်ဆောင်ဆု" ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒီလိုရုပ်ရှင်တွေထဲက ကိုယ်ကြိုက်နှစ်သက်မဲ့ရုပ်ရှင်တွေကို အားလပ်ရက်မှာ ကြည့်ရှုဖို့ ရွေးချယ်နိုင်ပါတယ်။ အခုဆောင်းပါးထဲက မိတ်ဆွေတို့ ကြည့်ဖူးတဲ့ရုပ်ရှင်တွေရှိရင်လည်း ပြောပြပေးပါဦး။

Ruslan Myo
Ref; South China Morning Post
#ခွေးချစ်သူများ #ရုပ်ရှင်ညွှန်း #ရုပ်ရှင်သုံးသပ်ချက် #ခွေးဇာတ်ကားများ

If you like this content, please support us by sharing the original post instead of copying.

သိပ္ပံစမ်းသပ်မှုစံနှုန်းတွေကို ပြောင်းလဲပစ်ခဲ့တဲ့ "Clever Hans" မြင်းလေးရဲ့ လျှို့ဝှက်ချက်၁၉၀၀ ပြည့်လွန်နှစ်တွေတုန်းက ဂျ...
28/08/2026

သိပ္ပံစမ်းသပ်မှုစံနှုန်းတွေကို ပြောင်းလဲပစ်ခဲ့တဲ့ "Clever Hans" မြင်းလေးရဲ့ လျှို့ဝှက်ချက်

၁၉၀၀ ပြည့်လွန်နှစ်တွေတုန်းက ဂျာမနီနိုင်ငံမှာ တစ်ကမ္ဘာလုံးကို အံ့အားသင့်သွားစေခဲ့တဲ့ မြင်းတစ်ကောင် ရှိခဲ့ပါတယ်။ သူ့နာမည်က Clever Hans (ပါးနပ်တဲ့ ဟန်းစ်)ပါ။
အဲဒီမြင်းက သင်္ချာပေါင်းနှုတ်မြှောက်စား ပုစ္ဆာတွေကို ခွာနဲ့ ပုတ်ပြီး အဖြေထုတ်ပြနိုင်သလို၊ ရက်စွဲတွေနဲ့ နာရီကြည့်ခြင်းတွေလည်း ဖြေနိုင်ခဲ့လို့ လူတွေက သူ့ကို "ဂဏန်းသင်္ချာ တတ်တဲ့ သဘာဝလွန်မြင်း" ဆိုပြီး တစ်ခဲနက် ယုံကြည်ခဲ့ကြပါတယ်။
အမှန်တကယ်ပဲ မြင်းတစ်ကောင်က လူတွေလို စဉ်းစားတွေးခေါ်နိုင်ခဲ့လားဆိုတာ စိစစ်ဖို့ ပညာရှင်တွေကစုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
**လှည့်ကွက်မဟုတ်တဲ့ အံ့ဩစရာ အမှန်တရား**
၁၉၀၇ ခုနှစ်မှာ Psychologist Oskar Pfungst က စနစ်တကျ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ မြင်းပိုင်ရှင် Wilhelm von Osten က လူတွေကိုလိမ်လည်နေခြင်း မဟုတ်ဘဲ သူ့မြင်းက တကယ် တတ်မြောက်ထားတယ်လို့ အပြည့်အဝ ယုံကြည်ထားတဲ့အတွက် အံ့ဩစရာကောင်းနေပါတယ်။
စမ်းသပ်မှုတွေအရ မြင်းက အဖြေကို လုံးဝ မတွက်ချက်နိုင်မှန်း သိရှိခဲ့ရပါတယ်။
* **အဖြေကို သိသူ မရှိရင် မဖြေနိုင်:** မေးခွန်းမေးတဲ့သူ ကိုယ်တိုင်က အဖြေကို မသိရင် သို့မဟုတ် မြင်းက မေးခွန်းမေးသူရဲ့ မျက်နှာကို မမြင်ရရင် အဖြေမှန်ကို မပုတ်ပြနိုင်တော့ပါဘူး။
* **ခန္ဓာကိုယ် အမူအရာ ဖတ်ရှုခြင်း:** မြင်းဟာ င်္သချာတွက်နေခြင်း မဟုတ်ဘဲ မေးခွန်းမေးသူရဲ့ သတိမမူမိတဲ့ ခန္ဓာကိုယ် အမူအရာ (Body Language) တွေကို စေ့စေ့စပ်စပ် ကြည့်နေခြင်းပါပဲ။
* **အချက်ပြမှုကို ရယူခြင်း:** မြင်းက ခွာနဲ့ စပုတ်ချိန်မှာ မေးခွန်းမေးသူက ရင်ခုန်စွာနဲ့ စိုက်ကြည့်နေပြီး၊ အဖြေမှန် အရေအတွက် ရောက်ခါနီးမှာ မသိစိတ်ကြောင့် ခေါင်းလေး နည်းနည်း ငြိမ့်သွားတာ သို့မဟုတ် သက်ပြင်းရှိုက်မိခြင်း ဖြစ်သွားတတ်ပါတယ်။ အဲဒီလို အမူအရာကို မြင်တဲ့အခါ မြင်းကပုတ်ခြင်းကို ချက်ချင်း ရပ်လိုက်ပါတယ်။
**သိပ္ပံလောကကို ပြောင်းလဲစေခဲ့ပုံ**
ဒီလိုတွေ့ရှိချက်ကြောင့် သိပ္ပံနည်းကျ စမ်းသပ်မှုတွေမှာ မသိစိတ်က ပေးလိုက်တဲ့ အမူအရာတွေကသုတေသန ရလဒ်ကို လုံးဝ ပြောင်းလဲပစ်နိုင်တယ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။
ဒီလိုဖြစ်ရပ်ကနေ Clever Hans Effect"ဍဆိုတဲ့ ဝေါဟာရ စတင်ပေါ်ပေါက်လာခဲ့ပြီး၊ သုတေသီတွေရဲ့ မသိစိတ် အမူအရာက စမ်းသပ်ခံ (လူ သို့မဟုတ် တိရစ္ဆာန်) ရဲ့ အပြုအမူပေါ် သက်ရောက်မှု မရှိစေဖို့Double-blind study (စမ်းသပ်သူနဲ့စမ်းသပ်ခံတို့ကို အချက်အလက်ကို မသိစေဘဲ စမ်းသပ်သည့် နည်းလမ်း) တွေကို ယနေ့အထိ ခေတ်သစ် သိပ္ပံစမ်းသပ်မှုတိုင်းမှာ စံအဖြစ် မဖြစ်မနေ သုံးစွဲရတဲ့အထိ ပြောင်းလဲသွားစေခဲ့ပါတယ်။

