Dr.Smile တိရစ္ဆာန်ဆေးကုခန်း

  • Home
  • Myanmar
  • Yangon
  • Dr.Smile တိရစ္ဆာန်ဆေးကုခန်း

Dr.Smile တိရစ္ဆာန်ဆေးကုခန်း တိရစ္ဆာန်အထွေထွေရောဂါကုဆေးခန်း

Dr.Smile တိရစ္ဆာန်ဆေးကုခန်း ကို အမှတ်-၇၉ (မြေညီထပ်) ၊ မာလာမြိုင် (၄)လမ်း(အနောက်ပေ ၅၀ လမ်းနှင့် အလယ်ပေ ၃၀ လမ်း ကြား အဖြတ်...
29/05/2026

Dr.Smile တိရစ္ဆာန်ဆေးကုခန်း ကို အမှတ်-၇၉ (မြေညီထပ်) ၊ မာလာမြိုင် (၄)လမ်း(အနောက်ပေ ၅၀ လမ်းနှင့် အလယ်ပေ ၃၀ လမ်း ကြား အဖြတ် ) ၊
(၁၆) ရပ်ကွက် ၊ လှိုင်မြို့နယ် ၊ ရန်ကုန်မြို့ သို့ပြောင်းရွေ့ ဖွင့်လှစ်လိုက်ပြီဖြစ်ပါ ကြောင်း အသိပေး ကြေညာအပ်ပါသည်ခင်ဗျာ။
ဖုန်း : 09 40646 9644
Google Maps : link 👇👇👇

https://maps.app.goo.gl/qaUWTAv8s86npodg6

 #ဆေးခန်းနေရာအသစ်ပြောင်းလဲဖွင့်လှစ်ခြင်းDr.Smile တိရစ္ဆာန်ဆေးကုခန်းကို ၁.၆.၂၀၂၄ မှ စတင်၍ အမှတ် (၈၇) ၊ မြေညီ ၊ အထက်ဗဟိုလမ...
12/05/2026

#ဆေးခန်းနေရာအသစ်ပြောင်းလဲဖွင့်လှစ်ခြင်း

Dr.Smile တိရစ္ဆာန်ဆေးကုခန်းကို ၁.၆.၂၀၂၄ မှ စတင်၍
အမှတ် (၈၇) ၊ မြေညီ ၊ အထက်ဗဟိုလမ်း၊ သမိုင်းမုဒိတာအိမ်ယာ(၁)၊ ၂ ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် တွင် ဖွင့်လှစ်၍ (၂) နှစ်ကြာ တိရစ္တာန် ကျန်းမာ‌ရေး ဆေးကုသခြင်း ဝန်ဆောင်မှုများပေးခဲ့ပါသည်။

ယခုအခါတွင် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ၂၆.၅.၂၀၂၆ ရက်နေ့မှ စတင်၍
အမှတ် (၇၉) ၊ မြေညီထပ်၊ မာလာမြိုင်(၄) လမ်း (အနောက်ပေ၅၀လမ်းနှင့် အလယ်ပေ ၃၀ လမ်း တို့၏ကြား) ၊
လှိုင်မြို့နယ် သို့ပြောင်းရွေ့ ဖွင့်လှစ်မည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်ခင်ဗျာ။

Dr.Smile Veterinary Clinic
Phone -09-406 469 644

Google Maps!! ကနေကြည့်ပြီးလာလိုလဲရပါတယ်ဗျ
🙋🙋🙋👇👇👇👇👇🙋🙋 ဒီ Google Map link

https://maps.app.goo.gl/qaUWTAv8s86npodg6

07/04/2026

ကြောင်မလေးတွေမှာတားဆေးထိုးခြင်းနှင့်နောက်ဆက်တွဲဆိုးကြိုးများ..

05/04/2026

နွေရာသီမှာ အာဝုတို့စားဖို့သင့်‌တော်တဲ့အသီးအနှံများ

30/03/2026

နွေရာသီမှာအမွေးရှည် ခွေးလေး(Double Coated Hair Dog)တွေကိုကတုံးတုံးသင့် သလား?

