04/03/2024
သိကောင်းစရာ မြောင်တို့ကမ္ဘာ‼️
🐱ကြောင်လေးတွေဟာ မျိုးရိုးဗီဇအားဖြင့် ၉၅.၆% ကျားနဲ့တူပါတယ်။
ဒါကြောင့် ဒူဘိုင်းက ဘောစိတွေလို အိမ်မှာ ကျားမွေးချင်တယ်ဆိုရင် မဖြစ်နိုင်တာတွေကို စိတ်ကူးယဥ်မယ့်အစား မြောင်တကောင်သာ မွေးပလိုက်ပါ
ခြောက်ချက်ကုတ်ခံရတာပေါ့။
🐱ကြောင်လေးတွေဟာ အိပ်ဖို့အတွက် မွေးဖွားလာတဲ့ အိပ်ပုတ်လေးတွေပါ။တနေ့မှာ ၁၅နာရီလောက် အိပ်ပါတယ်။ ဘဝရဲ့ ၇၀% ကို အိပ်ရင်း ဖြတ်သန်းတာပါ။
🐱ကြောင်လေးတွေဟာ သူတို့ရဲ့ အရပ်ထက် ၅ဆ အမြင့်ကို အသာလေးခုန်နိုင်ပါတယ်။ဒါကြောင့်မို့ ကြောင်တိုက်ပွဲအများစုကို ခေါင်မိုးပေါ် ကျင်းပကြတာပါ။
🐱ခုန်နိုင်ရုံတင်မကပါဘူး အပြေးလည်း မြန်ကြပါတယ်။တာတို အပြေးသမားလေးတွေပါ။တနာရီ မိုင်၃၀ နှုန်း ပြေးနိုင်ပါတယ် ။ပြေးနှုန်းကိုမျက်စိထဲမြင်လွယ်အောင် ပြောရမယ်ဆို အပြေးသမား အူစိန်ဘော့ နီးနီးပါပဲ။အူစိန်ဘော့မှ မသိရင်လည်း ဂူးဂဲသာ ခေါက်ကြည့်ပါတော့။
🐱ကြောင်မလေးတွေ ကိုယ်ဝန်စဆောင်နိုင်တဲ့ အသက်အရွယ်ဟာ ၄လ ဒါမှမဟုတ် ၆ လပတ်ဝန်းကျင်ပါ။မြောင်ပိုင်ရှင်တွေ သတိထားမိအောင်ပါ။သမီးလေးက ကလေးပဲရှိသေးတာဆိုပြီး လွတ်လွတ်လပ်လပ်ထားရင်း ကိုဝင်းကြည်နဲ့ ဖြစ်သွားနိုင်ပါတယ်။
🐱တခါတလေ အိမ်ကကြောင်လေးတွေ
ကိုယ့်ကို သူ့ကိုယ်လုံးကြီးနဲ့ လာပွတ်တာမျိုး ကြုံဖူးကြတယ်ဆို ဂုဏ်ယူလိုက်ပါ။
ငယ်ကျွန်ကြီးတို့ကို မယုံရင်ပွတ်သီးပွတ်သပ် မနေပါဘူးနော်။
🐱တကယ်လို့များ သင်ဟာ သင့်ကြောင်လေးအတွက် အသုံးအဆောင်တွေ ဝယ်ဖို့စဥ်းစားနေပြီဆိုရင် အပြာရောင် အစိမ်းရောင် အဝါရောင် ခရမ်းရောင်လေးတွေ ရွေးချယ်သင့်ပါတယ်။ အနီရောင်နဲ့ ပန်းရောင်ကိုတော့ သေချာမသိပါဘူး ရောထွေးနေတာပါတဲ့။
🐱ကြောင်လေးတွေရဲ့ နားရွက်ဟာ ၁၈၀ ဒီဂရီလှည့်နိုင်သလို အသံပေါင်း ၁၀၀ကျော်လောက် လုပ်နိုင်ပါတယ်။
ဒါကြောင့် သူ့မြောင်နဲ့ ကိုယ့်မြောင် မြောင်ပုံခြင်းမတူကြတာပါ၊
🐱ကမ္ဘာ့အသက်ကြီးဆုံး ကြောင်လေးဟာ အသက် ၃၈နှစ်ပါ။
🐱ကမ္ဘာပေါ်မှာ ချမ်းသာဆုံးကြောင်လေးနာမည်က Blackie လို့ ခေါ်ပါတယ်။ $25M ချမ်းသာပါတယ် သခင်က အမွေပေးခဲ့တာပါတဲ့။ ရုပ်ရှင်တောင် ပြန်ရိုက်ထားပါသေးတယ် မကြည့်ရသေးရင် ရှာကြည့်ကြပါ။
🐱အခု ၂၀၂၄ မှာ လက်ရှိ ဘောစိကတော့ Nala လို့ခေါ်တဲ့ကြောင်လေးပါ
ရှာဖွေငွေက $100 M ပါ ကြောင် model လေးပေါ့။ဟူးမန်းတို့အတွက် မျက်ရည်၂စက်ပါနော်။
Instagram followers က 4.4M တဲ့
မြောင်ဆယ်လီလေးပါ ။
🐱ကြောင်ပိုင်ရှင်လေးတွေအတွက် မျက်ခုံးလှုပ်စရာအချက်လည်း ရှိပါတယ်။ဟိုးးအရင် အီဂျစ်ခေတ်တုန်းက မိသားစုထဲမှာ မွေးထားတဲ့ ကြောင်လေး သေရင် မိသားစုဝင်တွေအကုန် မျက်ခုံးရိတ်ပစ်ရပါတယ်တဲ့ ဝမ်းနည်းကြောင်းပြတဲ့အနေနဲ့ပါ။
🐱မြောင်တွေကို နတ်ဘုရားအနွယ်ဝင်လို့ မှတ်ယူပြီး ကိုးကွယ်ခဲ့တဲ့အချိန်တွေလည်း ရှိခဲ့ပါသေးတယ်။
အခုထိလည်း လုပ်ကျွေးနေတုန်းပဲ မှတ်လား ဟူးမန်းတို့ရေ။
🐱ကြောင်လေးတွေက သူ့တို့ရဲ့ နာမည်ကို သိပါတယ်တဲ့။သိရဲ့သားနဲ့ တခါတလေ ဘာလို့ အဖက်မလုပ်တာလဲဆိုရင် အဖက်မလုပ်ချင်လို့ပါ။
ရှင်းပါတယ်နော်..
အခုလောက်ဆိုရင် မြောင်တွေအကြောင်း နဲနဲလောက်တော့ သိလောက်ပြီပေါ့နော်။
Dr.K
#မြောင်