Ruslan Myo
Ref; The Conversation





Thank you for visiting! Please respect the time and effort put into creating this content. Kindly refrain from

26/08/2026

သစ္စာရှိခြင်းဖြင့် နာမည်ကြီးသော ခွေးမျိုးစိတ်များ(DOG BREEDS KNOWN FOR LOYALTY)
1. ​ဂျာမန်ရှက်ဖက် (GERMAN SHEPHERD)
◦ ​ပြင်းပြင်းထန်ထန် သစ္စာရှိခြင်း၊ အကာအကွယ်ပေးတတ်ခြင်းနှင့် ထက်မြက်ခြင်း။
2. ​အာကီတာ အီနု (AKITA INU)
◦ ​ကျော်ကြားလောက်အောင် သစ္စာစောင့်သိပြီး အလွန်အမင်း တွယ်တာတတ်ခြင်း။
3. ​လာဘရာဒေါ ရီထရီဗာ (LABRADOR RETRIEVER)
◦ ​ချစ်ခင်ကြင်နာတတ်ခြင်း၊ အားကိုးထိုက်ခြင်းနှင့် လူသားများနှင့် ရင်းနှီးစွာနေတတ်ခြင်း။
4. ​ဂိုးလ်ဒင် ရီထရီဗာ (GOLDEN RETRIEVER)
◦ ​ချစ်ခင်တတ်သော၊ သစ္စာရှိပြီး နူးညံ့သိမ်မွေ့သော အဖော်မွန်။
5. ​ရော့ဝိုင်လာ (ROTTWEILER)
◦ ​မိသားစုအပေါ် အလွန်တရာ သစ္စာရှိပြီး အကာအကွယ်ပေးတတ်ခြင်း။
6. ​ဒိုဘာမန်း ပင်ရှာ (DOBERMAN PINSCHER)
◦ ​ပိုင်ရှင်ကို အလွန်တွယ်တာတတ်ပြီး သဘာဝအတိုင်း အကာအကွယ်ပေးတတ်ခြင်း။
7. ​ဂရိတ် ပိုင်ရနီးစ် (GREAT PYRENEES)
◦ ​အထူးသဖြင့် မိသားစုနှင့် ပိုင်ဆိုင်မှုများကို သစ္စာရှိရှိ စောင့်ရှောက်ပေးတတ်ခြင်း။
8. ​ဘော်ဒါ ကောလ်လီ (BORDER COLLIE)
◦ ​ခိုင်မာစွာ တွယ်တာတတ်ခြင်း၊ ဂရုစိုက်တတ်ခြင်းနှင့် သခင်စိတ်ကျေနပ်အောင် လုပ်ဆောင်လိုစိတ် ပြင်းထန်ခြင်း။
9. ​ဘောက်ဆာ (BOXER)
◦ ​ချစ်ခင်ကြင်နာတတ်ခြင်း၊ အကာအကွယ်ပေးတတ်ခြင်းနှင့် မိသားစုကို ဦးစားပေးတတ်ခြင်း။
10. ​အိန္ဒိယတောခွေး (INDIAN PARIAH DOG - INDIE)
◦ ​အလွန်အမင်း သစ္စာစောင့်သိခြင်း၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် နေနိုင်ခြင်းနှင့် အကာအကွယ်ပေးတတ်ခြင်း။