29/03/2026

နွေရာသီမှာသတိထားရမယ့်(Heat Stroke)အပူရှပ်ခြင်းအကြာင်း

Revolution Plus for Cat 😻😻ကြောင်လေးတွေကို သန်း ၊ လှေး ၊ မွှား ၊ သန်ကောင် ၊ နားပိုး အစရှိတဲ့  ကပ်ပါးကောင်ရန်ကနေ အပြည့်အဝ ...
16/11/2025

Revolution Plus for Cat 😻😻

ကြောင်လေးတွေကို သန်း ၊ လှေး ၊ မွှား ၊ သန်ကောင် ၊ နားပိုး အစရှိတဲ့ ကပ်ပါးကောင်ရန်ကနေ အပြည့်အဝ ကာကွယ်မှုပေးနိုင်တဲ့ Zootics U.S.A မှ ထုတ်လုပ်သော
Revolution Plus For Cat Sopt On (ဂုတ်အစက်ချဆေး) ကို Dr Smile တိရစ္ဆာန်ဆေးကုခန်းမှာဝယ်ယူရရှိနိုင်ပါပြီ။

Dr.Smile တိရစ္ဆာန်ဆေးကုခန်း
အမှတ်(၈၇)၊ အထက်ဗဟိုလမ်း၊ သမိုင်းမုဒိတာအိမ်ယာ(၁) အနီး၊ (Unique Burma ကိတ်မုန့်ဆိုင်နှင့် Petto Club Pet Shop ကြား)
ဖုန်း- 09-406 469 644

19/10/2025

ဆေးခန်းစာအုပ်ကိုယ်တိုင်ယူပြီးဆေးခန်းလာပြတဲ့အာဝု😁😁

 #ကြောင်ကလေးများနှင့်ပါရာစီတီမောအန္တရာယ်  ကြောင်ကလေးတွေ မွေးထားတဲ့ တိချစ်သူတိဖေဖေ မေမေတို့ဟာ မိမိကလေးငယ်ဖျားနာ မှိုင်တွေ...
26/09/2025

#ကြောင်ကလေးများနှင့်ပါရာစီတီမောအန္တရာယ်

ကြောင်ကလေးတွေ မွေးထားတဲ့ တိချစ်သူတိဖေဖေ မေမေတို့ဟာ မိမိကလေးငယ်ဖျားနာ မှိုင်တွေလာတဲ့အခါ ခြေမကိုင်မိလက်မကိုင် ဘာလုပ်ရမှန်းမသိ စိုးရိမ်မှု လွန်ကဲလာတတ်ကြပြီး မိမိတိကလေးငယ် သက်သာစေလိုသော အားဖြင့် အိမ်တွင်းဆေးဝါးတွေ တိုက်ကျွေးတာမျိုးတွေ လုပ်လေ့လုပ်ထရှိကြပါတယ်။

ဒီလိုတိုက်‌‌ကျွေးတဲ့ အထဲမှာ တွေမှာ များသောအားဖြင့် တွေ့ရတတ်တွေကတော့ ပါရာစီတီမော ပါဝင်တဲ့ ဆေးတွေ တိုက်ကျွေးမိတာအများဆုံးဖြစ်ပါတယ်။

ပါရာစီတီမောဟာအိမ်တိုင်းနီးပါးမှာဆောင်ထားတတ်ဆဲါဆေးဝါးတစ်မျိုးဖြစ်ပါတယ်။

#ဘာဖြစ်လို့ကြောင်ကလေးတွေကိုပါရာစီတီမောပါဝင်တဲ့ဆေးတွေတိုက်ကျွေးလို့မရတာလဲ?

လူတွေဖျားနာတဲ့အခါ ပါရာစီ‌တီမောက အဖျားကျဆေး အကိုက်အခဲပျောက်ဆေးအနေဖြင့် ထိရောက်သောဆေးအဖြစ် အကူညီပေးလေ့ရှိပါတယ် ။

ကြောင်ကလေးတွေ ရဲ့ ခန္တာကိုယ်မှာတော့ Paracetamol ကို ချေဖျက်ပေးနိုင်တဲ့ Enzyme တွေ မထုတ်လုပ်ပေးနိုင်ပါဘူး ။

