Puppy Hug Pet Spa

Puppy Hug Pet Spa Grooming Spa & Pet Spa

“Puppy Hug” မှာ Spa လာလုပ်ပြီး ပိုလို့တောင် စမတ်ကျသွားတဲ့ အချောလေး “KiKo” ပါ။အလှပြင်ပြီးသွားတော့ တစ်ကမ္ဘာလုံး သူ့အပိုင်ပ...
23/05/2026

“Puppy Hug” မှာ Spa လာလုပ်ပြီး ပိုလို့တောင် စမတ်ကျသွားတဲ့ အချောလေး “KiKo” ပါ။

အလှပြင်ပြီးသွားတော့ တစ်ကမ္ဘာလုံး သူ့အပိုင်ပဲဆိုတဲ့ အထာလေးနဲ့နော်။ 🥰

#မရမ်းကုန်း


သိပြီးကြပြီလားရှင့်? 🐱မြောင်လေးတွေရဲ့ လျှာပေါ်မှာ "Papillae" လို့ခေါ်တဲ့ ချိတ်ပုံသဏ္ဍာန် ဆူးတောင်လေးတွေ ပါရှိပါတယ်တဲ့။ 👅...
20/05/2026

သိပြီးကြပြီလားရှင့်? 🐱

မြောင်လေးတွေရဲ့ လျှာပေါ်မှာ "Papillae" လို့ခေါ်တဲ့ ချိတ်ပုံသဏ္ဍာန် ဆူးတောင်လေးတွေ ပါရှိပါတယ်တဲ့။ 👅

ဒီဆူးတောင်လေးတွေက မြောင်လေးတွေ သူတို့ခန္ဓာကိုယ်ကို သူတို့ လျှာနဲ့ယက်ပြီးသန့်ရှင်းရေးလုပ်တဲ့အခါ ကျွတ်ခါနီးဆဲဆဲ အမွှေးအမျှင်တွေနဲ့ ဖုန်မှုန့်တွေကို အလွယ်တကူ ဖယ်ရှားပေးနိုင်စွမ်း ရှိကြပါတယ်တဲ့နော်။ ✨

ဒါကြောင့် မြောင်လေးတွေကို ဝုလေးတွေလို ခဏခဏ ရေချိုးပေးဖို့မလိုဘူးလို့ ပြောကြတာပဲဖြစ်ပါတယ်ရှင်။ 💙

#မရမ်းကုန်း


“Puppy Hug” ကို “Ki Ki” လေး အလည်လာသွားပါတယ်။ 🥰ချစ်ဖို့ကောင်းတဲ့ ပုံစံလေးနဲ့ တကယ့်ကိုမှ အသွက်ကလေးပါ။အမြဲလာနေကျဆိုတော့ ဆို...
19/05/2026

“Puppy Hug” ကို “Ki Ki” လေး အလည်လာသွားပါတယ်။ 🥰

ချစ်ဖို့ကောင်းတဲ့ ပုံစံလေးနဲ့ တကယ့်ကိုမှ အသွက်ကလေးပါ။
အမြဲလာနေကျဆိုတော့ ဆိုင်ရောက်တာနဲ့ကို ပျော်နေတဲ့ ကလေးလေးပါရှင်။ 💙

#မရမ်းကုန်း


“Puppy Hug” ကို ပထမဆုံးအကြိမ် လာလည်သွားကြတဲ့ “FLOWER FAMILY” ပါ။ 🌸 (၁၄) ကောင်လုံး ပျော်ပျော်ပါးပါး “Spa” လုပ်သွားကြပြီး ...
17/05/2026

“Puppy Hug” ကို ပထမဆုံးအကြိမ် လာလည်သွားကြတဲ့ “FLOWER FAMILY” ပါ။ 🌸

(၁၄) ကောင်လုံး ပျော်ပျော်ပါးပါး “Spa” လုပ်သွားကြပြီး အရမ်းလိမ္မာကြတဲ့ ချစ်စရာကောင်းတဲ့ မိသားစုလေးပါ။ 🥰

