Bird’s Paradise

Bird’s Paradise "Let's create beautiful world"

အားလုံးပဲ Happy New Year ပါဂျာ
01/01/2024

အားလုံးပဲ Happy New Year ပါဂျာ

၂.၇.၂၀၂၃ ပထမဝါဆိုလပြည့်နေ့အခါလေးမှာအားလုံးပဲ ဘေးဘယာကင်းဝေးကျန်းမာရွှင်လန်းကြပါစေ
02/07/2023

၂.၇.၂၀၂၃ ပထမဝါဆိုလပြည့်နေ့အခါလေးမှာ
အားလုံးပဲ ဘေးဘယာကင်းဝေးကျန်းမာရွှင်လန်းကြပါစေ

ကစားစရာလေးတွေကို တစ်လ တစ်ခါ သို့ နှစ်လတစ်ခါပြောင်းပေးပါ သူတို့လေးတွေ မငြီးငွေ့အောင်
31/05/2023

ကစားစရာလေးတွေကို တစ်လ တစ်ခါ သို့ နှစ်လတစ်ခါပြောင်းပေးပါ သူတို့လေးတွေ မငြီးငွေ့အောင်

ပြန်လည်ဝေမျှပေးနိုင်ပါသည်။သို့သော် ပြန်လည်ကူးယူဖော်ပြခြင်း လုံးဝခွင့်မပြုပါ။ဒီ week မှာ အမေးများလာတာလေးက ကျွန်တော်/မ ကလေ...
24/04/2023

ပြန်လည်ဝေမျှပေးနိုင်ပါသည်။
သို့သော် ပြန်လည်ကူးယူဖော်ပြခြင်း လုံးဝခွင့်မပြုပါ။

ဒီ week မှာ အမေးများလာတာလေးက ကျွန်တော်/မ ကလေးလေး အတောင်ညှပ်ရတော့မလား ညှပ်လို့ရပြီလား ဘယ်လိုညှပ်ရမလဲဆိုတဲ့ ငှက်ချစ်သူတို့အတွက်ပါ။

ဘယ်လိုညှပ်ရမလဲဆိုတာ ပုံလေးနဲ့ပြပေးထားပါတယ်။ ၁၂ လပိုင်း ၁ လပိုင်း ပေါက်တဲ့ကလေးတွေက ဒီအချိန်ဆို ဝိတ်ချ အပျံသင်ဖို့အရွယ်လောက်ရောက်နေလောက်ပြီမို့ ဒီ Topic လေးကိုရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်ရှင့်။

အတောင်ကိုဆွဲဖြန့်ပြီး အပြင်ဘက်ဆုံး ၄ တောင်ကိုညှပ်ရပါမယ်
ညှပ်တဲ့အခါ မိမိရဲ့ငှက်ကလေးတွေ မနာအောင် စိတ်မဖိစီးအောင် အောက်ပါအချက်လေးတွေကိုသတိထားပေးပါနော်။
- အတောင်တွေရဲ့ အရင်းနားကကပ်မညှပ်ရပါ
- အဆိုပါအပြင်အတောင်ပေါ်မှာ အတောင်တိုလေးရှိနေရင်ရှောင်ညှပ်ရပါမယ်။ အဲ့အတောင်လေးက သွေးကြောအတောင်လေးမို့ပါရှင့်။
အသေးစိတ်ပုံစံလေးကို အောက်ကပုံလေးမှာ ကြည့်ပြီး သေချာလေးညှပ်ပေးနိုင်ပါပြီ။

ငှက်ချစ်သူတို့သိထားပြီး page က ဝေမျှပေးတဲ့အထဲမပါခဲ့သော အချက်လေးတွေရှိရင်လည်းပဲ comment မှာ မျှဝေပေးသွားပါအုံးနော်
Bird's Paradise မှ Sharing လုပ်ပေးသော အချက်အလက်လေးများနှင့် မိမိ တိ လေးများကိုကောင်းမွန်စွာ စောင့်ရှောက်နိုင်ပါစေလို့ ဆုတောင်းပေးပါရစေ။
ငှက်ချစ်သူများ အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။
(1) Bird’s Paradise | Yangon | Facebook

Photo Crd

ပြန်လည်ဝေမျှပေးနိုင်ပါသည်။သို့သော် ပြန်လည်ကူးယူဖော်ပြခြင်း လုံးဝခွင့်မပြုပါ။ဒီ တစ်ခါကတော့ မင်မင်တို့ နိုင်ငံရဲ့နွေရာသီမှ...
18/04/2023