ပမာဏနည်းနည်းလေး ကတောင်အဆိပ့်သင့်စေနိုင်ပါတယ်။

ကြောင်ကလေးတွေ ရဲ့ ခန္ဓာကိုယ်ထဲ
Paracetamol ဝင်ရောက်သွားတဲ့အခါ အဆိပ့်သင့်မှု စတင်ဖြစ်ပေါ်လာပြီး သွေးနီဉတွေကိုဖျက်ဆီးပစ်ပါတယ်။

သွေးနီဉရဲ့ တာဝန်က ခန္ဓာကိုယ်အနှံ ကို Oxygen တွေကိုသယ်ဆောင်ပေးပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်နိုင်အောင် လုပ်ဆောင်ပေးတာပါ။

သွေးနီဉတွေ ပျက်စီးလာတာနှင့်အမျှ ကြောင်ကလေးတွေဟာ ရဲ့ ခန္ဓာကိုယ်ထဲနဲ့ တစ်ကိုယ်လုံးပြာနှမ်းလာပါတယ်။ အဓိကအားဖြင့် သွားဖုံးတွေ လျှာတွေမှာပြာနှမ်းလာတတ်ပါတယ်။

ဒီလိုသွေးနီဉတွေ ပျက်စီးလာတဲ့ကြောင်ကလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ကိုယ်တွင်းကလီစာတွေ ဖြစ်တဲ့ အသည်းတွေ ကျောက်ကပ်တွေ ထိခိုက်ပျက်စီးလာပါတယ်။

ဒီနောက်မှာတော့ အသက်ဆုံးရှူံးတာတွေဖြစ်ပေါ်လာတတ်ပါတယ်။

ဉပမာ - မိတ်ဆွေစဉ်းစားကြည့်ပါ နဂိုထဲက ဖျားပြီးအားနည်းနေတဲ့ကြောင်တစ်ကောင်ဟာ ပါရာစီတီမောကြောင့် အဆိပ့်သင့်ပြီး သွေးနီဉတွေ ပါပျက်စီးသွားမယ်ဆိုရင် အခြေအနေဘယ်လောက်ဆိုးရွားသွားမလဲ မိတ်ဆွေတွေးကြည့်လို့ရပါတယ်။

#ကြောင်ကလေးတွေမှာပါရာစီတီမောအဆိပ့်သင့်ရင်ဘာ်လိုလက္ခဏာတွေပြမလဲ?

ကြောင်ကလေးတွေမှာ ပါရာစီတီမော သောက်သုံးပြီး
၄နာရီ မှ ၂၄ နာရီအတွင်း

(၁) သွားဖုံးတွေ လျှာ ခြေဖဝါးလက်ဖဝါး
တွေပြာနှမ်းလာမယ်
(၂) အားနည်းသွားမယ် /မူးဝေနေမယ်
(၃) အစာမစားနိုင်တော့ဘူး
(၄) နှလုံးခုန်နှုန်းတွေမြင့်တက်လာမယ်
(၅) အသက်ရှုမြန်လာမယ်/အသက်ရှုရခက်ခဲမယ်
(၆) အန်မယ်
(၇) တက်မယ်/တုန်မယ်
(၈) အကြောဆွဲမယ်
(၉) အသက်ဆုံးရှူံးမယ်

စတာတွေဖြစ်ပေါ်နိုင်ပါတယ်။

#‌ကြောင်ကလေးတွေကိုပါရာစီတီမောတိုက်မိရင်ဘာလုပ်ရမလဲ ?

နီးစပ်ရာတိရစ္ဆာန်ဆေးကုခန်း နှင့် တိရစ္ဆာန်ဆေးကုဆရာဝန်ထံ အလျှင်အမြန်သွားရောက်၍ကုသမှုခံယူရပါမယ်။

Dr.Saw Zayar Naing
B.V.Sc(Yzn)

 #ခွေးကလေးများနှင့်ခြင်ဆေးခွေအန္တရာယ်မိတ်ဆွေဟာခွေးကလေးမွေးထားပြီး မိမိကလေးကို ခြင်ကိုက်မှာစိုးလို့ ခြင်ဆေးခွေ ထွန်းပေးတာ...
25/09/2025