“Puppy Hug” ကို ယုံကြည်စွာနဲ့ မိသားစုလိုက် လာလည်သွားကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ 💙

#မရမ်းကုန်း


သင် သိပါသလား ❓ဝုလေးတွေဟာ အရောင်ကို လုံးဝမခွဲခြားနိုင်တာ (Colorblind) မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ မြင်နိုင်တဲ့ အရောင်အသွေး...
12/05/2026

သင် သိပါသလား ❓

ဝုလေးတွေဟာ အရောင်ကို လုံးဝမခွဲခြားနိုင်တာ (Colorblind) မဟုတ်ပါဘူး။
ဒါပေမဲ့ သူတို့ မြင်နိုင်တဲ့ အရောင်အသွေး ပမာဏဟာ ကျွန်မတို့ မြင်ရတာထက်စာရင် ပိုပြီး နည်းပါတယ်။ 🐶

ဝုလေးတွေဟာ လူတွေလို အရောင်စုံကို မမြင်ရပေမဲ့ အပြာရောင်နဲ့ အဝါရောင်တို့ကိုတော့ ကောင်းကောင်း ခွဲခြားမြင်နိုင်ကြပါတယ်။ အနီရောင်နဲ့ အစိမ်းရောင်တို့ကိုတော့ သူတို့ ခွဲခြားရ ခက်ခဲတတ်ကြပါတယ်တဲ့။ 👀

ဒါကြောင့် ကလေးတွေအတွက် ကစားစရာ အရုပ်လေးတွေ ဝယ်ပေးတဲ့အခါ သူတို့ သေချာမြင်ရမယ့် အပြာရောင် ဒါမှမဟုတ် အဝါရောင်လေးတွေကို ပိုပြီး ရွေးချယ်ပေးသင့်ပါတယ်နော်။ 💙

#မရမ်းကုန်း


Puppy Hug Pet Spa တွင် ပျော်ရွှင်စွာ အတူလက်တွဲ လုပ်ကိုင်ရန် ဝန်ထမ်းများကို ဖိတ်ခေါ်နေပါသည်။အလိုရှိပါသည်။ခွေး/ကြောင် Pet ...
06/05/2026

Puppy Hug Pet Spa တွင် ပျော်ရွှင်စွာ အတူလက်တွဲ လုပ်ကိုင်ရန် ဝန်ထမ်းများကို ဖိတ်ခေါ်နေပါသည်။

အလိုရှိပါသည်။

ခွေး/ကြောင် Pet Spa အကူ (၃)ဦး

လျှောက်ထားရန် လိုအပ်ချက်များ

- အကိုင်အတွယ်နူးညံ့ပြီး စိတ်ရှည်သူဖြစ်ရမည်။
- ကလေးတွေအပေါ် အမှန်တကယ်ချစ်တတ်ပြီး ကြင်နာတတ်သောသူဖြစ်ရမည်။
- ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရပါမည်။
- Pet Grooming Spa အလုပ်နှင့်ပတ်သက်ပြီး အတွေ့အကြုံရှိသူဦးစားပေးပါမည်။
( အတွေ့အကြုံမရှိပါက သင်ကြားပေးပါမည်။ )
-Teamwork ဖြင့်အလုပ်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

ခံစားခွင့်များ

- တစ်ပတ်ကို တစ်ရက်နားရက်ရပါမည်။
- လစာ၊ ရက်မှန်ကြေး၊ OT၊ Bonus နှင့် အခြားခံစားခွင့်များရရှိနိုင်မည်။
- အတွေ့အကြုံပေါ်မူတည်၍လစာ ညှိနှိုင်းပေးပါမည်။
- အလုပ်ချိန် မနက်၉ နာရီမှ ညနေ ၆ နာရီအထိ