ပြန်လည်ဝေမျှပေးနိုင်ပါသည်။
သို့သော် ပြန်လည်ကူးယူဖော်ပြခြင်း လုံးဝခွင့်မပြုပါ။

ဒီ တစ်ခါကတော့ မင်မင်တို့ နိုင်ငံရဲ့နွေရာသီမှာ အရင်ကထက်ပိုပူလာတော့ ငှက်လေးတွေ အစာမစား၊ နိုင်ပဲ မောပန်းအားအင်ကုန်ခမ်းပြီး မလန်းမဆန်းဖြစ်နေတာလေးတွေများလို့ ငှက်လေးတွေကို ဘယ်လိုထားသင့်လဲ ဘာလေးတွေပြင်ဆင်ပေးထားရမလဲ ဆိုတာလေး မျှဝေချင်ပါတယ်။
၁။ ရေအပိုခွက်လေးတွေနဲ့ထည့်ထားပေးပါ။
ရေသောက်ဖို့အပြင်၊ ရေချိုးနိုင်အောင် ခွက်ကြီးကြီးလေးနဲ့ထည့်ပေးထားပါ။ ရေပူလာလျှင် အသစ်လဲပေးပါ။
၂။ ရေခဲတုံးလေးကို ကော်ခွက်လေးနဲ့ထည့်ထားပေးပါ။
ရေငွေ့ပျံရာကနေ ငှက်လေးနေတဲ့ ပတ်ဝန်းကျင်ကို အေးမြစေပါလိမ့်မယ်။
၃။ အစားအသောက်လည်းသေချာကျွေးပါ။ အသီးအနှံထက်အစေ့အဆန်လေးတွေများများကျွေးပါ။
၄။ အရိပ်ရမဲ့ နေရာလေးတွေ ဖန်တီးပေးပါ။ သစ်ကိုင်းခြောက်လေးတွေအရွက်လေးတွေနဲ့အသိုက်တုလေးတွေဖန်တီးပေးပါ။ ခြံဝန်းရှိပါက အပင်ကြီဂကြီးရဲ့ အရိပ်အောက်မှာ ငှက်နားတန်းလေးနဲ့နေရာလေးစီစဉ်ပေးနိုင်ပါတယ်။
၅။ လှောင်အိမ်ကျယ်ကျယ်ထားပေးပါ။ သို့ နေရာရွှေ့ပြောင်းနိုင်အောင်လုပ်ပေးထားပါ။
၆။ နေ့လည်နဲ့ ညနေဘက်ဆို လှောင်အိမ်ထားရာ ငှက်ထားရာနေရာကိုသတိပြုပါ။ ကျနေထိုးပါက နေရာရွှေ့ပြောင်းပေးပါ။
ဒါလေးတွေက အခြေခံကျကျနဲ့ လုပ်ပေးရလွယ်ကူတဲ့နည်းလမ်းလေးတွေပါပဲ။
ငှက်ချစ်သူတို့သိထားပြီး page က ဝေမျှပေးတဲ့အထဲမပါခဲ့သော အချက်လေးတွေရှိရင်လည်းပဲ comment မှာ မျှဝေပေးသွားပါအုံးနော်
Bird's Paradise မှ Sharing လုပ်ပေးသော အချက်အလက်လေးများနှင့် မိမိ တိ လေးများကိုကောင်းမွန်စွာ စောင့်ရှောက်နိုင်ပါစေလို့ ဆုတောင်းပေးပါရစေ။
ငှက်ချစ်သူများ အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။
(1) Bird’s Paradise | Yangon | Facebook