#ခွေးကလေးများနှင့်ခြင်ဆေးခွေအန္တရာယ်

မိတ်ဆွေဟာခွေးကလေးမွေးထားပြီး မိမိကလေးကို ခြင်ကိုက်မှာစိုးလို့ ခြင်ဆေးခွေ ထွန်းပေးတာမျိုးတွေ လျှပ်စစ်ခြင်ပြေးဆေးအသုံးပြုတာမျိုးတွေလုပ်နေမိနေပြီလား။ ဒါဆိုရင်အလျှင်အမြန် ဒီအမူအကျင့်ကိုပြင်ဆင်ရပါမယ်။

ခြင်ဆေးခွေ တွေဟာများသောအားဖြင့် ခွေးကလေးတွေ အတွက် အန္တရာယ်မကင်းပါဘူး။ ခြင်ဆေးခွေမှာ အင်းဆက်ပိုးမွှားတွေကို အာရုံကြော အဆိပ့်အတောက်ဖြစ်စေတဲ့ အင်းဆက်သတ်ဆေး တွေဖြစ်ကြတဲ့
Pyrethrin, allethrin,Meperfluthrin စတာတွေပါဝင်ပါတယ် ။ ထို့အပြင် မီးလောင်ရာမှ ထွက်လာတဲ့ မီးခိုးငွေ့နဲ့ အတူ ဒီလို အင်းဆက်သတ်ဆေးတွေကိုရှု အချိန်ကြာမြင့်စွာရှုရှိုက်မိတဲ့အခါ အဆုတ်၊ အသဲ၊ ကျောက်ကပ်နှင့် ဦးနှောက်တွေမှာ ထိခိုက်လာတတ်ပါတယ်။

တစ်ချို့ခွေးလေးတွေမှာ ခြင်ဆေးခွေထွန်းပေးရာမှတစ်ဆင့် ချက်ချင်းလက်ငင်းကြီး ထိခိုက်မှုကိုမပြသပေမယ့် ၊ အချိန်ကြာမြင့်လာတဲ့အခါမှာတော့ အဆုတ် အသည်းနှင့်ကျောက်ကပ်ပျက်စီးတဲ့ ရောဂါတွေနဲ့ အသက်ဆုံးရှူံးရတတ်ပါတယ်။ စာရေးသူရဲ့ ခွေးလူနာတစ်ဦးဆိုလျှင် သူပိုင်ရှင်က ခြင်ကိုက်မှာစိုးရိမ်ပြီး နေ့တိုင်ခြင်ဆေးခွေးထွန်းပေးရာမှတစ်ဆင့် ကနဦးမှာဘာလက်က္ခဏာမှ မပြပါပဲ လနှင့်ချည်ကြာလာတဲ့အခါ အသည်းနှင့်ကျောက်ကပ်ထိခိုက်ပျက်စီးပြီး အသက်ဆုံးရှူံးဖူးတာကိုလက်တွေ့မျက်မြင်ကြုံခဲ့ရဖူးပါတယ်။

ထို့အပြင် တစ်ချို့ ခွေးကလေးတွေမှာ ခြင်ဆေးခွေကိုစားပစ်တာ ကိုက်ဝါးတာမျိုးတွေလဲ လုပ်တတ်ကြပါတယ်။
ဒီလိုစားမိမယ်ဆိုရင်လဲ အဆိပ့်သင့်တဲ့ လက္ခဏာတွေ ပြလာတတ်ပါတယ်။ ထိုပြင် ခြင်ဆေးခွေဟာ အစာအိမ်နှင့်အူလမ်းကြောင်းကိုလဲထိခိုက်ပျက်စီးစေနိုင်ပါသေးတယ်။

ခွေးကလေးတွေ ခြင်ဆေးခွေကိုစားသုံးမိပါက

(၁) အဆက်မပြတ်သွားရည်ဆက်တိုက်ကြခြင်း
(၂) အန်ခြင်း
(၃) မှိုင်ကြသွားခြင်း၊ အားနည်းလာခြင်း
(၄) ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်း
(၅) အစာမစားတော့ခြင်း
(၆) တက်ခြင်းတုန်ခြင်း
(၇) အသက်ရှူရခက်ခဲလာခြင်း