လျှောက်ထားလိုသူများသည်
-အိမ်ထောင်စုဇယားမိတ္တူ
-မှတ်ပုံတင်မိတ္တူ
-CV Form
-ရပ်ကွက်ထောက်ခံစာ များနှင့်အတူ ဆိုင်သို့ လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်သလို Page messenger မှလည်း ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်
အမှတ်၈၃(က)၊ အောင်သိဒ္ဓိလမ်း၊ မရမ်းကုန်းမြို့။
09- 798010890 , 09- 973196678

#မရမ်းကုန်း


"Puppy Hug" ရဲ့ ဧည့်သည်တော်လေး "LEO" ရဲ့ အလှဓာတ်ပုံလေးပါ။ 😍လူကြီးလေးလို ငြိမ်ငြိမ်လေးနဲ့ Spa လုပ်သွားတာ တကယ့်ကို လိမ္မာတ...
03/05/2026

"Puppy Hug" ရဲ့ ဧည့်သည်တော်လေး "LEO" ရဲ့ အလှဓာတ်ပုံလေးပါ။ 😍

လူကြီးလေးလို ငြိမ်ငြိမ်လေးနဲ့ Spa လုပ်သွားတာ တကယ့်ကို လိမ္မာတဲ့ သားသားလေး ပါပဲ။ 💙

#မရမ်းကုန်း


ကဆုန်လပြည့်နေ့လေးမှာ ချစ်ခင်ရသူတွေနဲ့အတူ ညောင်ရေသွန်းရင်း ကုသိုလ်ယူကြရအောင်နော်။ 😇💙  #မရမ်းကုန်း
30/04/2026

ကဆုန်လပြည့်နေ့လေးမှာ ချစ်ခင်ရသူတွေနဲ့အတူ ညောင်ရေသွန်းရင်း ကုသိုလ်ယူကြရအောင်နော်။ 😇💙

#မရမ်းကုန်း


Spa လာလုပ်ရင်း အပန်းဖြေနေတဲ့ "Baby Kit" လေး။ 🥰မွှေးပျံ့လန်းဆန်းသွားတဲ့ အသည်းကျော်လေးကို ကြည့်ပြီး အချစ်တွေပိုနေရပါပြီရှင...
27/04/2026

Spa လာလုပ်ရင်း အပန်းဖြေနေတဲ့ "Baby Kit" လေး။ 🥰

မွှေးပျံ့လန်းဆန်းသွားတဲ့ အသည်းကျော်လေးကို ကြည့်ပြီး အချစ်တွေပိုနေရပါပြီရှင်။ 🩵

#မရမ်းကုန်း


"Puppy Hug" ကို လာလည်တဲ့ အသည်းယားစရာ တစ်တုံးတစ်ခဲ "ဝက်ကြီး" ပါ။ ရေချိုးသန့်စင်ပြီးတော့ ပိုလို့တောင် ချစ်ဖို့ကောင်းသွားပြ...
25/04/2026

"Puppy Hug" ကို လာလည်တဲ့ အသည်းယားစရာ တစ်တုံးတစ်ခဲ "ဝက်ကြီး" ပါ။

ရေချိုးသန့်စင်ပြီးတော့ ပိုလို့တောင် ချစ်ဖို့ကောင်းသွားပြီနော်။ 💙💙💙

#မရမ်းကုန်း


ရာသီဥတု အရမ်းပူလို့ ကလေးတွေကို ဂရုစိုက်ကြပါဦးနော် ... 💙
21/04/2026

ရာသီဥတု အရမ်းပူလို့ ကလေးတွေကို ဂရုစိုက်ကြပါဦးနော် ... 💙

Heat stroke (အပူလျှပ်ခြင်း) ဖြစ်နေသော တိလေးများကို အရေးပေါ်ပြုစုနည်း‼️

Heat stroke ဖြစ်ခြင်းဟာ အရေးပေါ်အခြေအနေဖြစ်ပြီး အမြန်ကုသဖို့လိုအပ်ပါတယ်။ တိလေးတွေမှာ ကိုယ်အပူချိန် အလွန်မြင့်တက်ပြီး သတိလစ်ခြင်း၊ အသက်ရှူမြန်ခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း အန်ခြင်း၊ တက်ခြင်း စတဲ့လက္ခဏာတွေဖြစ်ပေါ်ရင် ဆေးခန်းသို့အမြန်ဆုံးပြသသင့်ပါတယ်။ ဆေးခန်းသွားဖို့ အချိန်ကြာနေသေးရင် ဒီအရေးပေါ်ပြုစုနည်းတွေနဲ့ ပြုစုထားပေးဖို့လည်းလိုပါတယ်။

