17/08/2026
🐾 Ear Cropping Surgery 🩺✂️
အာဝုလေးးတွေရဲ့ နားရွက်ကို ပုံစံဖော် ဖြတ်တောက်ခြင်း
(Ear Cropping) ဟာ များသောအားဖြင့်
Doberman, Pitbull, Great Dane နဲ့ Boxers
စတဲ့ guard dog မျိုးစိတ်တွေမှာ နားရွက် ဖြတ်လေ့ရှိပါ
တယ်။
သို့ပေမယ့် တိရစ္ဆာန်ချစ်သူများအကြားတွင် နားရွက်
ဖြတ်ခြင်းကို လိုအပ်သော ဆေးကုသမှုမဟုတ်ဘဲ အလှအပ
အတွက် ခွေးလေးများကို နာကျင်စေသည်ဟု ယူဆကာ
ကန့်ကွက်တားမြစ်မှုများလည်း ရှိပါတယ်။
ဘာကြောင့် နားရွက်ဖြတ်ကြတာလည်း......
နားရွက်ဖြတ်ခြင်းဟာ အာဝုလေးတွေရဲ့ ပင်ကိုယ် ထက်
ခန့်ငြား တဲ့ ရုပ်ရည်ကို ပိုမိုပေါ်လွင်စေဖို့ အတွက် အဓိက
အစိတ်ပိုင်းတစ်ခု ဖြစ်ပါတယ်။
နားရွက်ဖြတ်ခြင်းကလှပေသာ အာဝုလေးဖြစ်ဖို့အတွက်
သာမက ကျန်းမာရေးရှု ထောင့်က ကြည့်မယ်ဆိုရင်လည်း
အရေးပါပါတယ်။
ဘာကြောင့်လည်း ဆိုတော့ နားအတွင်းထဲ လေဝင်လေထွက်
နည်းတဲ့အခါ Bacteria ၊ fungi၊ yeast ပေါက်ဖွားနှုန်း
များတဲ့အတွက်ကြောင့် နားပြည်ယိုခြင်း ကဲ့သို့ နားရောဂါ
တွေ အဖြစ်များတတ်ပါတယ်။
နောက်ဆက်တွဲ အနေဖြင့် နားအတွင်း ရောဂါပိုး ဝင်တဲ့အခါ
သို့မဟုတ် သန့်ရှင်းရေး မလုပ်ပေးတဲ့အခါ နားယားတဲ့
အတွက်ကြောင့် ခေါင်းခါတဲ့အခါ သို့မဟုတ် နားကို
ကုတ်တဲ့အခါ နားရွက် မှာ ရှိတဲ့ ဆံချည်မျှင် သွေးကြောလေး
တွေပေါက်ပြီး Aural hematoma လို့ ခေါ်တဲ့
နားရွက်တွင်း သွေးစုခြင်းေတွြဖစ်တတ်ပါတယ်။
အထက်ပါ အချက်တွေ အကြောင့် အများစု က
နားရွက်ဖြတ်ကြတာ ဖြစ်ပါတယ်ရှင့်။
နားရွက်ဖြတ် ခြင်းကို ဘယ်အသက်အရွယ် မှာ လုပ်ရင်
အကောင်းဆုံး လည်း ဆိုတော့......
အသက် ၂ လမှ ၃ လ အတွင်း ပြုလုပ်ခြင်းမှာ အကောင်းဆုံး
ဖြစ်ပါတယ်။
ဘာကြောင့်လည်း နားရွက်မှာရှိတဲ့ အရိုးနု (Cartilage) များ
မာကျောမှု မရှိသေးဘဲ ဖြတ်ရလွယ်တဲ့အပြင် အနာကျက်
လွယ်ကူသောကြောင့် ဖြစ်ပါတယ်။
ခွဲစိတ်ပြီးနောက်ပိုင်း အနာကျက်မြန်ေအာင်် နှင့်
နားရွက်ထောင်အောင် Taping သေချာစည်းဖို့
လိုအပ်ပါတယ်။
အနာကျက်မြန်အောင် အနာသန့်ရှင်းရေး နဲ့ နားရွက်ကို လက်
နဲ့ မကုတ်အောင် လုပ်ပေးဖို့လည်း လိုအပ်ပါတယ် ။
သို့ဖြစ်ပါ၍ ခွေးလေး၏ ကျန်းမာရေး၊ အနာခံနိုင်ရည်နှင့်
ခွဲစိတ်ပြီးနောက်ပိုင်း အချိန်ပေး ဂရုစိုက်နိုင်မှုတို့ပေါ်
မူတည်၍ သေချာ စဉ်းစားဆုံးဖြတ်သင့်ပါတယ်ရှင့်။
🩺 Health assessment
🧼 Wound care
👂 Post-operative ear care & follow-up
"Your pet’s safety is always our priority"
🐾🤍 Operation လုပ်မည်ဆိုပါက တစ်ရက်ကြိုတင်
Booking လုပ်ဖို့လိုအပ်ပါတယ်ရှင့်🐾🤍
#ပြည်တော်သာတိရစ္ဆာန်ကုဆေးခန်း
(၆၂/က)၊ ၅/၇ ရပ်ကွက်၊နီလာလမ်း၊ထန်းခြောက်ပင်လမ်းစုံအနီး၊ရွှေပြည်သာမြို့နယ်၊ရန်ကုန်မြို့
0️⃣9️⃣7️⃣7️⃣5️⃣6️⃣6️⃣5️⃣4️⃣8️⃣5️⃣
#အမှတ် (၈၆၃/ခ)၊ဗန္ဓုလလမ်း၊ဏ/၁၄ ရပ်ကွက်
(အောင်ချမ်းသာမှတ်တိုင်အနီး)၊ရန်ကုန်မြို့
0️⃣9️⃣4️⃣0️⃣1️⃣9️⃣6️⃣5️⃣8️⃣3️⃣7️⃣