14/04/2023

ပြန်လည်ဝေမျှပေးနိုင်ပါသည်။
သို့သော် ပြန်လည်ကူးယူဖော်ပြခြင်း လုံးဝခွင့်မပြုပါ။

🦜မိမိကြက်တူရွေးလေးတွေ စိတ်ဓါတ်မကျရအောင် ဘယ်အချက်တွေဂရုစိုက်ပေးရမလဲ ကြည့်ကြရအောင်
၁။ အထွေထွေသန့်ရှင်းရေးကို ဂရုစိုက်ပါ။(လှောင်အိမ်နှင့်ပတ်ဝန်းကျင်)
၂။ ရေချိုးပေးခြင်းနှင့်နေပူခံခြင်း။
၃။ လှောင်အိမ်အရွယ်အစား တတ်နိုင်သမျှကြီးကြီးထားခြင်း။
၄။ လှောင်အိမ်ထဲတွင် ကစားစရာများကိုပြောင်းလဲထားပေးခြင်း။
၅။ လှောင်အိမ်အပြင်ဘက်တွင်နေနိုင်ရန် ငှက်နားတန်းလေး ဖန်တီးပေးထားခြင်း။(အပင်ရှိသောပတ်ဝန်းကျင်ဖြစ်ပါက ပို၍အကျိုးရှိခြင်း)
၆။ လှောင်အိမ်ကို ကြမ်းပြင်နှင့်တပြည်းတည်း မထားရပါ၊ အမြင့်တစ်နေရာတွင်ပြင်ပေးထားသင့်ပါတယ်။ လှောင်အိမ်အမြင့်ဖြစ်မယ်ဆိုရင်တော့ လှောင်အိမ်အတွင်းငှက်နားတန်းကို ခပ်မြင့်မြင့်တွင်ထားခြင်း။
၇။ သက်တောင့်သက်သာရှိမှုကိုဂရုစိုက်ပေးပြီး အိပ်ချိန်လုံလောက်စွာပေးခြင်း။
၈။ နေ့စဉ် စကားပြောခြင်း၊ လေ့ကျင့်ပေးခြင်း၊ ကြင်နာစွာပွတ်သပ်ပေးခြင်းတို့ကို မပျက်မကွက်လုပ်ဆောင်ပေးခြင်းဖြင့် မိမိတို့ရဲ့ တိ လေးတွေကို စိတ်ကျရောဂါမဝင်အောင်ဂရုစိုက်ပေးကြပါစို့နော်။

နေ့စဉ် တိ လေးတွေရဲ့ အပြုအမူလေးတွေကို သတိထားပေးပါ။ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေပြုမူလာခဲ့ရင် သေချာလေ့လာပြီး မကြိုက်တဲ့ အချက်လေးတွေကိုရှောင်ကြဉ်ပေးဖို့ သတိပြုပါ။ နေကောင်းမကောင်း ဂရုပြုပေးဖို့ သတိပြုပေးပါရှင်။

ငှက်ချစ်သူတို့သိထားပြီး page က ဝေမျှပေးတဲ့အထဲမပါခဲ့သော အချက်လေးတွေရှိရင်လည်းပဲ comment မှာ မျှဝေပေးသွားပါအုံးနော်
Bird's Paradise မှ Sharing လုပ်ပေးသော အချက်အလက်လေးများနှင့် မိမိ တိ လေးများကိုကောင်းမွန်စွာ စောင့်ရှောက်နိုင်ပါစေလို့ ဆုတောင်းပေးပါရစေ။
ငှက်ချစ်သူများ အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။
(1) Bird’s Paradise | Yangon | Facebook

ဒီနှစ်သစ်ကစပြီး အားလုံးငြိမ်းချမ်းစေဖို့ ဆန္ဒပြုပါတယ်။
13/04/2023

ဒီနှစ်သစ်ကစပြီး အားလုံးငြိမ်းချမ်းစေဖို့ ဆန္ဒပြုပါတယ်။

ပြန်လည်ဝေမျှပေးနိုင်ပါသည်။သို့သော် ပြန်လည်ကူးယူဖော်ပြခြင်း လုံးဝခွင့်မပြုပါ။ဒီ ကနေ့ကတော့ Page မှာ ငှက်ချစ်သူတို့  အမေးမျ...
13/04/2023

ပြန်လည်ဝေမျှပေးနိုင်ပါသည်။
သို့သော် ပြန်လည်ကူးယူဖော်ပြခြင်း လုံးဝခွင့်မပြုပါ။

ဒီ ကနေ့ကတော့ Page မှာ ငှက်ချစ်သူတို့ အမေးများတဲ့ အစားကျွေးပုံလေးကိုပြောပြပေးချင်ပါတယ်
Meal Plan for parrots
ပုံမှန်ဆိုရင်တော့ ငှက်အမျိုးအစားလိုက်လိုအပ်တဲ့ Vitamin ကျွေးဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ ဝါသနာအရမွေးတဲ့ ငှက်ချစ်သူတို့ အဖို့ General ကျွေးလို့ရတဲ့ အစားအသောက်ပုံစံလေးကိုဖော်ပြပေးလိုက်ပါတယ်ရှင်။