စတဲ့လက္ခဏာတွေပြတတ်ပါတယ်။ ဒီလိုလက္ခဏာတွေပြသရင်တော့
(၁) စိတ်ကိုငြိမ်ငြိမ်ထားပါ
(၂) မိမိခွေးကလေးပါးစပ်ကို ရေသန့်သန့်ဖြင့် ငါးမိနစ်ခန့်ဆေးချပါ။
(၃) မိမိသဘောဖြင့်မည်သည့်အရာမျှ (ရေ/ ဆေး/အစာ) ပါးစပ်ကနေမတိုက်ကျွေးပါနှင့် ။

တိရစ္ဆာန်ဆေးကု ဆရာဝန်ဆီ အလျှင်အမြန်သွားရောက်ပြသ ပြီး ကုသမှုခံယူရပါမယ် ။

#သဘာဝနည်းနဲ့ခြင်တွေကိုဘယ်လိုတားမလဲ?

(၁) ပန်းသီးရှာလကာရည်
ပန်းသရှာလကာရေတစ်ဆ ရေသန့် နှစ်ဆရောပြီး Spary ဘူးထဲထဲ့ကာ မိမိခွေးလေးကို ခြင်ပေါတဲ့ အချိန်တွေမှာ အမွေးပေါ်ဖျန်းပေးထားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

(၂) တမာရွက်အဆီ
တမာရွက်အဆီကို မိမိခွေးလေးရဲ့ ခန္ဓာကိုယ်‌ ၄ ‌နေရာမှာ တစ်စက်စီချပြီး ပွတ်လိမ်းပေးခြင်းဖြင့် ခြင်မကိုက်အောင်ကာကွယ်နိုင်ပါတယ်။

(၃) သံပုရာဆီ
သံပုရာအဆီကို ရေနဲ့ရောပြီး Spary ဖြန်းပေးခြင်းအားဖြင့်ကာကွယ်နိုင်ပါတယ်။

(၄)ရေစီးရေ‌လာကောင်းအောင်ပြုလုပ်ပါ။
ခြင်တွေက ရေစီးရေလာကောင်းနေတဲ့နေရာတွေမှာ မပေါက်ဖွားနိုင်ပါဘူး ။ ရေသေအိုင်၊ ရေစည် စတဲ့နေရာတွေမှာပဲပေါက်ဖွားတတ်တာမို့ ရေစီးရေလာကောင်းအောင်လုပ်ပေးပါ ၊ ရေကန် ၊ ရေစည်တွေကို ခြင်မဝင်နိုင်အောင် ဖုံးအုပ်ထားတာ ၊ ကလိုရင်းခတ်တာမျိုးတွေလုပ်ပေးနိုင်ပါတယ်။

(၅) ခြင်ထွက်များတဲ့အချိန်အပြင်ထွက်တာရှောင်ပါ
ညနေ နေဝင်ရီတရော ည နေ ၅:၃၀ မှ ၆ နာရီနဲ့ ၇ နာရီအချိန်တွေက ခြင်ထွက်တာအများဆုံးအချိနိမို့ မိမိခွေးကလေးနဲ့အတူ အပြင်ထွက်တာရှောင်ပါ။

(၆) တိရစ္တာန်လေးတွေ အတွက် သီးသန့်ထုတ်ထားတဲ့
ခြင်မကိုက်အောင်ကာကွယ်ပေးတဲ့ Spary လေးတွေ အသုံးပြုပါ။ ဒီလို တိရစ္ဆာန်သုံး ခြင်ပြေး Sp‌ary လေးတွေကို ခွေးစာကြောင်စာရောင်းတဲ့ ဆိုင်မှာမေးဝယ်ပါ။

(၇) တိရစ္ဆာန် ဆေးကုဆရာဝန်နှင့်တိုင်ပင်ပါ
ခြင်ကိုက်ခြင်းကတစ်ဆင့် နှလူံးသန်ကောင်ရောဂါကူးစက်နိုင်တာမို့ တိရစ္ဆာန်ဆေးကုဆရာဝန် နှင့် ကြိုတင်ကာကွယ်နိုင်ဖို့တိုင်ပင်ပါ။