21/08/2026

ကမ္ဘာပေါ်တွင် ကြောင်အများဆုံး ပိုင်ဆိုင်သည့်နိုင်ငံများ:

နိုင်ငံများနှင့် ကြောင်ဦးရေစာရင်း:

1. (အမေရိကန်): 74.1 M (သန်း ၇၄.၁)
2. (တရုတ်): 58.0 M (သန်း ၅၈.၀)
3. (ဘရာဇီး): 33.6 M (သန်း ၃၃.၆)
4. (ရုရှား): 23.3 M (သန်း ၂၃.၃)
5. (မက္ကဆီကို): 16.2 M (သန်း ၁၆.၂)
6. (ဂျာမနီ): 15.2 M (သန်း ၁၅.၂)
7. (ပြင်သစ်): 14.9 M (သန်း ၁၄.၉)
8. (ယူနိုက်တက်ကင်းဒမ်း): 11.9 M (သန်း ၁၁.၉)
9. (အီတလီ): 10.2 M (သန်း ၁၀.၂)
10. (ကနေဒါ): 8.5 M (သန်း ၈.၅)
11. (ထိုင်း): 8.0 M (သန်း ၈.၀)
12. (ယူကရိန်း): 7.6 M (သန်း ၇.၆)
13. (ပိုလန်): 7.3 M (သန်း ၇.၃)
14. (ဂျပန်): 7.3 M (သန်း ၇.၃)
15. (စပိန်): 5.9 M (သန်း ၅.၉)
16. (အင်ဒိုနီးရှား): 5.1 M (သန်း ၅.၁)
17. (တူရကီ): 4.7 M (သန်း ၄.၇)
18. (ရိုမေးနီးယား): 4.4 M (သန်း ၄.၄)
19. India (အိန္ဒိယ): 4.0 M (သန်း ၄.၀)
20. (နယ်သာလန်): 3.0 M (သန်း ၃.၀)
21. (အာဂျင်တီးနား): 3.0 M (သန်း ၃.၀)
22. (ဘယ်လ်ဂျီယမ်): 2.5 M (သန်း ၂.၅)
23. (ဟန်ဂေရီ): 2.4 M (သန်း ၂.၄)
24. (ဖိလစ်ပိုင်): 2.3 M (သန်း ၂.၃)
25. (ဩစတြီးယား): 2.2 M (သန်း ၂.၂)

ကမ္ဘာပေါ်တွင် ကြောင်အများဆုံး ပိုင်ဆိုင်သည့်နိုင်ငံများ: နိုင်ငံများနှင့် ကြောင်ဦးရေစာရင်း:1. (အမေရိကန်): 74.1 M (သန်း ၇...
21/08/2026

ကမ္ဘာပေါ်တွင် ကြောင်အများဆုံး ပိုင်ဆိုင်သည့်နိုင်ငံများ:

နိုင်ငံများနှင့် ကြောင်ဦးရေစာရင်း:

1. (အမေရိကန်): 74.1 M (သန်း ၇၄.၁)
2. (တရုတ်): 58.0 M (သန်း ၅၈.၀)
3. (ဘရာဇီး): 33.6 M (သန်း ၃၃.၆)
4. (ရုရှား): 23.3 M (သန်း ၂၃.၃)
5. (မက္ကဆီကို): 16.2 M (သန်း ၁၆.၂)
6. (ဂျာမနီ): 15.2 M (သန်း ၁၅.၂)
7. (ပြင်သစ်): 14.9 M (သန်း ၁၄.၉)
8. (ယူနိုက်တက်ကင်းဒမ်း): 11.9 M (သန်း ၁၁.၉)
9. (အီတလီ): 10.2 M (သန်း ၁၀.၂)
10. (ကနေဒါ): 8.5 M (သန်း ၈.၅)
11. (ထိုင်း): 8.0 M (သန်း ၈.၀)
12. (ယူကရိန်း): 7.6 M (သန်း ၇.၆)
13. (ပိုလန်): 7.3 M (သန်း ၇.၃)
14. (ဂျပန်): 7.3 M (သန်း ၇.၃)
15. (စပိန်): 5.9 M (သန်း ၅.၉)
16. (အင်ဒိုနီးရှား): 5.1 M (သန်း ၅.၁)
17. (တူရကီ): 4.7 M (သန်း ၄.၇)
18. (ရိုမေးနီးယား): 4.4 M (သန်း ၄.၄)
19. India (အိန္ဒိယ): 4.0 M (သန်း ၄.၀)
20. (နယ်သာလန်): 3.0 M (သန်း ၃.၀)
21. (အာဂျင်တီးနား): 3.0 M (သန်း ၃.၀)
22. (ဘယ်လ်ဂျီယမ်): 2.5 M (သန်း ၂.၅)
23. (ဟန်ဂေရီ): 2.4 M (သန်း ၂.၄)
24. (ဖိလစ်ပိုင်): 2.3 M (သန်း ၂.၃)
25. (ဩစတြီးယား): 2.2 M (သန်း ၂.၂)

11/08/2026

ကမ္ဘာ​ကျော်စစ်ဆင်​ရေးမှာ ပါဝင်ခဲ့တဲ့သူရဲကောင်းလေး Cairo
ကမ္ဘာကျော်သမိုင်းဝင် စစ်ဆင်ရေးတစ်ခုဖြစ်တဲ့ အိုစမာဘင်လာဒင် (Osama bin Laden) ကို ရှင်းလင်းခဲ့တဲ့ Operation Neptune Spear စစ်ဆင်ရေးကို မှတ်မိကြဦးမယ်လို့ ထင်ပါတယ်။ ၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ သမိုင်းဝင်စစ်ဆင်​ရေးကြီးမှာ အမေရိကန်ရေတပ် အထူးတပ်ဖွဲ့ SEAL Team Six နဲ့အတူ တွဲဖက်ပါဝင်ခဲ့တဲ့ ထူးချွန်တဲ့ ခွေးတစ်ကောင် ရှိခဲ့ပါတယ်။ အဲဒါကတော့ Cairo လို့ခေါ်တဲ့ ဘယ်လ်ဂျီယံ မာလင်နွိုင်း (Belgian Malinois) စစ်ခွေးလေးပဲ ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ တစ်ကောင်တည်းသော ခွေးလေးဖြစ်ခဲ့လို့ Cairo ကို တစ်ကမ္ဘာလုံးကအာရုံစိုက်မိပါတယ်။
• Cairo ရဲ့ တာဝန်တွေက ဘာတွေလဲ?
• သူ့ရဲ့ အဓိကတာဝန်တွေက ပုန်းခိုနေတဲ့ ရန်သူတွေကို ရှာဖွေပေးဖို့၊ လူမရောက်နိုင်တဲ့ နေရာတွေ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ နေရာတွေကို အရင်ဝင်ရောက်စစ်ဆေးပေးဖို့နဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးကို အပြည့်အဝ ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။
အဲဒီလို အန္တရာယ်အလွန်များတဲ့ စစ်ဆင်ရေးတွေမှာ အသက်ကိုပဓာနမထားဘဲ တာဝန်ကျေပွန်ခဲ့တဲ့ Cairo က လူသားတွေနည်းတူ စစ်သည်တော်ကောင်းတစ်ဦးရဲ့ စွန့်လွှတ်စွန့်စားမှုမျိုးကို ပြသနိုင်ခဲ့ပါတယ်။ လေးစားဖို့ကောင်းတဲ့ သူခွေးလေးတစ်ကောင်ပါပဲ။

Ref;Wikipedia

"Please share instead of copying the post."