🥗 Vegetable chop 50%
🍒 Fruit 10%
🥡 Pellets 40%

၁။ Pellets လို့ခေါ်တဲ့ အသီးအနှံအစုံ Vitamin အစုံပါတဲ့ အနံ့အရသာစုံတဲ့ ဈေးကွက်ထဲက အစာခြောက် လေးတွေကျွေးလို့ရပါတယ်။
၂။ အစေ့
နေကြာစေ့(အနံ့အရသာမပါသော၊ဆားမပါသော)၊
ဗာဒံစေ့၊
၃။ လတ်ဆတ်တဲ့ အသီးအရွက်တွေကို စားနိုင်လောက်မဲ့ ပမာဏလေး Chop လုပ်ကျွေးလို့ရပါတယ်။
ပန်းသီး၊
ချယ်ရီသီး၊
ငှက်ပျောသီး၊
Chia စေ့၊
Blackberry, Blueberry၊
ဥနီ၊
ရွှေဖရုံသီး၊
ကန်စွန်းဥ၊
ကန်စွန်းရွက်၊
မုန်ညှင်း၊
ပန်းဂေါ်ဖီစိမ်း၊၊
၄။ အဆန်
သီဟိုဠ်၊
သစ်ကြားသီး၊
Macadamia လို့ခေါ်တဲ့ ချောကလတ်သီး။
၅။ ပဲစေ့(ကုလားပဲ၊ ဘိုကိတ်ပဲ၊ အစိမ်းရောင်ရှိသောပဲ….)၊

*** ရွှေဖရုံသီးကိုပြုတ်၊ ပဲကိုပြုတ်ကျွေးရန်
*** အသီးအနှံများကို ရေဖြင့်သေချာစွာဆေးကြောပြီးမှာကျွေးပါရန်။

ကျွေးသင့်တဲ့ အစားအစာတွေဆိုတော့ မကျွေးသင့်တာတွေကရော ဘာတွေဖြစ်မလဲ?
၁။ ထောပတ်သီး၊
၂။ ကော်ဖီ၊ ဆိုဒါ ( Soda, Coffee)
၃။ နို့ထွက်ပစ္စည်းများ၊
၄။ အယ်လ်ကိုဟော (Alcohol)
၅။ ကိုကာကိုလာ၊(Coca)
၆။ မှိုအမျိုးမျိုး၊
၇။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ
၈။ ခရမ်းချဉ်သီးအစေ့၊ အရွက်နဲ့ အာလူးရွက်၊
၉။ ပန်းသီးအစေ့၊
၁၀။ ဆား၊ သကြား နှင့် ဆား၊သကြားပါဝင်သောအစားအစာများ လုံးဝမကျွေးသင့်ပါ။

ငှက်ချစ်သူတို့သိထားပြီး page က ဝေမျှပေးတဲ့အထဲမပါခဲ့သော အချက်လေးတွေရှိရင်လည်းပဲ comment မှာ မျှဝေပေးသွားပါအုံးနော်
Bird's Paradise မှ Sharing လုပ်ပေးသော အချက်အလက်လေးများနှင့် မိမိ တိ လေးများကိုကောင်းမွန်စွာ စောင့်ရှောက်နိုင်ပါစေလို့ ဆုတောင်းပေးပါရစေ။
ငှက်ချစ်သူများ အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။
(1) Bird’s Paradise | Yangon | Facebook

ပြန်လည်ဝေမျှပေးနိုင်ပါသည်။သို့သော် ပြန်လည်ကူးယူဖော်ပြခြင်း ခွင့်မပြုပါ။🦜ငှက်ကလေးတွေ စမွေးတော့မယ်ဆိုရင် နေ့စဉ်သတိထားသင့်သ...
12/04/2023