Dr Saw Zayar Naing
B.V.Sc(Yzn)

 #အိမ်‌မွေးခွေးကလေးတစ်ကောင်ရဲ့အခြေခံရပိုင်ခွင့်သို့မဟုတ်  #ခွေးတစ်ကောင်မွေးတော့မယ်ဆိုပါလျှင်ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ ...
24/09/2025

#အိမ်‌မွေးခွေးကလေးတစ်ကောင်ရဲ့အခြေခံရပိုင်ခွင့်
သို့မဟုတ်
#ခွေးတစ်ကောင်မွေးတော့မယ်ဆိုပါလျှင်

ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ ခွေးကလေးတွေ မွေးမြူထားတာတွေ မြင်ဖူးကြပါလိမ့်မယ် ။ တစ်ချို့ ဖေဖေ မေမေ တွေက ရင်ဝယ်သားကဲ့သို့ စောက်ရှောက်ပေးတာတွေ့ရပြီး၊ တစ်ချို့ ဖေဖေ မေမေ တွေက အချိန်မအားတာ အလုပ်မအားတာနဲ့ ခွေးကလေးတွေ ကို ကျွေးနိုင်ရင်ပြီးရော ဖြစ်သလိုမွေးမြူတာတွေလဲရှိတတ်ကြပါတယ်။

ဒီလို ဖြစ်သလိုမွေးမြူခြင်းအားဖြင့် ခွေးကလေးတွေမှာ စိတ်ဓာတ်ကျခြင်း၊ အားငယ်ခြင်း၊ ဗီဇပြောင်းသွားခြင်း၊ အမိန့်မနာခံတတ်ခြင်း၊ ထိုမှတစ်ဆင့် ဆိုးသွမ်းခြင်း ၊ ကိာက်ခြင်း စတာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

တစ်ချို့ခွေးမျိုးစိတ်တွေက ဗီဇအရ ဆိုးသွမ်းတတ်ကြပေမယ့်၊ တစ်ချို့ခွေးမျိုးစိတ်တွေက ပိုင်ရှင်ရဲ့ အလိုလိုက်လွန်မှု သို့မဟုတ် ပိုင်ရှင်ရဲ့ ဂရိုစိုက်မှုကိုရလိုတာတွေကြောင့် ဆိုးသွမ်းသွားတာ ကိုင်မရတော့တာ သခင်ကိုပြန်လည်ရန်ရှာလာတာတွေထိ ဖြစ်တတ်ပါတယ်။

ဒီတော့အိမ်‌မွေး ခွေးလေးတစ်ကောင်မွေးတော့မယ်ဆိုရင်တိပိုင်ရှင်တစ်ဦးအနေနဲ့ လိုက်နာမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တိရစ္ဆာန်ဆေးဘက်ဆိုင်ရာထောက်ပံမှု

ခွေးတစ်ကောင်မွေးတော့မယ်ဆိုရင် မဖြစ်မနေက တော့ ကာကွယ်ဆေးထိုးနှံခြင်း၊ သန်းလှေးမွှား ထိန်းချုပ်ခြင်း၊ သန်ချခြင်း၊ ပုံမှန်ဆေးစစ်ခြင်း စတာတွေကို မဖြစ်မနေလုပ်ပေးရပါမယ်။ ခွေးကလေးတစ်ကောင်မွေးတယ် ကာကွယ်ဆေးတော့ မထိုးပေးနိုင်ဘူး ၊ သန်ချဆေးမတိုက်ကျွေးဘူး ဒါမျိုးတွေ မလုပ်ပေးနိုင်ရင်ခွေး မမွေးသင့်ပါဘူး။ ဒါက တကယ့်ကိုလိုအပ်တဲ့ အရာတွေပါ။

နိုင်ငံတကာမှာတော့ အိမ်မွေးခွေးတွေအတွက် ကာကွယ်ဆေးထိုး၊ သန်ချတာ၊ သန်းလှေးမွှား ထိန်းချုပ်ရေးတွေအတွက် လုပ်ဆောင်တာ၊ ပုံမှန်ကျန်းမာရေးစစ်ဆေးပေးတာမျိုးတွေ မလုပ်ဆောင်နိုင်ရင် ဉပဒေအရ အပြစ်ပေးအရေးယူတာမျိုးတွေထိခံစားရမှာပါ။