ကမ္ဘာ​ကျော်စစ်ဆင်​ရေးမှာ ပါဝင်ခဲ့တဲ့သူရဲကောင်းလေး Cairo ကမ္ဘာကျော်သမိုင်းဝင် စစ်ဆင်ရေးတစ်ခုဖြစ်တဲ့ အိုစမာဘင်လာဒင် (Osama...
11/08/2026

ကမ္ဘာ​ကျော်စစ်ဆင်​ရေးမှာ ပါဝင်ခဲ့တဲ့သူရဲကောင်းလေး Cairo
ကမ္ဘာကျော်သမိုင်းဝင် စစ်ဆင်ရေးတစ်ခုဖြစ်တဲ့ အိုစမာဘင်လာဒင် (Osama bin Laden) ကို ရှင်းလင်းခဲ့တဲ့ Operation Neptune Spear စစ်ဆင်ရေးကို မှတ်မိကြဦးမယ်လို့ ထင်ပါတယ်။ ၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ သမိုင်းဝင်စစ်ဆင်​ရေးကြီးမှာ အမေရိကန်ရေတပ် အထူးတပ်ဖွဲ့ SEAL Team Six နဲ့အတူ တွဲဖက်ပါဝင်ခဲ့တဲ့ ထူးချွန်တဲ့ ခွေးတစ်ကောင် ရှိခဲ့ပါတယ်။ အဲဒါကတော့ Cairo လို့ခေါ်တဲ့ ဘယ်လ်ဂျီယံ မာလင်နွိုင်း (Belgian Malinois) စစ်ခွေးလေးပဲ ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ တစ်ကောင်တည်းသော ခွေးလေးဖြစ်ခဲ့လို့ Cairo ကို တစ်ကမ္ဘာလုံးကအာရုံစိုက်မိပါတယ်။
• Cairo ရဲ့ တာဝန်တွေက ဘာတွေလဲ?
• သူ့ရဲ့ အဓိကတာဝန်တွေက ပုန်းခိုနေတဲ့ ရန်သူတွေကို ရှာဖွေပေးဖို့၊ လူမရောက်နိုင်တဲ့ နေရာတွေ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ နေရာတွေကို အရင်ဝင်ရောက်စစ်ဆေးပေးဖို့နဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးကို အပြည့်အဝ ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။
အဲဒီလို အန္တရာယ်အလွန်များတဲ့ စစ်ဆင်ရေးတွေမှာ အသက်ကိုပဓာနမထားဘဲ တာဝန်ကျေပွန်ခဲ့တဲ့ Cairo က လူသားတွေနည်းတူ စစ်သည်တော်ကောင်းတစ်ဦးရဲ့ စွန့်လွှတ်စွန့်စားမှုမျိုးကို ပြသနိုင်ခဲ့ပါတယ်။ လေးစားဖို့ကောင်းတဲ့ သူခွေးလေးတစ်ကောင်ပါပဲ။

Ref;Wikipedia

"Please share instead of copying the post."

08/08/2026

International Cat Day ကို နှစ်စဉ် ဩဂုတ်လ (၈) ရက်နေ့ မှာ ကျင်းပလေ့ရှိပြီး၊ ၂၀၂၆ ခုနှစ်အတွက်လည်း ဩဂုတ်လ (၈) ရက်နေ့ (စနေနေ့) မှာ ကျရောက်ပါတယ်။

​"ဒီနှစ် International Cat Day ရဲ့ဆောင်ပုဒ်က 'Cats for Climate' ပါ။ ကြောင်လေးတွေကို ချစ်ခြင်းမေတ္တာပေးသလိုပဲ၊ သူတို့စားသုံးတဲ့ အစားအစာနဲ့ အသုံးအဆောင်တွေကို ဂေဟစနစ်နဲ့ကိုက်ညီအောင် (Eco-friendly) ရွေးချယ်ပေးခြင်းဖြင့် ကျွန်ုပ်တို့ရဲ့ ကမ္ဘာမြေကို ကာကွယ်ပေးနိုင်ပါတယ်။ အတူတူ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကြပါစို့။ 🐾🌍

"

Address

Yangon
11082

Alerts

Be the first to know and let us send you an email when GoGo Petshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GoGo Petshop:

Shortcuts

Share

Category