🚨 အေးမြသောနေရာသို့ အမြန်ရွှေ့ပါ

ပူပြင်းတဲ့နေရာ (ဥပမာ နေပူအောက်၊ ကားတွင်း) ကနေ ချက်ချင်းဖယ်ပါ။ လေအေးပေးစက်၊ ပန်ကာ သို့မဟုတ် အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့နေရာကို ရွှေ့ပါ။

🚨 ကိုယ်အပူချိန်ကို ဖြည်းဖြည်းချင်းချပါ

လည်ပင်း၊ ချိုင်း၊ ပေါင်ခြံနဲ့ ခြေဖဝါးလိုနေရာတွေကို ရေအေးဝတ်နဲ့ ပွတ်ပေးပါ။ အအေးဓာတ်ရစေဖို့ ရေအေးနဲ့ ဖြန်းပေးပြီး ပန်ကာဖြင့်လေမှုတ်ပေးပါ။ အပူချိန်ကျသည်အထိ စိုစွတ်သောအဝတ်နဲ့ အုပ်ထားပါ။ သတိထားရမယ့်အချက်က အပူချိန်အလွန်အမင်းကျသွားနိုင်လို့ ရေခဲတိုက်ရိုက်မသုံးပါနဲ့။

🚨 ရေအေးအနည်းငယ် တိုက်ပါ
တိလေးက သတိရှိပြီး မအန်နိုင်တော့မှ ရေအေးအနည်းငယ် တိုက်ပါ။ ရေကို အများကြီးတိုက်ရန်မလိုပါ။

🚨 ဆေးကုသမှုချက်ချင်းခံယူပါ
Heat stroke ဟာ အသက်အန္တရာယ်ရှိတဲ့အခြေအနေဖြစ်တာကြောင့် လက္ခဏာသက်သာလာရင်တောင် နီးစပ်ရာ တိရစ္ဆာန်ဆေးခန်းကို အမြန်ဆုံးသွားပါ။

Heat stroke ဖြစ်ပြီး အရေးပေါ်ကုသမှုမခံယူရင် တိလေးတွေအသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် Heat stroke လက္ခဏာတွေ့ရင် အချိန်မဆိုင်းပါနဲ့!

အခုလို ရာသီဥတုပူပြင်းတဲ့ ကာလတွေမှာ ကိုယ့်ရဲ့ တိလေးတွေကို Heat stroke အန္တရာယ်ကနေ ကာကွယ်ပေးဖို့လိုအပ်ပါတယ်။

ကာကွယ်နည်းများကတော့
- နေပူပြင်းတဲ့အချိန် အိမ်တွင်းထားပါ။
- ရေအေးအလုံအလောက်တိုက်ပါ။
- ကားထဲ၊ လေဝင်လေထွက်မကောင်းတဲ့နေရာမှာ အချိန်ကြာကြာမထားပါနဲ့။
- အမွေးရှည်တိလေးများကို နွေရာသီမှာ အမွေးညှပ်ပေးပါ။

ချစ်သောတိလေးတွေဟာလည်း မိသားစုဝင်တွေပဲမို့ သူတို့လေးတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးကြရအောင်နော် 💙

#မရမ်းကုန်း


Address

No. 83(A), Aung Theik Hti Street, Mayangone
Yangon
11061

Opening Hours

Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959798010890

Alerts

Be the first to know and let us send you an email when Puppy Hug Pet Spa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Puppy Hug Pet Spa:

Share

Category