(၂) သင့်တင့်မျှတသောအာဟာရထောက်ပံမှု

ခွေးလေးတစ်ကောင်မွေးမြူတော့မယ်ဆိုရင် လုံလောက်တဲ့ပမာဏနှင့် သင့်တင့်မျှတဲ့ အာဟာရထောက်ပံမှု အချိုးအစားကျနမှု ရှိရပါမယ်။ လူစားသလိုပဲ အိမ်မှာစားတဲ့ဟင်းတွေနဲ့ ဖြစ်သလို ကျွေးမွေးလို့မရပါဘူး ။ ဗမာဟင်း တွေမှာအဓိကပါတင်တဲ့ ကြက်သွန်ဖြူ /နီတွေဟာ သွေနီဉတွေကို ဖျက်ဆီးနိုင်တာမို့ ခွေးကလေးတွေ အတွက် အလွန်တရာမှ အန္တရယ်ကြီးမားလှပါတယ်။
နောက်ပြီး ကျန်းမာရေးနှင့်မညီပဲ အဝလွန်အောင် အလွန်အကျွံကျွေးမွေး တာမျိုးကိုလဲ ရှောင်ရှားပေးရမှာဖြစ်ပါတယ်။

(၃)ခွေးကလေးကိုအချိန်ပေးခြင်း နှင့် စိတ်ကျန်းမာရေးထောက်ပံမှု

ခွေးကလေးတစ်ကောင်ရဲ့ရပိုင်ခွင့် သို့မဟုတ်ပိုင်ရှင်ရဲ့တစ်ယောက်ရဲ့လိုက်နာရမယ့် အချက်တွေ‌ထဲမှာ ခွေးကလေးတစ်ကောင်ကို လုံလောက်တဲ့ အချိန်ပေးမှုနဲ့ စိတ်ကျန်းမာအောင်ထားတာတွေလဲ ပါဝင်ပါတယ်။

လုံလောက်တဲ့ အချိန်ပေးမှု ဆိုတဲ့အထဲမှာ ဥပမာအနေနဲ့ပြောရမယ်ဆို ခွေးလေးတွေနဲ့ တူတူလမ်းလျောက်ပေးတာမျိုး၊ အတူတူ ဆော့ကစားတာမျိုး စတာတွေပါဝင်ပါတယ်။

ခွေးလေးတစ်ကောင်မွေးပြီး ဖြစ်သလိုပစ်ထားမယ် သူ့ကိုအချိန်မပေးနိုင်ဘူး ဆိုရင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု တွေခံစာရလာမှာဖြစ်ပါတယ်။

(၄) စည်းကမ်းဆိုင်ရာလေ့ကျင့်မှုနှင့်ပေါင်းသင်းဆက်ဆံရေး

ခွေးလေးတစ်ကောင် မွေးမြူပြီဆိုလျှင် လုံလောက်တဲ့ စည်းကမ်းဆိုင်ရာလေ့ကျင့်မှုတွေ ရှိဖို့လဲ မဖြစ်မနေလိုအပ်ပါတယ်။

ခွေးကလေးကိုမွေးမြူပြီး အလိုပဲလိုက်နေမယ်ဆိုပြန်ရင်လည်း အလိုလိုက်ပြီးဆိုးသွမ်းလာတာမျိုးတွေရှိလာမှာပါ။ ကလေးတွေကိုစည်းကမ်းနဲ့ထိန်းသလိုမျိုးတွေဖြစ်ပါတယ်။ ဉပမာ - ဆီး၊ ဝမ်းနေရာတစ်ကျစွန့်တာကစလို့ လက်ပေး၊ ထိုင်၊ ထ၊ ဝပ်၊ လမ်းလျောက်၊ ရပ် စတာတွေပါဝင်ပါတယ်။

ခွေးကလေးတွေကို စည်းနဲ့ကမ်းနဲ့လေ့ကျင့်ထားပေးမှာသာလျှင် လူမှုပေါင်းသင်းဆက်ဆံရေ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