ပြန်လည်ဝေမျှပေးနိုင်ပါသည်။
သို့သော် ပြန်လည်ကူးယူဖော်ပြခြင်း ခွင့်မပြုပါ။

🦜ငှက်ကလေးတွေ စမွေးတော့မယ်ဆိုရင် နေ့စဉ်သတိထားသင့်သော ဆောင်ရန် ရှောင်ရန် အချက်များ ကိုမျှဝေပေးချင်ပါတယ်
ပထမဦးဆုံးစမွေးမဲ့သူများကဘသတိထားသင့်တာ ဘယ်အရွယ်ကို စပြီးမွေးမလဲပေါ့နော်
အစာခွံ့အရွယ်နဲ့ အစာကောက်အရွယ် ၂ မျိုးရှိပါတယ် သေချာတာကတော့ အစာကောက်အရွယ်ကိုစမွေးစေချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုရင်တော့
- စမွေးတဲ့သူအဖို့ အစာခွံအရွယ်မွေးမယ်ဆိုရင် အရမ်းအန္တရာယ်ရှိပါတယ်။ အစာခွံ့ရာမှာ အခက်အခဲဖြစ်ခြင်း၊ အစာတိုက်ကျွေးမှုပုံစံ၊ ပမာဏနှင့် အစာခွက်ရောက်များထားသိုမှု၊ သန့်ရှင်းသပ်ရပ်မှု၊ ရာသီဥတုအပူချိနိအနေအထား စသည်ဖြင့်အများကြီးဂရုစိုက်ရပါတယ် ဒါတွေကိုနားလည်တတ်ကျွမ်းပြီးသားဆိုရင်တော့ အစာခွံအရွယ်မွေးပါ။
- အစာကောက်အရွယ်ကိုမွေးမယ်ဆိုရင်တော့ သန့်ရှင်းမှု နဲ့ vit စုံအောင် သေချာကျွေးမွေးရုံပဲမို့ စိုးရိမ်ပူပန်ရမှု ၆၅% လောက်လျော့နည်းပါလိမ့်မယ်။
ဘယ်အရွယ်လေးကိုပဲမွေးမွေး ငှက်ချစ်သူတို့ သတိထားသင့်တဲ့အရာများကတော့
၁။ အစာခွံ့ရာမှာသတိထားပါ - အစားခွံ့တဲ့အစာဖျော်ခွက် ရေခွက် သီးသန့်ထားရပါမယ်။
၂။ တစ်ခါအသုံးပြုခါနီးတိုင်း တစ်ခါဆေးကြောရပါမယ်။ ဆေးကြောတဲ့အခါ ဆပ်ပြာ၊ ဆပ်ပြာမှုန့်တွေအသုံးမပြုရပါဘူး၊
၃။ အစာကျွေးတဲ့ပြွန်ကို ရေနွေးလေးနဲ့ဆေးရပါမယ်။
၄။ အစာကျွေးနေစဉ် ဖိတ်စင်ထားသော အစာအကြွင်းအကျန်များကို ကျွေးပြီးတာနဲ့ သန့်ရှင်းရေးလုပ်ပါ။
၅။ ညဘက်အိမ်ချိန် ထိုအစာခွက်ရေခွက်များကို ငှက်ကလေးတွေရဲ့အနီးမှာမထားရပါဘူး။
၆။ နေ့စဉ် ချီးဗန်းဆေးပါ။
၇။ အစာခွက်ထဲ ရေခွက်ထဲတွေမှာ ငှက်ချေးတွေ ကျမကျ သတိထားပါ။
၈။ လှောင်အိမ်မှ ချေး အညစ်အကြေးများကိုနေ့စဉ်သန့်စင်ပေးပါ။
၉။ ငှက်လှောင်အိမ်ကို အမြင့်နေရာမှာထားပါ။
၁၀။ ငှက်နားတန်းသေချာလုပ်ပေးပါ။
၁၂။ မိမိငှက်နှင့်ရင်းနှီးယုံကြည်မှုရစေရန်နှင့် stress မဖြစ်စေရန် နေ့စဉ် စကားပြော ပွတ်သပ်ပေးပါ။
ငှက်ချစ်သူတို့သိထားပြီး page က ဝေမျှပေးတဲ့အထဲမပါခဲ့သော အချက်လေးတွေရှိရင်လည်းပဲ comment မှာ မျှဝေပေးသွားပါအုံးနော်

Bird's Paradise မှ Sharing လုပ်ပေးသော အချက်အလက်လေးများနှင့် မိမိ တိ လေးများကိုကောင်းမွန်စွာ စောင့်ရှောက်နိုင်ပါစေလို့ ဆုတောင်းပေးပါရစေ။
ငှက်ချစ်သူများ အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။

ုံးဝ

Address

Yangon
11011

Website

Alerts

Be the first to know and let us send you an email when Bird’s Paradise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category