လေ့ကျင်သင်ကြားပေးမှု မလုပ်တဲ့အခါ အပြင်ထွက်ရကြောက်တာမျိုး၊ လူစိမ်းတွေကိုကြောက်တာမျိုး စတာတွေအပြင် မြင်သမျှကိုက်တာ ရန်ရှာတာတွေထိဖြစ်လာနိုင်ပါတယ်။

(၅) လုံလောက်တဲ့အမိုးအကာနေရာထိုင်ခင်းထောက်ပံပေးမှု

ခွေးကလေးတွေမွေးမြူပြီဆိုလျှင် လုံလောက်တဲ့ အမိုးအကာ အိပ့်ယာနေရာထိုင်ခင်းထောက်ပံပေးနိုင်ရပါမယ်။ တစ်ချို့ခွေးကလေးတွေမွေးပြီး ဖိနပ်ချွတ် မှာပဲ အိပ့်ခိုင်းတာမျိုးတွေ ၊ မြေကြီးနဲ့ခြံထဲမှာပဲ လွတ်ထားတာမျိုးတွေ မလုပ်ရပါဘူး ။

လုံလောက်တဲ့ အကာအကွယ်နဲ့ အထောက်အပံရပိုင်ခွင့်‌သင့်ခွေးလေးမှာရှိပါတယ်။

(၆) လုံလောက်တဲ့အကျယ်အဝန်း ထောက်ပံ ပေးနိုင်ရပါမယ်။

လုံလောက်တဲ့အကျယ်အဝန်းထောက်ပံပေးနိုင်မှုဆိုတာ ကတော့ မိမိခွေးလေးရဲ့ အရွယ်အစားပေါ်မူတည်ပြီး ဆော့စရာနေရာ၊ အိပ့်စရာ၊ စားစရာနေရာစသည်ဖြင့် ပံပိုးပေးနိုင်ရပါမယ်။
ဉပမာ - Rottweiler တို့ ၊ Germam Shepherd တို့လို Gard Dog တွေကို တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာပဲ ထားတာမျိုးတွေဆိုတာ မသင့်တော်ပါဘူး၊ Gard Dog ဖြစ်တဲ့အလျောက် လုံလောက်တဲ့ ခြံဝန်းနှင့် အကျယ်ပမာဏ ရှိရမှာဖြစ်ပါတယ်။

(၇) သန့်ရှင်းရေးသန့်ရပ်စွာနေထိုင်ခွင့်ထောက်ပံပေးနိုင်ရပါမယ်။

ခွေးကလေးတွေ မွေးထားရင်‌ရေချိုးပေးတာ၊ ဘီးဖီး‌ေပးတာ ၊စအိုဂလင်း သန့်ရှင်းရေးလုပ်ပေးတာ၊ နားသန့်ရှင်းရေးလုပ်ပေးရတာ စသည်ဖြင့် တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလဲ ပုံမှန် အပတ်စဉ် ၊ လစဉ် ထောက်ပံပေးနိုင်ရပါမယ်။ ထို့အပြင် နေထိုင်ရာနေရာကိုလဲ အမြဲတစ်စေသန့်ရှင်းမှု ထောက်ပံပေးနိုင်ရပါမယ်။ ဒါမှ ခွေးကလေးတွေက ကျန်းမာသန်စွမ်း ပြီး ပျော်ရွှင်သောဘဝ ကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒီလိုအချက်အလက်တွေကို စဉ်းစားပြီးထောက်ပံပေးနိုင်မှ ခွေးကလေးတွေ မွေးစေချင်ပါတယ်။

မိမိမွေးမြူချင်တဲ့ ခွေးအမျိုးအစာနဲ့ကိုက်ညီမယ့် ထောက်ပံဖို့လိုအပ်တဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ တိရစ္ဆာန် ဆေးကု ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်နိုင်ပါတယ်ခင်ဗျာ။

Dr.Saw Zayar Naing
B.V.Sc(Yzn)

Address

No. 87, Baho Middle Road, Thamine
Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959406469644

Website

Alerts

Be the first to know and let us send you an email when Dr.Smile တိရစ္ဆာန်ဆေးကုခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr.Smile တိရစ္ဆာန်ဆေးကုခန်း:

Share

Category